Jump to content

ထားဝယ်လူမျိုး

ဝီကီးပီးဒီးယား က

တမ်းပလိတ်:Copy edit ထားဝယ်လူမျိုး (အိန်းဂလိချ်:Dawei/Tavoyan)စွာ ဘာသာဗေဒညာသျှင်ရို့ဧ့ အဆိုအရ တိဗက်-ဗမာနွယ် လူမျိုးတမျိုး ဖြစ်တေ။ ယကေလေ့ အရာမြန်မာအုပ်စုဝင်တိဖြစ်ကတ်တေ ဓနု၊ တောင်ရိုး၊ မရူ အစဟိစွာရို့ကဲ့သို့ မဟုတ်မူဘဲ၊ အောက်သားရို့နန့် ကိုးကွယ်ယုံကြည်မှု၊ ဓလိ့ယိုင်ကျေးမှု၊ ဝတ်စားဆင်ယင်မှုရို့မာ ထပ်တူနီးပါးမျှတူညီ​ပြီး ကွဲလွဲမှုစိကေချေ ဟိရေ။ ရခိုင်၊ ထားဝယ်၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ မြိတ်၊ ယော အစဟိစွာရို့စွာ မျိုးနွယ်တခုတည်းမှဆင်းသက်လာကတ်တေဟု ယူဆရရေ။ထားဝယ်လူမျိုးများမာ မီးပုံပျံဦးကျော်ကေ၊ သူရမချစ်ပို၊ ဗိုလ်မှူးကြီးဗထူး၊ ဝန်ကြီးဦးဗဆွေ၊ တွေ့မရှောင် ရို့စွာထင်ရှားရေ။ထားဝယ်သားဗိုလ်မှူးကြီးဗထူးစွာ ဖက်ဆစ်ဂျပန်တော်လှန်ရီးသမိုင်းမာ ထင်ရှားသူဖြစ်တေ။

Dawei
ထားဝယ်
ထားဝယ်အမျိုးသားအလံ
အများစု နီထိုင်ရေ နီရာ
 Burma၈၀၀,၀၀၀[၁]
 Thailand၁၅၀,၀၀၀
ဘာသာစကား
ထားဝယ်စကား
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
ဗမာ, ရခိုင်, အင်းသား

ထားဝယ်လူမျိုးတိစွာ မြန်မာ့သမိုင်းမတင်မီကာလ ကျောက်ခေတ် ကြီးခေတ်၊သံခေတ်၊ ကမ္ဘာဦးလူသားအရင်းမြစ် စတင်ပေါ်ပေါက်စဉ်အချိန်ကပင် ထားဝယ်ဒေသမာ လူသားတိ စတင်နီထိုင်လာပြီး ခေတ်ကာလအလိုက် လူမျိုးဆိုရေ ဝေါဟာရ ပေါ်လှာရပုံမာ အဆိုအမျိုးမျိုး ဟိကတ်ကေလေ့ ထားဝယ်လူမျိုးစွာ ဒေနိအချိန်ထိ အထင်အရှား ဟိနီသိမ့်ရေ။

ထားဝယ်ယိုင်ကျေးမှုပြတိုက်မာ ထားဝယ်ဒေသဧ့ သမိုင်းစဉ်ကို ကျောက်ခေတ်ဦး ကျောက်ခေတ်လယ် ကျောက်ခေတ်နှောင်း ကြီးခေတ် သံခေတ် ပျူခေတ် ပုဂံခေတ် စသည်အနိန်နန့် ခေတ်အဆက်ဆက် လူသားတိနီထိုင်ခမှုဖြစ်စိုင် အထောက်အထားတိကို စနစ်တကျ ခင်းကျင်းပြသထားရေ။

တချို့ကမူ မြတ်စွာဘုရား ထက်ဝယ်ဖွဲ့ ခွေ ဆွမ်းစားပီးရေအရပ်အား မွန်ရို့က 'ထဝါယ်/ထဝဲါ' (ထဝိုင်) ဟုခေါ်ရာမှ ထားဝယ်ဖြစ်လာရေဟုဆိုလို့ တချို့ပုဂ္ဂိုလ် တိကလည်း နရပတိစည်သူမင်းကြီးစွာ အဂု ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်မားရွာဒေသနံဘေး၊ ဒေါင့်ကွယ်မြို့ကို တည်ထောင်လို့၊ ထိုဒေါင့်ကွယ်မှ ထားဝယ်ဟု ရွိပြောင်းလဲလာရေဟု ဆိုကတ်ပြန်ရေ။

ထားဝယ်ဆိုရေ ဝေါဟာရကို ပရုန်းနရုန်း အစောဆုံးတွိဟိရရေမာ AD-(5-6) ရာစု လျန်မင်းဆက်သမိုင်းမှတ်တမ်းမာ ထော်ဝမ်ဆိုရေ နာမည်ဖြင့် မှတ်တမ်းတင်ထားပြီးသား ဖြစ်တေကို တွိရရေ။ ပြည်မား စာမှတ်တမ်းအနိန်နန့် AD-11-12 ရာစုကာလမာ အစောဆုံးတွိရရေ။

ထားဝယ်လူမျိုးစွာ ကျောက် ကြီး သံ ပျူ စရေ အဆက်ဆက်ရေ ခေတ်များအလိုက် အစုအဖွဲ့တခုခုကို ​လူမျိုးဆိုရေ နာမည်ပညတ် မခေါ်ဝေါ်ကြမီကပင်ပင် ထားဝယ်ဒေသမာ အစိုင်အဆက် မှီတင်းနီထိုင်လာခကတ်ရား ပျူခေတ်လယ်ဆိုပနာ ခေါ်နှိုင်ရေ AD-5-6 ရာစုမာ ထားဝယ်ဆိုရေလူမျိုး ထားဝယ်ဆိုရေဒေသ အဖြစ် ​ခေတ်ပြိုင်သမိုင်းမှတ်တမ်းမှ ပီပြင်ထင်ရှားစွာ ဟိနိန်ယာ ဖြစ်တေလို့ အခိုင်အမာတွိဟိရရေ။[၂]

အထောက်အထားအရဆိုလျင် ထားဝယ်အရပ်ရေ မြန်မာမင်းရို့ ယိုးဒယားသို့ စစ်ချီရာမာ စစ်လမ်းကျသဖြင့် ပုဂံခေတ်ကပင်လျှင်၊ အဆက်အဆံ အကူးအလူး ဟိဟန်တူစွာ ထားဝယ်လူမျိုးရို့စွာ မြန်မာအမျိုးသားအား ဂံသားဟု ပုဂံသားအဖြစ် ရည်ညွှန်းခေါ်ဝေါ်စွာကို ထောက်ထားနိုင်လီရေ။

(ဒဝယ်ဆောင်/ဓားဝယ်ဆောင်မှ အသံထွက်ထားဝယ်ဆောင်ဖြစ်လာရေ။ )

ဂုချိန်ခါ တောင်ပိုင်းသျှမ်းပြည်၊ အင်းလေးဒေသမာ မှီတင်းနီထိုင်ကတ်ရေ အင်းသားရို့စွာလည်း၊ ထားဝယ်လူမျိုးဆက် ဖြစ်ကြောင်း ဆိုကတ်ရေ။ အင်းသားစကားနန့် ထားဝယ်စကားရို့မာ များစွာတူကတ်၏။ ယေကေလဲ ထားဝယ်သားတိ ဇာမျိုးဇာပိုင် အင်းထဲကိုရောက်ဟိလာရေဆိုရေအချက်မာကား အယူအဆ အမျိုးမျိုးဟိကတ်၏။

ထားဝယ်လူမျိုးတိစွာ သက်မွီးဝမ်းကျောင်းမှုအတွက် ကုန်သွယ်လယ်လုပ် ယာခွတ်၊ ဟင်းခင်းစိုက်ခြင်းနန့် ယက်ကန်းလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊သတ္တုတွင်း ရှာဖွီတူးဖော်ခြင်းအမှုရို့ကို ပြုကတ်တေ။ ထားဝယ်ခရိုင်စွာ မြန်မာနိုင်ငံမားဟိ အရာတခြားသော ဒေသတိနန့် ကုန်းကြောင်း၊ ရီလမ်း၊ လီလမ်းခရီး ဆက်သွယ်ကောင်းမွန်သဖြင့် ထားဝယ်သားတိစွာ မြန်မာနိုင်ငံအဝှမ်း နီထိုင်ဗျာယ် ဟိကတ်တေ။

ထားဝယ်သားတိစွာ အများအားဖြင့် ဖြောင့်မတ်ရိုးသားလို့ မဟုတ်မခံရေ ဇွဲသတ္တိကောင်းသူတိ ဖြစ်ကတ်တေ။ ထားဝယ်သားအချင်းချင်း စည်းလုံးညီညွတ်စွာ နီတတ်ကတ်တေ။

၁၉ဝ၁ ခုနှစ် သိုင်ခေါင်စာရင်းအရ ထားဝယ်လူမျိုးဦးရေ ၉၄၈ ယောက်ဟိကေလေ့ ၁၉၅၁ ခုနှစ် သိုင်ခေါင်စာရင်းအရမူ ၁၅၉,၁၇၄ ယောက်ဟိရေ။ တနင်္သာရီတိုင်းဒေသကြီးဧ့ ပင်ရင်းလူမျိုးဖြစ်ပြီးကေ တိုင်းအထဲလူဦးရွီးအများဆုံးနီထိုင်ကြောင်း ၂၀၁၄ ခုနှစ်သိုင်ခေါင်စာရင်းအရ သိဟိရပါရေ။

စာလုံးအစောင်း

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ထားဝယ်စကား

ဒေနိ ထားဝယ်လူမျိုးများ ပြောဆိုနီကတ်ရေ စကားတိမာ ပေါရာဏ၊ မြန်မာ၊ ရှမ်း၊ မွန်စကားတိ ရောစပ်ဗျာယ်ဟိ၏။ ယေကေလဲ အရာဇာ လူမျိုးတိနန့်မျှ မဆက်စပ်ရေ ထားဝယ်စကားစစ်စစ် ပေါရဏစကားလုံးတိလည်း ဟိရေ။ မြန်မာ၊မြိတ်၊ထားဝယ်ရို့စွာ ဘာသာဗေဒအရတော်တော်နီးစပ်မှုလည်းဟိရေကိုတွိရရေ။

ထားဝယ်ဘာသာစကား=မြန်မာဘာသာစကား

မားမာဘဲ့မှု‌ခရာဝ=သာလီစွပါ

ဗြန်/ကပ်=ဖေသာ

ခွ/ခေါ့ဗော့ =တန်းခါး

ပ္လန်ကွေ့=ပြန်ကွိ့

မုက္လောဆီ=မုန့်ဟင်းခါး၊မုလတ်ရေက်= မုန့်လက်သုပ်(ထားဝယ်မုန့်တီ)

မုဗန် =မုန့်တီဖက်

နောန်းနောန်/မေးမေ=ကိုကို/မမ

စီခွားသီး=ဖရဲသီး

ခွားသီး=သခွားသီး

မ္ဟောလေသီး=ဂေါ်ယိုင်သီး

ဇင်းသီး=မညင်းသီး

သျှစ်သီး=နွားစားသရက်

ဟိးခိုသီး=ပဒကာသီး

ဇင်းသီး=မညင်းသီး

မှန်း=ထမင်း

အီ=အိမ်

ဆိုးဖ္လူ/စောန်=‌ောင်

ပ္လိပန်း=စံပယ်ပန်း

ဘုရားဖူး=ဖျားဖူး

သျှစ်သီး=နွားစားသရက်

သျှစ်က္လစ်သီး=သီဟိုဠ်သီး

ရှားပန်း=ချရားပန်း

ဝါ=ရွာ

ဖောင်း=ဖုန်း

ကြစ်သား=ကြက်သား

ယပ်တောန်=ယပ်တောင်

ငယ်ဂျင်း=သူငယ်ချင်း

ကွဲ=ကျွဲ

ဟို/ရှင်=ချို/ချိုင် (အရသာ)

ချော့တိုအုန်းသီး=အူနီသီး

သစ်ပန်=အပင်

ကျေးဇုတန်ဟှယ်=ကျေးဇုပါနန်း

ထားဝယ်လူမျိုးရို့သီဆိုကတ်ရေ ထားဝယ်ဒိန်းတေးခြင်းမာကား ထားဝယ်ရို့၏ ကျော်ကြားရေ ယိုင်ကျေးမှုအနုပညာတခု ဖြစ်လီရေ။ မြန်မာရို့ တဖက်ပိတ်စည်ဝိုင်းနန့် စိကေချေဆင်ရေလို့ ဆိုရပေမည်။ ဒိန်းတေးခြင်းကို တယောက်ကတိုင်လို့ သံပြိုင်မာ အတိက လိုက်ပြီးကေဆိုရရေ။ သပိတ်မျှောပွဲ အိုးခက်ရွက်အက နှစ်ကျိတ်သျှစ်ဆူဘုရားပွဲ ရို့မာထင်ရှားရေ။

ရှေးထားဝယ် အကတခုဖြစ်ရေ ရမ်းက (ယန်းအက) ဆိုရေ အကမာလေ့သော့ ထင်ရှားကျော်ကြားရေ။ ဂုချိန်ခါမာ အရပ်ထဲမာ သီးသန့်ကလေ့ မဟိ​ကြ​တော့ဘဲ ထားဝယ်ရိုးရာ​ပွဲတော်တိနန့် နိုင်ငံ​​တော်မှကျင်းပရေ ပြည်ထောင်စုပွဲပိုင်ယှောင် အခမ်းအနား​များမာသာ ကပြဖျော်ဖြီကတ်စွာကို တွိရရေ။ ထားဝယ်ကျေးလက်ကျွန်းရွာရို့မာ မြန်မာရို့၏ ကြက်တိုက်ပွဲကျင်းပပိုင် ခေတ်စားရေ ပျော်ရွှင်မှုတရပ်ကား ထားဝယ်လူမျိုးရို့၏ ကျွဲတိုက်ပွဲတိပင် ဖြစ်၏။[၃]

ကျန်စစ်သားမင်းကြီးဧ့ နန်းတည် ရှေးမြန်မာကျောက်စာ (အေဒီ-၁၁၀၂)မာ မြန်မာကို "မိရ္မာ" (မြန်မာမဖြစ်သိမ့်)ပေါ်ချိန်မာ ထားဝယ်မြို့စားတဗျင်းများလွန်းူဒါန်းပူဇော် ရေ အုတ်ခွက်ရုပ်ပွားဆင်းတုတော်များမာ (ထားဝယ်ဘာသာဖြင့်) "ဝါယ်" ပေါ်နေနန့်ပြီး ဖြစ်တေ။[၄] လက်ဟိ ထားဝယ်မြို့မြောက်ဘက် သျှစ်မိုင်ခန့်အကွာမာဟိရေ (သာဂရ) ခေါ် ထားဝယ်မြို့ဟောင်း(လက်ဟိ- မြို့ဟောင်းကျေးရွာ) စွာ သက္ကရာဇ်(၁၁၃-၁၂၃)/ အေဒီ-(၇၅၁-၇၆၁)မာ တည်ရေလို့ အထောက်အထားဟိခရေ။ အေဒီ(၅၀၀)မှ အေဒီ(၈၃၂)အထိ တည်ဟိခရေ ဒုတိယ ပျူနိုင်ငံတော်သရေတနားချေတဗွေချေရာနန့်ခေတ်ပြိုင်ဖြစ်နီရေ။[၅]

ဒေနိ မြန်မာစကား၊ စာအရီးအသားရို့မာ လုံးဝမဟိရေ (လ-ဆွဲ)သံများ၊ (အော)သရနောက် "န" သတ်သံတိစွာ ထားဝယ်စကားမာ ဒေနိန့်ထိသုံးစွဲနီတုန်း ဖြစ်ပြီးကေ၊ ထိုအသံ(စာလုံးပေါင်းများ)စွာ မြန်မာထက်စောလို့ ပေါ်ခရေလို့ ပညာသျှင် များ ခန့်မှန်းအဆိုပြုထားရေ ပျူစာမာ ဟိနီခြင်း၊[၆] အာကာဓာတ်ပုံမှ ဖတ်ရှုလိ့လာချက်အရ၊ သာဂရ(ထားဝယ်မြို့ဟောင်း) ဧ့ မြို့ရိုးသဏ္ဌာန်စွာ ဘဲဥပုံလေ့မက စက်ဝိုင်းပုံလေ့မကျရေ အဝန်းအဝိုင်း ပုံသဏ္ဌာန်ဟိပြီးး သရေတနားချေတဗွေချေရာမှ မြို့ရိုးတိနန့်ဆင်တူနီခြင်း။[၇] ဦးအောင်မြင့်(သစ်တော)ဧ့ စာတမ်းတိကို အထောက်အထားပြုပနာ တရားဝင် မြန်မာ့သမိုင်း ကျမ်းစာတစောင်မာ ရှေးဟောင်းမြို့ဝိုင်းငါးမြို့ (သရေတနားချေတဗွေချေရာ၊ မိုင်းမော၊ ဝေသာလီ၊ ဝတီး နန့် သာဂရ) ရို့ကို စကေးပုံနန့်တကွ အရွယ်ပမာဏချင်း နှိုင်းနိူင်းဖော်ပြထားရာ၊ သရေတနားချေတဗွေချေရာရေ အကြီးဆုံးဖြစ်ပနာ မိုင်းမောစွာ ဒုတိယ ဖြစ်တေကို တွိရရေ။ ဝေသာလီ၊ ဝတီး နန့် သာဂရရို့မာ တတိယ၊ စတုတ္ထ နန့် ပဉ္စမ အသီးသီးရို့ဖြစ်တေ။ အရွယ်ပမာဏအားဖြင့် ခြားနားမှုဟိရေ် လည်း မြို့ဝိုင်းပုံမာ ဆင်တူစွာဟု ဖော်ပြနိန်ရေ။

ထားဝယ်လူမျိုးတိစွာ မြန်မာနိုင်ငံတောင်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး တလျောက် ပျံ့နှံ့နီထိုင်ကတ်ရေ။ ထားဝယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ ရေဖြူမြို့နယ် နန့် သရက်ချောင်းမြို့နယ်ရို့မာ ထားဝယ်လူမျိုးအများဆုံးနီထိုင်ကတ်ပြီး ယင့်ချင့်ဒေသလူဦးရွီဧ့ ၈၅ ရာခိုင်နှုန်းခန့်စွာ ထားဝယ်လူမျိုးများဖြစ်ကတ်တေ။ ထားဝယ်ခရိုင်‌အထဲဟိ လောင်းလုံမြို့နယ်စွာ ထားဝယ်လူမျိုး သီးသန့်နီထိုင်ရေမြို့နယ်တခုအဖြစ် ထင်ရှားရေ။ မြိတ်ခရိုင် ပုလောမြို့နယ် အထဲဟိ ပလမြို့နယ်ခွဲ မာလည်း အများစုနီထိုင်ကတ်ပြီး ဒေသလူဦးရွီဧ့ ၅၉% ခန့်စွာ ထားဝယ်လူမျိုးတိဖြစ်တေ။ ယင်းချင့်အပြင် မြိတ်ခရိုင် နန့် ကော့ရေင်းခရိုင်ရို့မာလည်း စိကေချေ ပျံ့နှံနီထိုင်ကတ်ရေ။

ထားဝယ်မြို့ ရွှေတောင်စားစေတီတော်

<div class="reflist reflist-columns references-column-width " style="column-width: [၈] [၉] <ref name='akp'>အာကာဖြိုး(ကံပေါက်)၊ သမိုင်းမတင်မီခေတ်ထားဝယ်နန့် သမိုင်းတင်ပြီးခေတ် ထားဝယ်။ ၂၀၁၇။ <ref name=''>နောန်အောန်မျိုး၊ ထားဝယ်တိုင်းရင်းသားဓလိ့ထုံးတမ်း၊ ၂၀၂၁။

">
  1. ↑ {{https://joshuaproject.net/people_groups/19250/BM}}
  2. ↑ အထောက်အထား အမှား- Invalid <ref> tag; no text was provided for refs named "akp".
  3. ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
  4. ↑ ဦးမြ၊ ရှေးဟောင်းအုတ်ခွက် ရုပ်ပွား ဆင်းတုတော်များ၊ ပတွဲ-စာ ၅၇-၅၈
  5. ↑ ဗိုလ်မှူးဗရှင်၊ အနော်ရထာအစက မြန်မာနိုင်ငံ၊ စာ-၈၁
  6. ↑ မြစာတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယိုင်ကျေးမှုဗိမာန်၊ ၁၉၅၄
  7. ↑ ဦးအောင်မြင့် (သစ်တော) မြန်မာ့မြို့ဟောင်းတိကို အာကာဓာတ်ပုံမှ ဖတ်ရှုလိ့လာချက် (လက်နှိပ်စက်မူ) အမှတ်-၂၊ ၁၉၇၃)
  8. ↑ ဦးဖေမောင်တင်၊ ဘာသာစကားယိုင်ကျေးမှု၊ မြန်မာ့ဝထုသမိုင်းအစနန့် စာ-၃၁၀
  9. ↑ အဂုတင်ပြခရေ အချက်အလက်တိအားလုံးစွာ စာတမ်းရှင် ဆရာ မောင်ချေတင့်