Jump to content

တန်းခူးလ

ဝီကီးပီးဒီးယား က

၁။ ရက္ခိုင် တန်းခူး“တာကူးလ” နာမည်ရပုံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရခိုင့်တစ်ဆယ့်နှစ်လရာသီစက်ဝိုင်းတွင် တာကူးလစွာ ပထမမြောက်လဖြိုက်၏။ စွာကူးလဟုခေါ်ဝေါ်ခြင်းကာ ဧပိုင်ဖြိုက်ပါရေ။ စွာကူးလဟူစွာ မိန်ရာသီ လတပေါင်းမှ မိဿရာသီ လစွာကူးသို့ တနင်းဂနွီဂြိုဟ် သင်္ကြန်အတာကူးအတွက်နန့် တာကူးလဆိုပနာ နာမည်တွင်လှာခြင်းဖြိုက်ပါရေ။

ရခိုင့်ရိုးရာ တာကူးလ
စိုင်နက္ခတ်တာရာရာသီရုပ်ရာသီပန်းရာသီပွဲတော် !
တာကူးစိတြဆံကျင်းဆိတ်ကန့်ကော် ရင်ခတ်အတာသင်္ကြန်ပွဲ ဆရာကန်တော့ပွဲ


တာကူးဟူစွာ တာ-တစ်ပုဒ်၊ ကူး-တစ်ပုဒ် ဖြိုက်၏။ 'တာ'၏ အဓိပ္ပာယ်မာ အချိန်ကာလအပိုင်းအခြားကို ခေါ်၏။ 'ကူး'မှာ ကူးပြောင်းခြင်းကို ခေါ်ပါရေ။ နှစ်ဟောင်း (=တာ) မှ နှစ်သစ် (=တာ)သို့ ကူးပြောင်းသောလ ဖြိုက်ခြင်းကြောင့် တာကူးလဟု ခေါ်တွင်လှာခြင်း ဖြိုက်ပါရေ။ ယင်းပိုင် အတာကူးပြောင်းခြင်း, နှစ်ဟောင်းမှ နှစ်သစ်သို့ ပြောင်းရွိ့ခြင်းကို ပါဠိလို - သင်္ကန္တ၊ သက္ကတလို - သံကြာန္တ၊ ရက္ခိုင်ပိုင် - သင်္ကြန် ဆိုပနာ ခေါ်ပါရေ။ တာကူးလဟူစွာ သင်္ကြန်အတာကူးသောလပင် ဖြိုက်ပါရေ။

တစ်နှစ်မာ တစ်ဆယ့်နှစ်လဟိကေလေ့ ပက္ခဒိန်အလိုနန့် သုံးနှစ်ကေ တစ်ကြိမ်ကျ လနှစ်လ ထပ်ပီးရ၏။ ရက္ခိုင်က တာကူးလတွင် လက်ထပ်ပနာ၊ မြန်မာက ဝါဆိုလတွင် လက်ထပ်ပါရေ။ ရက္ခိုင်ပက္ခဒိန်နန့် မြန်မာပက္ခဒိန်မှာ နှစ်တာကူး၊ နှစ်ဝါဆို ဆိုပနာ ကွဲပြားနီကေလေ့ ကောဇာသက္ကရာဇ်မှာ တတတူပင်ဖြိုက်ပါရေ။ ("ရက္ခိုင်ပြည်နယ်၌ သက္ကရာဇ်ဖြိုခြင်း"အခန်းကိုရှု။)

ရက္ခိုင်က "ပက္ခဒိန်"ဟု ရီးသားခေါ်ဝေါ်လေ့ဟိပြီး၊ မြန်မာက "ပြက္ခဒိန်"ဟု ခေါ်ပါရေ။ ပက္ခဒိန်၏ မူရင်း ဘာသာမာ မဂဘောသာ ဖြစ်၏။ 'ပက္ခ + ဒိန = ပက္ခဒိန်'ဟု ပါဠိသက်ဝေါဟာရအနိန်နန့် သုံးစွဲနီကတ်ခြင်းဖြိုက်ပါရေ။ မြန်မာရို့ခေါ်ဝေါ်ရီးသားသော 'ပြက္ခဒိန်' မှာ သက္ကတအလို ပတွင် ရေဖရောက်ပနာ 'ပြက္ခ + ဒိန = ပက္ခဒိန်'ဟု ယူထားခြင်းဖြိုက်ပါရေ။ အဓိပ္ပာယ်မှာ တတတူပင်ဖြိုက်၏။

ရက္ခိုင်ပက္ခဒိန်အလို လတစ်လတွင် လဆန်းပက္ခနန့် လဆုတ်ပက္ခဆိုပနာ နှစ်ပက္ခဟိ၏။ ယင်းပက္ခနန့် နိရက်ရို့ကို ရည်ရွယ်ပနာ'ပက္ခဒိန်&'ဟု ခေါ်ဝေါ်သုံးစွဲနေကတ်ခြင်း ဖြိုက်ပါရေ။

ဗေဒင်ကိန်းအရ နီနန့်လရို့မာ ၁၂ ရာသီ ခရီးခွင်လှည့်ပတ်လျက် ဟိကတ်၏။ နီရေ ပြင်းပနာ လမာ နှေး၏။ အနှေးအပြင်း မတူညီကက်ချေ။ ခြားနားချက်ဟိ၏။ နီ၏ခရီးစိုင်ကို “သူရိယမာသ”ဟု ယူရရား၊ လ၏ ခရီးစိုင် ကို စန္ဒမာသ”ဟု ယူရ၏။ သူရိယမာသ၏ ခရီးစိုင်အရ သာဝနရက်စွာ ၃၆၅ ရက်၊ ၁၅ နာရီ၊ ၃၁ ဗီဇနာ၊ ၃၁ ခရာ၊ ၂၄ အနုခရာ ဖြိုက်၏။ စန္ဒြမာသ၏ ခရီးစိုင်အရ သာဝနရက်မှာ ၃၅၄ ရက်၊ ၁၁ နာရီ၊ ၃၈ ဗီဇနာ၊ ၇ ခရာ၊ ၂၄ အနုခရာဖြိုက်၏။

အထက်ပါ မာသနှစ်ခုရို့၏ ခြားနားချက်ကိုတွက်ဆကေ စန္ဒြမာသ နှစ်ထက် သူရိယမာသနှစ်က ၁၁ ရက်၊ ၃ နာရီ၊ ၅၃ ဗီဇနာ၊ ၂၄ ခရာ ပိုပြီးကေရှည်လျားနီကြောင်း သိဟိရ၏။ တစ်နှစ်ကေ ဒေလောက်ကွာခြားအနိန်နန့် သုံးနှစ်ကြာရေအခါ ၃၃ ရက်၊ ၁၁ နာရီ၊ ၄၀ ဗီဇနာ၊ ၁၂ ခရာ ကွာခြားလီတော့၏။ ရက်တိပိုလားခြင်း ဖြိုက်ပါရေ။ ထိုရက်ပိုတိကို စန္ဒမာသလတိမာ ဖြည့်ထည့်ပနာ တစ်လတိုးပီးရတော့၏။ ရက္ခိုင်က တာကူးလမာ တိုးပီးပြီးကေ ပထမတာကူးလ၊ ဒုတိယတာကူးလဟု ခေါ်ကတ်၏။ မြန်မာက ဝါဆိုလမာတိုးပီးပြီးကေ ပထမဝါဆိုလ၊ ဒုတိယဝါဆိုလဟု ခေါ်ဝေါ်နိန်ကတ်ခြင်း ဖြိုက်ပါရေ။ သဘောအဓိပ္ပာယ်မှာ တတတူပင်ဖြိုက်၏။ ဒေစွာကို လထပ်စွာ၊ ဝါထပ်စွာလို့ ခေါ်ကတ်၏။

သူရိယမာသဘက်က ပိုနိန်ရေရက်တိကို စန္ဒြမာသဘက်ကို တစ်လတိုးပီးပြီးကေ တစ်ဆယ့်သုံးလဖြိုက်လားကေလည်း သူရိယမာသအနိန်နန့် တစ်ဆယ့်နှစ်လပင် ဖြိုက်ပါရေ။ ဧချင့်ပိုင် သုံးနစ်ကေ တစ်ကြိမ်ကျ လကိုထပ်ပီး၊ တိုးပီးလိုက်ခြင်းနန့် ရာသီလည်း ကိုက်ညီလားရေအပြင် ပက္ခဒိန်မာလည်း အဆင်ပြေလားလီ၏။

ရက္ခိုင်ယဉ်ကျေးမှုအရ ဒေလကလွဲကေ ဇာလတွင်မျှ အတာကူးခြင်း၊ သင်္ကြန်ကျခြင်း မဟိပါ။ ရက္ခိုင်အလို ဒေတာကူးလမာပင် အတာကူးပြီး သင်္ကြန်ကျ‌ရေလအဖြိုက် အသိအမှတ်ပြုခြင်းခံရရေ လတစ်လဖြိုက်ပါရေ။ တာကူးလ သင်္ကြန်ကျခြင်းကာ ဒွါရာဝတီခေတ်က စတင်ခခြင်း ဖြိုက်ပါရေ။ ယင်းကနိန်နောက် ဝေသာလီ (ရှီးဝေသာလီ)ခေတ်၊ ဓညဝတီ (ပဒု၊တ)ခေတ်၊ ဝေသာလီကျောက်လှီကားခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦး (ပ၊ဒု၊တ)ခေတ်မှစွာ ဒေနိန့် မျက်မှောက်ခေတ်ထိတောင်ပင် ဖြိုက်ပါရေ။

ရှီးကရက္ခိုင်ပြည်နယ်မာ နက္ခတ်ဗေဒင်ပညာဟိ၊ ပုဏ္ဏား၊ ဟူးရားရို့စွာ တစ်နှစ်စာအတွက် တစ်ဆယ့်နှစ်လ၊ လဆန်းပက္ခ၊ လဆုတ်ပက္ခ၊ တိထီ နက္ခတ်၊ ပက္ခဒိန်နန့်တကွ မဟာသင်္ကြန်ကျချိန်၊ ကြတ်ချိန်၊ တက်ချိန်၊ နှစ်ဆန်းတစ်ရက်၊ အချိန်၊ နာရီ အစဟိစော်ရို့ကို ကြိုတင်တွက်ချက်၍ ဘုရင့်ပါးကို ဆက်သွင်းရ၏။ ပြီးကေ ဘုရင်က တိုင်းပြည်သို့ ကြေညာချက်ထုတ်ပြန်ပီးပါရေ။

ပက္ခဒိန်လာ နှစ်၊လ၊ ရက်၊ နိရို့ကို သိဟိထားဖို့ကိစ္စမှာ လူ့လောကီနယ်ပယ်မာရာ အရီးကြီးရေမဟုတ်၊ လောကုတ္တရာနယ်ပယ်မာလည်း အရီးကြီးပါရေ။ ရက္ခိုင်ပြည်စွာ ထေရဝါဒဗုဒ္ဓသာသနာထွန်းကားရ တိုင်းပြည် တစ်ပြည် ဖြိုက်ပါရေ။ တတိယဓညဝတီခေတ်၊ ဘီစီ ၅၈၀ မှစပြီးကေ ဗုဒ္ဓ၏အဆုံးအမ၌ တည်ခကတ်၏။ ရက္ခိုင်လူမျိုးစစ်မှန်ကေ ဗုဒ္ဓဘာသာကိုရာ သက်ဝင်ယုံကြေကတ်၏။ ရတနာသုံးပါးကိုရာ ကိုးကွယ်ဆည်းကပ်ကတ်၏။ ရတနာသုံးပါးကလွဲကေ အပိုကိုးကွယ်ဆည်းကပ်မှု, ပူဇော်မှု လုံးဝမဟိပါချေ။ ထိုအချိန်မှစပြီးကေ ရဟန်းသံဃာတော်တိလေ့ ရှိလာခကတ်၏။ ယင့်တွက်နန့် ရဟန်းသံဃာတော်တိ ဝါဆို၊ ဝါကပ်ရက်နန့် ဥပုသ်၊ ပဝါရဏာကိစ္စ၊ ပဉ္စင်းခံခြင်း အစဟိရေ သံဃကိစ္စတိ ဆောင်ရွက်နှိုင်ဖို့အတွက် သာသနာတော်အကျိုးကို ရှိ့ရှုပနာ တိုင်းပြည်သို့ ကြေညာချက်ထုတ်ပြန်ပီးခြင်း ဖြိုက်ပါရေ။

ဧပိုင် ကြေညာချက်ထုတ်ပြန်ပီးခြင်းနန့် ရဟန်းသျှင်လူ ပြည်သူတိ လောကီ လောကုတ္တရာ နှစ်ဖြာသောကိစ္စ အရပ်ရပ်ရို့မာ အဆင်ပြီစွာ စီစိုင်ဆောင်ရွက်နှိုင်ဖို့ ဖြိုက်ပါရေ။

တာကူးလကို ရက္ခိုင်စာဆိုရှင်တိက စာပဂျီနန့ အမျိုးမျိုးခြယ်မှုန်းခကတ်ပါရေ။ ရက္ခိုင်စာဆိုရှင်တိထဲက ရက္ခိုင်ပညာဟိသုခမိန်အမတ်ကြီး မဟာပညာကျော်(၈၇ဝ မှ ၉၆ဝ ခန့်) စွာ ကကောင်းထင်ယှားရေ စာဆိုပညာဟိအမတ်ကြီးတဦး ဖြိုက်ပါရေ။ အမတ်ကြီး စတင်အမှုထမ်းရရေမင်းမာ မင်းဗာကြီး ဖြိုက်ပါရေ။

သက္ကရာဇ် ၈၉၃ ခုနှစ်မှစပြီးကေ မင်းဗာကြီးလက်ထက်၊ သက္ကရာဇ် ၉၁၅ ခုနှစ်မာ သားတော် မင်းတိက္ခာလက်ထက်၊ သက္ကရာဇ် ၉၁၈ ခုနှစ်မာ သားတော် မင်းစောလှလက်ထက်၊ သက္ကရာဇ် ၉၂၆ ခုနှစ်မာ ညီတော် မင်းစကြာဝတေး လက်ထက်၊ သက္ကရာဇ် ၉၃၃ ခုနှစ်မာ မင်းဗာကြီး၏ သားတော်အသျှေ မင်းဖလောင်းလက်ထက်၊ သက္ကရာဇ် ၉၅၅ ခုနှစ် တွင် သားတော် မင်းရာဇာကြီးလက်ထက်တထိ မင်း(၆)ဆက်လက်ထက်တော်ရို့မာ ပညာဟိသုခမိန်အမတ်ကြီးအဖြစ်နန့် ခစားထမ်းရွက်ခသူ ဖြိုက်ပါရေ။ ပညာဟိသုခမိန်အမတ်ကြီး မဟာပညာကျော်စွာ “တစ်ဆယ့်နှစ်လရာသီမော်ကွန်း” ကိုလည်း ရီးစပ်သီကုံးခ၏။ သူ၏ တစ်ဆယ့်နှစ်လရာသီမော်ကွန်း “တာကူးလဘွဲ့”တွင် “တာကူးမှာသိန်၊ ဖလ်ရှိန်ငြိမ်းစ၊ ကြယ်ဖုသျှတည့်၊ မိဿရာသီ၊ နှစ်ယံချီသော်၊ သင့်ညီစိတြ၊ ဆိတ်မြူးကလျက်၊ တာရဆံကျင်၊ သဘင်ရီသွန်း၊ ကံ့ကော် ပန်းနန့်၊ ထူးဆန်းရင်ခတ်၊ သူရိန်နတ်လည်း၊ မွန်းမတ်ရိပ်သွား၊ သုံးဖဝါးဟု၊ ပိုင်းခြားလှည့်ကာ၊ နေ့ညနာရီ၊ သုံးဆယ်စီ တည့်။ ။” ဆိုပနာ ရီးစပ်သီကုံးခပါရေ။

ရက္ခိုင်စာဆိုအမတ်ကြီး ဥက္ကာပျံစွာ မြောက်ဦးခေတ် ကောဇာသက္ကရာဇ် (၉၅၅ မှ ၉၇၄)တွင် ထီးနန်းစိုးစံတော်မူရေ မင်းရာဇာကြီးလက်ထက်၊ ထင်ယှားရေ ပညာဟိစာဆိုတော်တဦး ဖြိုက်ပါရေ။ စာဆိုဥက္ကာပျံစွာ ရတုအများအပြားကို ရီးဖွဲ့ခ၏။ သူ၏ရတုတိမာ ကကောင်းထင်ယှားကျော်ကြားလှ၏။ စာဆိုဥက္ကာပျံရီးဖွဲ့ခရေ ရတုတိထဲက “တစ်ဆယ့်နှစ်လရာသီရတု” တာကူးလဘွဲ့တွင် “ကျွန်လျှောက်မည်ရဟုလေ့ တပေါင်းကုန်း အကာအစွန်း၊ တာကူး ဆန်းသော်၊ အလွမ်းမေဝယ်ပုံခဲ့”ဆိုပနာလိ့ကောင်း၊ “စေတနာလျှင်” ချီရတုတွင်လည်း ဆောင်းယံကရေ၊ နွေလည်း ရွေ့ ကူး၊ တာကူးအခါ၊ သည်မာသာရွှင်၊ တာသဘင်ကို၊ ‌ဆော့လျှင်မီအောင်၊ ကျေးဖြူရောင်လျှင် ”ဆိုပနာလိ့ကောင်း ရီးသားစပ်ဆိုခပါရေ။

မြောက်ဦးခေတ်၊ သက္ကရာဇ် ၁၁ဝ၆ ခု၊ နရအဘယရာဇာမင်းလက်ထက်မာ နာမည်မသိစာဆိုတဦးကလည်း ကြိုက်ကြံုပွင့်လန်း၊ တာကူးဆန်းသော်၊ ရေသွန်းသဘင်၊လဟောင်းတွင်ကား၊ ချစ်ရှင်ထွတ်ထား၊ ဘုရားမိန့်မှာ၊ ချိန်ခါ ပန်းမန်၊ ဆင်ချိန် တန်၍၊ အမှန်လသစ်၊ အတာဖြစ်မူ၊ ရှင်ချစ်ဘုရား၊ သူတော်များတို့၊ တရားစောင့်ကာ၊ အရိယာပေါင်း၊ သူတော်ကောင်းအား၊ ဆွမ်းလောင်းကျွေးကာ၊ ဆီနံ့သာနန့်၊ အိပ်ရာချိုးရေ၊ စုံစေမကြွင်း၊ သကြားလုံးမျက်ချိုခင်း၍၊ ရေသွင်းနှင့်ဖျော်၊ လှူပြီး‌သော်မှ”ဆိုပနာ ရီးသားစပ်ဆိုခပါရေ။

ဓမ္မရာဇ်ဆြာတော်ကြီးကလည်း “အာစီပူစစ်ပြေးလင်္ကာ”၊ ပိုဒ်ရေ (၃၂)တွင် များစွာသောင်းသဲ၊ မစဲမညံ ပျော်ပွဲခံ၍၊ သင်္ကြန်အခါ၊ တာကူးပါလျှင်၊ ကိုယ့်ပြည် သွင်သို့၊ ရွှင်ရွှင်ပျပျ၊ စောင့်သီလနှင့်၊ ဒါနမချွတ်၊‌နေ့စဉ်ဝတ်ဖြင့်၊ မပြတ်ကြိုးစား၊ ပြုတုံငြားလျက်၊ စိတ်အားရွှင်ရွှင်၊ လှူကြကျင်၏။”ဆိုပနာ ရီးသားစပ်ဆိုခပါရေ။

နှောင်းခေတ်စာဆိုရှင်တိကလည်း တာကူးလ၏ သာယာပျော်ရွှင်ဖွီ ကောင်းပုံ ကို “ပန်းကံ့ကော်က စီလို့ခြာရီး၊ ရွှေရင်ခတ်က နိန်လို့ဝါရေ၊ စီလို့စီလို့ဖြာရေ၊ နိန်လို့နိန်လို့ဝါရေ၊ သင်္ကြန်ကလည်း အခါတော်လေ၊ တခြိမ့်ခြိမ့်နန့် ပျော်ကတ်ပါရေ”ဆိုပနာ ရီးသားစပ်ဆိုခကတ်ပါရေ။

ရက္ခိုင်သင်္ကြန်သံချပ်အနိန်နန့်လည်း “တနှစ်တခါ သင်္ကြန်ကျ၊ ပျော်လည်း ပျော်ရပါရေ၊ ပိုးလည်းပိုးရပါရေ။ ပိုးမေပန်းမေ ဇာဖြိုက်ရေလဲ၊ အခွန်တော်လဲ မပီးရပါလေ။ အမြတ်တော်ကြေးလဲ မပီးရပါလေ။ အပျိုကို ဝါကြီးပိုးရေ၊ ဝါကြီးမကို လပျိုပိုးရေ။ လပျိုပိုးကေ လမ်းကိုလျှောက်တေ။ ဝါကြီးပိုးကေ အိမ်သို့ရောက်တေ။ အလို ... စကုန် ပိုးကတ်ပါရလေ။ ။” ဆိုပနာ ရီးသားစပ်ဆိုထားရီကို တွိဟိရပါရေ။

ဒေလကို ပါဠိဘာသာအနိန်နန့် “စိတ္တမာသ” ဟုခေါ်၏။ ဒေလ၏ ရာသီမှာ မိဿရာသီဖြိုက်ပနာ၊ စန်းနိူင်းရေ နက္ခတ်မာ စိတြနက္ခတ်ဖြိုက်ရေ။ ရာသီမှာ နီနန့်နိူင်းပြိုင်ပနာ နက္ခတ်မှာ လနန့်နိူင်းပြိုင်ထွန်းလျက် မွန်းတည့်ကက်ရေ။

နိူင်းသောတာရာမာ ဆံကျင်တာရာဖြိုက်ပနာ ရာသီရုပ်ပုံမှာ ဆိတ်ရုပ်ပုံသဏ္ဌာန် ဖြိုက်လီရေ။ ဒေလ၏ ရာသီပန်း တိမာ ကံ့ကော်ပန်း၊ ရင်ခတ်ပန်း၊ ပဒေါက်ပွင့်နန့် ငုပန်းရို့ ဖြိုက်ကတ်၏။ ဒေလ၏ ရာသီပွဲတော်တိမာ နံ့သာသွီးပွဲ၊ ဘုရားရီသပ္ပာယ်ပွဲ၊ မဟာသင်္ကြန်ပွဲ၊ ဆရာကန်တော့ပွဲနန့် ဘေးမဲ့လွှတ်ပွဲတိ ဖြိုက်လီရေ။

တာကူးလမှစပြီးကေ နံယုန်လတထိ သုံးလမှာ နဂါးအဂေါင်းအနောက်အရပ်သို့ လှည့်ပနာနီ၏။ ဒေလမာ သောကြာ နန့် တနင်းလာရို့မာ ရက်ရာဇာတိဖြိုက်ပနာ၊ စနီနန့် ကြာသပတီးရို့မာ ပြဿဒါးရက်တိ ဖြိုက်ကတ်ပါရေ။ ရှိခေတ်သုံး ရီနာရီအနိန်နန့် နိ ၃ဝ နာရီ၊ ည ၃ဝ နာရီ ဟိ၏။ နိနန့်ည ညီမျှ‌ရေလဖြိုက်၏။ မွန်းတည့်ဖဝါးမှာ ၃ ဖဝါးနန့် မွန်းတည့်‌ရေလ ဖြိုက်ရေ။ ဒေလမာ (၂၉)ရက်ရာဟိပြီးကေ ရက်မစုံ‌ရေလဟု သတ်မှတ်ကတ်ပါရေ။[]

  1. ရခိုင့်ဌာနီ လရာသီကျမ်း(ဒွါရာ၀တီ-အရှင်ကုသလ၊ ငွေသဇင်)