Jump to content

ဒက္ခိဏသာခါရုပ်ပွားတော်

ဝီကီးပီးဒီးယား က
ဒက္ခိဏသာခါရုပ်ပွားတော်

ဒက္ခိဏသာခါရုပ်ပွားတော် (ထိုင်း: พระบัวเข็ม, lit.'ကြာပွင့်အပ်ဘုရားတမ်းပလိတ်:') ရေ ဗုဒ္ဓဘုရားရှင်ကို ရည်မှန်းပနာ ပုံသဏ္ဍာန်အမျိုးမျိုးနန့်ပြုလုပ်ကိုးကွယ်ကတ်ရေ ရုပ်ပွားတော်တစ်မျိုး ဖြစ်၏။[]

ဒက္ခိဏသာခါဧ မြန်မာပြန် အဓိပ္ပာယ်ရေ "တောင်အကိုင်း" ဖြစ်၏။ ဘီစီ (၃) ရာစုမှာ သီဟိုဠ်ကျွန်းသားရို့ရေ မဟာဗောဓိညောင်ပင်၏ လက်ယာတောင်ကိုင်းကို ဖြတ်ယူကာ သီဟိုဠ် (ယခု - သီရိလင်္ကာနိုင်ငံ) မှာ စိုက်၏။ ယင်းစိုက်ပျိုးထားရေ အပင်မှ အသားရို့နန့်ရုပ်ပွားတော်တိ ပြုလုပ်ကာ ကိုးကွယ်၏။[]

ခေါင်းအထက်မှာ ကြာပန်းဆောင်းထား၏။ ဟိုးယခင်က ရုပ်ပွားတော်ကို အချိုးအစား ပြေပြေပြစ်ပြစ် ပြုလုပ်ခကတ်တေ။[]

ဦးခေါင်းထက် ကြာပန်းဆောင်းခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဒက္ခိဏသာခါရုပ်ပွားတော်ရေ မဟာယာနကျမ်းရို့နန့် ဆက်နွှယ်နိန်၏။ မဟာယာနကျမ်းရို့မှာ ဖော်ပြထားရေမှာ "တစ်ခုရေအချိန်မှာ ကောသလမင်းကြီးနန့် မလ္လိကာရို့ရေ ဘုရားရှင်အား ဖူးမြော်ရန် ရောက်လာ၏။ ဘုရားရှင် မဟိခိုက် အချိန် ဖြစ်၏။ ယင်းအခါ ရှင်မောဂ္ဂလန်ရေ တန်ခိုးဖြင့်ရှာရာ မြတ်စွာဘုရားရေ ကြာမျိုး (၅) ပါး ပြည့်စုံရေ အနောတတ္တအိုင်၏ ကြာပွင့်ကြီးပေါ်မှာ ဈာန်ဝင်စားနိန်၏။ ကန်စောင့်နတ် (၉) ဦးရေ ဘုရားရှင်အား ကြာပွင့်ထီးတစ်လက်စီနန့်မိုးပီးလီ၏။ ယင်းမြင်ကွင်းကို ရှင်မောဂ္ဂလန်က ဘုရင်နန့် မိဖုရားကို ပြန်ပြောပြ၏။ မင်းနန့် မိဖုရားလည်း ဘုရားရှင်၏ ပုံပန်းသဏ္ဌာန်ကို မြင်ယောင်ပနာ ကြည်ညိုလာ၏။ ယင်းနောက် ရှင်မောဂ္ဂလန်အား ယင်းပုံစံပိုင်ရုပ်တုကိုးကွယ်လိုကြောင်း လျှောက်ထားရာ ခွင့်ပြုလီ၏။ ခွင့်ပြုသဖြင့် ယင်းပုံစံနန့်ပြုလုပ်ကိုးကွယ်ခရေ။" ဟု ဖော်ပြထား၏။ ယင်းအဖြစ်ကို ကြည့်ပါက ဒက္ခိဏသာခါရုပ်ပွားတော်ရေ မဟာယာနရို့က စတင်ကာ ပြုလုပ်ကိုးကွယ်ခရေဟု မှတ်ယူနိုင်၏။[]

နောက်ပိုင်း ပုံသဏ္ဌာန်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နောက်ပိုင်းမှာ ရုပ်ပွားတော်ရေ ပုံစံအမျိုးမျိုး ပြောင်းလဲလာခ၏။ ရုပ်ပွားတော်မှာ မှိုကိုးချက်ရိုက်ကာ ပြုလုပ်လာကတ်ရေ။ ယင်းပြင် ရုပ်ပွားတော်အား ပုအိုင့်ခြင်း၊ လည်ကုပ်တိုခြင်း အစဟိရေ ပုံစံရို့ပြုလုပ်လာကတ်တေ။ ဘုရားရှင်စွာ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နန့်ပြည့်စုံခြင်းဟူရေ ဂုဏ်ကို အလီးမမူဘဲ ရုပ်ပွားတော်တိ ပြုလုပ်ခြင်းရေ မသင့်လျော်ပေ။[]

မြန်မာနိုင်ငံမှာ ကိုးကွယ်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

သက္ကရာဇ် ၇၈၈ မိုးညှင်းမင်းတရားလက်ထက်မှာ ဖြစ်၏။ သီဟိုဠ်မှ ဒက္ခိဏသာခါရုပ်ပွားတော် (၃၀၀) ကျော် မြန်မာနိုင်ငံသို့ ရောက်လာခရေ။ ယင်းအခါမှစကာ မြန်မာနိုင်ငံမှာ ဒက္ခိဏသာခါရုပ်ပွားတော်ကိုးကွယ်မှု စတင်ခရေ။[]

  1. 1 2 3 4 5 6 ရေစကြို အရှင်ဧသိက. ထေရဝါဒဗုဒ္ဓဘာသာ. pp. ၈၇၊ ၈၈.