Jump to content

ထွန်းမြတ်နိုင်

ဝီကီးပီးဒီးယား က
ဗိုလ်ချုပ် ထွန်းမြတ်နိုင်
General Twan Mrat Naing.jpg
ကိုယ်ရွီးအကျဉ်းချုပ်
မွီးသက္ကရာဇ် (1978-11-07) ၇ နိုဗင်ဘာလ၊ ၁၉၇၈ (အသက် ၄၇)
မွီးဖွားရာနီရာ စစ်တွေမြို့ရခိုင်ပြည်နယ်
မိဘနာမည် ဦးရွှေမြအောင်+ဒေါ်မမြသန်း
လူမျိုး ရခိုင်လူမျိုး
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
အိမ်ထောင်ဖက် နှင်းဇာဖြူ
သားသမီး စောပြည့်သျှင်၊ မြတ်လင်းဇံ
မွီးချင်း
ရာထူးအဆင့် ဗိုလ်ချုပ်
လက်နက်ကိုင်တပ် အာရက္ခတပ်တော်
သစ္စာခံနိုင်ငံ အာရက္ခတပ်တော်
အမှုထမ်း ကာလ ၂၀၀၉–လက်ရှိ
ကွပ်ကဲရေ ဌာန စစ်ဦးစီးချုပ်အာရက္ခတပ်တော်
တိုက်ပွဲ/စစ်ပွဲတိ မြန်မာပြည်တွင်း ပဋိပက္ခ
လက်မှတ် [[ဖိုင်:|100px]]
ဝက်ဘ်ဆိုဒ် https://www.arakanarmy.net


လက်ဟိ အာရက္ခတပ်တော်၏ စစ်ဦးစီးချုပ်နှင့် တည်ထောင်လူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဦးရွှေမြအောင်နှင့် ဒေါ်မမြသန်းတို့မှ စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်တွင် ၁၉၇၈ ခုနှစ်၌ မွီးဖွားခရေ။ မောင်နှမတိမှာ ထွန်းမင်းနိုင်၊ ထွန်းမြတ်နိုင်၊ လင်းလင်း၊ မိုးနှင်း၊ ထွန်းအောင်နိုင်၊ မိုးဆန်း၊ မိုးပန်း ရို့ဖြစ်ရေ။ မွေးချင်းမောင်နှမ ၇ ဦးအနက် ဒုတိယမြောက်သားဖြစ်ရေ။ ရက္ခိုင်ပြည်သူတိက သူ့ကိုဗိုလ်ချုပ်ဟုပင် ခေါ်ဆိုကတ်ရေ။ အာရက္ခတပ်တော် သည် အာရက္ခပြည်၏ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ပြီး‌နောက် ၂၀၂၅ ဇွန်လတွင် မွေးရပ်မြေဖြစ်တေ အာရက္ခပြည်သို့ ပြန်လည်ခြေချခရေ။

ဗိုလ်ချုပ်၏ အဘိုးတိမှာ ပညာတတ်မျိုးရိုးပီပီ နိုင်ငံရီး ရခိုင့်နိုင်ငံရီးအတွေးအခေါ်ယှိလူများဖြစ်ကတ်ရေ။ အဘိုးပါးက နိုင်ငံရီးအမွီကို ဆက်ခံရယှိခရေ။ ယင်းနည်းတူ စစ်အစိုးရ၏လုပ်ရပ်များကို မလိုမုန်းတီးရွံ့ရှာခေရ။ ဗိုလ်ချုပ်သည် ငယ်စဉ်ကတည်းကပင် နိုင်ငံရေးစာပေ၊ ဥပဒေတိနှင့် ထိတွိခွင့်ရခရေ။ နိုင်ငံရေးဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် ဥပဒေပြုရေးတွေကို စိတ်ဝင်တစား လေ့လာခရေ။ ဘာသာစကား(၄)မျိုးထိ ပြောဆိုနိုင်စွမ်းဟိရေ။

ညီအစ်ကို မောင်နှမ ၇ ယာက်တွင် ၆ ယောက်မှာ Tourist Guide ဖြစ်ရေ။ မျိုးရိုးလိုက်သည်ဟု ပတ်သတ်ဆက်နွယ်လူများက သမုခ်ကြရေ။ ဒသမတန်းကို စစ်တွေမြို့ အထက(၂)ကျောင်းမှ ထူးချွန် စွာအောင်မြင်ခသည်။ ယကေလေ့ လူငယ်များ စိတ်ဝင်စားမှုနည်းတတ်သော ဥပဒေမေဂျာကို စစ်တွေတက္ကသိုလ်တွင် လေ့လာသင်ယူခရေ။ ကျောင်းပြင်ပမှ အင်္ဂလိပ်စာဘာသာရပ်ကို စနစ်တကျလေ့လာသင်ယူခသည်။ သူ့ရုပ်ရည်ရူပါတို့ကြောင့် တက္ကသိုလ်တွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ရေ။ သို့ရာတွင် တက္ကသိုလ်တက်ရောက် ပညာသင်ယူနေစဉ်ကတည်းပင် နိုင်ငံစိတ်များ တက်ကြွလာပြီး စစ်အုပ်ချုပ်စနစ်ကို မုန်းတီးသူဖြစ်ရေ။ နိုင်ငံတကာစာပေများကို သင်လေ့လာရင်းဖြင့် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုကို လေ့လာခွင့်ရဟိခရေ။

ဘွဲ့ရပြီးနောက်တွင် ရန်ကုန်မြို့နှင့် မြန်မာပြည်အနှံ့လေ့လာခရေ။ ထို့အပြင် အချိန်ပိုင်း အင်္ဂလိပ်စာဆရာ Tourst Guide လုပ်ကိုင်ခဲ့ပြီး မြေအောက်လှုပ်ရှားမှုတို့ ဆက်တိုက် လုပ်ဆောင်ခရေ။ ရခိုင်ပြည်နယ်အနှံ့ဟောပြောပွဲများကို ပြုလုပ်ခြင်း၊ စည်းရုံးခြင်းတို့ကို တစ်ဖက်တွင် ပြုလုပ်သကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတည်ထောင်နိုင်ရန်လည်း နယ်စပ်ဒေသများသို့ ဆက်သွယ်ခရေ။ ပထမပိုင်းတွင် ထိုင်းနိုင်ငံအခြီစိုက် ရခိုင်အရေးလှုပ်ရှားသူတို့နှင့် ဆက်သွယ်ခရေ။ ကရင်ပြည်နယ်တွင် အခြေစိုက်ပြီး လက်ကိုင်အဖွဲ့တည်ထောင်ရန် ကြိုးစားခသိရေ။ သို့ရာတွင် ကရင်ပြည်နယ်၌ နဂိုကတည်းက လုပ်ရှားနေသည့် ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းရှိခပြီးသားမို့ နောက်ပိုင်းတွင် ဆရာစံကျော်ထွန်းတို့ တည်ထောင်ခရေ ကချင်ဘက်အခြမ်းကို ရွေးချယ်ခရေ။

ပညာရေးဘက်တွင်လည်း အင်္ဂလိပ်စာထူးချွန်ခသောကြောင့် British Council မှ Scholarship Award ကို ရရှိခကေလည်း ပညာရေးဘက်ထက် နိုင်ငံရေးဘက်ကို အားသန်ခရေ။ ဥပဒေပညာရပ်ကို စနစ်တကျသင်ယူခဲ့သည့်သာမက နိုင်ငံတကာဥပဒေပညာရပ်များကို လေ့လာခဲ့ကြောင့် အဖွဲ့အစည်းနှင့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စည်းစနစ်ကျသည်။

ခေတ်လူငယ်၊ ခေတ်ပညာတတ်ဖြစ်သည့်က တစ်ကြောင်း လုပ်ရည်ကိုင်ရည်ရှိသည့်က တစ်ကြောင်း၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်ရှိ KIA တို့ အထောက်အပံ့ကို ရယူရာပြီး အာရက္ခတပ်တော် (AA) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် အပါအ၀င် ရဲဘော်၂၆ ဦးဖြင့် စတင်ထူထောင်ခရေ။ ရခိုင်ပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများတွင် အချိန်တိုတိုအတွင်း တိုးတက်မှုအရှိဆုံး အဖွဲ့အစည်းအဖြစ် ပြည်သူရို့က အသိအမှတ်ပြုကတ်သည်။


အေဂုအခါ အိမ်ရှင်မ နှင်းဇာဖြူ နှင့်အတူ သမီးချေ စောပြည့်သျှင်၊ သားချေ မြတ်လင်းဇံ ရို့ရှိရေ။