တီးတိန်လူမျိုး
တီးတိန် (တဲဒင်မ်)လူမျိုးစွာ မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားရေ တိုင်းရင်းသား (၁၃၅)မျိုးထဲမာ ပါဝင်လီရေ။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲက လူမျိုးစု တစုဖြစ်တေ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အထဲ နီထိုင်ကတ်ပြီး တီးတိန် (တဲဒင်မ်)စကားပြောရေ မျိုးနွယ်စု (၁၀)စုရို့က ကိုယ်ရို့ အမျိုးအနွယ်များ စတင်ပေါက်ဖွားရေ နီရာမာ တီးတိန်မြို့မှ ခုနှစ်မိုင်အကွာဟိ ဆိုင်းဇန်ရွာနံဘေးမှ ကျိမ်နွဲဂူကြီးဖြစ်တေဟု ဆိုကတ်ရေ။ ယင်းဂူမာ ဂုချိန်ခါ တိမ်ကောဗျာယ်ဟိပြီးးဖြစ်တေ။ ပတ်ဝန်းကျင်မှာ လူနီထိုင်ရန် သင့်လျော်ရေ ရီခံမြီခံကောင်းရေအရပ် ဖြစ်ခဖူးဟန် ဟိရေ။ ဂုထိတိုင် ထိုနီရာ တဝိုက်မာ တောင်ယာနန့် ခြံစိုက်ပျိုးရီး ဖွံ့ဖြိုးဗျာယ်ဟိသိမ့်ရေ။
တီးတိန်မြို့နယ်အထဲဟိ လူမျိုးအုပ်စုရို့၏ ဘိုးဖီးရို့စွာ မူလရှေး ကျောက်ခေတ်ဆီလောက်က ယင်းဂူကြီးထဲမာ ခိုအောင်းနီထိုင်ခကတ်ရာမှ တဆတ်ဆတ် လူဦးရွီတိုးပွားလာသဖြင့် အဂု တီးတိန်မြို့နယ်အတွင်းကို လာရောက်နီထိုင်ခကတ်တေဟု ဆိုရေ။
ဝေါဟာရ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တီးတိန်ဆိုရေ အသံထွက်မာ အမှန်မဟုတ်။ သဲဒင်မ်ရာကေ ချင်းအသံထွက် အမှန်ဖြစ်တေ။ သဲဒင်မ်ကို အိန်းဂလိချ်ရို့က အသံပီသယောင် မခေါ်နိုင်သဖြင့် အဆင်ပြေပိုင် စာလုံးပေါင်းရာ တဒင်မ် ဖြစ်လှာပြီး မြန်မာရို့ကလည်း တီးတိန်ဟု ခေါ်ကတ်ပြန်ရေ။
သဲဒင်မ်ဟု ပီသစွာခေါ်လိုက်ရေအခါမှ ချင်းဘာသာစကားဧ့ အဓိပ္ပာယ်စွာ ပေါ်လွင်လာရေ။ ယင်းစကားကို အဓိပ္ပာယ်ပြန်ပါမူ ချင်းဘာသာအရ သဲ မာ အရောင်တောက်ခြင်း ဖြစ်ပနာ ဒင်မ် မာ ပြည့်ရေ။ သို့မဟုတ် ရီပြည့်ရေလို့ အဓိပ္ပာယ်ရရေ။
ရိုးရာယိုင်ကျေးမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တီးတိန်ယောက်ျား ဝတ်ရေ အင်္ကျီမာ သင်တိုင်းမျိုးဖြစ်ပနာ အဖြူရောင်ချေထည်ဖြစ်ပြီးကေ အင်္ကျီမာ ထူးအထက်ထိ ဖုံးလီရေ။ မမာ့တိစွာ ဖေသာနန့် ကြီးနီ လက်ကောက်ကြီးတိကို ဝတ်ဆင်ကတ်တေ။ ကြီးနီကွင်းတိကို လက်မောင်းမာ ဝတ်ဆင်ကြလို့ ဂျပ်ခုတ်ထည်းတိကို ဝတ်ဆင်ကတ်တေ။ အင်္ကျီမာ ရင်စိလက်ရှည်အင်္ကျီ သဘောပင်ဖြစ်တေ။ လိုင်ဆွဲတန်ဆာတိအဖြစ် ပယင်းစိတိနန့် သန္တာနီတိကို စီလို့ ဆွဲကတ်တေ။ ယင်းချင့်အပြင် နာဂတောင်တန်းမှ လာရောက်ရောင်းချရေ မဟူရာ ပုတီးကြီးများ ဝတ်ဆင်လေ့ ဟိရေ။ ထပိန်တိမာ ရင်ကွဲ ထပိန်များဖြစ်ပနာ များရေအားဖြင့် ရှီးအခါက ဒူးအထက်အထိ ဝတ်ဆင်လေ့ ဟိကတ်တေ။ [၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မောင်ပုဆိုးကြမ်း ရီး တိုင်းရင်းသားလူမျိုးများ အဘိဓာန်