တိသရဏဂမနိယ
အသျှင်တိသရဏဂမနိယထေရ် ရေ မြတ်စွာဖရားဧ့ သာသနာတော်ဟိ ရဟန်းတစ်ပါး ဖြစ်ဧ့။ ခုနစ်နှစ်သားနန့် ရဟန္တာဖြစ်ခသူလည်း ဖြစ်ရေ။[၁]
ဘဝဇာတ်ကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဝိပဿီဖရားလက်ထက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဝိပဿီမြတ်စွာဖရား ပွင့်တော်မူချိန် ဖြစ်ဧ့။ ယင့်ချိန်တွင် အသျှင်တိသရဏဂမနိယထေရ်ရေ အမိအဖတိကို လုပ်ကျွေးပြုစုနိန်ရေ လုလင် ဖြစ်ဧ့။ ထိုအချိန်ကာလတွင် လူရို့ဧ့ သက်တမ်းမှာ အနှစ်နှစ်သိန်း ဟိဧ့။ လုလင်ရေ အမိအဖတိကို လုပ်ကျွေးနိန်ရအနိန်နန့် ရဟန်းအဖြိုက်ကေို မရပေ။ ယင်းချင့်ကြောင့် ဝိပဿီမြတ်စွာဖရားဧ့ လက်ယာရံအဂ္ဂသာဝကဖြစ်ရေ နိသဘရဟန်းထံတွင် သရဏဂုံသုံးပါး ဆောက်တည်ခံယူဧ့။ ထိုသရဏဂုံကို အနှစ်တစ်သိန်း ဆောက်တည်ကျင့်သုံးခဧ့။[၁]
စည်းစိမ်တိကို ခံစားရခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သရဏဂုံသုံးပါးကို ဆောက်တည်ခရေအတွက် သေလွန်ကေ အများကြီးသော အကျိုးကျေးဇူးတိကို ခံစားခရဧ့။ သေလွန်ရေအခါတွင် တာဝတိံသာနတ်ပြည်သို့ ရောက်ခဧ့။ အကြိမ်ရှစ်ဆယ် သိကြားမင်းအဖြိုက်ကေို ရခဧ့။ ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်း ဖြစ်ခဧ့။ ပဒေသရာဇ်မင်းအဖြစ်မူ မရွီတွက်နိုင်အောင် ဖြစ်ခဧ့။
ထိုပိုင် သရဏဂုံသုံးပါးကို ဆောက်တည်ခရေ ဘဝမှစပြီးကေ အသျှင်တိသရဏဂမနိယထေရ်ရေ မကောင်းသူရို့ ကျရောက်ရရေ အပါယ်လေးဘုံသို့ နနူးမကျရောက်ခရပေ။[၁]
ဂေါတမမြတ်စွာဖရားလက်ထက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]နောက်ဆုံးဘဝတွင် သာဝတ္ထိပြည်တွင် ကြွယ်ဝချမ်းသာသော အမျိုး၌ လူဖြစ်ဧ့။ တနိန့်ရေအခါ အသျှေသူင်ရို့နန့် မြို့သို့ထွက်ကာ လားရာ ရဟန်းတစ်ပါးနန့် ကြုံကြိုက်ဧ့။ ထိုရဟန်းရေ အသျှင်တိသရဏဂမနိယထေရ်ကို သရဏဂုံပီးဧ့။ ယင်းပိုင် သရဏဂုံပီးရေအခါ အသျှင်တိသရဏဂမနိယထေရ်ရေ အယင်ဘဝက ဆောက်တည်ခရေ သရဏဂုံကို အောက်မိရားကေ ထိုနိန်ရာမှာပင် အရဟတ္တဖိုလ်သို့ ရောက်လေဧ့။ ယင်းပိုင် ရဟန္တာဖြစ်ရေအချိန်တွင် အသျှင်တိသရဏဂမနိယထေရ်ရေ ခုနစ်နှစ်သား အရွယ်သာ ဖြစ်ဧ့။ ယပြီးနောက် မြတ်စွာဖရားဧ့ သာသနာတော်တွင် ရဟန်းပြုလေဧ့။[၁]