တောင်သားလူမျိုး
| လူဦးရွီ စုစုပေါင်း | |
|---|---|
| ၃၀၀၀၀ – ၃၅၀၀၀ | |
| အများစု နီထိုင်ရေ နီရာ | |
| မကွေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ | |
| ဘာသာစကား | |
| ရုန်းတူဘာသာစကား၊ မြန်မာဘာသာစကား | |
| ကိုးကွယ်မှု | |
| ထေရဝါဒ ဗုဒ္ဓဘာသာ၊ ရိုးရာနတ် | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုတိ | |
| အောက်သား |
တောင်သားလူမျိုး သို့မဟုတ် ရောင်တူလူမျိုး[၁] စွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်မပြုထားရေ လူမျိုးအုပ်စုတခု ဖြစ်ပြီးကေ[၂] မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသကြီးမာ နီထိုင်ကတ်ရေ။[၃] တောင်သားလူမျိုးအား တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရီးအတွက် ကြိုးပမ်းခကေလေ့ မအောင်မြင်ခပါ၊၊[၄] တောင်သားလူဦးရွီစွာ ၃၀,၀၀၀ မှ ၃၅,၀၀၀ အကြားဟိဖို့ဟု လှောက်မှန်းထားရေ။[၅][၆]
တည်နီရာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တောင်သားလူမျိုးတိစွာ မြန်မာနိုင်ငံ အနောက်ပိုင်းမကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်မာ ချင်းပြည်နယ်နန့် နယ်စပ်ဒေသမာ ရွာတိတည်ပနာ ပျံ့နှံ့နီထိုင်ကတ်ရေ။[၇][၈] ထီးလင်းမြို့နယ်မာ ၂၃ ရွာ၊ ဂန့်ဂေါမြို့နယ်မာ ၃ ရွာနန့် ဆောမြို့နယ်မာ ၂၂ ရွာ ဖြစ်တေ။[၇]
သမိုင်းကြောင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တောင်သားလူမျိုးတိ၏ ဇာစ်မြစ်မာ ရှင်းလင်းခြင်းမဟိပေ။ တောင်သားလူမျိုးတိစွာ ပျူလူမျိုးတိက ဆင်းသက်လာရေလို့ ဆိုကတ်တေ။ ပုဂံခေတ်ဦးကာလမာ ဟိုလူမျိုးတိစွာ ပုပ္ပားအရပ်ဇာတိ ပန်းဖဲဆရာငစိန့်နန့် သူ၏ညီမ(သမုဒ္ဒရာဇ်မင်း၏ မိဖုရား)ရို့ မင်းမျက်သင့်လို့ ဆွီမျိုးတစုလုံး ဗြီးကတ်ရကြောင်း၊ ရှမ်းစစ်သားရို့ လိုက်လံဖမ်းဆီးသဖြင့် ဝီးလံလှရေ ပုံတောင်ပုံညာတောင်တန်းများအလွန် ယောဒေသကိုရောက်လှာကတ်ကြောင်း၊ စိုးရိမ်ခြင်းမကင်းနှိုင်သိမ့်သဖြင့် အနောက်အရပ်ချင်းပြည်ဘက်ကို ဆက်ပနာ ရွိပြောင်းတိမ်းရှောင်ခကြောင်း၊ ယင်းပိုင်တိမ်းရှောင်ယင်း ဘာသာစကားနန့်ဝတ်စားဆင်ယင်ပုံရို့ကို ပြောင်းလဲကာ ဇာတိဖျောက်ခကြောင်း၊ နှစ်ပေါင်းများစွာကြာအောင် မင်းတပ်နယ်မြောက်ပိုင်းမာ အခြီချနီထိုင်ခကြောင်း၊ အန္တရာယ်ကို မစိုးရိမ်ရလောက်ရေ အချိန်ရောက်မှ မြီပြန့်အရပ်(ယောဒေသ)သို့ ဆင်းလှာကတ်ကြောင်း၊ မြီပြန့်သားရို့က ဇာကလဲဟုမီးမြန်း နှုတ်ဆက်ကြရေအခါ မင်းမျက်သင့်ထားသူတိစွာ ပုပ္ပါးအရပ်ကဟု မပြောတော့ဘဲ တောင်တန်းတိ၏ အားသာရေအတားအဆီးတိကြောင့်သာ အသက်ရှင်ကတ်ရသဖြင့် တောင်တန်းတိ၏သားတိဖြစ်ကြောင်း မိတ်ဆက်သဖြင့် [၆] "တောင်သား" ဆိုပနာ ခေါ်တွင်ရစ်ကြောင်းရို့ကို တောင်သားသမိုင်းများမာ အကျယ်တဝင့် ဖော်ပြကတ်လီရေ။[၇] တောင်သားလူမျိုးရို့ ပြောဆိုရေ ရုန်းတူဘာသာစကားစွာ တောင်ပိုင်း ကူကီး-ချင်းနွယ် ဘာသာစကားများအုပ်စုဝင်ဖြစ်ပြီးကေ ချင်းပြည်နယ်ပြင်ပနေ ချင်းစကားပြောလူမျိုးတိနန့် တလုံးတလေ ဆင်တူစွာ ယကေလေ့ တောင်သားလူမျိုးတိစွာ ချင်းမျိုးနွယ်မဟုတ်ဟု ခိုင်မာစွာငြင်းဆိုကတ်တေ။ [၉][၁၀]
တရားဝင်အသိအမှတ်ပြုမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အယင်က တောင်သားလူမျိုးအား မှတ်ပုံတင်မာ "တောင်သား"ဟု ဖော်ပြခကေလေ့ ဂုချိန်ခါမာ အောက်သားအဖြစ်သာ မှတ်တမ်းရီးသွင်းဗျာယ်ဟိရေ။[၁၁] ၂၀၁၈ ခုနှစ် ဂျန်နဝါရီလ ၁၇ ရက်နိက မကွေးတိုင်းဒေသကြီးလွှတ်တော်မာ ကိုယ်စားလှယ် ဦးကျော်မြင့်က တောင်သားလူမျိုးတိအား တိုင်းရင်းသားလူမျိုးစု စာရင်းသွင်းလို့ ကုတ်နံပါတ်ရဟိရီးအတွက် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုဗျာယ် တိုင်းအစိုးရအဖွဲ့ကတဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြပီးရန်အဆိုကို တင်သွင်းခကေလေ့ ယှူရေခဲ့ပါ၊၊[၄][၁၂] was to preserve the cultural heritage, literature, and language of the Taungtha people.[၁၃] ကန့်ခဲ့ရေ လွှတ်တော်ကိုယ်စားလှယ်တိက တိမ်မြုပ်ကွယ်ပျောက်လုနီး တိုင်းရင်းသားတိကိုဖော်ထုတ်ခြင်းကို ထောက်ခံခကေလေ့ တောင်သားမျိုးနွယ်ရို့၏ သမိုင်းအချက်အလက်တိကို ပြုစုစစ်ဆီးဖို့အတွက် နက်နဲကျယ်ပြန့်ပြီး ပညာသျှင်တိပါဝင်ရဖို့ အခြီအနီနန့် ငွီကြေးသုံးစွဲရဖို့ အခြီအနီတိကို ထောက်ပြခကတ်တေ။[၄]
ဘာသာစကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တောင်သားလူမျိုးတိစွာ တောင်ပိုင်းကူကီး-ချင်းနွယ် ဘာသာစကားတိအုပ်စုဝင် ရုန်းတူဘာသာစကားအပြင် ဗမာဘာသာစကားကိုလေ့ ပြောဆိုကတ်ရေ။ ကိုလိုနီခေတ်မာ တောင်သားနန့် မွင်းဘာသာစကားရို့စွာ အဟိုချင်းဘာသာစကားနန့် နီးစပ်ကြောင်း ပညာသျှင်တိက လိ့လာမှတ်သားခရေ။[၁၄] တောင်သားရို့စွာ စာပီရီးသားရေ ဘာသာစကားမဟိပိုင် ပြောဆိုရေ ဘာသာစကားမာလည်း ကွယ်ပျောက်လုနီး ဖြစ်နီရေ။ တောင်သားလူမျိုးရို့ ပြောဆိုရေ ဘာသာစကားတွင် မြောက်ပိုင်း (ထီးလင်းမြို့နယ်) နန့် တောင်ပိုင်း (ဆောမြို့နယ်) လီသံဆိုပနာ ကွဲပြားရေ။[၇]
ယိုင်ကျေးမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဝတ်စားဆင်ယင်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယောက်ျားတိစွာ ဗမာလူမျိုးတိကဲ့သို့ ပင် ဝတ်ဆင်ကတ်တေ။ သို့သော် ဒယောကို ပက်ခုံးမာ တင်ထားရေ။ မမာ့တိစွာ (တောင်သမဝတ်) ဟုခေါ်ရေ အဖြူရောင် ဝတ်လုံရှည်နှင် အရဲရောင်နှင် အမဲရောင်ပုဝါကို ရင်သားမှ ခါးအထိ ဝတ်ဆင်ကတ်တေ။[၃] ပုဝါဧ့အရောင်စွာ အမျိုးသမီးတဦးဧ့ အသက်အရွယ်နန့် အိမ်ထောင်ရီးကို ပြောပြရေ။ ကလိန့်မေသျှေတိစွာ အဖြူရောင်ပုဝါကို ဝတ်ဆင်ကတ်ပြီး၊ အမျိုးသမီးသျှေကလိန်မေတိစွာ အရဲရောင်ပုဝါကို ဝတ်ဆင်ကတ်ပနာ၊ အိမ်ထောင်သည်အမျိုးသမီးတိစွာ အမဲအရောင် ပုဝါကို ဝတ်ဆင်ကတ်တေ။[၃]
နီထိုင်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တောင်သားလူမျိုးရို့စွာ လယ်ယာနန့် ခြံများ စိုက်ပျိုးလုပ်ကိုင်ကတ်၏။ စပါး၊ ပဲ၊ ရှောက်၊ လိမ္မော်၊ ကြက်သွန်၊ ငရုတ် စရေ ကောက်ပဲသီးနှံများ စိုက်ပျိုးကတ်တေ။[၃] နီထိုင်စားရေက်ရာမာ ဒေါင်းလန်းကြီးတခု မာ ထမင်းဟင်းပြည့်စုံစွာထည့်လို့ အိမ်သားအားလုံးဝိုင်းဖွဲ့ပြီးကေ လက်ရေတပြင်တည်း စားရေက်လိဟိရေ။[၃] တောင်သားလူမျိုး အပျိုလပျိုစွာ မိဘသဘောတူသူနန့်သာ ထိမ်းမြားရ လီရေ။[၁၅] ရိုးရာအိမ်တိကို သစ်သားဖြင့်တည်ဆောက်ထားပြီးသား သံချောင်းတိမပါဟိဘဲ သစ်သားကပ္ပဇာတိကို အသုံးပြုပနာ အဆောက်အဦများ တွဲချိတ်ထားရေ။
ဘာသာရီး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တောင်သားလူမျိုးရို့စွာ ထေရဝါဒ ဗုဒ္ဓဘာသာနှင် ရိုးရာနတ် ကိုးကွယ်ကတ်တေ။[၃]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ တောင်သား(ခေါ်) ရောင်တူမျိုးနွယ်စု ရို့ဧ့ လူနီမှုဘဝများ (in Burmese), archived from the original on 2020-06-16, retrieved 2020-05-17
- ↑ "တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနန့်ပတ်သက်ပနာ ဇာအစိုးရလက်ထက်မာ စာရင်းပြုစုပြီး ရဟိပါလတ်တေနန့် စပ်လျဉ်းရေမီးခွန်း". Archived from the original on 3 February 2020. Retrieved 3 February 2020.
- 1 2 3 4 5 6 မြန်မာ့စွယ်စုံကျမ်း (in Burmese). Vol. 5. Sarpay Beikman. 1961.
- 1 2 3 "ပျူမျိုးနွယ်စုခေါ် တောင်သားလူမျိုးတိအား တိုင်းရင်းသားလူမျိုးစု စာရင်းသွင်းလို့ ကုတ်နံပါတ်ရဟိရီးအဆိုကို မကွေးတိုင်းကိုယ်စားလှယ် ထက်ဝက်ကျော် ကန့်ကွက်ခရေအတွက် မှတ်တမ်းအဖြစ်သာ ထားဟိ". Eleven Media Group Co., Ltd (in Burmese). Archived from the original on 2023-03-24. Retrieved 2020-05-09.
- ↑ "ဆောမြို့နယ်မာ ပျူလူမျိုးစု (ခေါ်) တောင်သားလူမျိုးစုများ တွိ့ဆုံပွဲကျင်းပမည်". Lotaya (in Burmese). Retrieved 2020-05-09.[လင့်ခ်သီ]
- 1 2 "မြန်မာနိုင်ငံတိုင်းရင်းသားတိဧ့ သမိုင်း၊ ယိုင်ကျေးမှု၊ စာပီ၊ ဓလိ့ထုံးတမ်းတိနန့် ပတ်သက်ပြီးကေ မှတ်တမ်းများ ပြုစုထားဟိရေး " အဆိုကို ဦးခင်မောင်ဌေး (ထီလင်းမဲဆန္ဒနယ်) ကဆွေးနွေးခြင်း | Pyithu Hluttaw". Pyithu Hluttaw (in Burmese). Retrieved 2020-05-09.[လင့်ခ်သီ]
- 1 2 3 4 နီအောင် (2018-05-23). "ပုံတောင်ပုံညာတောင်တန်းကြီး အကွယ်က တောင်သားလူမျိုးစု". The Myanmar Times (in Burmese). Archived from the original on 2021-02-20. Retrieved 2020-05-09.
- ↑ "မကွေး တိုင်းဒေသကြီး အထဲဟိ ပျူလူမျိုး(ခေါ်) တောင်သားလူမျိုးများ ပထမအကြိမ် တွိ့ဆုံပွဲကျင်?". Yangon Media Group (in Burmese). 2017-12-04. Retrieved 2020-05-09.[လင့်ခ်သီ]
- ↑ မောဟေမာန် (2019-12-28). "တတိယအကြိမ်မြောက် တောင်သားလူမျိုးများ တွိ့ဆုံပွဲကျင်းပ". MDN - Myanmar Digital News (in Burmese). Archived from the original on 2023-03-24. Retrieved 2020-05-09.
- ↑ Mang, Kee Shein (November 2006). "A Syntactic and Pragmatic Description of Verb Stem Alternation in K'chò, a Chin Language" (PDF). Payap University. Archived (PDF) from the original on 2020-05-01. Retrieved 2020-05-09.
- ↑ "တောင်သား လူမျိုးတိ လူမျိုးစု ကုဒ်နံပါတ်ရဖို့ အစိုးရ ကိုတောင်းဆို" (in my)၊ DVB၊ 2019-12-28။
- ↑ "မကွေးတိုင်းဒေသကြီး ယောဒေသအထဲ အများဆုံးနီထိုင်ရေ ရှေးဟောင်းပျူလူမျိုးများဟု သိဟိကတ်ရေ တောင်သားလူမျိုးတိစွာ ကုတ်နံပါတ်ရဟိရေအထိ တင်ပြဆောင်ရွက်လားမေဟု ဆို"၊ Eleven Media၊ 2017-12-05။
- ↑ "တောင်သားလူမျိုး ကုတ်နံပါတ်ရဟိရီးအဆို ယှုံးနိမ့်". The Voice (in Burmese). 2018-01-17. Archived from the original on 2021-02-21. Retrieved 2020-05-09.
- ↑ Grierson, G.A. (1904). Linguistic Survey of India - Tibeto-Burman Family: Specimens of the Kuki-Chin and Burma Groups (in English). Vol. III. Office of the Superintendent of Government Printing, India. Archived from the original on 2023-03-24. Retrieved 2021-03-24.
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ ၅ ၁၉၆၁