Jump to content

တိပုပ္ဖိယ

ဝီကီးပီးဒီးယား က

အသျှင်တိပုပ္ဖိယထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းတစ်ပါး ဖြစ်ရေ။[]

ဝိပဿီမြတ်စွာဖရားလက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အသျှင်တိပုပ္ဖိယထေရ် ရေ တော၌ မုဆိုးတစ်ဦး ဖြစ်ဧ့။ ထိုမုဆိုးရေ ဝိပဿီမြတ်စွာဖရားဧ့ သခွတ်ဗောဓိပင်ကို ဖူးမြင်ရပြီးကေ ပန်းသုံးပွင့်ရို့နန့် ကြဲမြှောက်ကာ ပူဇော်ခဧ့။ ယပြီးနောက် ကြွီကျနိန်ရေ ဗောဓိရွက်တိကို ကောက်ယူကာ အပြင်၌ စွန့်ပစ်ဧ့။ ယင်းပိုင် သခွတ်ဗောဓိပင်ကို ဟိခိုးပူဇော်မှု ပြုပြီးရေအခါ ထိုအပင်ရင်း၌ပင် သေဆုံးခဧ့။[]

ဒေဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဗောဓိပင်ကို ပူဇော်ခရေ အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခရပေ။ ယင်းချင့်အပြင် သုံးဆယ့်သုံးကမ္ဘာထက်တွင်လည်း “သမန္တပါသာဒိက” နာမည်နန့် စကြဝတေးမင်း တစ်ဆယ့်သုံးကြိမ် ဖြစ်ခဧ့။[]

ဂေါတမမြတ်စွာဖရားထက်ထက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဖရားဧ့ သာသနာတော်တွင် အသျှင်တိပုပ္ဖိယထေရ် အဖြစ်နန့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူဧ့။[]

  1. 1 2 3 4 ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်.