Jump to content

တပိန်မြစ်

ဝီကီးပီးဒီးယား က
Not to be confused with တာပိန်မြစ်.

တပိန်မြစ် စွာ မြန်မာနိုင်ငံမြောက်ပိုင်း၊ သျှမ်းပြည်နယ်မြီာက်ဘက်ဟိ မြစ်တစင်း ဖြစ်တေ။

တပိန်မြစ်စွာ ဧရာဝတီမြစ်ဧ့ မြစ်လက်တက်တခု ဖြစ်တေ။ ယင်းစွာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဧ့ တောင်ထူထပ်ရေ ဒေသတိက မြစ်ဖျားခံ စီးဆင်းရေ။[]

တရုတ်နိုင်ငံ၊ ယူနန်ပြည် အနောက်တောင်ဘက်ပိုင်း Xinchengxiang ဟိ မြစ်နှစ်စင်းဖြစ်ရေ ဘင်းလန့်မြစ် (Binglang ) နန့် နန္ဒေမြစ် (Nandi) တွိဆုံကာ ဖြစ်တည်လှာရေ။[] မြစ်ဧ့ အရှည်ရေ ၁၁၇ ကီလိုမီတာ ဟိရေ။[]

ဒေမြစ်မာ တရုတ်ဒတန့်ကုမ္ပဏီနန့် မြန်မာအစိုးရရို့ လုပ်ကိုင်နီရေ ဆည်နှစ်ခု ဟိရေ။ ယင်းရို့စွာ တရုတ်နိုင်ငံနယ်နိမိတ်နန့် နီးကပ်စွာ တည်ဟိရေ။ [][] ဒေစီမံကိန်းစွာ မြစ်ဧ့ ရီစီးကြောင်းကတဆင့် လျှပ်စစ်ထုတ်ယူနိုင်ဖို့ ဖြစ်တေ။ ဆည်တည်ဆောက်ရီးလုပ်ငန်းတိနန့် ရေလောင်းာင်ကန်အတွက် ရွာမာ နီထိုင်သူတိစွာ အရာနီရာအသစ်တိသို့ ရွှိပြောင်းခရရေ။[] လျှပ်စစ်မီးကို မြန်မာနိုင်ငံမာ ထုတ်လုပ်ရေဆိုကေလည်း ၂၀၁၀ ခုနှစ် ဂျုန်လမှ ၂၀၁၁ ခုနှစ်အထိ ထုတ်လုပ်ခရေ စွမ်းအင် 513 kilowatt hours ဧ့ အများစုကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မာအသုံးပြုဖို့ ရောင်းချခရေ။[]

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရေမူဘောင်အဖွဲ့စွာ နယ်သာလန်နန့် တရုတ်နိုင်ငံအကြား ၂၀၁၀ ခုနှစ်မာ ဒါပိန်မြစ်ထက်မာ ရေစွမ်းအင်သုံးသန့်စင်ရီးစနစ်တခုအတွက် ထောက်ခံခရေ။

ဒေပထမဆည်စွာ လှောက်မှန်းခြေအမြင့် ၈၃.၅ မီတာ ဟိရေ။ ယင်းစွာ ၂၄၀ မီဂါဝက်ပါဝါကို ထိန်းသိမ်းနိုင်စွမ်း ဟိရေ။ နှစ်ပတ်လည် လျှပ်စစ်ထုတ်လုပ်မှုစွာ ၁၀၆၅ ဂီဂါဝက်နာရီ ဟိရေ။ ဒေပထမဆုံးဆည် တည်ဆောက်မှုစွာ ရေလောင်းာင်ကန်နန့်အတူ ၂၀၀၅ ခုနှစ်မာ ပြီးစီးခရေ။

ဒုတိယမြောက်ဆည်စွာ ပထမဆည်မှ ၅၀ကီလိုမီတာ အကွာမာ တည်ဟိရေ။ လျှပ်စစ်မီတာ ၁၆၅ မီဂါဝက်ကို ထိန်းသိမ်းထားနှိုင်ရေ။ နှစ်ပတ်လည် လျှပ်စစ်ထုတ်လုပ်နိုင်မှုစွာ ၇၇၅ ဂီဂါဝက်နာရီ ဟိရေ။ ကြီးမားရေ ရေလောင်းာင်ကန်ပါဝင်ရေ ဒေဒုတိယဆည် တည်ဆောက်မှုစွာ ၂၀၀၆ခုနှစ်မာ ပြီးစီးခရေ။

ဒေဆည်နှစ်ခု တည်ဆောက်မှု ကုန်ကျစရိတ်ရေ ယွမ် ၁၀၈ သန်း (၂၀၁၂ ခုနှစ်ကာလ $16,944,984) ကုန်ကျခရေ။ ထုတ်လုပ်မှုဧ့ အမေရိကန်ဒေါ်လာ ၉၀ ဖိုးကို တရုတ်ကုမ္ပဏီတိသို့ ရောင်းချခပြီး ကျန်ဟိသူတိကို ပြည်သူတိသို့ ပီးခရေ။[]

ဒေစီမံကိန်းစွာ ပြဿနာတိနန့် ကြုံတွိခရရေ။ ကချင်လွတ်မြောက်ရီးအဖွဲ့အစည်း (KIO) စွာ ၁၇ နှစ်ကြာရပ်စဲထားရေ အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်ခကာ ဆည်တည်ဆောက်မှုတိကို လက်လျှော့လားယောင် လုပ်ဆောင်ခရေ။[]

  1. Shimomura, Y.; Ohashi, H. (2013-11-20). A Study of China's Foreign Aid: An Asian Perspective (in English). Springer. ISBN 9781137323774.
  2. "Google Maps". Google Maps. Retrieved 2017-11-23.
  3. "Google Maps". Google Maps. Retrieved 2017-11-23.
  4. "Dapein Dam Construction" (in en-gb) 13 June 2021 တွင် ပြန်စစ်ပြီး Archived from the original on 17 July 2019။
  5. "中国大唐集团海外投资有限公司". www.china-cdto.com. Retrieved 2017-11-21.[လင့်ခ်သီ]
  6. "中国大唐集团海外投资有限公司". www.china-cdto.com. Retrieved 2017-11-21.[လင့်ခ်သီ]
  7. Ku, Jung-Ho Bae, Jae H.; Korea), Korea Institute for National Unification (South (2013-12-31). China's Internal and External Relations and Lessons for Korea and Asia (in English). 길잡이미디어. ISBN 9788984797420.
  8. "Current development of major hydropower projects" (in en)၊ The Myanmar Times 13 June 2021 တွင် ပြန်စစ်ပြီး Archived from the original on 13 June 2021။
  9. "Fighting Erupts Over Chinese Hydropower Dams in Burma | ENS". ens-newswire.com (in American English). Archived from the original on 9 July 2018. Retrieved 2017-11-21. {{cite web}}: More than one of |accessdate= and |access-date= specified (help)