တန်ခိုးဆရာထွန်း
အမျိုးသားစာဆိုတော် တန်းခိုးဆရာထွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကောဇာ (၁၂၃၀-၁၂၉၄) ၊ ခရစ်နှစ် ( ၁၈၆၈-၁၉၃၂)
မွီးရက်ဇာတိနန့် ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]* မွီးဖွားရာနီရာ: ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဦးရာဇ်တောင်ကျွန်း၊ တန်းခိုးကျေးရွာ
* မိဘများ: အဖ ဦးအောင်ဇံ၊ အမိ ဒေါ်စမ္ပယ်
* မွီးဖွားရက်: ကောဇာ (၁၂၃၀-ခုနှစ်)၊ တန်ဆောင်မုန်းလ၊ သောကြာနိ
* ငယ်မည်: ထွန်းဖြူ
* ပညာသင်ကြားခြင်း: ကျေးရွာဘုန်းကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပါသည်။ ငယ်စဉ်ကပင် ဉာဏ်ထက်မြက်သည့်အတွက် လောကီပညာစွယ်စုံတတ်သိခဲ့ကြောင်း သိရပါသည်။
* စာပေစတင်ရေးသားခြင်း: အသက် (၁၈)နှစ်ကပင် သာခြင်း၊ ကဗျာ၊ လင်္ကာ၊ ရတု၊ သံချပ်၊ ဟောစာ စသည့် အဖွဲ့အနွဲ့များကို စပ်ဆိုတတ်မြောက်လာခပါသည်။
အိမ်ထောင်ဘက်နှင့် မိသားစု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အရွယ်ရောက်တေအခါ စစ်တွေမြို့သို့ ရောက်ရှိပြီး အိမ်ထောင်ကျကာ အရောင်းအဝယ်ဘဝဖြင့် သုံးနှစ်နေထိုင်ခဲ့ပါသည်။
ပထမဇနီး ကွယ်လွန်ပြီးနောက် မိမိတို့ရွာသို့ ပြန်လာ၍ အိမ်ထောင်နှစ်ဆက် ပြုခဲ့ပါသည်။
နောက်ဆုံးအိမ်ထောင်နန့် သား လှကျော်ဇံ၊ သမီး မအောင်ဖြူ တို့ကို ရရှိခဲ့ပါသည်။
ဆရာဘဝနှင့် ကလောင်နာမယ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]* အရပ်ဆရာဘဝ:
(၁၂၆၅)ခုမှ (၁၂၇၉)ခုနှစ်ထိ စစ်တွေမြို့နယ်၊ ကြွီတဲကျွန်း မှာ အရပ်ဆရာဘဝနှင့် စာသင်စာပြ နေထိုင်ခဖူးပါသည်။ ယင်းနောက် (၁၂၈၉)ခုနှစ်ထိ ဦးရာဇ်တောင်ကျွန်း၊ နတ်ဆိပ်ကျေးရွာ တွင် စာသင်စာပြခပါသည်။
ဂုဏ်ပြုခံရခြင်း: ကိုလိုနီအစိုးရ၏ လောကဓာတ်ကျောင်းအဖြစ် သွတ်သွင်းခံရသဖြင့် ဆုငွေ ချီးမြှင့်ခံရ ဖူးပါသည်။
တန်းခိုးနာမယ်ရင်း: ဘုရားသျှင်၏ "တံတောင်ခွီတော်" ဓာတ်တည်ရှိရာဖြစ်၍ တန်းတောင်ခွီ မှ တန်းခိုးရွာ ဟု ခေါ်ဝေါ်လာခြင်း ဖြစ်ပါသည်။
ကလောင်အမည်: မိမိရွာနှင့် နာမယ်ရင်းကို တွဲစပ်ပနာ "တန်းခိုးဆရာထွန်း" ဟူ၍ ကလောင်နာမယ်ကို အသုံးပြုခပါသည်။
စာပီရီးသားခြင်းနှင့် ဘဝနီထိုင်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]* သာခြင်းဝထုတိရီးသားခြင်း: ဆရာသည် သာခြင်းဝထုတိကို အများကြီး ရီးစပ်ခပါသည်။ အထူးသဖြင့် နတ်ဆိပ်ရွာကျောင်း၌ စာသင်နီစိုင် စာပီရွီးသားခြင်း များခပါသည်။
* ပုံနှိပ်ခြင်း: အသက် (၄၀)ကျော်၊ ကောဇာ (၁၂၇၀)ခုနှစ်တွင် ပုံနှိပ်ဘဝသို့ ရောက်ရှိခပါသည်။ စစ်တွေမြို့ ပုံနှိပ်တိုက်နှင့် ရန်ကုန်မြို့ ပုံနှိပ်တိုက်တိမှ ရိုက်နှိပ်ခပါသည်။
* စာမူခ: စာမူခမှာ ကာလတန်ဖိုး (၂၃)ကျပ်မှ (၂၅)ကျပ် ထိသာ ချီးမြှင့်ခံရပြီး၊ ဝေဿန္တရာဃာခြင်း တစ်ခုတည်းသာ အမြင့်ဆုံး (၅၀)ကျပ် ရရှိခဖူးပါသည်။
* ရောင်းဈီး: စာအုပ်တစ်အုပ်ကို (၄)ပဲ (တစ်မတ်)၊ ၃၅ ပစ္ဆံ (၃၅)ပြား စီ ရောင်းချခရပါသည်။
* ရေးသားမှုနှုန်း: ဝထုသာခြင်းတစ်ပုဒ်ကို အများဆုံး လခွဲ သာ ရီးရသည်ဟု ဆိုပါသည်။
* မွမ်းမံရေးသားခြင်း: ဒေသနီးစပ်သူ ဆရာ အောင်ထွန်းလှ၊ ဆရာ မောင်သာအောင် (မြေငုံကျွန်း)၊ ဆရာ မောင်ယောက်ကေ တို့၏ စာမူဟောင်းများကိုလည်း မွမ်းမံ ရေးစပ်ခဲ့ပါသည်။
* ထင်ရှားသော လက်ရာ: မျောက်နှင့်လူသား မယားလုသာခြင်း ကို ကွယ်လွန်ခါနီး တစ်နှစ်အလိုတွင် အကျယ်ချဲ့ ရီးစပ်ခပြီး (၁၃၁၇)ခုနှစ်၌ စစ်တွေ၊ နယူးဘားမား စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခပါသည်။
* အခြားဗဟုသုတများ:
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]* စာပေအပြင် လက်မှုနှီးဝါးအတတ်၊ စာဟော၊ စာပြောဆရာ၊ ပုံဆွဲပန်းချီဆရာ၊ အားကစား သိုင်း ကိုယ်ခံပညာရပ်များကိုလည်း ကျွမ်းကျင်ပါသည်။
* မိမိကျွန်းကမ်းဆိုင်ရာ ပြိုင်လောင်းသံချပ်များအပြင် တောင်းခံ၍ ရေးပေးသည့် သံချပ်များလည်း များစွာရှိခဲ့ပါသည်။ ဥပမာ- ရာမသံချပ်ကို နတ်မြစ်က လှမြသျှင် ဖခင်၏ မြေးများ တောင်းခံ၍ ရေးပေးဖူးပါသည်။
* လူမှုရေး၊ ဘာသာရေး၊ ပညာရေးတို့တွင် အကျိုးပြုရန် အားသွန်ခဲ့သူအဖြစ် တွေ့ရပါသည်။
ဘဝနိဂုံး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]* ကွယ်လွန်ချိန်အသက်: (၆၄)နှစ် ရှည်ခပါသည်။
* ကွယ်လွန်ခဲ့သောနှစ်: (၁၂၉၄)ခုနှစ်
* ကွယ်လွန်ရာနေရာ: တန်းခိုးရွာ
* သဂြိုဟ်ခြင်း: ဆရာ မောင်သာအောင် ကိုလည်း အဘပမာ မွေးမြူထားခဲ့ပြီး၊ တန်းခိုးရွာမှာပင် သဂြိုဟ်မှု ပြုခဲ့ကြောင်း သားမြေးတို့က ပြောပြဖူးပါသည်။
ဆရာထွန်း၏ သာခြင်းစာရင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]* သာခြင်းအရေအတွက်: အချို့က အမျိုး (၆၀)ကျော်သည်ဟု ဆိုပါသည်။
* ခိုင်မာသော စာရင်း: ဆရာ၏ ကုသရတု တွင် ပါရှိသည့် ကြော်ငြာစာရင်းက ဆရာသက်ရှိထင်ရှားရှိစဉ်က ဖြစ်သောကြောင့် ပိုမိုခိုင်မာပါသည်။
* ပုံနှိပ်ထုတ်ဝေမှု: စာအုပ်ကုန်သည် ဦးအောင်ထွန်းဦးက ၎င်း၏ ကြော်ငြာတွင် သာခြင်း (၃၂)ပိုဒ်ခန့်သာ ထုတ်ဝေခဲ့ဖူးသည်ဟု ဆိုပါသည်။
* ဆရာကိုယ်တိုင်ပြောကြားချက်: ဆရာထွန်းသည် ၎င်းရေးခဲ့သည့် သာခြင်းနာမည်များကို ခေါင်းစဉ်စာရင်းဖော်၍ "သာခြင်းဖွဲ့ဟု၊ နွဲ့ကဗျာလျှင်၊ ပဉ္စဝီသ၊ ကျွနု်ပ်စီသည်၊ ဤမျှကျပြီ" ဟု သာခြင်းတစ်ပိုဒ် ရေးသားခဲ့ဖူးကြောင်း တွေ့ရပါသည်။
ဆရာအား ဂုဏ်ပြုသော တန်းခိုးဆရာထွန်းစာပေဆု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တန်ခိုးဆရာထွန်းအား ဂုဏ်ပြုသောအားဖြင့် ရခိုင်စာပီနန့် စာရွီးဆရာတိ ထွန်းကားလာစီရန် ရည်ရွယ်၍ ဤစာပီဆုကို ချီးမြှင့်ခြင်း ဖြစ်ပါသည်။
- စတင်ချီးမြှင့်သည့်နှစ်: ၂၀၁၁ ခုနှစ်
- ရည်ရွယ်ချက်တိ:
- ဆရာကြီး တန်းခိုးဆရာထွန်းအား ဂုဏ်ပြုရန်။
- ထူးချွန်ထက်မြက်သည့် ရခိုင်စာပီပညာရှင်တိ ပေါ်ထွန်းလာစီရန်။
- ရခိုင်စာပေ ဖွံ့ဖြိုးတိုးတက်ရီးနန့် အမျိုးဘာသာသာသနာကို မြှင့်တင်ရန်။
- ဆုအမျိုးအစား: ရခိုင်ပြည်အတွင်း ပီးအပ်သည့် အကြီးဆုံးသော စာပေဆု အဖြစ် သတ်မှတ်ထားပါသည်။
- ဆုပေးပွဲကျင်းပရာနေရာ: ဆရာ၏ ဇာတိဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာ (ယေမဟုတ်)ပုဏ္ဏားကျွန်းမြို့ထတွင် ကျင်းပလေ့ရှိသည်။
- ဆုအမျိုးအစားတိ: တစ်သက်တာစာပီဆု၊ ဂီတစာဆိုဆု၊ ဝထုဆု၊ ဆောင်းပါးဆု၊ ကဗျာဆုနှင့် ကလေးကဗျာဆု (အချေကဗျာဆု) စသည့် ဆုတိကို ချီးမြှင့်လေ့ရှိပါသည်။
- ကြားကာလရပ်နားခြင်း: စတင်ချီးမြှင့်သည့် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခ ကေ လေ့ကြားကာလတွင် စစ်ရီး၊ နိုင်ငံရီးနန့် ကိုဗစ်ကပ်(Covid)ဘေးရို့ကြောင့် အချို့ပွဲတိကို ရပ်နားခရဖူးပါသည်။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ တန်းခိုးဆရာထွန်း ရခိုင်သာခြင်းများ စာအုပ်မှ