Jump to content

တိဏသန္တရဒါယက

ဝီကီးပီးဒီးယား က

အသျှင်တိဏသန္တရဒါယကထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းတစ်ပါး ဖြစ်ရေ။[]

တိဿမြတ်စွာဖရားလက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

တိဿမြတ်စွာဖရား လက်ထက်တွင် ဖြစ်ဧ့။ အသျှင်တိဏသန္တရဒါယကထေရ် ရေ ယင့်ချိန်တွင် ဟိမဝန္တာတောင်ဧ့ အနီးဟိ ငှက်ရို့နီထိုင်ရာ အိုင်ကြီးဧ့ အနီး၌ နိန်ဧ့။ မြတ်စွာဖရားအား ထိုင်ရန်အလို့ငှါ မြတ်တိကို သားချိုနန့် ကော်ဆောင်ကာ နိန်ရာလှူဧ့။ ယပြီးနောက် မြတ်စွာဖရားကို ဟိခိုးဧ့။ []

ယင်းပိုင် မြက်အခင်းလှူရရေ အကျိုးကျေးဇူးကြောင့် အသျှင်တိဏသန္တရဒါယကထေရ် ရေ ထိုအချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခရပေ။ ယင်းချင့်အပြင် ဘဒ္ဒကမ္ဘာမှ ဒုတိယကမ္ဘာထက်တွင် “မိဂသမ္မတ” နာမည်နန့် စကြဝတေးမင်း ဖြစ်ခဧ့။[]

ဂေါတမမြတ်စွာဖရားထက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဖရားဧ့ သာသနာတော်တွင် အသျှင်တိဏသန္တရဒါယကထေရ် အဖြစ်နန့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူဧ့။[]

  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်.