Jump to content

တောတန်းကျွန်း

ဝီကီးပီးဒီးယား က

တောတန်းကျွန်းစွာ ကံဖေကျွန်းဧ အရှိဖက်ရှိ တောတန်းအရပ်ဖြိုက်ရေ။ ပန်းမြောင်းကြီးချောင်းကို အခြီခံထားရေ။ တောင်ဘက်မာ ပန်းမြောင်းကြီးချောင်းအ၀နန့် ရာမောင်ကျွန်း၊ အနောက်ဘက်မာ လေးမြို့မြစ်နန့် ကံဖေကျွန်း၊ လောင်းကြက်ကျွန်းတိ ဟိကတ်ရေ။ မြောက်ဘက်မာ ပန်းမြောင်းအရပ်အထိပါဝင်ခဟန်ဟိရေ။ ၁၁၆၃-ခုတွင် ဒေအရပ်၌ တောင်ငူနီရဉ္စရာမြို့တော်ထွန်းကားခရေ။ မြို့ဟောင်း တောင်ငူ၌ ဝါးတပ်မြို့ဟု ဖေါ်ပြထားရေ (စန္ဒ။၁း၃၄၄)။ တောင်ငူနီရဉ္စရာမြို့တော်စွာ ပရိန်မြို့အရှိ တောင်ဘက် တောတန်းကျွန်းအတွင်းမာဟိရေ ဟုရာဇဝင်တစ်စောင်က ဆိုရေ (အင်းစောက်။ကေ၊ကြော ၁၊၂၈)။

တောတန်းကျွန်းဧ အရှိအရပ်စွာ တရွေးချောင်းဆိုပနာ ဟိရေ။ မြောက်ဦးခေတ်က တရွေးစား ကျေးစားအရပ်ပင်ဖြိုက်ရေ (စန္ဒ။၂း၁၃၆၊၁၄၆)။ ဒေအချက်က ၄၄-ကျွန်းအရပ်စွာ အရှိဖက်တွင် တောတန်းကျွန်း၌ အဆုံးပင်ဖြိုက်တေလို့ ဆိုနှိုင်ပါရေ။

မင်းရာဇာကြီးလက်ထက်၌ ရှစ်တပ်အစုဖွဲ့ခရာမှာ တောတန်းအရပ်၌ တောင်ငူတပ်ကို ချထားခရေ။

မင်းမတည်ပြည်မရပ်ကာလမာ တောတန်းကျွန်းစွာ စစ်ရီးအရ အရီးကြီးရေ အရပ်တစ်ခု ဖြိုက်လှာရေ။ ၁၇ဝ၂-ခုနှစ်မာ စန္ဒဝိမလဓမ္မရာဇာစွာ ကောလိယနန်းရာမှာ ခေတ္တယှောင်တိမ်းနီခရာမှ ငါးလအကြာမှာ ရန်သူတိအားကောင်းလာပြီးကေ တောတန်းကျွန်းသို့ ယှောင်တိမ်းလားရရေ။ ဘုရင်စွာ စစ်သူကြီး နန္ဒဗလကို လားရောက်တိုက်ခိုက်စီရေ။ အီးချမ်းလာမှ ဘောင်းဒွတ်သို့ ပြောင်းကာ စံနေခရရေ (စန္ဒ။၂း၂၃၇)။

တောတန်းနတ်စွာ ရက္ခိုင်ပြည်စောင့်နတ် ၁၂ပါးဝင်ဖြစ်ရေဟု၏။ ရိုးတောင်ထက်ရှိ ချင်းရို့ကို ကာကွယ်ဖို့ တောတန်းအရပ်စွာ အရီးပါခရေလည်း ဟု၏။[]

  1. ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။