တောင်ဘက်ကျွန်း
တောင်ဘက်ကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တောင်ဘက်ကျွန်းစွာ ပါးဒေချင့်ကျွန်း၏ တောင်ဘက်၊ ကျိန်းကျွန်း၏ အနောက်ဘက်၊ ဝင်းကျွန်း နန့် ပြည်စိုးကြီးကျွန်းရို့ ၏ အရှိဖက်တွင် ဟိရေ။ လေးမြို့ခေတ် ခြိတ်မြို့တော်ကို အဂုခြိတ်ချောင်းအရပ်တွင် တည်ယပြီးနောက် မတ်ဖုန်းစား လက်ထက် လေးမြို့ချောင်းဖျားမှဆင်းလှာသော သျှမ်းရို့ကို တိုက်ထုတ်ခပြီးကေ၊ သျှမ်းရို့ ကလေးအရပ်တထိတိုက်ခိုက်ခစွာမှ ဖမ်းရမိသူတိအား သိမ်းကပါနန့် မင်းမရွာရို့အဖြိုက်ချထားခရေ။ ဒေအရပ် ကို တောင်ဘက်ဟုခေါ်ကြောင်း ဖေယာ၏ စာတမ်းတစ်စောင်အရသိဟိရပါရေ။
ကျွန်း၏ အရှိဖက်နန့် တောင်ဘက်ရို့စွာ ရေပူမြစ်၊ အနောက်ဘက်မာ ရဲတဲမြစ် ခေါ်ခါးမကျ မြစ်၊ မြောက်ဘက်မာ မတ်ကန်မြစ်ရို့ရှိကတ်ရေ။ ရီပူမြစ်မှာ ပါဠိဘာသာ ရိပုခေါ်သော စစ်သုန်ပန်း နန့်ဆိုင်ရေ မြစ်ဖြိုက်ရေ။ ထိုချထားခရေသျှမ်းရို့နန့် နောက်ပိုင်းသုံပန်းရို့ကို ရိပုတပ်တတပ် အဖြစ် ချထားခဟန်တူပါရေ။
မြောက်ဦးခေတ်တွင် မင်းဖလောင်း၏ ညီတော်မောင်ကြီးသျှင်ထွီးကို တောင်ဘက်စားအရာပီးခရေ။ (စန္ဒ။၂း၈၄)။ မင်းရာဇာကြီးလက်ထက် သားတော်မင်းဖြူ၊ သားတော်မတ်ကာစောရို့စွာ တောင်ဘက်စား အရာကိုရခကတ်ရေ(စန္ဒ။၂း၁၆၄)။ မင်းရာဇာကြီးရေ ပဲခူးမှ ရဟိခသော သုန်ပန်းတိထဲက တချို့ကို ရှစ်တပ်အစုဖွဲ့ခရာမာ တစ်ကျိုင်စွာ ဒေတောင်ဘက်အရပ်၌ ပါရှိခလီရေ(စန္ဒ။၂း၁၄၉)။ မင်းခမောင်း၏ သားတော် သတိုးမင်းထွေးစော်လည်း တောင်ဘက်စား ဖြိုက်ခရေ (စန္ဒ။၂း၁၆၈)။
မင်းမတည်ပြည်မရပ်ကာလ ၁၇ဝ၂-ခုနှစ်မာ တောင်ဘက်စားမှာ ရအိမ်ဖြူဖြိုက်ရေ။ ၄င်းစွာ သင်းမပိုးရွှီနန့် ပေါင်းကာ ပုန်ကန်ခကေလေ့ ရှုံးနိမ့်ခရေ (စန္ဒ။၂း၂၃၇၊၂၃၈)။ ရအိမ်ဖြူစွာ ဘုရင်ကိုပုန်ကန်သူ ပထမဆုံးသော တောင်ဘက်စားပင်ဖြိုက်လီရေ။
စန္ဒဝိဇယမင်း၏ သားတော်တဦးစွာ တောင်ဘက်စားဖြိုက်ခရေ။ ၄င်းစွာ အနောက်ကို စစ်ချီ မှအပြန် ၁၇၂၃-ခုနှစ်မာ ကျောက်ပန်းတူ၌ လှေတော်ပျက်ပနာ လွန်လီရေ (စန္ဒ။၂း၂၄၇)။
နရအဘယရာဇာမင်းလက်ထက် ၁၇၄၅-ခုနှစ်မာ လက်ယာမြန်ဂူတာအား အနောက်သို့ စီလွှတ် တိုက်ခိုက်စီခရေအခါ ဓါးပြန်စီးသား တောင်ဘက်စားသက်ရွှေကို ဖမ်းယူရခကြောင်းဆိုထားပါရေ (စန္ဒ။၂း၂၆၄)။ ထိုသက်ရွှေစွာ အယင်ဘုရင်လက်ထက်က တောင်ဘက်စားအရာ ရခသူဟု ယူဆရပါရေ။
၁၇၆၄-ခုနှစ်မာ သံထောင်စားစွာ သိင်္ဂပါမင်းထံလာရောက် ပူးပေါင်း ပြီးလှုပ်ယှားခရေ နန်းရဟိလားလီရေ (စန္ဒ။၂း၂၆၉)။ သိင်္ဂပါမင်းဟု သုံးထားအနိန်နန့် တောင်ဘက်စားစွာ ကကောင်းအသင့် အားကောင်းခကြောင်း ဆိုနှိုင်ပါရေ။
ဓမ္မရာဇ်ရာဇာမင်းလက်ထက် ၁၇၇၈-ခုတွင် တောင်ဘက်စားမှာ ဥဂ္ဂါရွှေဖြစ်ရေ။ ဥဂ္ဂါရွှေစွာ မဟာသမ္မတမင်းထိတောင် တောင်ဘက်စားအရာကို ရခရေ (စန္ဒ။၂း၂၈၉၊၂၉ဝ)။ ၄င်းစွာ နောက်ဆုံးသော တောင်ဘက်စားပင် ဖြိုက်လီရေ။
မြောက်ဦးခေတ် နန်းတွင်းညီလာခံတစ်ခုတွင် တောင်ဘက်စားစွာ တက်ခွင့်ရစာကေး၌ ပါဟိရေ ကို တွိ့ရရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။