တောင်ခြီရင်းကျွန်
တောင်ခြီရင်းကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တောင်ခြီရင်းကျွန်းစွာ ပြားတောင်ကျွန်း၏ တောင်ဘက်အရပ်ဖြစ်တေ။ ပေ ၄၀၅-ပေမြင့်သော ထပ်တောင်ခေါ် ဓါတ်တောင်ကို ဗဟိုပြုပနာ တည်ဟိရေ ကျွန်းဖြစ်တေ။ မနော်သီရိ၊ တပ်မော်၊ ကြိမ်ခွေမော်၊ အဝကန်၊ သဝင်ချောင်း၊ တောင်ညို၊ တောင်းဖူး၊ မင်းဘာ၊ မင်းဖေါက်၊ ကျောက်ဆိပ်၊ မော်ထုပ်ကြီး၊ ဒါးကိုင်၊ နတ်တောင်ပြင်(အဖြူရွာ၊ သဲချောင်း၊ ကျောက်ချေ) စရေ ရွာတိပါဝင်ကတ်ရေ။ ၁၉-ရာစု အစောပိုင်းမြီပုံတစ်ခု၌ အဂုတောင်းဖူးရွာ အရပ်ကို တောင်ခြီရင်းရွာ အဖြစ်ဖေါ်ပြထားကြောင်းတွိ့ရရေ။
တောင်ခြီရင်းကျွန်းကို မင်းဘာကျွန်းဟုလေ့ခေါ်ကြောင်း တွိ့ရရေ (ရာဇဝင်တော်ကြီး။ ၄ရ)။ ယင်းအရပ်တွင် မင်းဘာရွာ ဆိုပနာ ရှိနီသိမ့်ရေ။
ရာဇဝင်၌ ပုန်ကန်သူရို့က ပိန္နဲချောင်းစားနန့် ပူးပေါင်းပနာ ဒေကျွန်းအရပ် တပ်မော်တွင် လှီတပ်တည်ပြီးကေ နိန်စွာကို ၁၇၈၃-ခုတပေါင်းလတွင် မဟာသမ္မတမင့်ကိုယ်တိုင် လားရောက်ချီတက် တိုက်ခိုက်နှိမ်နင်းခလီရေ (စန္ဒ။၂း၂၉၈)။
ငလက်ရုံးသိုက်၌ “ တောင်ခြီရင်းကျွန်းခေါ်၊တောင်းဖူးမော်မာ၊ ထိုခါလှီဦး ဆိုက်လိမ့်မေ။ တောင်းဖူးရွာနား၊ ကမ်းဦးနားမာ၊ ဘုရားထိုခါ တည်လိမ့်မေ၊” ဟု ပါဟိရေ။ ထိုဘုရားမှာ တောင်းဖူးဘုရားကြီးဟု ယူဆရရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။