ထင်တော်မူစေတီ
တည်နီရာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြောက်ဦးနန်းတော်ကုန်း၏ အရှိဘက် (၃) ဖာလုံခန့်အကွာတွင် တည်ဟိပါရေ။ သကျမာရ်အောင်စေတီတော်၏ အနောက်တောင်ဘက်၊ ချင်းပျံတွင်းဂျိုင်၏ အရှိဘက်တွင် ကျရောက်ပါရေ။
ကုသိုလ်သျှင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကောဇာသက္ကရာဇ် (၁၀၀၃) ခု၊ အေဒီ (၁၆၄၁) ခုနှစ်တွင် ဘုရင်နရပတိကြီးက တည်ထားလှူဒါန်းခပါရေ။
သမိုင်းအကျဉ်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဘုရင်မင်းဗာကြီး တည်ထားလှူဒါန်းခရေ နံရိုးတော်၊ ရင်ရိုးတော်ဓာတ်စေတီတော် (၂) ဆူရေ လက်ဆည်ကန်အနီး လူနီအိမ်ကြားတွင် ကျရောက်နီသဖြင့် ဘုရင်နရပတိကြီးက သံဃာတော်တိနန့် ဆွေးနွေး တိုင်ပင်ကာ နန်းတော်ဦးအရှိဘက် တောင်ကုန်းတိထက်တွင် ဘုရင်နရပတိကြီး၏ နန်းတက်စာတီတိအဖြစ်ပြောင်းရွိလှူဒါန်း တည်ဆောက်ခပါရေ။ အမတ်ဘဝက ငါရေမလွဲဧကန် နောင်အချိန်တွင် မင်းဖြစ်အံ့ဟု ထင်မြင်ခပြီး မင်းအဖြစ်သို့ ရောက်လီရေ ထင်မြင်သည့်အတိုင်း မှန်ကန်သဖြင့် ထင်တော်မူစေတီကို တည်ထားခရာ ထင်တော်မူစေတီဟု ခေါ်တွင်ပါရေ။ နံရိုးတော်ဓာတ်မှာ အဂု ထင်တော်မူစေတီတော်ဖြစ်ပြီး (၁၀-၅-၂၀၀၇) ရက်နိတွင် ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး စိုးဝင်းမိသားစုမှ ထပ်မံပြုပျင် တည်ထားလှူဒါန်းခပါရေ။
ဗိသုကာလက်ရာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ထင်တော်မူစာတီမှာ ပေ (၁၅၀) ကျော်ခန့်မြင့်ရေ တောင်ကုန်းပေါ်တွင် အုတ်ဖြင့်တည်ဆောက်ထားရေ စာတီတော်တစ်ဆူပင်ဖြစ်ပါရေ။ အောက်ခြီ လေးမျက်နှာဖြစ်ပြီး အနားတစ်မျက်နှာ (၃၆) ပေခန့်ဟိပါရေ။ စာတီအမြင့်လည်း (၃၉) ပေခန့်ဟိပါရေ။ အရှိဘက်တွင် မုခ်ဦးဖွင့်ထားပါရေ။ စာတီတော်လိုဏ်ဂူတော်ထဲတွင် ပလ္လင်တော်ဖြင့် ကျောက်ဆင်းတုတော်တစ်ဆူပူဇော်ထားပါရေ။ စာတီတော်ကို လေးမျက်နှာ၊ ရှစ်မျက်နှာ၊ အဝန်းပုံစံသုံးမျိုးဖြင့် ဆင့်ပနာ တည်ဆောက်ထားပါရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြောက်ဦးဒေသ ရှေးဟောင်းအဆောက်အဦးများ (ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမူဝန်ကြီးဌာန) -၂၀၁၅