ထိန မိဒ္ဓ ဖျောက်နည်း
အသွင်ပြင်
ထိန မိဒ္ဓ ဖျောက်နည်းတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
တရားအားထုတ်နီရေလူတိအတွက် ထိန မိဒ္ဓ ဖျောက်နည်း၏
ထိန မိဒ္ဓ ဖျောက်နည်း (၇)မျိုး
===========
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ အိပ်ချင်ကြောင်းဖြစ်တေ အမှတ်သညာကို ပယ်ဖျောက်ခြင်း။
၂။ တရားတော်တိကို ဆင်ခြင်ခြင်း။
၃။ တရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း။
၄။ နားရွက်တိကို ဆွဲခြင်း၊ ကိုယ်ကို လက်နက် ပွတ်ခြင်း။
၅။ မျက်နှာသစ်ပနာ အရပ်မျက်နှာ၊ ကြယ်တာရာတိကို မိုကြည့်ခြင်း။
၆။ အရောင်အလင်းကို နှလုံးသွင်းခြင်း။
၇။ လမ်းလျှောက်ခြင်း။
(အံ၊၂၊၄၆၁ (ပစလာယမာနသုတ်၊ သတ္တကနိပါတ်)
ထိန မိဒ္ဓ ဖျောက်နည်း (၆) မျိုး
===========
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ အာဟာရကို လျော့စားခြင်း။
၂။ ဣရိယာပုတ်ကို ပြောင်းပီးခြင်း။
၃။ အလင်းရောင် နှလုံးသွင်းခြင်း။
၄။ လွင်ပြင်မှာနီခြင်း။
၅။ ထိန မိဒ္ဓ နိုင်ထားရေ မိတ်ဆွေကောင်းနဲ့ နီခြင်း။
၆။ ဝီရိယအားပီးရေ စကားတိကိုရာပြောခြင်း။
(သံ၊ဋ္ဌ၊၃၂၈၉၊ ပစလာယမာနသုတ် (အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်)