ဒုတိယ ပါရာဇိက
ဒုတိယ ပါရာဇိက
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဓနိယရဟန်းအကြောင်း ပြဆိုရာ အခန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
၈၄။ အယင်ခေါက်ကခါ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်မာ သီတင်းသုံး နိန်တော်မူဧ့၊ ယင်းခါ မြင်ဖူးခါမျှမိတ်ဆွီ အတူသုံးဆောင်ဘက်မိတ်ဆွီဖြိုက်ကုန်ရေ အများကြီးဖြစ်တေ ရဟန်းရို့စွာ ဣသိဂိလိတောင်နံပါးမာ မြက် (မိုဃ်း) ကျောင်းငယ်တိကို လုပ်ပနာ ဝါကပ်ကုန်ဧ့၊ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစော်လည်း မြက် (မိုဃ်း) ကျောင်းငယ်ကို လုပ်ပနာ ဝါကပ်ဧ့၊ ယင်းခါ ရဟန်းရို့စွာ သုံးလလွန်ပြီးကေ ဝါကျွတ်ပြီးကေ မြက် (မိုဃ်း) ကျောင်းငယ်တိကို ဖျက်ပြီးကေ မြက်နန့်သစ်သားတိကို သိုမှီးပြီးကေ လားလိုရာ ဇနပုဒ်သို့ ဖဲလားကုန်ဧ့၊ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယကား ထိုအရပ်မာနိန်ပြီးကေ မိုဃ်းလလုံးလုံး နီပြီးကေ ဆောင်းရော နွီပါ (ဆက်လက်) နီဧ့။
ယင်းခါ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ ရွာသို့ ဆွမ်းခံကြွစိုင် မြက်ရိတ်သူ ထင်းခွီသူရို့စွာ မြက် (မိုဃ်း) ကျောင်းငယ်ကို ဖျက်ပြီးကေ မြက်နန့်သစ်သားတိကို ယူပြီးကေ လားကုန်ဧ့၊ နှစ်ကြိမ်အထိလည်း အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ မြက်နန့် သစ်သားတိကို စုဆောင်းပြီးကေ မြက် (မိုဃ်း) ကျောင်းငယ်ကို ပြုလုပ်ဧ့၊ နှစ်ကြိမ်အထိလည်း အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ ရွာသို့ ဆွမ်းခံကြွစိုင် မြက်ရိတ်သူ ထင်းခွီသူရို့စွာ မြက် (မိုဃ်း) ကျောင်းငယ်ကို ဖျက်ပြီးကေ မြက်နန့်သစ်သားတိကို ယူပြီးကေ လားကုန်ဧ့၊ သုံးကြိမ်အထိလည်း အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ မြက်နန့်သစ်သားတိကို စုဆောင်းပြီးကေ မြက် (မိုဃ်း) ကျောင်းငယ်ကို ပြုလုပ်ဧ့၊ သုံးကြိမ်အထိလည်း အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ ရွာသို့ ဆွမ်းခံ ကြွစိုင် မြက်ရိတ်သူ ထင်းခွီသူရို့စွာ မြက် (မိုဃ်း) ကျောင်းငယ်ကို ဖျက်ပြီးကေ မြက်နန့် သစ်သားတိကို ယူပြီးကေ လားကုန်ဧ့၊
ယင်းခါ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယအား-
'ငါစွာ ရွာသို့ ဝင်ပြီးကေ ဆွမ်းခံလားစိုင် သုံးကြိမ်အထိပင် မြက်ရိတ်သူ ထင်းခွီသူ ရို့စွာ မြက် (မိုဃ်း) ကျောင်းငယ်ကို ဖျက်ပြီးကေ မြက်နန့်သစ်သားတိကို ယူပြီးကေ လားကုန်ဧ့၊ ငါစွာကား မိမိဆရာ့အတတ်ဖြိုက်ရေ အိုးထိန်းသည် အလုပ်မာ ကောင်းစွာ သင်ကြားထားသူ မယုတ်လျော့သူ (အပြည့်အစုံတတ်သူ) စင်ကြယ်စွာ တတ်သူ ဖြစ်ဧ့၊ ငါစွာ ကိုယ်တိုင်ကျုတ်ကို နယ်ပြီးကေ အလုံးစုံမြီညက်နန့် ပြီးရေ ကျောင်းငယ်ကို လုပ်ရမူ ကောင်းလီဖို့'လို့ အကြံစီ ဖြစ်ဧ့။
ယပြီးနောက် အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ ကိုယ်တိုင်ကျုတ်ကို နယ်ပြီးကေ အလုံးစုံ မြီညက်နန့်ပြီးရေ ကျောင်းငယ်ကို လုပ်ပြီးကေ မြက် ထင်းနွားချီးတိကို စုဆောင်းပြီးကေ ထိုကျောင်းငယ်ကို (မီး) ဖုတ်ဧ့၊ ထိုကျောင်းငယ်စွာ ကကောင်းလှပဧ့၊ ရှုဖွယ်ကောင်းဧ့၊ ကြည်နူးဖွယ်ကောင်းဧ့၊ နီရဲရေအဆင်းဟိဧ့၊ သိကြား ကွမ်းသွီးကောင်၁ နန့်တူဧ့၊ ထိုကျောင်းငယ်ဧ့ အသံစွာ ခြူ ဆည်းလည်းသံနန့်တူဧ့။
၈၅။ ယင်းခါ မြတ်စွာဘုရားစွာ ရဟန်းအများကြီးရို့နန့် အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော်မူလာရာ ကကောင်းလှပရေ ကက်ည့်ရှုဖွယ်ကောင်းရေ ကြည်နူးဖွယ်ကောင်းရေ နီရဲရေ အဆင်းဟိရေ ထိုကျောင်းငယ်ကို မြင်တော်မူအတွက်နန့် 'ရဟန်းရို့ ကကောင်းလှပရေ ကက်ည့်ရှုဖွယ်ကောင်းရေ ကြည်နူးဖွယ်ကောင်းရေ နီရဲရေ အဆင်းဟိရေ သိကြားကွမ်းသွီးကောင်နန့်တူရေ ထိုအရာစွာ ဇာလဲ'လို့ ရဟန်းတိကို မီးတော်မူဧ့၊ ယင်းခါ ထိုရဟန်းရို့စွာ မြတ်စွာဘုရားအားဒေအကြောင်းကို လျှောက်ကုန်ဧ့၊ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူဧ့။
'ရဟန်းရို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားအား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့ အလုပ်အမူမဟုတ်၊ မအပ်၊ မလုပ်သင့်။
ရဟန်းရို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားစွာ ဇာ့ကြောင့် အလုံးစုံ မြီညက် နန့်ပြီးရေ ကျောင်းငယ်ကို လုပ်လီဘိသလဲ။
ရဟန်းရို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားအား သတ္တဝါရို့မာ အစိုင်စောင့်ရှောက်ခြင်း အစိုင်သနားခြင်း မညှဉ်းဆဲလိုခြင်းစွာ ဇာ့ကြောင့် မဖြစ်လီဘိသလဲ။
ရဟန်းရို့ လားကက်ကုန်ဖိ၊ ထိုကျောင်းငယ်ကို ဖျက်ဆီးကက်ကုန်ဖိ၊ နောင်လာနောက်သားတိစွာ သတ္တဝါတိအပေါ်မာ ညှဉ်းဆဲနှိပ်စက်ခြင်းသို့ မရောက်စီလင့်။
ရဟန်းရို့ အလုံးစုံ မြီညက်နန့် ပြီးရေ ကျောင်းငယ်ကို မပြုလုပ်အပ်၊ ပြုလုပ်ရေ ရဟန်းအားဒုက္ကဋ် အာပတ် သင့်ဧ့လို့' (မိန့်တော်မူဧ့)။
ထိုရဟန်းရို့စွာ ကောင်းပါယာ အသျှင်ဘုရားလို့ မြတ်စွာဘုရားအား ဝန်ခံပြီးကေ ထို ကျောင်းငယ် သို့ချဉ်းကပ်ပြီးကေ ဖျက်ဆီးကုန်ဧ့။
ယင်းခါ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ ထိုရဟန်းရို့အား-
'ငါ့သျှင်ရို့ သင်ရို့စွာ ငါဧ့ ကျောင်းငယ်ကို ဇာ့ကြောင့် ဖျက်ဆီးကက်ရေလဲ'လို့ (မီးလျှောက်ဧ့)။
ငါ့သျှင် မြတ်စွာဘုရားစွာ ဖျက်စီပါရေလို့ (ဆိုကက်ကုန်ဧ့)။
ငါ့သျှင်ရို့ တရားသျှင် (ဘုရား) စွာ အကယ်ပြီးကေ ဖျက်စီပါကေ ဖျက်ကတ်ပါဖိလို့ (လျှောက်ဧ့)။
၈၆။ ယင်းခါ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယအား 'ငါစွာ ရွာတွင်းသို့ ဝင်ပြီးကေ ဆွမ်းခံလားစိုင်သုံးကြိမ်အထိပင် မြက်ရိတ်သူ ထင်းခွီသူရို့စွာ မြက် (မိုဃ်း) ကျောင်းငယ်ကို ဖျက်ပြီးကေ မြက်နန့်ထင်းတိကို ယူပြီးကေ လားကုန်ပြီ၊ ငါဆောက်ပြီးကေ ထားရေ အလုံးစုံမြီညက်နန့်ပြီးရေကျောင်းငယ်ကိုလည်း မြတ်စွာဘုရားက ဖျက်စီအပ်ပြီ၊ ငါ့အား သစ်တောရုံးမာ မြင်ဖူးခါမျှ ဖြိုက်ရေမိတ်ဆွီ သစ်ထိန်းအရာဟိစွာ ဟိပေဧ့၊ ငါစွာ သစ်တောရုံးဟိ သစ်ထိန်းအရာဟိထံ သစ်သားတိကိုတောင်းယူပြီးကေ သစ်သား ကျောင်းငယ် ဆောက်ရမူ ကောင်းလီဖို့'လို့ အကြံစီ ဖြစ်ဧ့။
ယပြီးနောက် အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ သစ်တောရုံးဟိ သစ်ထိန်းအရာဟိထံ ချဉ်းကပ်ပြီးကေ-
'ငါ့သျှင် (ဒါယကာ) ငါစွာ ရွာတွင်းသို့ ဝင်ပြီးကေ ဆွမ်းခံလားစိုင် သုံးကြိမ်အထိပင် မြက်ရိတ်သူထင်းခွီသူရို့စွာ မြက် (မိုဃ်း) ကျောင်းငယ်ကို ဖျက်ပြီးကေ မြက်နန့်ထင်းတိကို ယူပြီးကေ လားကတ်ပါရေ၊ ငါ ကိုယ်တိုင် ဆောက်လုပ်ရေ အလုံးစုံ မြီညက်နန့် ပြီးရေ ကျောင်းငယ်ကိုလည်း မြတ်စွာဘုရားကဖျက်စီအပ်ပြီ၊ ငါ့သျှင် (ဒါယကာ) သစ်သားတိကို ပီးလှူပါ၊ သစ်သားကျောင်းငယ်ကို ဆောက်လိုပါရေ'လို့ ပြောဧ့။
အသျှင်ဘုရား အသျှင်ဘုရားအား ပီးလှူဖို့ရန် သစ်သားများ မဟိပါ၊ မြို့ ရွာ လုပ်ပျင်ရီးနန့် (မီးလောင်ခြင်းစရေ) ဖီးရန် အတွက် ထားရေ မင်းဧ့ သစ်တော်ရို့စွာ ဟိပါကုန်ဧ့၊ ထိုသစ်တိကိုဘုရင်မင်းမြတ်က ပီးလှူစီပါကေ အသျှင်ဘုရား သယ်ယူခိုင်းတော်မူပါလို့ (လျှောက်ဧ့)။
ငါ့သျှင် (ဒါယကာ) ဘုရင်စွာ ပီးလှူ ပြီးပါယာလို့ (ပြောဧ့)။
ယင်းခါ သစ်တောရုံးဟိ သစ်ထိန်းအရာဟိအား -
'ဒေသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြိုက်ကုန်ရေရဟန်းတော်များစွာ တရားကို ကျင့် ကုန်ဧ့၊ ညီညွတ်ငြိမ်သက်ရေ အကျင့်ကို ကျင့်ကုန်ဧ့၊ မြတ်စော်ကို ကျင့်ကုန်ဧ့၊ အမှန်ကို ဆိုလိ့ဟိ ကုန်ဧ့၊ သီလဟိကုန်ဧ့၊ ကောင်းရေ သဘောဟိကုန်ဧ့၊ ဘုရင်မင်းမြတ်စော်လည်း ဒေရဟန်းရို့အားကကောင်းကြည်ညိုတော်မူဧ့၊ မလှူသီးဘဲပနာ လှူပြီးလို့ ပြောကက်မည် မဟုတ်ပေ'လို့ အကြံစီဖြစ်ဧ့။
ယပြီးနောက် သစ်တောရုံးဟိ သစ်ထိန်းအရာဟိစွာ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယအား 'အသျှင်ဘုရား သယ်ယူခိုင်းတော်မူပါ'လို့ လျှောက်ဧ့။
ယင်းခါ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ ထိုသစ်တိကို အပိုင်းအပိုင်း ဖြတ်ခွဲစီပြီးကေ ဂါရီနန့် ထုတ်ယူ သယ်ဆောင်စီပြီးနောက် သစ်သားကျောင်းငယ်ကို ဆောက်ဧ့။
၈၇။ ယင်းခါ မဂဓတိုင်း အမာ့ခ်ျကြီးဖြိုက်ရေ ဝေဿကာရ ပုဏ္ဏားစွာ ရာဇဂြိုဟ်မြို့မာအမှုကြီးငယ်တိကို ကြေ့ရှုစစ်ဆီးရာ သစ်တောရုံးဟိ သစ်ထိန်းအရာဟိထံ ချဉ်းကပ်ပြီးကေ-
'အမောင် မြို့ ရွာ လုပ် ပြင်ရီးနန့် (မီးလောင်ခြင်းစရေ) ဖီးရန် အတွက် ထားရေ မင်းဧ့သစ်တော်ရို့စွာ အဇာမှာလဲ'လို့ (မီးဧ့)။
အသျှင် ထိုသစ်တိကို ဘုရင်မင်းမြတ်စွာ အိုးထိန်းသည်ဧ့ သားဖြိုက်ရေ အသျှင်ဓနိယအား ပီးလှူလိုက်ပါရေလို့ (ပြောဧ့)။
ယင်းခါ မဂဓတိုင်း အမာ့ခ်ျကြီးဖြိုက်ရေ ဝေဿကာရပုဏ္ဏားအား 'ဘုရင်မင်းမြတ်စွာ မြို့ ရွာပြုပျင်ရီးနန့် (မီးလောင်ခြင်းစရေ) ဖီးရန် အတွက် ထားရေ မင်းဧ့ သစ်တော်တိကိုဇာ့ကြောင့် အိုးထိန်းသည်ဧ့သား အသျှင်ဓနိယအား ပီးလှူလိုက်ဘိရေလဲ'လို့ နှလုံးမသာခြင်းဖြစ်ဧ့။
ယပြီးနောက် မဂဓတိုင်း အမာ့ခ်ျကြီးဖြိုက်ရေ ဝေဿကာရပုဏ္ဏားစွာ မဂဓတိုင်းသျှင် သေနိယမည်ရေ ဗိမ္ဗိသာရမင်းထံ ချဉ်းကပ်ပြီးကေ-
'မြို့ ရွာ ပြုပျင်ရီးနန့် (မီးလောင်ခြင်းစရေ) ဖီးရန် အတွက် ထားရေ မင်းဧ့ သစ်တော်တိကို အိုးထိန်းသည်ဧ့သား အသျှင်ဓနိယအား ဘုရင်မင်းမြတ် ပီးလှူလိုက်ယာလို့ ဆိုစွာမှာ မှန်ပါရေလော'လို့ (လျှောက်တင်ဧ့)။
အေပိုင် (သင့်အား) ဇာသူက ပြောရေလဲလို့ (မီးဧ့)။
အသျှင်မင်းမြတ် သစ်တောရုံး သစ်ထိန်းအရာဟိက ပြောပါရေလို့ (လျှောက်တင်ဧ့)။
ပုဏ္ဏား သို့ဖြစ်ကေ သစ်တောရုံးမှ သစ်ထိန်းအရာဟိကို ခေါ်စီရဖို့လို့ (မိန့်ဧ့)။
ယပြီးနောက် မဂဓတိုင်း အမာ့ခ်ျကြီးဖြိုက်ရေ ဝေဿကာရပုဏ္ဏားစွာ သစ်တောရုံး သစ်ထိန်း အရာဟိကိုဖမ်းဆီးချုပ်နှောင်ပြီးကေ ခေါ်ဆောင်လာစီဧ့။
အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ သစ်တောရုံး မှ သစ်ထိန်းအရာဟိကို ဖမ်းဆီး ချုပ်နှောင် ပနာထုတ်ဆောင်လာစော်ကို မြင်ရပြီးကေး သစ်တောရုံး သစ်ထိန်းအရာဟိအား-
'ငါ့သျှင် (ဒါယကာ) ဇာ့ကြောင့် သင်ဖမ်းဆီးချုပ်နှောင် ထုတ်ဆောင်ခံရရေလဲ'လို့ (မီးဧ့)။
အသျှင်ဘုရား ထိုသစ်များ ကိစ္စကြောင့် ဖြစ်ပါရေလို့ (လျှောက်ဧ့)။
ငါ့သျှင် (ဒါယကာ) လားနန့်ပါ၊ ငါလည်း လိုက်ခပါဖို့လို့ (ပြောရေအခါ) -
အသျှင်ဘုရား တပည့်တော် အသတ်မခံရခင် ကြွတော်မူခပါလို့ (ပြန်ပြီးကေ လျှောက်ဧ့)။
၈၈။ ယပြီးနောက် အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ မဂဓတိုင်းသျှင် သီနိယမည်ရေဗိမ္ဗိသာရမင်းဧ့ နန်းတော်သို့ ချဉ်းကပ်ပနာ ပြင်ထားရေ နိန်ရာမာ ထိုင်လီဧ့။ ယင်းခါ မဂဓတိုင်းသျှင် သေနိယမည်ရေ ဗိမ္ဗိသာရမင်းစွာ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယထံ ချဉ်းကပ်ပြီးကေ ယှိခိုးပြီးကေ တစ်ခုရေ နိန်ရာမာ ထိုင်နီပြီးကေ-
'အသျှင်ဘုရား တပည့်တော်စွာ မြို့ ရွာ ပြုပျင်ရီးနန့် (မီးလောင်ခြင်းစရေ) ဖီးရန် အတွက်ထားရေ မင်းဧ့ သစ်တော်တိကို အသျှင်ဘုရားအား လှူလိုက်ယာလို့ ဆိုစွာမှာ မှန်ပါ ရေလောလို့ (လျှောက်ဧ့)။
မှန်လီရေ မင်းမြတ်လို့ (ဆိုလတ်ကေ) -
အသျှင်ဘုရား တပည့်တော်ရို့ ဘုရင်ရို့ဆိုစွာ များရေ ကိစ္စဟိကတ်ပါရေ၊ များရေလုပ်ဖွယ်ဟိကတ်ပါရေ၊ လှူပြီးကေလည်း အမှတ်မရကတ်ပါ၊ တောင်းပန်ပါရေ၊ အသျှင်ဘုရား သတိရဖို့ မိန့်တော်မူပါလို့ (လျှောက်ဧ့)။
မင်းကြီး ပဌမဦးစွာ အဘိသိက် ခံယူစိုင်က 'မြက် ထင်း ရီတိကို သုံးဆောင်တော်မူကက်ကုန်လို့ ရဟန်းပုဏ္ဏားရို့အား ပီးလှူပြီးနိန်ပြီးကေ ဖြစ်ဧ့၊ အေပိုင် သင်မင်းမြတ် ပြောဆိုခဖူးရေ စကားကိုအမှတ်ရပါဖိလို့ (ပြောရေအခါ) -
အသျှင်ဘုရား အမှတ်ရပါယာ၊ မကောင်းမှုကို ရှက်တတ်ကုန်ရေ တွီးတောမှု 'သံသယကုက္ကုစ္စ' ဟိတတ်ကုန်ရေ သိက္ခာ (သုံးပါး) ကို အလိုဟိကုန်ရေ ရဟန်းပုဏ္ဏားရို့ ဟိကတ်ပါရေ၊ ထိုရဟန်းပုဏ္ဏားရို့အား တဖဲ့ချေမျှ (အပြစ်) မာပင် ယုံမှားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်တတ်ကတ်ပါရေ၊ ထိုရဟန်းပုဏ္ဏားတိကို ရည်ရွယ်ပြီးကေ တပည့်တော် ပြောခြင်းဖြစ်ပါရေ၊ ယင်းပိုင် ပြောဆိုခြင်းစော်လည်း တောအတွင်းမှာ မသိမ်းပိုက်အပ်တေ မြက် ထင်း ရီကိုရာ ပြောဆိုခြင်းဖြစ်ပါရေ၊ အသျှင်ဘုရားစွာထို (စကား) အမြွက်နန့် သစ်တော်တိကို မပီးလှူပါဘဲပနာ ဆောင်ယူရဖို့လို့ ထင်မှတ်ဘိဧ့၊ တပည့်တော်ပိုင် ဘုရင်စွာ နိုင်ငံတော်မာ နိန်ရေ သမဏဗြာဟ္မဏတိကို ဇာ့ကြောင့် နှောင်ဖွဲ့ သတ်ပုတ် နှင်ထုတ်ရာအံ့လဲ (နှင်ထုတ်မည် မဟုတ်ပါ)၊ အသျှင်ဘုရား ကြွပါဖိ၊ အသျှင်ဘုရားစွာ (ရဟန်းရို့ဧ့) အသွင်အပြင် အမွီး 'အရောင်' ကြောင့် (အပြစ်မှ) လွတ်မြောက်ရလီရေ၊ နောင် ဒေပိုင်အမှုကို မလုပ်ပါကေ့လို့ (လျှောက်ထားဧ့)။
လူရို့စွာ-
'ဒေသာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြိုက်ကုန်ရေ ရဟန်းရို့စွာ အရှက်မဟိကုန်၊ သီလမဟိကုန်၊ မမှန်စော်ကို ဆိုလိ့ဟိကုန်ဧ့၊ သို့စင်ပနာ ဒေရဟန်းရို့က တရားကို ကျင့်လိ့ ဟိကုန်ဧ့၊ ညီညွတ်မျှတရေ အကျင့်ကို ကျင့်လိ့ဟိကုန်ဧ့၊ မြတ်စော်ကို ကျင့်လိ့ဟိကုန်ဧ့၊ အမှန်ကိုဆိုလိ့ဟိကုန်ဧ့၊ သီလဟိကုန်ဧ့။ ကောင်းရေ သဘောဟိကုန်ဧ့လို့ ဝန်ခံကက်တုံဘိဧ့၊ ဒေရဟန်းရို့အားရဟန်းအဖြစ် သူတော် ယင်းတိုင်သှျင်မြတ်အဖြစ်စွာ မဟိတော့ပြီ၊ ဒေရဟန်းရို့အား ရဟန်းအဖြစ်သူတော် သူမြတ် အဖြစ်စွာ ပျောက်ပျက်ခလီယာ၊ ဒေရဟန်းရို့အား အဇာမှာ ရဟန်းအဖြစ်သူတော်သူမြတ်အဖြစ်စွာ ဟိဖို့လဲ၊ ဒေရဟန်းရို့စွာ ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်မှ ကင်းကွာကုန်ယာ၊ ဒေရဟန်းရို့စွာ ဘုရင်ကိုကေမှလည်း လှည့်ဖျားကက်သီးဧ့၊ အခြားလူတိကိုကား ဇာဆိုဘွယ်ရာ ဟိအံ့လဲ'လို့ သရော်ကုန်ဧ့၊ ရှုတ်ချကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့။
ရဟန်းရို့စွာ သရော် ရှုတ်ချအပြစ်ပြ ပြောဆိုကက်ရေ ထိုလူရို့ဧ့ စကားကို ကြားကုန်ဧ့။
အကြင်ရဟန်းရို့စွာ အလိုလဲကုန်ဧ့၊ ရောင့်ရဲလွယ်ကုန်ဧ့၊ မကောင်းမှုကို ရှက်တတ်ကုန်ဧ့၊ တွီးတောမှု 'သံသယကုက္ကုစ္စ' ဟိကုန်ဧ့၊ သိက္ခာ (သုံးပါး) ကို လိုလားကုန်ဧ့၊ ထိုရဟန်းရို့ကလည်း'ဇာ့ကြောင့် အိုးထိန်းသည်ဧ့သား အသျှင်ဓနိယစွာ မင်းဧ့ သစ်တော်တိကို မပီးလှူဘဲခိုးယူလီ ဘိရေလဲ'လို့ သရော်ကုန်ဧ့၊ ရှုတ်ချကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့။
ယပြီးနောက် ထိုရဟန်းရို့စွာ။ပ။ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကုန်ဧ့။
ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်းသံဃာကို စီးဝီးစီပြီးကေ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယကို-
'ဓနိယ သင်စွာ မင်းဧ့ သစ်တော်တိကို မပီးဘဲ ယူဧ့ ဆိုစွာမှာ မှန်ရေလော'လို့ စိစစ်မီးမြန်းတော်မူဧ့။
မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူဧ့။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ရဟန်းရို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့ အလုပ်အမူမဟုတ်။ မအပ်၊ မလုပ်သင့်။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား သင်စွာ ဇာ့ကြောင့် မင်းဧ့ သစ်တော်တိကိုမပီးလှူဘဲ ယူဘိသလဲ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေ သူရို့အား ကြည်ညိုစီခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးရေ သူရို့အား တိုးပြီးကေ ကြည်ညိုစီခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား အမှန်စင်စစ် ဒေ (သင်လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေ သူရို့အား မကြည်ညိုစီခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးရေ အချို့သူရို့အား အကြည်ညိုပျက်စီခြင်းငှါလည်းကောင်း ဖြစ်လီဧ့လို့ (သရော်တော်မူဧ့)။
ယင်းခါ တရားသူကြီးဟောင်းဖြိုက်ရေ အမာ့ခ်ျကြီးတစ်ယောက်စွာ ရဟန်းရို့ထံ ပဉ္စင်းခံပြီးပြီးကေ မြတ်စွာဘုရား အနီးမှာ ထိုင်နိန်ပနာ ဟိဧ့၊ ယင်းခါ မြတ်စွာဘုရားစွာ ထိုရဟန်းအား-
'ရဟန်း အဇာမျှလောက်ရေ ဥစ္စာကို ယူခြင်းနန့် မဂဓတိုင်းသျှင် သေနိယမည်ရေ ဗိမ္ဗိသာရမင်းစွာ ခိုးသူကို ဖမ်းပြီးကေ နှောင်ဖွဲ့ သတ်ပုတ် နှင်ထုတ်ရေလဲ'လို့ မီးတော်မူဧ့။
မြတ်စွာဘုရား တစ်သိုးကာ တစ်သိုးကာထိုက်တန်ရေ ဥစ္စာ (ကို ယူခြင်း) နန့် နှောင်ဖွဲ့ သတ်ပုတ်နှင်ထုတ်ပါရေဘုရားလို့ (လျှောက်ဧ့)။
ယင်းခါ ရာဇဂြိုဟ်မြို့မာ ငါးပဲစွာ တစ်သိုးကာ မည်ဧ့၊ ယပြီးနောက် မြတ်စွာဘုရားစွာ အိုးထိန်းသည်ဧ့သား အသျှင်ဓနိယကို အများကြီးဖြစ်တေ အကြောင်းနန့် သရော်တော်မူပြီးကေ ကိုယ်တိုင်လုပ်စု မွီးမြူရန်ခက်ခဲခြင်း။ပ။ ရဟန်းရို့ အေပိုင်ကေ သိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။
၁။ ဣန္ဒဂေါပက၊ မိုဃ်းတွင်းအခါမာ မြီမှထွက်တတ်ရေ ကတ္တီပါနီပိုင် အဆင်းဟိရေ ပိုးကောင်အထူးတဲး။ နတ်သ္မီးကွမ်းသွီးကောင်လည်း ဟူဧ့။
ပဌမပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ](က) ၈၉။ 'အကြင် ရဟန်းစွာ ခိုးလိုရေ စိတ်အစုနန့် မပီးအပ်တေ ဥစ္စာကို ယူငြားအံ့၊ အကြင်သို့သဘောဟိရေ မပီးအပ်တေ ဥစ္စာကို ယူခြင်းကကြောင့်မင်းရို့စွာ ခိုးသူကို ဖမ်းပြီးကေ'သင်စွာ ခိုးသူဖြစ်ဧ့၊ မိုက်သူဖြစ်ဧ့၊ တွီဝေသူ ဖြစ်ဧ့၊ ဝှက်တတ်သူဖြစ်ဧ့'လို့ (ပြောဆိုပြီးကေ) သတ်ပုတ်မူလည်း သတ်ပုတ်ကုန် ရာဧ့၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာဧ့၊ နှင်ထုတ်မူလည်းနှင်ထုတ်ကုန်ရာဧ့၊ ယင်းပိုင်သဘောဟိရေ မပီးအပ်တေ ဥစ္စာကို ယူရေ ဒေ ရဟန်းစွာ လည်းသာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ဧ့၊ ရဟန်းကောင်းရို့နန့် အတူတကွ ပေါင်းသင်းရခြင်း မဟိ'အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)။
အေပိုင်ကေ မြတ်စွာဘုရားစွာ ရဟန်းရို့အား ဒေသိက္ခာပုဒ်ကို ပညတ်တော်မူဧ့။
ဒုတိယပညတ်သိက္ခာပုဒ်နန့် သိက္ခာပုဒ်အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၉၀။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီ၁ရဟန်းရို့စွာ ခဝါဆိပ်သို့ လားပြီးကေ ခဝါထုပ်ကို ခိုးယူကတ်ပနာ အရံအတွင်းသို့ ဆောင်ခပြီးကေ ခွဲဝီကုန်ဧ့၊ ရဟန်းရို့စွာ-
'ငါ့သျှင်ရို့ သင်ရို့စွာ ဘုန်းကြီးကတ်ပါလီရေ၊ သင်ရို့အား သင်္ကန်းပေါများ ကတ်ပါလီရေ'လို့ပြောဆိုကုန်ဧ့။
ငါ့သျှင်ရို့ ငရို့အား အဇာမှာ ဘုန်းကြီးအံ့လဲ၊ အဂု ငရို့စွာ ခဝါဆိပ်သို့ လားပြီးကေ ခဝါထုပ် ကိုခိုးခကတ်ပါရေလို့ (ပြန်ပြီးကေ ပြောကက်ကုန်ဧ့)။
ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး မဟုတ်ပါလော၊ ငါ့သျှင်ရို့သင်ရို့စွာ ဇာ့ကြောင့်ခဝါထုပ်ကို ခိုးယူခကက်ကုန်ရေလဲလို့ (ပြောဆိုကက်ကုန်ဧ့)။
ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီးဖြစ်စွာကား မှန်ပါရေ၊ ယေကေလဲ ထိုပညတ်ချက်စွာ ရွာမာရာဖြစ်ပြီးကေ တောမာ မဟုတ်ပါလို့ (ပြန်ပြီးကေ ပြောကက်ကုန်ဧ့)။
ငါ့သျှင်ရို့ ထို (တောမာ ခိုးခြင်း) စော်လည်း ရွာမာ ခိုးခြင်းနန့် တတူတူပင် မဟုတ်ပါလော၊ ငါ့သျှင်ရို့ (သင်ရို့ဧ့ အမှုစွာ) ရဟန်းရို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့အလုပ်အမူမဟုတ်၊ မအပ်၊ မလုပ်သင့်။ ငါ့သျှင်ရို့ဇာ့ကြောင့်သင်ရို့စွာ ခဝါထုပ်ကို ခိုးယူကုန်ဘိရေလဲ၊ ငါ့သျှင်ရို့ဒေ (သင်ရို့အမှု) စွာ မကြည်ညိုသီးရေ သူရို့အား ကြည်ညိုစီခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေ သူရို့အား တိုးပြီးကေ ကြည်ညိုစီခြင်းငှါဖြစ်စီ မဖြစ်နိုင်ပေ၊ ငါ့သျှင်ရို့ အမှန်စင်စစ် ဒေ (သင်ရို့လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေ သူရို့အား မကြည်ညိုစီခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေ အချို့သူရို့အား အကြည်ညိုပျက်စီခြင်းငှါဖြစ်စီ ဖြစ်လီဧ့လို့ (ပြောဆိုကက်ကုန်ဧ့)။
ယပြီးနောက် ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးဖြစ်တေ အကြောင်းနန့် သရော်ကတ်ပနာ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကုန်ဧ့၊ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်းသံဃာကို စီးဝီးစီပြီးကေ ဆဗ္ဗဂ္ဂီရဟန်းရို့ကို-
'ရဟန်းရို့ သင်ရို့စွာ ခဝါဆိပ်သို့ လားပြီးကေ ခဝါထုပ်ကို ခိုးယူကတ်ရေဆိုစွာမှာ မှန်သလော'လို့စိစစ် မီးမြန်တော်မူဧ့။
မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူဧ့။
'(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ (သင်ရို့ဧ့ အမှုစွာ) ရဟန်းရို့အား မလျော်ကန်၊ မလျောက်ပတ်၊ မသင့်တင့်၊ ရဟန်းရို့ အလုပ်အမူ မဟုတ်၊ မအပ်၊ မလုပ်သင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဇာ့ကြောင့်သင်ရို့စွာ ခဝါထုပ်ကို ခိုးယူကုန်ဘိရေလဲ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေ သူရို့အားကြည်ညိုစီခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေ သူရို့အား တိုးပြီးကေ ကြည်ညိုစီခြင်းငှါဖြစ်စီ မဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောကျာ်းရို့ အမှန်စင်စစ် ဒေ (သင်ရို့လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေ သူရို့အား မကြည်ညိုစီခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေ အချို့သူရို့အား အကြည်ညိုပျက်စီခြင်းငှါဖြစ်စီ ဖြစ်လီဧ့'လို့ (သရော်တော်မူဧ့)။
ယပြီးနောက် မြတ်စွာဘုရားစွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးဖြိုက်တေ အကြောင်းနန့် သရော်ပြစ်တင်တော်မူပြီးကေ ကိုယ်တိုင်ပြုစု မွီးမြူဖို့ ခက်ခဲခြင်း။ပ။ ဝိရီယနန့် အားထုတ်ခြင်းရို့ဧ့ ဂုဏ်ကျေးဇူးကို မိန့်တော်မူပြီးကေ ရဟန်းရို့အား ထိုအဖြစ်အပျက်နန့် လျောက်ပတ် လျော်ညီရေ တရားစကားကို ဟောကြားတော်မူပြီးနောက် ရဟန်းရို့ကို။ပ။ ရဟန်းရို့အား သိက္ခာပုဒ်တော်ကို ပညတ်တော်မူဖို့ လို့မိန့်တော်မူဧ့။
ရဟန်းရို့ အေပိုင်ရာ ဒေသိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။
၂။ (ခ) ၉၁။ 'အကြင် ရဟန်းစွာ ရွာမှဖြစ်စီ၊ တောမှဖြစ်စီ ခိုးလိုရေ စိတ်အစုနန့်မပီးအပ်တေ ဥစ္စာကို ယူငြားအံ့၊ အကြင်သို့သဘောဟိရေ မပီးအပ်တေ ဥစ္စာကို ယူခြင်းကြောင့်မင်းရို့စွာ ခိုးသူကို ဖမ်းပြီးကေ 'သင်စွာ ခိုးသူဖြစ်ဧ့၊ မိုက်သူဖြစ်ဧ့၊ တွီဝေသူဖြစ်ဧ့၊ ဝှက်တတ်သူဖြစ်ဧ့'လို့ (ပြောဆိုပြီးကေ) သတ်ပုတ်မူလည်း သတ်ပုတ်ကုန်ရာဧ့၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာဧ့၊ နှင်ထုတ်မူလည်း နှင်ထုတ်ကုန်ရာဧ့၊ ယင်းပိုင်သဘောဟိရေ မပီးအပ်ရေ ဥစ္စာကိုယူရေ ဒေရဟန်းစွာလည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ဧ့၊ ရဟန်းကောင်းရို့နန့် အတူတကွပေါင်းသင်းရခြင်း မဟိ' အေပိုင် (ပြကက် ကုန်ဖိလို့ မိန့်တော်မူဧ့)။
၂-ဒုတိယ ပါရာဇိက သိက္ခာပုဒ်အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၉၂။ အကြင်ဆိုစော်အကြင်သို့ရေသဘောဟိရေ။ပ။
ရဟန်းဆိုစော် ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြစ်သို့ ရောက်သူကို 'ရဟန်း'လို့ အလိုဟိအပ်ဧ့။
ရွာဆိုစော် အိမ်တစ်လုံးဟိလည်း ရွာ၊ အိမ်နှစ်လုံးဟိလည်း ရွာ၊ အိမ်သုံးလုံးဟိလည်း ရွာ၊ အိမ်လေးလုံးဟိလည်း ရွာ၊ လူဟိလည်း ရွာ၊ လူမဟိလည်း ရွာ၊ အကာအရံဟိလည်း ရွာ၊ အကာအရံမဟိလည်းရွာ၊ နွားရို့ဧ့ နိန်ရာပိုင် တည်နိန်ရာလည်း၂ ရွာ၊ ကုန်သည်စု လေးလထက်ကကောင်း တည်နိန်ရာကိုလည်း ရွာလို့ ဆိုအပ်ဧ့။
ရွာဧ့ ဥပစာ၃ဆိုစော် အကာအရံဟိရေ ရွာဧ့ တန်းခါးခုံမာတည်ရေ အားအလယ်အလတ်ဟိရေ ယောက်ျားဧ့ ခဲတစ်ကျ 'ခဲတစ်ပစ်'တဲး၊ အကာအရံမဟိရေ ရွာဧ့ အိမ်ဥပစာမာတည်ရေ အားအလယ် အလတ်ဟိရေ ယောက်ျားဧ့ ခဲတစ်ကျ 'ခဲတစ်ပစ်'တဲး။
တောဆိုစော် ရွာ ရွာဧ့ ဥပစာကို ချန်လှပ်ပြီးကေ ကြွင်းကျန်ရေ အရပ်တဲး။
မပီးအပ်တေဥစ္စာဆိုစော် မပီးအပ် မလွှတ်အပ် မစွန့်အပ်စောင့်ရှောက်အပ် လုံခြုံစီအပ် ငါ့စွာလို့မြတ်နိုးအပ် သူတစ်ပါး သိမ်းဆည်းအပ်တေ ဥစ္စာတဲး။
ခိုးလိုရေ စိတ်အစုဆိုစော်ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ၊ ဝှက်လိုရေ စိတ်ဟိစွာဖြစ်ပြီးကေ။
ယူငြားအံ့ဆိုစော်ယူငြားအံ့၊ ဆောင်ယူငြားအံ့၊ ဝှက်ငြားအံ့၊ ဣရိယာပုထ်ကို ပျက်စီငြားအံ့၊ နိန်ရာမှရွီ့စီငြားအံ့၊ အချိန်းအချက်ကို လွန်စီငြားအံ့။
အကြင်သို့သဘောဟိရေဆိုစော် တစ်သိုးကာကိုပင်ဖြစ်စီ၊ တစ်သိုးကာတန် (ဥစ္စာ) ကိုပင်ဖြစ်စီ၊ တစ်သိုးကာထက် အပိုကကောင်း (ဥစ္စာ) ကိုပင်ဖြစ်စီ။
မင်းရို့ဆိုစော် ဧကရာဇ်မင်း ပဒေသရာဇ်မင်း နယ်စား (မြို့စား) ရွာစား တရားသူကြီးအမာ့ခ်ျချုပ်ရို့တဲး၊ မဟုတ်ကေလဲ့ ဖြတ်ခြင်း ခွဲခြင်းကို လုပ်ပနာ ဆုံးမအုပ်ချုပ်သူဟူသမျှကို မင်းလို့ ဆိုရဧ့။
ခိုးသူဆိုစော် ငါးပဲ-ငါးပဲထက် ကကောင်း ထိုက်တန်ရေ ဥစ္စာကို (ဥစ္စာသျှင်စွာ ကိုယ်နှုတ်နန့်) မပီးဘဲ ခိုးလိုရေ စိတ်အစုနန့် ယူသူတဲး။
သတ်ပုတ်မူလည်း သတ်ပုတ်ကုန်ရာဧ့ဆိုစော်လက် ခြေ နှင်တံ (တံဖျာ) ကြိမ်လုံး တုတ်ရို့နန့်ကေဖြစ်စီ၊ ဖြတ်ခြင်းနန့်ကေဖြစ်စီ သတ်ကုန်ရာဧ့။
နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာဧ့ဟူစွာ၊ ကြိုးနန့် ချိုင်ခြင်း ထိတ်ခတ်ခြင်း သံခြီကျင်းခတ်ခြင်းနှောင်အိမ်သွင်းခြင်း မြို့ချုပ်ချုပ်နှောင်ခြင်း ရွာချုပ်ချုပ်နှောင်ခြင်း နိဂုံးချုပ်ချုပ်နှောင်ခြင်း (တစ်ခုခု) ရို့နန့်ချုပ် နှောင် ဖွဲ့ထားကုန်ရာဧ့၊ လူအစောင့်ကိုကေလည်း ထားကုန်ရာဧ့။
နှင်ထုတ်မူလည်း နှင်ထုတ်ကုန်ရာဧ့ဆိုစော်ရွာမှပင်ဖြစ်စီ၊ နိဂုံးမှပင်ဖြစ်စီ၊ မြို့မှပင်ဖြစ်စီ၊ နိုင်ငံတော်မှပင်ဖြစ်စီ၊ နိုင်ငံတော် တစ်စိတ်တစ်ဒေသ (ခရိုင်) မှပင်ဖြစ်စီ နှင်ထုတ်ကုန်ရာဧ့။
သင်စွာ ခိုးသူဖြစ်ဧ့ မိုက်သူဖြစ်ဧ့ တွီဝေသူဖြစ်ဧ့ ဝှက်တတ်သူဖြစ်ဧ့ဆိုစော်ဆဲရီး ရေရွတ်ရေ စကားတဲး။
ယင်းပိုင်သဘောဟိရေဆိုစော် တစ်သိုးကာကိုပင်ဖြစ်စီ၊ တစ်သိုးကာတန် (ဥစ္စာ) ကိုပင်ဖြစ်စီ၊ တစ်သိုးကာထက် အပိုကကောင်း (ဥစ္စာ) ကိုပင်ဖြစ်စီ။
ယူရေဆိုစော်ယူရေ ဆောင်ယူရေ ဝှက်ရေ ဣရိယာပုထ်ကို ပျက်စီရေ နိန်ရာမှရွီ့စီရေ အချိန်းအချက်ကို လွန်စီရေ။
ဒေရဟန်းစွာလည်းဆိုစော်ကို ရှီး (မေထုန်ပါရာဇိကရဟန်း) ကို ထောက်ပြီးကေ ဆိုအပ်ဧ့။
သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ဧ့ဆိုစော်အညှာမှ ကြွီကျရေ ဖက်ရွက်စွာ မစိမ်းစိုနိုင်တော့သပိုင် ဒေအတူ ရဟန်းစွာ တစ်သိုးကာကိုပင်ဖြစ်စီ၊ တစ်သိုးကာတန် (ဥစ္စာ) ကိုပင်ဖြစ်စီ၊ တစ်မက်ထက် အပိုကကောင်း (ဥစ္စာ) ကိုပင်ဖြစ်စီ (ဥစ္စာသျှင်စွာ ကိုယ်နှုတ်နန့်) မပီးဘဲ ခိုးလိုရေ စိတ်အစုနန့် ယူမိအတွက်နန့် ရဟန်းမဟုတ်တော့ယာ၊ သာကီဝင် မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ယာ၊ ယင်းချင့်ကကြောင့်'သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ဧ့'လို့ ဆိုအပ်ဧ့။
ရဟန်းကောင်းရို့နန့် ပေါင်းသင်းရခြင်းမဟိဆိုရာမာ ပေါင်းသင်းခြင်းဆိုစွာ အတူတကွ ဝိလဲကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ် (ပြ) မှု၊ တူမျှရေ ကျင့်ကြံနီထိုင်မှုဆိုရေ ဒေအလုံးစုံစွာ ပေါင်းသင်းခြင်း ဆိုဧ့၊ ထိုပေါင်းသင်းခြင်းစွာ ထိုရဟန်းနန့် အတူတကွ မဟိတော့ယာ၊ ယင်းချင့်ကြောင့်'ပေါင်းသင်းရခြင်းမဟိ'လို့ ဆိုအပ်ဧ့။
ခေါင်းစိုင် မာတိကာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၉၃။ မြီမာ တည်ရေဥစ္စာ၊ ကြည်း'ကုန်း'မာ တည်ရေဥစ္စာ၊ ကောင်းကင်မာ တည်ရေဥစ္စာ၊ ဟင်းလင်းပြင်မာ တည်ရေဥစ္စာ၊ ရေမာ တည်ရေဥစ္စာ၊ လှေမာ တည်ရေဥစ္စာ၊ ယာဉ်မာ တည်ရေဥစ္စာ၊ ဝန်အားနန့် တည်ရေဥစ္စာ၊ အရံမာတည်ရေဥစ္စာ၊ ကျောင်းမာတည်ရေဥစ္စာ၊ လယ်မာတည်ရေဥစ္စာ၊ ယာမာ တည်ရေ ဥစ္စာ၊ ရွာမာ တည်ရေ ဥစ္စာ၊ တောမာ တည်ရေဥစ္စာ၊ ရေဒန်ပူ၊ တောစိုးသစ်ပင်၊ ဆောင်ယူရေဥစ္စာ၊ အပ်နှံရေဥစ္စာ၊ ကင်းထားရာအရပ် 'အကောက်ဋ္ဌာန'၊ သတ္တဝါ၊ အခြီမဟိရေသတ္တဝါ၊ အခြီနှစ်ချောင်း ဟိရေ သတ္တဝါ၊ အခြီလေးချောင်း ဟိရေ သတ္တဝါ၊ အခြီများရေသတ္တဝါ၊ လက်ထောက်ချသူ၊ ဆောင်ယူလာရေ ဥစ္စာကိုစောင့်သူ၊ တိုင်ပင်ပြီးကေ ခိုးခြင်း၊ အချိန်းအချက်လုပ်ခြင်း၊ အမှတ်အသားလုပ်ခြင်း၊ ဒေကား မာတိကာတဲး။
မာတိကာ အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၉၄။ မြီမာတည်ရေဥစ္စာ ဆိုစော် မြီမာ ချထား မြှုပ်ထား ဖုံးထားအပ်တေ ဥစ္စာတဲး။
'မြီမာတည်ရေဥစ္စာကိုခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ အဖော်ကိုပင်ဖြိုက်စီ၊ ပေါက်တူးကိုပင်ဖြိုက်စီ၊ဇီးပယိုင့်ကိုပင်ဖြိုက်စီ ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုမြီမာဖြိုက်ရေ ထင်းကိုပင်ဖြိုက်စီ၊ နွယ်ကိုပင်ဖြိုက်စီ ဖြတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုမြီမာ မြီမှုန့်ကို တူးမူလည်း တူးအံ့၊ ယက်မူလည်း ယက်အံ့၊ ထုတ်မူလည်းထုတ်အံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ (ဥစ္စာ) အိုးကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း အာပတ် သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ မိမိဧ့ ခွက်ကို သွင်းပြီးကေ ငါးပဲ-ငါးပဲထက် ကကောင်း ထိုက်တန်ရေ ဥစ္စာကို ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ့်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့။
မိမိခွက်သို့ ရောက်အောင်သောလည်း လုပ်အံ့၊ လက်ဆုပ်ကိုသောလည်း ဖြတ်အံ့၊ 'လက်ဆုပ်နန့်သောလည်း ကုတ်ယူအံ့'၊ ပါရာဇိကအာပတ် သင့်ဧ့။
ချည်မာ တင်အပ်တေ 'ချည်နန့် သီကုံးအပ်တေ' ဘဏ္ဍာကိုပင်ဖြိုက်စီ၊ ရွှီဆောက်လုံးကြိုး 'ရွှီဆွဲကြိုး'ကိုပင်ဖြိုက်စီ၊ လည်ဆွဲကြိုးကိုပင်ဖြိုက်စီ၊ ခါးစီးကြိုးကိုပင်ဖြိုက်စီ၊ အဝတ် ကိုပင်ဖြိုက်စီ၊ ခေါင်းပေါင်းကိုပင်ဖြိုက်စီ ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ အစွန်းမာ ကိုင်ပနာကက်ွစီအံ့ 'မြှောက်အံ့'၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ပွတ်တိုက်ပနာ ထုတ်ဆောင်အံ့၊ ထုလ္လစ္စဥ်းသင့်ဧ့၊ အယုတ်ဆုံးအားနန့် တစ်ဆံခြည်ဖျားမျှ အိုးမျက်နှာဝမှ လွတ်စီအံ့၊ ပါရာဇိကအာပတ်သင့်ဧ့။
ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ ထောပတ်ကိုပင်ဖြိုက်စီ၊ ပါးကိုပင်ဖြိုက်စီ၊ ပျားရည်ကိုပင်ဖြိုက်စီ၊ တင်လဲကိုပင်ဖြိုက်စီ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ တစ်ချိန်တဲး ရေက်အံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ ထိုအရပ်မာပင်ကေ ခွဲမူလည်း ခွဲအံ့၊ စွန့်ပစ်မူ လည်းစွန့်ပစ်အံ့၊ ခင်းမူလည်း တိုက်အံ့၊ သုံးဆောင်မဖြိုက် 'ပျက်စီး' အောင်မူလည်း လုပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
၉၅။ ကြေး 'ကုန်း' မာတည်ရေဥစ္စာ ဆိုစော် ကြေးမာ ချထားအပ်တေ ဥစ္စာတဲး။ 'ကြေးမာတည်ရေ ဥစ္စာကိုခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်းလားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း အာပတ်သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၉၆။ ကောင်းကင်မာတည်ရေဥစ္စာ ဆိုစော် ကောင်းကင်သို့ ရောက်ရေ ဥစ္စာတဲး။ ဥဒေါင်းစော်ဖြိုက်စီ၊ တိုက်ငှက် 'ယစ် အဂြို' စော်ဖြိုက်စီ၊ ခါစော်ဖြိုက်စီ၊ ငုံးစော်ဖြိုက်စီ၊ အဝတ်စော်ဖြိုက်စီ၊ ခေါင်းပေါင်းစော်ဖြိုက်စီ၊ ဖေသာစော်ဖြိုက်စီ၊ ရွှီစော်ဖြိုက်စီ ပြတ်ပြီးကေ ကျဆဲဖြိုက်ဧ့။ 'ကောင်းကင်မာ တည်ရေ (ယင်း) ဥစ္စာကို ခိုးအံ့'လို့ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ လားခြင်းကို ဖြတ် 'ရပ်'အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၉၇။ ဟင်းလင်းပြင်မာတည်ရေဥစ္စာ ဆိုစော် ဟင်းလင်းပြင်မာ ထားရေ ဥစ္စာတဲး။ ညောင်စစောင်း'ခုတင်'မာပင်ဖြိုက်စီ၊ အင်းပျဉ် 'ခုံရှည်' မာပင်ဖြိုက်စီ၊ သင်္ကန်းတန်းမာကေ ဖြိုက်စီ၊ သင်္ကန်းကြိုးမာပင်ဖြိုက်စီ၊ နံရံချိတ်မာပင်ဖြိုက်စီ၊ ဆင်စွယ်ကျောက်မှာပင် ဖြိုက်စီ၊ သစ်ပင်မာပင်ဖြိုက်စီ ဆွဲချိတ်ထားအပ်ဧ့။ အယုတ်အနိန်နန့် သပိတ်ခြီမာသောလည်း ဆွဲချိတ်ထားအပ်ဧ့။ 'ဟင်းလင်းပြင်မာ တည်ရေဥစ္စာကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေအဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၉၈။ ရေမာတည်ရေဥစ္စာ ဆိုစော် ရေမာ ချထားအပ်တေ ဥစ္စာတဲး။ 'ရေမာတည်ရေ ဥစ္စာကိုခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်းယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ငုပ်မူလည်း ငုပ်အံ့၊ ပေါ်မူလည်း ပေါ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ထိုရေမာ ပေါက်ရောက်ဖြိုက်ပေါ်ရေ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ ဥပ္ပလကြာစွယ်၄ ကိုပင်ဖြိုက်စီ၊ ပဒုမ္မာကြာစွယ်ကိုပင်ဖြိုက်စီ၊ ပုဏ္ဍရိက်ကြာစွယ်ကိုပင်ဖြိုက်စီ၊ ကြာစွယ်စွယ်ကိုပင်ဖြိုက်စီ၊ ငါးကိုပင်ဖြိုက်စီ၊ လိပ်ကိုပင်ဖြိုက်စီ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ့သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိက အာပတ် သင့်ဧ့။
၉၉။ (တစ်ဖက်ကမ်းသို့) ကူးကြောင်းဖြိုက်ရေ ဝတ်ထုစွာ လှေမည်ဧ့။
လှေမာတည်ရေဥစ္စာ ဆိုစော် လှေမာ ထားအပ်တေ ဥစ္စာတဲး။ 'လှေမာ တည်ရေ ဥစ္စာကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစိုင်းအာပတ် သင့်ဧ့၊ နိန်ရာမှရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
'လှေကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်းလားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်းသင့်ဧ့၊ လှေဖွဲ့ကြိုးကို ဖြေအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှေဖွဲ့ကြိုးကို ဖြေပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်းသင့်ဧ့၊ အထက် 'အညာ' ကိုပင်ဖြိုက်စီ၊ အောက် 'အကြေ'ကိုပင်ဖြိုက်စီ၊ ဖီလာကိုပင်ဖြိုက်စီ အယုတ်အနိန်နန့် ဆံခြည်တစ်ဖျားမျှ ပြောင်းရွှီ့အံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၀၀။ ပေါင်းချုပ် ဂါရီ လှည်း သံလျင်းကို ယာဉ်ဆိုဧ့။
ယာဉ်မာတည်ရေဥစ္စာ ဆိုစော် ယာဉ်မာ ထားအပ်တေ ဥစ္စာတဲး။ 'ယာဉ်မာတည်ရေ ဥစ္စာကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
'ယာဉ်ကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၀၁။ အဂေါင်းဝန် ပက်ကုန်းဝန် ခါးဝန် လက်ဆွဲဝန်စွာ ဝန်ခေါ်ဧ့။
အဂေါင်းမာ တည်ရေ ဝန်ကို ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ပက်ကုန်းသို့ ချအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ပက်ကုန်းမာ တည်ရေ ဝန်ကို ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ခါးသို့ ချအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ ခါးမာ တည်ရေ ဝန်ကို ခိုးလိုရေစိတ်ဟိစွာဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ လက်နန့်ယူအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
လက်ဆွဲဝန်ကို ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ မြီမာ ချအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ ခိုးလိုရေစိတ်ဟိစွာဖြိုက်ပြီးကေ မြီမှ ကောက်ယူအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၀၂။ ပန်းအရံ သစ်သီးအရံစွာ အရံမည်ဧ့။
အရံမာတည်ရေဥစ္စာ ဆိုစော် အရံမာ လေးဌာနရို့နန့် ထားအပ်တေ ဥစ္စာတဲး။ (ယင်းချင့်ရို့စွာ) မြီ၊ ကြေး'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်မာ တည်ရေ ဥစ္စာရို့တဲး။ 'အရံမာတည်ရေဥစ္စာကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ ထိုအရံမာ ပေါက်ရောက်ဖြိုက်ပေါ်ရေ ငါးပဲ-ငါးပဲထက်ကကောင်းထိုက်တန်ရေ အမြစ်ကိုပင်ဖြိုက်စီ၊ အခေါက်အခွံကိုပင်ဖြိုက်စီ၊ အရွက်ကိုပင်ဖြိုက်စီ၊ အပွင့်ကိုပင်ဖြိုက်စီ၊ အသီးကိုပင်ဖြိုက်စီ ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ့သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိက အာပတ် သင့်ဧ့။
အရံကို (ရလိုမှုနန့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ဥစ္စာသျှင်အား ယုံမှားစီအံ့၊ ထုလ္လစ္စဥ်း အာပတ်သင့်ဧ့၊ ဥစ္စာသျှင်စွာ 'ငါမဟုတ်ယာ'လို့ အမှားခံအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေ ဥစ္စာသျှင်ကိုရှုံးစီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေ မိမိ ရှုံးအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့။
၁၀၃။ ကျောင်းမာတည်ရေဥစ္စာဆိုစော် ကျောင်းမာ လေးဌာနရို့နန့် ထားအပ်တေ ဥစ္စာတဲး။ (ယင်းချင့်ရို့စွာ) မြီ၊ ကြေး'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်မာ တည်ရေ ဥစ္စာရို့တဲး။ 'ကျောင်းမာ တည်ရေ ဥစ္စာကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူ လည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း အာပတ် သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ကျောင်းကို (ရလိုမှုနန့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ဥစ္စာသျှင်အား ယုံမှားစီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ဥစ္စာသျှင်စွာ 'ငါရဖို့မဟုတ်ယာ'လို့ အမှားခံအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ တရားဖြိုက်ပြီးကေဥစ္စာသျှင်ကို ရှုံးစီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေ မိမိ ရှုံးအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့။
၁၀၄။ ကောက်ပဲသီးနှံ ပေါက်ရောက်ဖြိုက်ပေါ်ရာ အရပ်စွာ လယ် မည်ဧ့။
လယ်မာတည်ရေဥစ္စာ ဆိုစော် လယ်မာ လေးဌာနရို့နန့် ထားအပ်တေ ဥစ္စာတဲး။ (ယင်းချင့်ရို့စွာ) မြီ၊ ကြေး'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်မာ တည်ရေ ဥစ္စာရို့တဲး။ 'လယ်မာ တည်ရေဥစ္စာကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူ လည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း အာပတ် သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ထိုလယ်မာ ပေါက်ရောက်ဖြိုက်ပေါ်ရေ ငါးပဲ-ငါးပဲထက် ကကောင်းထိုက်တန်ရေ ကောက်ပဲသီးနှံကိုခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်းသင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
လယ်ကို (ရလိုမှုနန့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ဥစ္စာသျှင်အား ယုံမှားစီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ဥစ္စာသျှင်စွာ 'ငါရဖို့မဟုတ်ယာ'လို့ အမှားခံအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေဥစ္စာသျှင်ကို ရှုံးစီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေ မိမိ ရှုံးအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ငုတ်တိုင် ကြိုးစောင်းရန်း 'စီးရိုး' အပိုင်းအခြား 'ကာရီ' (တစ်ခုခုကို) ပြောင်းရွှီ့အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ (အဆုံးသတ်) အားထုတ်မှုတစ်ခု မရောက်လာခင် 'မပြီးဆုံးခင်' ထုလ္လစ္စဥ်း သင့်ဧ့၊ ထိုအားထုတ်မှု ရောက်လာကေ 'ပြီးဆုံးကေ' ပါရာဇိကအာပတ် သင့်ဧ့။
၁၀၅။ အရံရာ ကျောင်းရာစွာ (မြီ) ရာ မည်ဧ့။
(မြီ) ရာမာတည်ရေ ဥစ္စာ ဆိုစော် (မြီ) ရာမာ လေးဌာနရို့နန့် ထားအပ်တေ ဥစ္စာတဲး။ (ယင်းချင့်ရို့စွာ) မြီ၊ ကြေး 'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်မာ တည်ရေ ဥစ္စာရို့တဲး။ '(မြီ) ရာမာ တည်ရေ ဥစ္စာကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း အာပတ် သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
(မြီ) ရာကို (ရလိုမူနန့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ဥစ္စာသျှင်အား ယုံမှားစီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ဥစ္စာသျှင်စွာ'ငါရဖို့မဟုတ်ယာ'လို့ အမှားခံအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေဥစ္စာသျှင်ကို ရှုံးစီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေ မိမိ ရှုံးအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ငုတ်တိုင် ကြိုးစောင်းရန်း 'စီးရိုး' တံတိုင်း 'အကာ' (တစ်ခုခု) ကို ရွှီ့အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ (အဆုံးသတ်) အားထုတ်မှု တစ်ခု မရောက်လာခင် 'မပြီးဆုံးခင်' ထုလ္လစ္စဥ်း သင့်ဧ့၊ ထိုအားထုတ်မှုရောက်လာကေ 'ပြီးဆုံးကေ' ပါရာဇိက အာပတ် သင့်ဧ့။
၁၀၆။ ရွာမာတည်ရေဥစ္စာ ဆိုစော် ရွာမာ လေးဌာနရို့နန့် ထားအပ်တေ ဥစ္စာတဲး။ (ယင်းချင့်ရို့စွာ) မြီ၊ ကြေး 'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်မာ တည်ရေ ဥစ္စာရို့တဲး။ ရွာမာတည်ရေ ဥစ္စာကို ခိုးအံ့လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်းသွာအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်းသင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၀၇။ လူတိ သိမ်းဆည်းအပ်တေ တောစွာ တော မည်ဧ့။
တောမာတည်ရေဥစ္စာ ဆိုစော် တောမာ လေးဌာနရို့နန့် ထားအပ်တေ ဥစ္စာတဲး။ (ယင်းချင့်ရို့စွာ) မြီ၊ ကြေး 'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်မာ တည်ရေ ဥစ္စာရို့တဲး။ 'တောမာ တည်ရေဥစ္စာကို ခိုးအံ့'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ အဖာ်ကိုသောလည်း ယှာအံ့၊ လားမူလည်း လားအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ ထိုတောမာ ပေါက်ရောက်ဖြိုက်ပေါ်ရေငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ ထင်းကိုပင်ဖြိုက်စီ၊ နွယ်ကိုပင်ဖြိုက်စီ၊ မြက်ကိုပင်ဖြိုက်စီ ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း အာပတ် သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၀၈။ ရီ ဆိုစော် အိုးခွက် လေးထောင့်ကန် တစ်ဖက်ဆည်ကန်ရို့မာ ဟိရေ ရီတဲး။ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
မိမိဧ့ အိုးခွက်ကို သွင်းပြီးကေ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ ရီကို ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေသုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ မိမိဧ့ အိုးခွက်သို့ရောက်အောင် လုပ်အံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ကန်ပေါင်ရိုးကို ဖျက်ချိုးအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ကန်ပေါင်ရိုးကို ဖျက်ချိုးပြီးကေ ငါးပဲ-ငါးပဲထက် ကကောင်းထိုက်တန်ရေ ရီကို ထွက်စီအံ့ 'လွှတ်အံ့'၊ ပါရာဇိကအာပတ် သင့်ဧ့။
တစ်မျက်အထက်ပင်ဖြိုက်စီ၊ ငါးပဲအောက်ပင်ဖြိုက်စီ ထိုက်တန်ရေ ရေကို ထွက်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ တစ်မျက်ပင်ဖြိုက်စီ၊ တစ်မျက်အောက်ပင်ဖြိုက်စီ ထိုက်တန် ရေရေကို ထွက်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
၁၀၉။ ဒန်ပူ ဆိုစော် ဖြတ်ပြီးရေ ဒန်ပူ မဖြတ်ရသီးရေ ဒန်ပူတဲး။ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ ဒန်ပူကို ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၁၀။ တောစိုးသစ်ပင် ဆိုစော် လဘော များ သိမ်းပိုက် သုံးဆောင်အပ်တေ သစ်ပင်တဲး။ ခိုးလိုရေစိတ်ဟိစွာ ဖြိုက်ပြီးကေ ဖြတ်အံ့၊ ဖြတ်တိုင်းဖြတ်တိုင်း ဒုက္ကဋ်အာပတ် သင့်ဧ့၊ (အဆုံးသတ်) ဖြတ်ချက်'ခွတ်ချက်' တစ်ခုမရောက်လာခင် 'မပြီးဆုံးခင်' ထုလ္လစ္စဥ်း သင့်ဧ့၊ ထိုဖြတ်ချက် 'ခွတ်ချက်'ရောက်လာကေ 'ပြီးဆုံးကေ' ပါရာဇိကအာပတ် သင့်ဧ့။
၁၁၁။ ဆောင်ယူအပ်တေဥစ္စာ ဆိုစော် သူတစ်ပါး ဆောင်ယူလားရေ ဥစ္စာတဲး။ ခိုးလိုရေစိတ်ဟိစွာဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
'ဥစ္စာနန့်တကွ ဆောင်ယူသူကို ခေါ်ဆောင်အံ့'လို့ ခြီတစ်လှမ်းကို ရွီ့စီအံ့ 'လှမ်းအံ့'၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နှစ်ခုမြစောက် ခြီလှမ်းကို ရွီ့စီအံ့ 'လှမ်းအံ့'၊ ပါရာဇိကအာပတ် သင့်ဧ့။
'ကျရေ ဥစ္စာကို ယူအံ့'လို့ ကျစီအံ့ 'ကျအောင် လုပ်အံ့ ချအံ့'၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ငါးပဲ-ငါးပဲထက် ကကောင်း ထိုက်တန်ရေ ကျရေဥစ္စာကို ခိုးလိုရေ စိတ်ဟိစွာဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၁၂။ အပ်နှံရေဥစ္စာ ဆိုစော် အနီးမာ ထားအပ်တေ 'အပ်နှံပြီးကေ ထားအပ်တေ' ဥစ္စာတဲး။ 'ငါဧ့ဥစ္စာကို ပီးပါ'လို့ ဆိုလာကေ ငါ မယူလို့ ငြင်းဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ဥစ္စာသျှင်အားယုံမှားစီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ဥစ္စာသျှင်စွာ (ငါ့အား ပီးဖို့ရာ မဟုတ်လို့) အမှားခံအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေ ဥစ္စာသျှင်ကို ရှုံးစီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ တရားဖြိုက်ပြီးကေမိမိရှုံးအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့။
၁၁၃။ ကင်းထားရာအရပ် 'အကောက်ဌာန'ဆိုစော် တောင်ခါးပြတ်မာပင်ဖြိုက်စီ၊ မြစ်ဆိပ်မာပင်ဖြိုက်စီ၊ ရွာတန်းခါးမာပင်ဖြိုက်စီ 'ဒေအရပ်ဌာနသို့ ဝင်လာသူအား အခွန်ကောက်ယူရဖို့'လို့ အစိုးရ 'မင်း' က သတ်မှတ်ထားရေ အရပ်တဲး။ ထိုကင်း 'အကောက်ဌာန' သို့ ဝင်ပြီးကေငါးပဲ-ငါးပဲထက် ကကောင်း ထိုက်တန်ရေ အစိုးရ 'မင်း' အား အခွန်တော်ပီးဆက်ရမည့် ဥစ္စာကို ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ခြီတစ်လှမ်းကို ကင်းကို ကျော်လွန်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ဒုတိယ ခြီတစ်လှမ်းကိုကျော်လွန်စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ ကင်းအတွင်းမာ ရပ်ပြီးကေ ကင်းအပြင်မာ ကျစီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ အကောက်ခွန်ကို ယှောင်လွှဲအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
၁၁၄။ သတ္တဝါ ဆိုစော် လူသတ္တဝါကို ဆိုဧ့။ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
'ခြီလျင် ခေါ်ဆောင်အံ့'လို့ ခြီတစ်လှမ်းကို ရွီ့စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ဒုတိယခြီတစ်လှမ်းကို ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ခြီမဟိရေသတ္တဝါ ဆိုစော် မြွီ နန့် ငါးရို့တဲး။ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေမြွီ နန့် ငါးကို ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၁၅။ ခြီနှစ်ချောင်းဟိရေသတ္တဝါ ဆိုစော် လူ နန့် ငှက်မျိုးရို့တဲး။ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေသုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
'ခြီလျင် ခေါ်ဆောင်အံ့'လို့ ခြီတစ်လှမ်းကို ရွီ့စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ဒုတိယခြီတစ်လှမ်းကို ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၁၆။ ခြီလေးချောင်းဟိရေသတ္တဝါ ဆိုစော် ဆင် မြင်း ကုလားအုပ် နွား မြည်းနန့် (ဆိုအပ်ပြီးမှ ကြွင်းရေ) ခြီလေးချောင်းဟိရေ သားသတ္တဝါအားနူံးတဲး။ ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေသုံးသပ်အံ့၊ ဒုက္ကဋ် အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
'ခြီလျင် ခေါ်ဆောင်အံ့'လို့ ပဌမခြီတစ်လှမ်းကို ရွီ့စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ ဒုတိယခြီတစ်လှမ်းကို ရွီ့စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့။ တတိယခြီတစ်လှမ်းကို ရွီ့စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့။ စတုတ္ထခြီတစ်လှမ်းကို ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၁၇။ များရေ ခြီဟိရေ သတ္တဝါ ဆိုစော် ကင်းမြီးကောက် ကင်းခြီများ ဥစ္စာလိင်္ဂပိုး၅ရို့တဲး။ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ ကင်းမြီးကောက် အစဟိစော်ကို ခိုးလိုရေ စိတ်ဟိရေဖြိုက်ပြီးကေ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
'ခြီလျင် ခေါ်ဆောင်အံ့'လို့ ရွီ့စီအံ့၊ ခြီလှမ်းတိုင်း ခြီလှမ်းတိုင်း ထုလ္လစ္စဥ်း သင့်ဧ့၊ နောက်ဆုံး ခြီလှမ်းကို ရွီ့စီအံ၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၁၈။ လက်ထောက်ချသူ 'အတွင်းသို့ဝင်ပြီးကေ စလဲနာသူ အတွင်းသူလျှို' ဆိုစော် ဥစ္စာကို မှတ်သားပြီးကေ ပြောကြားရေသူတဲး။ 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့ ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထို အပြောခံရသူစော် ထိုပြောရေ ဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်ဧ့။
ဆောင်ယူလာရေ ဥစ္စာကိုစောင့်ရှောက်သူ ဆိုစော် ဆောင်ယူလာရေ ဥစ္စာကိုစောင့်ထိန်းသူတဲး။ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ ဥစ္စာကို ခိုးလိုရေ စိတ်ဟိစွာ ဖြိုက်ပြီးကေသုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
တိုင်ပင်ပြီးကေ ခိုးခြင်း ဆိုစော် (အချင်းချင်းညှိနှိုင်းပြီးကေ ခိုးခြင်းတဲး)၊ အများတိုင်ပင်ပြီးကေ တစ်ဦးက ခိုးအံ့၊ အားနူံး ပါရာဇိကအာပတ် သင့်ဧ့။
၁၁၉။ အချိန်းအချက်လုပ်ခြင်း ဆိုစော် အချိန်းအချက်လုပ်ပနာ သိစီမှုတဲး။ 'စစောမာပင်ဖြိုက်စီ၊ ညနိန်မာပင်ဖြိုက်စီ၊ ညမာပင်ဖြိုက်စီ၊ နိန့်မာပင်ဖြိုက်စီ ထိုစစောစရေ ကာလအချိန်းအချက်နန့် ထိုဥစ္စာကို ခိုးဖိ'လို့ အချိန်းအချက်လုပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုအချိန်း အချက်နန့် ထိုဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်ဧ့။ ထိုအချိန်းအချက်ဧ့ရှီးမာပင်ဖြိုက်စီ၊ နောက်မာပင်ဖြိုက်စီ ခိုးအံ့၊ မူလစီစပ်ရင်း ရဟန်းအား အာပတ်မသင့်၊ ခိုးရေ ရဟန်းအားသာ ပါရာဇိကအာပတ် သင့်ဧ့။
၁၂၀။ အမှတ်အသားလုပ်ခြင်း ဆိုစော် အမှတ်သညာ ဖြိုက်စီခြင်းငှါ အမှတ်အသား တစ်ကျိုင်ံတစ်ခုကိုလုပ်လုပ်မှုတဲး။ 'မျက်စိကိုသောလည်း မှိတ်ပြမည်၊ မျက်ခုံးကိုသောလည်း ပင့်ပြမည်၊ အဂေါင်းကိုသောလည်း ထောင်ပြမည်၊ ထိုအမှတ်အသားနန့် ထိုဥစ္စာကို ခိုးဖိ'လို့ အမှတ်အသားကို လုပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုအမှတ်အသားနန့် ထိုဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်ဧ့၊ ထိုအမှတ်အသားဧ့ ရှီးမာပင်ဖြိုက်စီ၊ နောက်မာပင်ဖြိုက်စီ ထိုဥစ္စာကို ခိုးအံ့၊ မူလစီစပ်ရင်းရဟန်းအား အာပတ် မသင့်၊ ခိုးရေ ရဟန်းအားသာ ပါရာဇိကအာပတ် သင့်ဧ့။
၁၂၁။ ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့စီစပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုရဟန်းစွာ ထိုဥစ္စာလို့ ထင်မှတ်ပြီးကေ ထိုဥစ္စာကိုပင် ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့စီစပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်ဧ့၊ ထိုရဟန်းစွာ ထိုဥစ္စာလို့ ထင်မှတ်ပြီးကေ အခြားဥစ္စာကို ခိုးအံ့၊ မူလစီစပ်ရင်း ရဟန်းအားအာပတ် မသင့်၊ ခိုးရေ ရဟန်းအားသာ ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့စီစပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်ဧ့၊ ထိုရဟန်းစွာ အခြားဥစ္စာလို့ ထင်မှတ်ပြီးကေ ထိုဥစ္စာကိုပင် ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိက အာပတ်သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့စီစပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်ဧ့၊ ထိုရဟန်းစွာ အခြားဥစ္စာလို့ ထင်မှတ်ပြီးကေ အခြားဥစ္စာကိုပင် ခိုးအံ့၊ မူလစီစပ်ရင်း ရဟန်းအားအာပတ် မသင့်၊ ခိုးရေ ရဟန်းအားသာ ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ရဟန်းအား ပြောပါလေ၊ ဒေမည်ရေ ရဟန်းကလည်း ဒေမည်ရေ ရဟန်းအား ဒေမည်ရေ ရဟန်းစွာ ဒေမည်ရေ ဥစ္စာကို ခိုးပါစီလို့ ပြောပါစီ'။ အေပိုင်စီစပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုရဟန်းစွာ ရဟန်းတစ်ပါးအား ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ခိုးရေ ရဟန်းစွာ ဝန်ခံအံ့၊ မူလစီစပ်ရင်း ရဟန်းအား ထုလ္လစ္စဥ်းသင့်ဧ့၊ ထိုရဟန်း 'ခိုးသူ' စွာ ထိုဥစ္စာကို ခိုးအံ့၊ အားနူံး 'လေးဦးလုံး' ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ရဟန်းအား ပြောပါလေ၊ ဒေမည်ရေရဟန်းကလည်း ဒေမည်ရေ ရဟန်းအား ဒေမည်ရေ ရဟန်းစွာ ဒေမည်ရေ ဥစ္စာကို ခိုးပါစီလို့ ပြောပါစီ'။ အေပိုင်စီစပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုရဟန်းစွာ အခြား 'တစ်ဆင့် ခိုင်းအပ်တေရဟန်းမှတစ်ပါး' ရဟန်းကို (တိုက်ရိုက်)စီစပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ခိုးရေ ရဟန်းစွာ ဝန်ခံအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုရဟန်းစွာ ထိုဥစ္စာကို ခိုးအံ့၊ မူလစီစပ်ရင်း ရဟန်းအား အာပတ်မသင့်၊ (တိုက်ရိုက်)စီစပ်ရေ ရဟန်းအားဖြိုက်စီ၊ ခိုးရေ ရဟန်းအားဖြိုက်စီပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့စီစပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်ဧ့၊ ထိုရဟန်းစွာ လားပြီးကေ ငါစွာ ဥစ္စာကို မခိုးနိုင်တော့လို့ တစ်ဖန်ပြန်ပြီးကေ လာဧ့၊ ထိုရဟန်းစွာ 'တတ်နိုင်ရေအခါ ထိုဥစ္စာကို ခိုးဖိ'လို့ (တစ်ဖန်ထပ်ပြီးကေ)စီစပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ ထိုရဟန်းစွာ ထိုဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့စီစပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်ဧ့၊ ထိုရဟန်းစွာ စီစပ်ပြီးနောက် နှလုံးမသာ 'စိတ်မကောင်း' သောလည်း'မခိုးကေ့ဖိ'လို့ မပြောမိ 'မကြားစီ'၊ ထိုရဟန်းစွာ ထိုဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့စီစပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်ဧ့၊ ထိုရဟန်းစွာ စီစပ်ပြီးနောက် နှလုံးမသာ 'စိတ်မကောင်း' အနိန်နန့် 'မခိုးကေ့ဖိ'လို့ ပြောဧ့'ကြာားစီဧ့'၊ ထိုရဟန်းစွာ 'သင်စွာ ငါ့ကိုစီစပ်ပြီးဖြိုက်စွာ'လို့ (ဆိုပြီးကေ) ထိုဥစ္စာကို ခိုးအံ့၊ မူလစီစပ်ရင်း ရဟန်းအား အာပတ် မသင့်၊ ခိုးရေ ရဟန်းအားသာ ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးကို 'ဒေမည်ရေ ဥစ္စာကို ခိုးဖိ'လို့စီစပ်အံ့၊ ဒုက္ကဋ် အာပတ်သင့်ဧ့၊ ထိုရဟန်းစွာ စီစပ်ပြီးနောက် နှလုံးမသာ 'စိတ်မကောင်း' အနိန်နန့် 'မခိုးကေ့ဖိ'လို့ ပြောဧ့'ကြားစီဧ့'၊ ထိုရဟန်းစွာ 'ကောင်းပါယာ'လို့ ယှောင်ကြဥ်အံ့၊ နှစ်ဦးလုံး အာပတ်မသင့်။
၁၂၂။ ငါးပါးရေ အကြောင်းအင်္ဂါရို့နန့်၆ မပီးရေ ဥစ္စာကို ခိုးယူရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့၊ သူတစ်ပါး သိမ်းဆည်းထားရေ ဥစ္စာဖြိုက်ခြင်း၊ သူတစ်ပါးသိမ်းဆည်းထားရေလို့အမှတ်ဟိခြင်း၊ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ လေးရေ အသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေစိတ်ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၂၃။ ငါးပါးရေ အကြောင်းအင်္ဂါရို့နန့် မပီးရေ ဥစ္စာကို ခိုးယူရေ ရဟန်းအား ထုလ္လစ္စဥ်း သင့်ဧ့၊ သူတစ်ပါး သိမ်းဆည်းထားရေ ဥစ္စာဖြိုက်ခြင်း၊ သူတစ်ပါး သိမ်းဆည်းထားရေလို့အမှတ်ဟိခြင်း၊ တစ်မျက်ထက်ကကောင်း ငါးပဲအောက် လဲရေ ပေါ့ရေ အသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေ စိတ် ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ဒုက္ကဋ် အာပတ်သင့်ဧ့။ နိန်ရာမှ ရွီ့စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့။
၁၂၄။ ငါးပါးရေ အကြောင်းအင်္ဂါရို့နန့် မပီးရေ ဥစ္စာကို ခိုးယူရေ ရဟန်းအား ဒုက္ကဋ် အာပတ်သင့်ဧ့၊ သူတစ်ပါးသိမ်းဆည်းထားရေ ဥစ္စာဖြိုက်ခြင်း၊ သူတစ်ပါးသိမ်းဆည်း ထားရေလို့အမှတ်ဟိခြင်း၊ တစ်မျက်-တစ်မျက်အောက် လဲရေ ပေါ့ရေ အသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေစိတ့်ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ နိန်ရာမှရွီ့စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
၁၂၅။ ခြောက်ပါးရေ အကြောင်းအင်္ဂါရို့နန့် မပီးရေ ဥစ္စာကို ခိုးယူရေ ရဟန်းအားပါရာဇိကအာပတ် သင့်ဧ့၊ မိမိဥစ္စာလို့ အမှတ်မဟိခြင်း၊ အကျွမ်းဝင်ပြီးကေ ယူစွာ မလို့တ်ခြင်း၊ အခိုက်အတန့် မလို့တ်ခြင်း၊ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ လေးရေ အသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေစိတ် ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ထုလ္လစ္စဥ်းသင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
၁၂၆။ ခြောက်ပါးရေ အကြောင်းအင်္ဂါရို့နန့် မပီးရေ ဥစ္စာကို ခိုးယူရေ ရဟန်းအားထုလ္လစ္စဥ်း သင့်ဧ့၊ မိမိဥစ္စာလို့ အမှတ်မဟိခြင်း၊ အကျွမ်းဝင်ပြီးကေ ယူစွာ မလို့တ်ခြင်း၊ အခိုက်အတန့် မလို့တ်ခြင်း၊ တစ်မျက်ထက်ကကောင်း ငါးပဲအောက် လဲရေ ပေါ့ရေအသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေ စိတ် ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ထုလ္လစ္စဥ်း သင့်ဧ့။
၁၂၇။ ခြောက်ပါးရေ အကြောင်းအင်္ဂါရို့နန့် မပီးရေ ဥစ္စာကို ခိုးယူရေ ရဟန်းအား ဒုက္ကဋ်အာပတ် သင့်ဧ့၊ မိမိဥစ္စာလို့ အမှတ်မဟိခြင်း၊ အကျွမ်းဝင်ပြီးကေ ယူစွာ မလို့တ်ခြင်း၊ အခိုက်အတန့် မလို့တ်ခြင်း၊ တစ်မျက်-တစ်မျက်အောက် လဲရေ ပေါ့ရေ အသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေစိတ် ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
၁၂၈။ ငါးပါးရေ အကြောင်းအင်္ဂါရို့နန့် မပီးရေဥစ္စာကို ခိုးယူရေ ရဟန်းအား ဒုက္ကဋ် အာပတ်သင့်ဧ့၊ သူတစ်ပါး သိမ်းဆည်းထားရေ ဥစ္စာမလို့တ်ခြင်း၊ သူတစ်ပါး သိမ်းဆည်းထားရေ ဥစ္စာလို့အမှတ်ဟိခြင်း၊ ငါးပဲ-ငါးပဲထက်ကကောင်း ထိုက်တန်ရေ လေးရေ အသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေစိတ် ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
၁၂၉။ ငါးပါးရေ အကြောင်းအင်္ဂါရို့နန့် မပီးရေ ဥစ္စာကို ခိုးယူရေ ရဟန်းအား ဒုက္ကဋ် အာပတ်သင့်ဧ့၊ သူတစ်ပါး သိမ်းဆည်းထားရေ ဥစ္စာမလို့တ်ခြင်း၊ သူတစ်ပါး သိမ်းဆည်းထားရေ ဥစ္စာလို့အမှတ်ဟိခြင်း၊ တစ်မျက်ထက်ကကောင်း ငါးပဲအောက် လဲရေ ပေါ့ရေ အသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေစိတ် ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ဒုက္ကဋ်အာပတ်သင့်ဧ့၊ နိန်ရာမှ ရွီ့စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
၁၃၀။ ငါးပါးရေ အကြောင်းအင်္ဂါရို့နန့် မပီးရေ ဥစ္စာကို ခိုးယူရေ ရဟန်းအား ဒုက္ကဋ် အာပတ်သင့်ဧ့၊ သူတစ်ပါး သိမ်းဆည်းထားရေ ဥစ္စာမလို့တ်ခြင်း၊ သူတစ်ပါး သိမ်းဆည်းထားရေ ဥစ္စာလို့အမှတ်ဟိခြင်း၊ တစ်မျက်-တစ်မျက်အောက် လဲရေ ပေါ့ရေ အသုံးအဆောင်ဖြိုက်ခြင်း၊ ခိုးလိုရေ စိတ်ဖြိုက်ပေါ်ခြင်းရို့တဲး၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ လှုပ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့၊ နိန်ရာမှရွီ့စီအံ့၊ ဒုက္ကဋ်အာပတ် သင့်ဧ့။
၁၃၁။ မိမိဥစ္စာလို့ ထင်မှတ်ရေ ရဟန်းအား အာပတ်မသင့်၊ အကျွမ်းဝင်ပြီးကေ ယူခြင်း အခိုက်အတန့်ယူခြင်းမာ အာပတ် မသင့်၊ ပြိတ္တာသိမ်းဆည်းထားရေ ဥစ္စာ တိရစ္ဆာန်သိမ်းဆည်းထားရေ ဥစ္စာမာအာပတ် မသင့်။ ပံ့သကူလို့ ထင်မှတ်ရေ ရဟန်း၊ ရူးရေ ရဟန်း၊ စိတ်ပျံ့လွင့်ရေ ရဟန်း၊ ဝေဒနာဖိစီးရေ ရဟန်း၊ အစ 'လက်ဦး' လွန်ကျူးရေ ရဟန်းအား အာပတ် မသင့်။
အဒိန္နာဒါန်အကြောင်း ပြဆိုရာအခန်း ပြီးဧ့။
၁။ မေတ် ဘုမ် ပဏ် လော၊ အသ် ပုနှော၊ ဆိုးရေ ရဟန်းခြောက်။ မေတ္တိယ၊ ဘုမ္မဇက၊ ပဏ္ဍုက၊ လောဟိတက၊ အဿဇိ၊ ပုနဗ္ဗသုကဆိုရေ ရဟန်းဆိုးခြောက်ပါးဂိုဏ်းကို ခြောက်ပါးစု 'ဆဗ္ဗဂ္ဂီ'လို့ခေါ်စွာ၊ အထက်မာ ထင်ယှားအံ့။
၂။ နွားရို့ဧ့ နိန်ရာပိုင် တည်နိန်ရာဆိုစွာ လမ်းအစီအစိုင်မဟိပဲ နွားနှစ်ကောင် သုံးကောင် အစုလိုက်နီကတ်သပိုင် နှစ်အိမ် သုံးအိမ် စုပြီးကေနိန်ရေ ရွာတဲး။
၃။ တောကို ပိုင်းခြားရန်အတွက် ရွာဥပစာကို သိက္ခာပုဒ်မာ မပါဘဲ ဖွင့်ပြတော်မူရေ
၄။ ဥပ္ပလ = ကြာစွယ်ဖြူ ကြာစွယ်နီ ကြာစွယ်ညို။
၅။ ဥစ္စာလိင်္ဂပိုးဆိုစော်ခူ တီ သန်ကောင်ရို့ဆိုပနာ ဗမာ-အိန်းဂလိချ်အဘိဓာန်ရို့မာ လာဧ့။
၆။ ဋ္ဌာနစာဝန နိန်ရာရွီ့စီခြင်းနန့်ပေါင်းပြီးကေ ငါးမျိုးဖြိုက်စွာ၊ ခြောက်မျိုးဆိုရာမာလည်း လဲတူ။
ဝိနီတဝထု ခေါင်းစိုင် မာတိကာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ခဝါဆိပ်နန့် သက်ဆိုင်ရေ ငါးဝထု။ အခင်းနန့် သက်ဆိုင်ရေ လေးဝထု။ အမှောင်နန့် သက်ဆိုင်ရေ ငါးဝထု။ ဆောင်ယူရေ ဥစ္စာနန့် သက်ဆိုင်ရေ ငါးဝထု။ ဝေါစွာရ စကားသုံးနန့် သက်ဆိုင်ရေ ငါးဝထု။ လီဗွီရို့နန့် သက်ဆိုင်ရေ အခြား နှစ်ဝထု။ မပျက်သီးရေ လူသီကောင်မာ ပံ့သကူကောက်ရေ ဝထု။ စာရီးတံမဲ လက်မှတ်ပြောင်းရေ ဝထု။ ရီချိုးခန်း 'ဇရုံးအိမ်'နန့် သက်ဆိုင်ရေ ဆယ်ဝထု။ စားကြွင်းရို့နန့် သက်ဆိုင်ရေ ငါးဝထု။ အရင်း မွီးစွာမဟိရေ ငါးဝထု။ ငတ်မွတ်ရေ အခါမာ ထမင်းအသား။ မုန့်-မုန့်ကျွဲစွား ကတွတ်မုန့်ကို ခိုးရေ ဝထု။ ပရိက္ခရာကောက်နန့်အိတ်ကို ခိုးရေ ဝထု။ ဘုံလျို 'ဖုံ' ကို ခိုးရေ ဝထု။ သင်္ကန်းတန်းမှ သင်္ကန်းကို ခိုးရေ ဝထု။ သင်္ကန်းကို ခိုးပြီးကေ ကျောင်းမှ မထွက်ဘဲနိန်ရေ ဝထု။ အကျွမ်းဝင်ပြီးကေ စားရေ ဝထု။ မိမိဥစ္စာလို့ ထင်မှတ်ပြီးကေ ယူရေ အခြားနှစ်ဝထု။ ငရို့မခိုးလို့ ဆိုရေ ခုနစ်ဝထု။ ငရို့ခိုးရေလို့ ဆိုရေ ခုနစ်ဝထု။ သံဃာဧ့ သရက်သီးအစဟိစော်ကို ခိုးရေ ခုနစ်ဝထု။ ပန်း (ခိုးခြင်း) ရို့နန့် သက်ဆိုင်ရေ နှစ်ဝထု။ မှာတိုင်းပြောရေ ရဟန်းနန့်ဆိုင်ရေ သုံးဝထု။ အကောက်လွှဲ ကင်းလွန် ပတ္တမြားနန့် သက်ဆိုင်ရေ သုံးဝထု။ ဝက် သမင် ငါးနန့် သက်ဆိုင်ရေ ဝထု။ ယာဉ်ကို လှိမ့်ပြီးကေ ခိုးရေ ဝထု။ သားတစ်နန့် သက်ဆိုင်ရေ နှစ်ဝထု။ သစ်သားနန့် သက်ဆိုင်ရေ နှစ်ဝထု။ ပံ့သကူနန့် သက်ဆိုင်ရေ နှစ်ဝထု။ ရေနန့် သက်ဆိုင်ရေ နှစ်ဝထု။ ထောပတ်ကို သုံးဆောင်ရေ ဝထု။ တိုင်ပင်ပြီးကေ ခိုးရေ ဝထု။ ငါးပဲ မပြည့်စော်ကို ခိုးရေ ဝထု။ သာဝတ္ထိမြို့မာ ဆန်တစ်လက်ဆုပ်အစဟိစော်ကို ခိုးရေ လေးဝထု။ စားကြွင်းစား နှစ်ဝထု။ မြက် နှစ်ဝထု။ သံဃာ့ဝန်ကို ဝေဖန်ခြင်းစရေ ခုနစ်ဝထု။ ပိုင်သျှင် မဟိရေ ခုနစ်ဝတ္တု။ သစ်သား ရီ မြီ မြက်ရို့နန့် သက်ဆိုင်ရေ နှစ်ဝထု။ သံဃာ့ဝန်နန့် သက်ဆိုင်ရေ ခုနစ်ဝထု။ အသျှင်ဟိရေ အိပ်ရာနိန်ရာကို တစ်ပါးသို့ မဆောင်ယူရရေဝထု။ အသျှင်ဟိရေ အိပ်ရာနိန်ရာကို အခိုက်အတန့် ဆောင်ယူရရေဝထု။ စမ္ပာနန့် ရာဇဂြိုဟ် မာ ထုလ္လနန္ဒာဝထု။ ဝေသာလီ မာ အဇ္ဇုကဝထု။ ဗာရာဏသီ မာ ပိလိန္ဒဝစ္ဆဝထု။ ကောသမ္ဗီမာ ပဏ္ဍုကနန့် ကပိလဝထု။ သာဂလမြို့ မာ ဒဠှိကဝထု။ ဒေကား ခေါင်းစိုင်မာတိကာတဲး။
ဝိနီတဝထု ဖြတ်ထုံးတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၃၂။ အယင်ခေါက်ကခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ ခဝါဆိပ်သို့ လားပြီးကေ ခဝါထုပ်ကို ခိုးကုန်ဧ့၊ ထိုရဟန်းရို့အား 'မြတ်စွာဘုရားစွာ သိက္ခာပုဒ်တော်ကို ပညတ်ပြီး ဖြစ်ဧ့၊ ငရို့စွာ ပါရာဇိကကျကက်ကုန်ယာလော'လို့ တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းအရာကို လျှောက်ထားကုန်ဧ့။ပ။ ရဟန်းရို့ သင်ရို့စွာ ပါရာဇိက ကျကက်ကုန်ယာလို့ (မိန့်တော်မူဧ့)။ (၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ခဝါဆိပ်သို့ လားပြီးကေ အဖိုးအများကြီး ထိုက်တန်ရေ အဝတ်ကိုမြင်လတ်ကေ ခိုးလိုရေ စိတ်ဖြစ်ပေါ်ဧ့၊ ထိုရဟန်းအား 'ငါစွာ ပါရာဇိက ကျယာလော'လို့ တွီးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းအရာကို လျှောက်ထားဧ့။ပ။ ရဟန်း စိတ်ဖြိုက်စော်လောက်နန့် အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၂)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ခဝါဆိပ်သို့ လားပြီးကေ အဖိုးအများကြီး ထိုက်တန်ရေ အဝတ်ကိုမြင်လတ်ကေ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ သုံးသပ်ဧ့၊ ထိုရဟန်းအား တွီးတောမူ 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ခဝါဆိပ်သို့ လားပြီးကေ အဖိုးအများကြီး ထိုက်တန်ရေ အဝတ်ကို မြင်လတ်ကေ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ လှုပ်စီဧ့၊ ထိုရဟန်းအား တွီးတောမူ 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စိုင်းအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ခဝါဆိပ်သို့ လားပြီးကေ အဖိုးအများကြီး ထိုက်တန်ရေ အဝတ်ကိုမြင်လတ်ကေ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ နိန်ရာမှ ရွီ့စီဧ့၊ ထိုရဟန်းအား တွီးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၅)
၁၃၃။ အယင်ခေါက်ကခါ ဆွမ်းခံရဟန်းတစ်ပါးစွာ အဖိုးအများကြီး ထိုက်တန်ရေ အပေါ်လွှမ်း အခင်းကိုမြင်လတ်ကေ ခိုးလိုရေ စိတ် ဖြစ်ပေါ်လာလီဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ သုံးသပ်ဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ လှုပ်စီဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ နိန်ရာမှ ရွီ့စီဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိကကျယာလို့ (မိန့်တော်မူဧ့)။ (၆-၉)
၁၃၄။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ နိန့်အခါ ဝန်ကိုမြင်ပြီးကေ 'ညဉ့်မှ ခိုးဖို့'လို့ အမှတ်အသား လုပ်ထားဧ့၊ ထိုရဟန်းစွာ ထိုဝန်လို့ ထင်မှတ်ပြီးကေ ထိုဝန်ကိုပင် ခိုးဧ့။ပ။ ထိုဝန်လို့ ထင်မှတ်ပြီးကေ အခြားဝန်ကို ခိုးဧ့။ပ။ အခြားဝန်လို့ ထင်မှတ်ပြီးကေ ထိုဝန်ကို ခိုးဧ့။ပ။ အခြားဝန်လို့ ထင်မှတ်ပြီးကေ အခြားဝန်ကိုပင် ခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၀-၁၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ နိန့်အခါ ဝန်ကိုမြင်ပြီးကေ 'ညဉ့်မှ ခိုးဖို့'လို့ အမှတ်အသားလုပ် ထားဧ့၊ ထိုရဟန်းစွာ ထိုဝန်လို့ ထင်မှတ်ပြီးကေ မိမိဝန်ကို ခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရဟန်းတစ်ပါးဧ့ ဝန်ကို ဆောင်ယူစိုင် အဂေါင်းထက်က ဝန်ကိုခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ သုံးသပ်ဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ လှုပ်စီဧ့။ပ။ ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ပက်ကုန်းသို့ ချဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ပက်ကုန်းကဝန်ကို သုံးသပ်ဧ့။ပ။ ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ လှုပ်စီဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခါးသို့ ချဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခါးကဝန်ကို သုံးသပ်ဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာ ဖြစ်ပြီးကေ လှုပ်စီဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ လက်နန့် ယူဧ့။ပ။ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ လက်ကဝန်ကို မြီမာ ချဧ့။ပ။ ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ မြီမှ ယူလေဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်းသင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၅-၂၅)
၁၃၅။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လွင်ပြင်မာ သင်္ကန်းကို ဖြန့်ပြီးကေ ကျောင်းသို့ ဝင်ဧ့၊ ရဟန်းတစ်ပါးက 'ဒေသင်္ကန်း မပျက်စီးပါစီကေ့'လို့ သိမ်းဆီးထားဧ့၊ ထို (သင်္ကန်းသျှင်) ရဟန်းထွက်လာပြီးကေ ထိုရဟန်းကို 'ငါ့သျှင် ငါဧ့ သင်္ကန်းကို မည်သခိုးရေလဲ'လို့ မီးဧ့၊ ထို (သင်္ကန်းသိမ်းဆီးထားရေ) ရဟန်းက 'ငါ ခိုးစွာ'လို့ ပြောဧ့၊ ထို (သင်္ကန်းသျှင်) ရဟန်းစွာ ထို (သင်္ကန်းသိမ်းဆီးသူ) ရဟန်းကို 'သင် ရဟန်း မဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားဧ့။
ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်စွာ စကားအလျဉ်းသင့်ရေပိုင် ပြောခြင်းမျှ (မီးရေပိုင် ဖြေခြင်းမျှ) ဖြစ်ပါရေလို့ (လျှောက်ထားဧ့)။
ရဟန်း စကားအလျဉ်းသင့်ပြီးကေ ပြောခြင်းမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၂၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အင်းပျဉ် 'ခုံရှည်' မာ သင်္ကန်းကို ချထားပြီးကေ။ပ။ အင်းပျဉ် 'ခုံရှည်' မာ နိသီဒိုင် 'နိန်ရာထိုင်အခင်း' ကို ချထားပြီးကေ။ပ။ အင်းပျဉ် 'ခုံရှည်' အောက်မာ သပိတ်ကို ချထားပြီးကေ ကျောင်းတွင်းသို့ ဝင်ဧ့၊ ရဟန်းတစ်ပါးစွာ 'ဒေသပိတ် မပျက်စီးပါစီကေ့'လို့ သိမ်းဆီးထားဧ့၊ ထို (သပိတ်သျှင်) ရဟန်းစွာ ထွက်လာပြီးကေ ထိုရဟန်းကို 'ငါ့သျှင် ငါဧ့ သပိတ်ကို မည်သူ ခိုးရေလဲ'လို့မီးဧ့၊ ထို (သိမ်းဆီးသူ) ရဟန်းက 'ငါ ခိုးစွာ'လို့ ပြန်ပြောဧ့။ ထို (သပိတ်သျှင်) ရဟန်းစွာ ထို (သပိတ်သိမ်းဆီးသူ) ရဟန်းကို 'သင် ရဟန်းမဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း စကားအလျဉ်းသင့်ပြီးကေ ပြောခြင်းမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၂၇-၂၉)
အယင်ခေါက်ကခါ ရဟန်းမိမတစ်ယောက်စွာစောင်းရန်း 'စီးရိုး' မာ သင်္ကန်းကို ဖြန့်ပြီးကေ ကျောင်းတွင်းသို့ ဝင်ဧ့၊ ရဟန်းမိမ တစ်ယောက်စွာ 'ဒေ သင်္ကန်း မပျက်စီးပါစီကေ့'လို့ သိမ်းဆီးထားဧ့၊ ထို (သင်္ကန်းသျှင်) ရဟန်းမိမစွာ ထွက်လာပြီးကေ ထိုရဟန်းမိမကို 'သျှင်မ ငါဧ့ သင်္ကန်းကိုမည်သူ ခိုးရေလဲ'လို့မီးဧ့၊ ထို (သင်္ကန်းသိမ်းဆီးသူ) ရဟန်းမိမက 'ငါ ခိုးစွာ'လို့ ပြောဧ့၊ ထို (သင်္ကန်းသျှင်) ရဟန်းမိမစွာ ထို (သင်္ကန်းသိမ်းဆီးသူ) ရဟန်းမိမကို'သျှင်မစွာ ရဟန်းမိမ မဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းမိမအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ ယင်းခါထိုရဟန်းမိမစွာ (အခြား) ရဟန်းမိမရို့အား ဒေအကြောင်းကို ပြောကြားဧ့၊ (အခြား) ရဟန်းမိမရို့စွာ ရဟန်းယောက်ျားရို့အား ဒေအကြောင်းကို ပြောကြားကက်ကုန်ဧ့၊ ရဟန်းယောကျာ်းရို့စွာ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကုန်ဧ့။ပ။ ရဟန်းရို့ စကား အလျဉ်းသင့်ပြီးကေပြောခြင်းမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၃၀)
၁၃၆။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လီဗွီတိုက်လွှင့်လာရေ အဝတ်ကိုမြင်ပြီးကေ 'ဥစ္စာသျှင်ရို့အား ပြန်ပီးမည်'လို့ ဖမ်းယူဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းကို 'အသျှင်ဘုရားစွာ ရဟန်းမဟုတ်တော့ယာ'လို့ ယိုးချကုန်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။
ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော် ခိုးလိုရေ စိတ်မဟိပါလို့ (လျှောက်ထားဧ့)။
ရဟန်း ခိုးလိုရေ စိတ်မဟိသူအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၃၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လီဗွီတိုက်လွှင့်လာရေ ခေါင်းပေါင်းကို 'ဥစ္စာသျှင်များမမြင်မီ (ယူ အံ)'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြစ်ပြီးကေ ဖမ်းယူဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းကို 'အသျှင်ဘုရားစွာ ရဟန်း မဟုတ်တော့ယာ'လို့ ယိုးချကုန်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၃၂)
၁၃၇။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သင်းချိုင်းသို့ လားပြီးကေ ကိုယ်မပျက်သီးရေ သူသီကောင်မာပံ့သကူ ကောက်ယူဧ့၊ ထိုသူသီကောင်မာလည်း ပြိတ္တာ 'ဖုတ်တစ္ဆေ' ပူးဝင်နိန်ဧ့၊ ယင်းခါ ထိုပြိတ္တာ'ဖုတ်တစ္ဆေ' စွာ ထိုရဟန်းအား 'အသျှင်ဘုရား တပည့်တော်ဧ့ အဝတ်ကို မယူပါကေ့'လို့ ပြောဧ့။
ထိုရဟန်းစွာ (ပြိတ္တာဧ့ စကားကို) မနာယူမူပြီးကေ လားဧ့၊ ယင်းခါ ထိုသူသီကောင်စွာ ထိုရဟန်းဧ့နောက်သို့ အစိုင်တစိုက် ထပြီးကေ လိုက်ဧ့၊ ယင်းခါ ထိုရဟန်းစွာ ကျောင်းသို့ ဝင်ပြီးကေ တန်းခါးကို ပိတ်ဧ့၊ ယင်းခါ ထိုလူသီကောင်စွာ ထိုနိန်ရာမာနိန်ပြီးကေ လဲကျဧ့၊ ထိုရဟန်းအား တွီးတောမူ'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ယကေသော့လည်း ရဟန်းရို့ ကိုယ်မပျက်သီးရေ လူသီကောင်မာ ပံ့သကူ မကောက်ယူအပ်၊ ကောက်ယူရေ ရဟန်းအား ဒုက္ကဋ်အာပတ်သင့်ဧ့လို့ မိန့်တော်မူဧ့။ (၃၃)
၁၃၈။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာ့သင်္ကန်းကို ဝီဖန်ရာတွင် ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ မဲလက်မှတ် 'ကမ္ပည်း' ပြောင်းပြီးကေ သင်္ကန်းကို ယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယ့ကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၃၄)
၁၃၉။ အယင်ခေါက်ကခါ အသျှင်အာနန္ဒာစွာ ရေချိုးခန်း 'ဇရုံးအိမ်' မာ ရဟန်းတစ်ပါးဧ့ သင်းပိုင်ကို မိမိသင်းပိုင် ထင်မှတ်ပြီးကေ ဝတ်ဧ့၊ ယင်းခါ ထိုရဟန်းစွာ အသျှင်အာနန္ဒာအား-
'ငါ့သျှင်အာနန္ဒာ သင်စွာ ဇာ့ကြောင့် ငါဧ့ သင်းပိုင်ကို ဝတ်ရေလဲ'လို့ (ပြောဆိုရေအခါ)
'ငါ့သျှင် ငါစွာ မိမိဥစ္စာ 'သင်းပိုင်' ထင်မှတ်ပြီးကေ ဝတ်ပါရေ'လို့ (ပြန်ပြောဧ့)။
မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကုန်ဧ့။
ရဟန်းရို့ မိမိဥစ္စာလို့ ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၃၅)
၁၄၀။ အယင်ခေါက်ကခါ အများကြီးဖြစ်တေ ရဟန်းရို့စွာ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ကက်ကေ ခြင်္သီ့စားကြွင်းကို မြင်ကက်ပြီးကေ ချက်စီပြီးကေ သုံးဆောင်ကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ကုန်ဧ့။ပ။ ရဟန်းရို့ ခြင်္သီ့ဧ့ စားကြွင်းမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၃၆)
အယင်ခေါက်ကခါ အများကြီးဖြစ်တေ ရဟန်းရို့စွာ ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ကက်ကေ ကျား စားကြွင်းကိုမြင်ကက်ပြီးကေ။ပ။ သစ်စားကြွင်းကို မြင်ကက်ပြီးကေ။ပ။ အောင်းစားကြွင်းကို မြင်ကက်ပြီးကေ။ပ။ တောခွီး စားကြွင်းကိုမြင်ကက်ပြီးကေ ချက်စီပြီးကေ သုံးဆောင်ကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယ ကုက္ကုစ္စ'ဖြိုက်ကက်ကုန်ဧ့။ပ။ ရဟန်းရို့ တိရစ္ဆာန် သိမ်းဆီးထားရေ ဥစ္စာမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၃၇-၄၀)
၁၄၁။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာ့ဆွမ်းကို ဝီဖန်ရာမှာ 'အခြားရဟန်းအတွက်ပီးပါ'လို့ အခြီအမြစ်မဟိဘဲ လိမ်လည်ပြီးကေ တောင်းယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ့'ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သိပနာ မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ်သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာ့ခဲဖွယ်ကို ဝေဖန်ရာတွင်။ပ။ သံဃာ့မုန့်ကို ဝေဖန်ရာ တွင်။ပ။ သံဃာ့ကြံကို ဝေဖန်ရာတွင်။ပ။ သံဃာ့တည်သီးကို ဝေဖန်ရာတွင် 'အခြားရဟန်းအတွက် ပီးပါ'လို့အခြီအမြစ်မဟိဘဲ 'လိမ်လည်ပြီးကေ' တောင်းယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သိပနာ မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၂-၄၅)
၁၄၂။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အစားအစာ ယှားပါးရေအခါမာ ထမင်းချက်အိမ်သို့ဝင်ပြီးကေ သပိတ်နန့်အပြည့် ထမင်းကို ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခိုးယူဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၄၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အစားအစာ ယှားပါးရေ အခါမာ အမဲချက်ရေ အိမ်သို့ဝင်ပြီးကေ သပိတ်နန့်အပြည့် အမဲသားကို ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခိုးလီဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၄၇)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အစားအစာ ယှားပါးရေ အခါမာ မုန့်ဖိုသို့ ဝင်ပြီးကေ သပိတ်နန့်အပြည့် မုန့်ကို ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခိုးယူဧ့။ပ။ သပိတ်နန့်အပြည့် မုန့်ကျွဲစွားတိကို ခိုးလိုရေ စိတ်ဟိစွာ ဖြစ်ပြီးကေ ခိုးယူဧ့။ပ။ သပိတ်နန့်အပြည့် ကတွတ်မုန့်တိကို ခိုးလိုရေစိတ်ဟိစွာ ဖြစ်ပြီးကေ ခိုးယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း သင်စွာပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၄၈-၅၀)
၁၄၃။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ နိန့်မာ ပရိက္ခရာကောက် 'အသုံးအဆောင်' ကိုမြင်ပြီးကေ 'ညဉ့်မာ ခိုးဖို့'လို့ အမှတ်အသား လုပ်ထားဧ့၊ ထိုရဟန်းစွာ ထိုပရိက္ခရာကောက်လို့ ထင်မှတ်ပြီးကေ ထိုပရိက္ခရာကောက်ကိုပင်ခိုးယူဧ့။ပ။ ထိုပရိက္ခရာကောက်လို့ ထင်မှတ်ပြီးကေ အခြားပရိက္ခာရာကို ခိုးယူဧ့။ပ။ အခြားပရိက္ခရာကောက်လို့ ထင်မှတ်ပြီးကေ ထိုပရိက္ခရာကောက်ကို ခိုးယူဧ့။ပ။ အခြားပရိက္ခရာကောက်လို့ ထင်မှတ်ပြီးကေ အခြားပရိက္ခရာကောက်ကိုပင် ခိုးယူဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၅၁-၅၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ နိန့်မာ ပရိက္ခရာကောက်ကိုမြင်ပြီးကေ 'ညဉ့်မာ ခိုးဖို့'လို့ အမှတ်အသားလုပ်ထားဧ့၊ ထိုရဟန်းစွာ ထိုပရိက္ခရာကောက်လို့ ထင်မှတ်ပြီးကေ မိမိပရိက္ခရာကောက်ကို ခိုးလေဧ့၊ ၊ ထိုရဟန်းအားတွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၅၅)
၁၄၄။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အင်းပျဉ် 'ခုံရှည်' မာ ဟိရေ အိတ်ကိုမြင်ပြီးကေ 'ဒေအင်းပျဉ်'ခုံရှည်' မှ ယူကေ ပါရာဇိက ကျလီဖို့'လို့ အင်းပျဉ် 'ခုံရှည်'နန့်တကွ ပြောင်းရွှေ့ ပြီးကေ ယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၅၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာ့ဘုံလျို 'ဖုံ' ကို ခိုးလိုရေစိတ်ဟိစွာ ဖြစ်ပြီးကေ ခိုးယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၅၇)
၁၄၅။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သင်္ကန်းတန်းမာ ဟိရေ သင်္ကန်းကို ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခိုးယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၅၈)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကျောင်းမာ ဟိရေ သင်္ကန်းကို ခိုးပြီးကေ 'ဒေ (ကျောင်း) မှ ထွက်လားပါက ပါရာဇိက ကျလီဖို့'လို့ (အောက်မေ့ပြီးကေ) ကျောင်းမှ မထွက်ဘဲ နိန်ဧ့။ပ။ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့၊ ရဟန်းရို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီး ဖြိုက်ရေယောက်ျားစွာ ထွက်လားစွာဖြိုက်စီ၊ မထွက်ဘဲ နိန်ရေဖြိုက်စီ ပါရာဇိကအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၅၉)
၁၄၆။ အယင်ခေါက်ကခါ ရဟန်းနှစ်ပါးရို့စွာ သူငယ်ချင်း ဖြိုက်ကက်ကုန်ဧ့၊ ရဟန်းတစ်ပါး ဆွမ်းခံဝင်ခိုက် အဖာ်ရဟန်းစွာ သံဃာ့ခဲဖွယ်ကို ဝေဖန်ရာတွင် သူငယ်ချင်းရဟန်းဧ့ အစု 'ဝေပုံကျ' ကို ယူပြီးကေထို (သူငယ်ချင်း) ရဟန်းနန့် အကျွမ်းဝင်ပြီးကေ သုံးဆောင်ဧ့၊ ထို (ဆွမ်းခံ) ရဟန်းစွာ သိပြီးကေ ထို (သုံးဆောင်ရေ) ရဟန်းကို 'သင် ရဟန်း မဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။
ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်စွာ (ခိုးလိုရေစိတ်မဟိပါ)၊ အကျွမ်းဝင်ပြီးကေ ယူခြင်းဖြစ်ပါရေလို့ (လျှောက်ထားဧ့)။
ရဟန်း အကျွမ်းဝင်ပြီးကေ ယူခြင်းမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၆၀)
၁၄၇။ အယင်ခေါက်ကခါ အများကြီးဖြစ်တေ ရဟန်းရို့စွာ သင်္ကန်းချုပ်မှုကို လုပ်ကုန်ဧ့၊ သံဃာအား ခဲဖွယ်ကိုဝေဖန်စွာဟိကေ ရဟန်းအားနူံးအတွက် ဝီစုကို ယူဆောင်ပြီးကေ ထားကုန်ဧ့၊ ရဟန်းတစ်ပါး စွာရဟန်းတစ်ပါးအတွက် ဝီစုကို မိမိအတွက် ထင်မှတ်ပြီးကေ သုံးဆောင်ဧ့၊ ထိုရဟန်းစွာ သိပြီးကေထို (သုံးဆောင်ရေ) ရဟန်းကို 'သင် ရဟန်းမဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။
ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်စွာ (ခိုးလိုရေစိတ်မဟိပါ)၊ မိမိဥစ္စာလို့ ထင်မှတ်ပါရေလို့ (လျှောက့်ထားဧ့)။
ရဟန်း မိမိဥစ္စာလို့ ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၆၁)
အယင်ခေါက်ကခါ အများကြီးဖြစ်တေ ရဟန်းရို့စွာ သင်္ကန်းချုပ်မှုကို ပြုလုပ်ကက်ကုန်ဧ့၊ သံဃာအားခဲဖွယ်ကို ဝေဖန်စွာဟိကေ ရဟန်းတစ်ပါးဧ့ သပိတ်နန့် ရဟန်းတစ်ပါးအတွက် ဝီစုကို ယူဆောင်ပြီးကေထားဧ့၊ သပိတ်သျှင် ရဟန်းစွာ မိမိဥစ္စာလို့ ထင်မှတ်ပြီးကေ သုံးဆောင်ဧ့၊ ထို (ဝန်သျှင်) ရဟန်းစွာ သိပြီးကေ ထို (သပိတ်သျှင်) ရဟန်းကို 'သင် ရဟန်းမဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း မိမိဥစ္စာလို့ ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၆၂)
၁၄၈။ အယင်ခေါက်ကခါ သရက်သီးသခိုးရို့စွာ သရက်သီးကို ခွီချပြီး သရက်သီးထုပ်ကို ယူဆောင်ပြီးကေလားကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုသခိုးတိကို လိုက်ကတ်ရာ သခိုးရို့စွာ ဥစ္စာသျှင်ကိုမြင်ပြီးကေ အထုပ်ကိုချပြီးကေ ဗြီးကုန်ဧ့၊ ရဟန်းရို့စွာ ပံ့သကူလို့ ထင်မှတ်ပြီးကေ အကပ်ခံပြီး သုံးဆောင်ကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာထိုရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာ ရဟန်း မဟုတ်ကက်တော့ယာ'လို့ ယိုးချ ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယက္ကုစ္စ' ဖြစ်ဧ့။ပ။ မြတ်စွာဘုရားအား ဒေအကြောင်းကိုလျှောက်ထားကက်ကုန်ဧ့။
ရဟန်းရို့ သင်ရို့စွာ ဇာစိတ်ဟိကုန်ကက်ရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်ရို့စော် (ခိုးလိုရေစိတ်မဟိကတ်ပါ)၊ ပံ့သကူလို့ ထင်မှတ်ကတ်ပါရေလို့ (လျှောက်ထားကုန်ဧ့)။
ရဟန်းရို့ ပံ့သကူလို့ ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၆၃)
အယင်ခေါက်ကခါ သပြီသီး သခိုးရို့စွာ။ပ။ တောင်ပိန္နဲသီး သခိုးရို့စွာ။ပ။ ပိန္နဲသီး သခိုးရို့စွာ။ပ။ ထန်းသီး သခိုးရို့စွာ။ပ။ ကြံသခိုးရို့စွာ။ပ။ တည်သီး သခိုးရို့စွာ တည်သီးကို ဆွတ်ခူးပြီးကေ တည်သီးထုပ်ကို ယူပနာ လားကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုသခိုးတိကို လိုက်ကတ်ရာ သခိုးရို့စွာဥစ္စာသျှင်တိကိုမြင်ပြီးကေ အထုပ်ကို ချပြီးကေ ဗြီးကုန်ဧ့၊ ရဟန်းရို့စွာ ပံ့သကူလို့ ထင်မှတ်ကက်ပြီးကေ အကပ်ခံပြီးသုံးဆောင်ကက်ကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာ ရဟန်း မဟုတ်ကက်တော့ယာ'လို့ ယိုးချကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကေုန်ဧ့။ပ။ ရဟန်းရို့ပံ့သကူလို့ ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၆၄-၆၉)
အယင်ခေါက်ကခါ သရက်သီးသခိုးရို့စွာ သရက်သီးကို ချွေချပြီး သရက်သီးထုတ်ကို ယူပြီးကေ လားကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုသခိုးတိကို လိုက်ကတ်ရာ သခိုးရို့စွာ ဥစ္စာသျှင်တိကိုမြင်ပြီးကေ အထုပ်ကိုပစ်ချပြီးကေ ဗြီးကုန်ဧ့၊ ရဟန်းရို့စွာ 'ဥစ္စာသျှင်တိ မမြင်ခင် (သုံးဆောင်အံ့)'လို့ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ သုံးဆောင်ကက်ကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းရို့ကို 'သင် (အသျှင်ဘုရားရို့စွာ) ရဟန်းမဟုတ်ကက်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်းရို့ သင်ရို့စွာ ပါရာဇိက ကျကက်ကုန်ယာလို့ (မိန့်တော်မူဧ့)။ (၇၀)
အယင်ခေါက်ကခါ သပြီသီးသခိုးရို့စွာ။ပ။ တောင်ပိန္နဲသီးသခိုးရို့စွာ။ပ။ ပိန္နဲသီးသခိုးရို့စွာ။ပ။ ထန်းသီးမှည့်သခိုးရို့စွာ။ပ။ ကြံသခိုးရို့စွာ။ပ။ တည်သီးသခိုးရို့စွာ တည်သီးတိကို ဆွတ်ခူးပြီးကေ တည်သီးထုပ်ကို ယူပြီးကေ ဗြီးကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုသခိုးတိကို လိုက်ကတ်ရာ သခိုးရို့စွာဥစ္စာသျှင်တိကိုမြင်ပြီးကေ အထုပ်ကို ပစ်ချပြီးကေ ဗြီးကုန်ဧ့၊ ရဟန်းရို့စွာ 'ဥစ္စာသျှင်တိ မမြင်ခင် (သုံးဆောင်အံ့)'လို့ ခိုးလိုရေ စိတ်ဟိစွာ ဖြစ်ပြီးကေ သုံးဆောင်ကက်ကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာ ရဟန်း မဟုတ်ကက်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွေး တောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်းရို့ သင်ရို့စွာ ပါရာဇိက ကျကက်ကုန်ယာလို့ (မိန့်တော်မူဧ့)။ (၇၁-၇၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာ့သရက်သီးကို ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့။ပ။ သံဃာ့သပြီသီးကို။ပ။ သံဃာ့တောင်ပိန္နဲသီးကို။ပ။ သံဃာ့ပိန္နဲသီးကို။ပ။ သံဃာ့ထန်းသီးမှည့်ကို။ပ။ သံဃာ့ကြံကို။ပ။ သံဃာ့တည်သီးကို ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၇၇-၈၃)
၁၄၉။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ပန်းဟင်းခင်းသို့ လားပြီးကေ ဆွတ်ခူးပြီးရေ ငါးပဲတန် ပန်းကိုခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ ။ပ။ ရဟန်းသင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၈၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ပန်းဟင်းခင်းသို့ လားပြီးကေ ငါးပဲတန်ပန်းကို ဆွတ်ခူးပြီးကေ ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ ။ပ။ ရဟန်း သင်စွာပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၈၅)
၁၅၀။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရွာငယ်တစ်ခုသို့ လားရာ အခြားရဟန်းတစ်ပါးကို 'ငါ့သျှင်သင်ဧ့ အလုပ်အကျွေး အမျိုး 'ဒါယကာ' ကို (သင်) မှာတိုင်း ငါပြောဖို့'လို့ ဆိုဧ့၊ ထိုရဟန်း စွာလားပြီးကေ အဝတ်တစ်လုံးကို ဆောင်ယူစီပြီးကေ မိမိစွာ သုံးဆောင်ဧ့၊ ထို (မှာရေ) ရဟန်းစွာ သိပြီးကေ ထို (အဝတ်သုံးစွဲရေ) ရဟန်းကို 'သင် ရဟန်း မဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအားတွီးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ယကေလည်းရေလည်း ရဟန်းရို့'(သင်) မှာတိုင်း ပြောဖို့'လို့ မဆိုရ၊ ဆိုရေ ရဟန်းအား ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၈၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရွာငယ်တစ်ခုသို့ လားရာ ရဟန်းတစ်ပါးစွာ ထို (လားရေ) ရဟန်းကို 'ငါ့သျှင် ငါဧ့ အလုပ်အကျွေးအမျိုး 'ဒါယကာ' ကို ငါမှာတိုင်း ပြောလိုက်ပါ'လို့ ဆိုဧ့၊ ထိုရဟန်းစွာ လားပြီးကေ အဝတ်တစ်စုံကို ယူဆောင်စီပြီးကေ တစ်လုံးကို မိမိ သုံးဆောင်ဧ့၊ တစ်လုံးကို ထို (မှာလိုက်ရေ) ရဟန်းအား ပီးဧ့၊ ထို (မှာရေ) ရဟန်းစွာ သိပြီးကေ ထို (သုံးဆောင်ရေ) ရဟန်းကို 'သင် ရဟန်းမဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ယကေလည်းရေလည်း ရဟန်းရို့ '(ငါ) မှာတိုင်း ပြောလိုက်ပါ လို့မဆိုရ၊ ဆိုရေ ရဟန်းအား ဒုက္ကဋ်အာပတ် သင့်ဧ့'လို့ (မိန့်တော်မူဧ့)။ (၈၇)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရွာငယ်တစ်ခုသို့ လားရာ ရဟန်းတစ်ပါးကို 'ငါ့သျှင် သင်ဧ့အလုပ်အကျွေးအမျိုး 'ဒါယကာ' ကို (သင်) မှာတိုင်း ပြောဖို့'လို့ ဆိုဧ့၊ ထိုရဟန်းကလည်း '(ငါ) မှာတိုင်း ပြောလိုက်ပါ'လို့ ဆိုဧ့၊ ထိုရဟန်းစွာ လားပြီးကေ ထောပတ်တစ်ကွမ်းစား တင်လဲတစ်ချိန် ဆန်တစ်စိတ်ကို ဆောင်ယူစီပြီးကေ မိမိကိုယ်တိုင် သုံးဆောင်ဧ့၊ ထို (မှာရေ) ရဟန်းစွာ သိပြီးကေ ထိုရဟန်းကို'သင် ရဟန်းမဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ယကေလည်းရေလည်း ရဟန်းရို့ '(သင်) မှာတိုင်း ပြောဖို့'လို့ မဆိုရ၊ '(ငါ) မှာတိုင်း ပြောလိုက်ပါ'လို့လည်း မဆိုရ၊ ဆိုရေ ရဟန်းအား ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၈၈)
၁၅၁။ အယင်ခေါက်ကခါ ယောက်ျားတစ်ယောက်စွာ အဖိုးအများကြီးထိုက်တန်ရေ ပတ္တမြားကို ယူပြီးကေရဟန်းတစ်ပါးနန့်အတူ ရှည်ရေခရီးကို လားဧ့၊ ထိုယောက်ျားစွာ ကင်းထားရာအရပ် 'အကောက်ဌာန'ကို မြင်လတ်ကေ ထိုရဟန်း မသိခိုက် ဒက်အိပ်မာ ပတ္တမြားကို ထည့်ပြီးကေကင်းထားရာ အရပ် 'အကောက် ဌာန' ကို ကျော်လွန်ရေအခါ ပြန်ယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။
ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော် မသိပါလို့ (လျှောက်ထားဧ့)။
ရဟန်း မသိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၈၉)
အယင်ခေါက်ကခါ ယောက်ျားတစ်ယောက်စွာ အဖိုးအများကြီးထိုက်တန်ရေ ပတ္တမြားကို ယူပြီးကေ ရဟန်းတစ်ပါးနန့်အတူ ရှည်ရေခရီးကို လားဧ့၊ ထိုယောက်ျားစွာ ကင်းထားရာအရပ် 'အကောက်ဌာန' ကိုမြင်လတ်ကေ လူမမာယောင်ဆောင်ပြီးကေ မိမိဧ့ အထုပ်ကို ထိုရဟန်းအား ပီးဧ့၊ ယပြီးနောက်ထိုယောက်ျားစွာ ကင်းထားရာ အရပ် 'အကောက်ဌာန' ကို ကျော်လွန်ရေ အခါ ထိုရဟန်းအား-
အသျှင်ဘုရား တပည့်တော်ဧ့ အထုပ်ကို ယူခပါ 'ပြန်ပီးပါ'၊ တပည့်တော် မကျန်းမာသူ မဟုတ် ပါလို့ပြောဆိုဧ့။
ဒါယကာ ဇာ့ကြောင့် သင်စွာ ဒေပိုင် လုပ်ဘိရေလဲလို့ (မီးဧ့)
ယင်းခါ ထိုယောက်ျားစွာ ထိုရဟန်းအား ဒေအကြောင်းကို ပြန်ပြောဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။
ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော် မသိပါလို့ (လျှောက်ထားဧ့)။
ရဟန်း မသိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၉၀)
၁၅၂။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကုန်စွာနန့်အတူ ရှည်ရေ ခရီးကို လားဧ့၊ ယောက်ျားတစ်ယောက်စွာ ထိုရဟန်းကို ဝန် 'အာမိသ' နန့် ဖြားယောင်းသွီးဆောင်ပြီးကေ ကင်းထားရာအရပ် 'အကောက်ဌာန'ကို မြင်လတ်ကေ အဖိုးအများကြီးထိုက်တန်ရေ ပတ္တမြားကို 'အသျှင်ဘုရား ဒေပတ္တမြားကို ကင်းထားရာအရပ် 'အကောက်ဌာန' ကို လွန်မြောက်ပါစီ'လို့ ဆိုပြီးကေထိုရဟန်းအား ပီးဧ့၊ ထိုရဟန်းစွာ ထိုပတ္တမြားကို ကင်းထားရာအရပ် 'အကောက်ဌာန' ကိုလွန်မြောက်စီဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာပါရာဇိက ကျယာလို့ (မိန့် တော်မူပြီးကေ)။ (၉၁)
၁၅၃။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကျော့ကွင်းမာ မိနိန်ရေ ဝက်ကို သနားအနိန်နန့် လွှတ်လိုက်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။
ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်စွာ သနားခြင်းကို အလိုဟိပါရေလို့ (လျှောက်ထားဧ့)။
ရဟန်း သနားခြင်းကို အလိုဟိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၉၂)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကျော့ကွင်းမာ မိနိန်ရေ ဝက်ကို 'ဥစ္စာသျှင်များ မမြင်မီ (လွှတ်အံ့)'လို့ ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ လွှတ်လိုက်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၉၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကျော့ကွင်းမာ မိနိန်ရေ သမင်ကို သနားအနိန်နန့် လွှတ် လိုက်ဧ့။ပ။
ကျော့ကွင်းမာ မိနိန်ရေ သမင်ကို 'ဥစ္စာသျှင်များ မမြင်မီ (လွှတ်အံ့)'လို့ ခိုးလိုရေစိတ်ဟိစွာ ဖြစ်ပြီးကေလွှတ်လိုက်ဧ့။
မြှုံးမာ မိနီကတ်ရေ ငါးတိကို သနားအနိန်နန့် လွှတ်လိုက်ဧ့။ပ။
မြှုံးမာ မိနီကတ်ရေ ငါးတိကို 'ဥစ္စာသျှင်များ မမြင်မီ (လွှတ်အံ့)'လို့ ခိုးလိုရေစိတ်ဟိစွာ ဖြစ်ပြီးကေလွှတ်လိုက်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိကကျယာလို့ (မိန့်တော်မူဧ့)။ (၉၄-၉၇)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ယာဉ်ပေါ်မာ ဥစ္စာကိုမြင်ပြီးကေ 'ဒေယာဉ်မှ ယူကေ ပါရာဇိကကျလီဖို့'လို့ ကျော်လွန်ပြီးကေ လှိမ့်ပြီး ယူဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၉၈)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ စွန်ရဲချီပြီးကေ ပစ်ချရေ သားတစ်ကို 'ဥစ္စာသျှင်တိအား (ပြန်) ပီးမည်'လို့ ကောက်ယူဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းကို 'သင် (အသျှင်ဘုရား) စွာ ရဟန်းမဟုတ်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်းခိုးလိုရေစိတ်မဟိရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၉၉)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ စွန်ရဲချီပြီးကေ ပစ်ချရေ သားတစ်ကို 'ဥစ္စာသျှင်များ မမြင်မီ (ကောက်ယူအံ့)'လို့ ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ကောက်ယူဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းကို 'သင် (အသျှင်ဘုရား) စွာ ရဟန်း မဟုတ်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၀၀)
၁၅၄။ အယင်ခေါက်ကခါ လူရို့စွာ ဖောင်ဖွိ့ပြီးကေ အစိရဝတီမြစ်မာ မျှောကုန်ဧ့၊ ဖောင်ဖွိ့ ကြိုးပြတ်ပြီးကေ သစ်တိ ဖောလီဖောလော မျောကုန်ရာ ရဟန်းရို့စွာ ပံ့သကူလို့ ထင်မှတ်ကက်ပြီးကေ ဆယ်ယူထားကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာ ရဟန်း မဟုတ်ကက်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ကုန်ဧ့။ပ။ ရဟန်းရို့ ပံ့သကူလို့ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၀၁)
အယင်ခေါက်ကခါ လူရို့စွာ ဖောင်ဖွိ့ပြီးကေ အစိရဝတီမြစ်မာ မျှောကုန်ဧ့၊ ဖောင်ဖွိ့ကြိုးပြတ်ပြီးကေ သစ်တိ ဖောလီဖောလောမျောကုန်ရာ ရဟန်းရို့စွာ 'ဥစ္စာသျှင်တိ မမြင်ခင် (ဆယ်ယူကုန်အံ့)'လို့ ခိုးလိုရေ စိတ်ဟိကက်ပြီးကေဆယ်ယူထားကက်ကုန်ဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာရဟန်း မဟုတ်ကက်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ကုန်ဧ့။ပ။ ရဟန်းရို့ သင်ရို့စွာ ပါရာဇိက ကျကက်ကုန်ယာလို့ (မိန့်တော်မူဧ့)။ (၁၀၂)
အယင်ခေါက်ကခါ နွားစာသင်သားတစ်ယောက်စွာ သစ်ပင်မာ အဝတ်ကို ဆွဲချိတ်ပြီးကေ ကျင်ကြီးစွန့်ရန်လားဧ့၊ ရဟန်းတစ်ပါးစွာ ပံ့သကူလို့ ထင်မှတ်ပြီးကေ ကောက်ယူလေရာ ထိုနွားစာသင်သားစွာ ထိုရဟန်းကို 'သင် (အသျှင်ဘုရား) စွာ ရဟန်း မဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပံ့သကူလို့ ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၀၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မြစ်ကို ဖြတ်ကူးစိုင် လက်ပန်ဗွတ်ရို့ဧ့ လက်မှ လွတ်လာရေအဝတ်စွာ ခြေမာ ကပ်ငြိဧ့၊ ထိုရဟန်းစွာ 'ဥစ္စာသျှင်ရို့အား (ပြန်) ပီးဖို့'လို့ ယူဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းကို 'သင် (အသျှင်ဘုရား) စွာ ရဟန်း မဟုတ်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ခိုးလိုရေစိတ်မဟိရေ ရဟန်းအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့၊)။ (၁၀၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မြစ်ကို ဖြတ်ကူးစိုင် လက်ပန်ဗွတ်ရို့ဧ့ လက်မှ လွတ်လာရေအဝတ်စွာ ခြေမာ ကပ်ငြိဧ့၊ ထိုရဟန်းစွာ 'ဥစ္စာသျှင်ရို့ မမြင်ခင် (ယူအံ့)'လို့ ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ယူဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းကို 'သင် (အသျှင်ဘုရား) စွာ ရဟန်း မဟုတ်တော့ယာ'လို့ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိကကျယာလို့ (မိန့်တော်မူဧ့)။ (၁၀၅)
၁၅၅။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ထောပတ်အိုးကို တွိ့မြင်ပြီးကေ တဖဲ့ချေ တဖဲ့ချေသုံးဆောင်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ်မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၀၆)
အယင်ခေါက်ကခါ အများကြီးဖြစ်တေ ရဟန်းရို့စွာ 'ဥစ္စာကို ခိုးကက်အံ့'လို့ တိုင်ပင်ပြီးကေ လားကတ်ပနာ ရဟန်းတစ်ပါးစွာ ဥစ္စာကို ခိုးဧ့၊ ထိုရဟန်းရို့စွာ 'ငရို့ 'အားနူံး' ပါရာဇိက မကျကုန်၊ ခိုးရေရဟန်းသာ ပါရာဇိက ကျဧ့'လို့ ပြောဆိုကုန်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့။ပ။ ရဟန်းရို့ သင်ရို့ 'အားနူံး' စွာ ပါရာဇိက ကျကက်ကုန်ယာလို့ (မိန့်တော်မူဧ့)။ (၁၀၇)
အယင်ခေါက်ကခါ အများကြီးဖြစ်တေ ရဟန်းရို့စွာ တိုင်ပင်ပြီးကေ ဥစ္စာကို ခိုးကတ်ရားနောက် ဝီစုခွဲကတ်ရာ တစ်ပါးတစ်ပါးအတွက် ဝီစုစွာ ငါးပဲ မပြည့်ချေ၊ ထိုရဟန်းရို့စွာ 'ငရို့ ပါရာဇိက မကျကုန်'လို့ပြောဆိုကက်ကုန်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့။ပ။ ရဟန်းရို့ သင်ရို့စွာ ပါရာဇိက ကျကက်ကုန်ယာလို့ (မိန့်တော်မူဧ့)။ (၁၀၈)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သာဝတ္ထိပြည်မာ အစားအစာ ယှားပါးရေအခါ အိမ်စျီးသည် 'အိမ်ဆိုင်သျှင်'ဧ့ ဆန်တစ်ဆုပ်ကို ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့၊ ထိုရဟန်းအား တွီးတောမူ'သံသယ ကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၀၉)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သာဝတ္ထိပြည်မာ အစားအစာ ယှားပါးရေအခါ အိမ်ဈီးသည်ဧ့ ပဲနောက်တစ်ဆုပ်ကို။ပ။ ပဲကြီးတစ်ဆုပ်ကို။ပ။ နှမ်းတစ်ဆုပ်ကို ခိုးလိုရေ စိတ်ဟိစွာ ဖြစ်ပြီးကေ ခိုးဧ့၊ ထိုရဟန်းအား တွီးတောမူ 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၁၀-၁၁၂)
အယင်ခေါက်ကခါ သာဝတ္ထိပြည် အန္ဓဝန်တောမာ သခိုးရို့စွာ နွားကို သတ်ပြီးကေ အမဲသားကို စားကတ်ရားကေ အကြွင်းကို သိုမှီးသိမ်းဆီးပြီးကေ လားကုန်ဧ့၊ ရဟန်းရို့စွာ ပံ့သကူလို့ ထင်မှတ်ကက်အနိန်နန့်အကပ်ခံစီပြီးကေ သုံးဆောင်ကက်ကုန်ဧ့၊ သခိုးရို့စွာ ထိုရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာရဟန်း မဟုတ်ကက်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ကုန်ဧ့။ပ။ ရဟန်းရို့ ပံ့သကူလို့ ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၁၃)
အယင်ခေါက်ကခါ သာဝတ္ထိပြည် အန္ဓဝန်တောမာ သခိုးရို့စွာ ဝက်ကို သတ်ပြီးကေ ဝက်သားကို စားကတ်ရားကေ အကြွင်းကို သိုမှီးသိမ်းဆီးပြီးကေ လားကုန်ဧ့၊ ရဟန်းရို့စွာ ပံ့သကူလို့ ထင်မှတ်အနိန်နန့်အကပ်ခံစီပြီးကေ သုံးဆောင်ကက်ကုန်ဧ့၊ သခိုးရို့စွာ ထိုရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာရဟန်းမဟုတ်ကက်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ကုန်ဧ့။ပ။ ရဟန်းရို့ ပံ့သကူလို့ ထင်မှတ်ရေ ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၁၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မြက်ခင်းသို့ လားပြီးကေ ရိတ်ပြီးဖြိုက်ရေ ငါးပဲတန်မြက်ကို ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၁၅)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မြက်ခင်းသို့ လားပြီးကေ ငါးပဲတန်မြက်ကို ရိတ်ပြီးကေ ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့။ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မှုဧ့)။ (၁၁၆)
၁၅၆။ အယင်ခေါက်ကခါ အာဂန္တုရဟန်းရို့စွာ သံဃာဧ့ သရက်သီးကို ဝီခြမ်းစီပြီးကေ သုံးဆောင်ကက်ကုန်ဧ့၊ ကျောင်းနိန်ရဟန်းရို့က ထိုရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာ ရဟန်း မဟုတ်ကက်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ကုန်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကုန်ဧ့။
ရဟန်းရို့ သင်ရို့စွာ ဇာစိတ်ဟိကုန်ရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်ရို့စွာ သုံးဆောင်လိုရေ စိတ်ဟိကတ်ပါရေလို့ (လျှောက်ထား ကုန်ဧ့)။
ရဟန်းရို့ သုံးဆောင်ရန် အတွက်ဖြစ်ကေ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၁၇)
အယင်ခေါက်ကခါ အာဂန္တုရဟန်းရို့စွာ သံဃာဧ့ သပြီသီးကို။ပ။ သံဃာဧ့ တောင်ပိန္နဲသီးကို။ပ။ သံဃာဧ့ ပိန္နဲသီးကို။ပ။ သံဃာဧ့ ထန်းသီးမှည့်ကို။ပ။ သံဃာဧ့။ ကံကို။ပ။ သံဃာဧ့ တည်သီးကိုဝီခြမ်းစီပြီးကေ သုံးဆောင်ကက်ကုန်ဧ့။ ကျောင်းနိန်ရဟန်းရို့က ထို (အာဂန္တု) ရဟန်းတိကို 'သင် (အသျှင်ဘုရား) ရို့စွာ ရဟန်း မဟုတ်ကက်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းရို့အား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ကုန်ဧ့။ပ။ ရဟန်းရို့ သုံးဆောင်ရန်အတွက်ဖြစ်ကေ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၁၈-၁၂၃)
အယင်ခေါက်ကခါ သရက်ပင်စောင့်ရို့စွာ ရဟန်းရို့အား သရက်သီးကို လှူကုန်ဧ့၊ ရဟန်း ရို့စွာ'ဒေသူရို့ကားစောင့်ရှောက်ခွင့်ရာ ဟိကုန်ဧ့။ ပီးလှူခွင့်မဟိကုန်'လို့ တွီးတောမှု 'သံသယ ကုက္ကုစ္စ'ဖြိုက်ကက်ပနာ အလှူမခံကက်ကုန်၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့၊ ရဟန်းရို့စောင့်ရှောက်သူ လှူရာမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၂၄)
အယင်ခေါက်ကခါ သပြီပင်စောင့်ရို့စွာ။ပ။ တောင်ပိန္နဲပင်စောင့်ရို့စွာ။ပ။ ပိန္နဲပင်စောင့်ရို့စွာ။ပ။ ထန်းသီးမှည့်စောင့်ရို့စွာ။ပ။ ကြံခင်းစောင့်ရို့စွာ။ပ။ တည်ပင်စောင့်ရို့စွာ တည်သီးကိုလှူကက်ကုန်ဧ့၊ ရဟန်းရို့စွာ 'ဒေသူရို့ကားစောင့်ရှောက်ခွင့်သာဟိကုန်ဧ့၊ ပီးလှူခွင့် မဟိကုန်'လို့တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ရရားကေး အလှူမခံကက်ကုန်၊ မြတ်စွာဘုရားအား ဒေအကြောင်းကိုလျှောက်ထားကက်ကုန်ဧ့၊ ရဟန်းရို့စောင့်ရှောက်သူ လှူရာမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၂၅ -၁၃၀)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာဧ့ သစ်ကို အခိုက်အတန့်ဆောင်ယူပြီးကေ မိမိကျောင်းနံရံကိုထောက်ခံ 'ကျားကန်'ဧ့၊ ရဟန်းရို့စွာ ထိုရဟန်းကို 'သင်စွာ ရဟန်း မဟုတ်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းအရာကိုလျှောက်ထားဧ့။
ရဟန်း သင်စွာ ဇာစိတ်ဟိရေလဲလို့ (မီးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်စွာ အခိုက်အတန့်ယူခြင်းဖြစ်ပါရေလို့ (လျှောက်ထားဧ့)။
ရဟန်း အခိုက်အတန့်ယူခြင်းမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၃၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာဧ့ ရေကို ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့။ပ။ သံဃာဧ့မြီကို ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ။ပ။ သံဃာဧ့ မြက်ပုံကို ခိုးလိုရေ စိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၃၂-၁၃၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာဧ့ မြက်ပုံကို ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ မီးတိုက်ဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်။ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၃၅)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာဧ့ ညောင်စောင်း 'ခုတင်' ကို ခိုးလိုရေ စိတ်ဟိစွာ ဖြစ်ပြီးကေခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၃၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သံဃာဧ့ အင်းပျဉ် 'ခုံရှည်' ကို။ပ။ သံဃာဧ့ ဘုံလျို 'ဖုံ'ကို။ပ။ သံဃာဧ့ ခေါင်းအုံးကို။ပ။ သံဃာဧ့ တန်းခါးရွက်ကို။ပ။ သံဃာဧ့ လေရေက်တန်းခါးကို။ပ။ သံဃာဧ့အခြင်ရနယ်ကို ခိုးလိုရေစိတ်ဟိစွာဖြစ်ပြီးကေ ခိုးဧ့၊ ထိုရဟန်းအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျယာလို့ (မိန့်တော်မူဧ့)။ (၁၃၇-၁၄၂)
၁၅၇။ အယင်ခေါက်ကခါ ရဟန်းရို့စွာ ဒါယကာတစ်ယောက်ဧ့ ကျောင်းသုံး 'ပရိဘောဂ' အိပ်ရာနိန်ရာကို အခြားကျောင်းမာ အသုံးလုပ်ကုန်ဧ့၊ ယင်းခါ ထိုဒါယကာစွာ 'အဇာကြောင့် အသျှင်မြတ့်ရို့စွာ အခြားကျောင်းဧ့ အသုံးအဆောင် 'ပရိဘောဂ' ကို အခြား (ကျောင်း) မာအသုံးလုပ်ကုန်ဘိရေလဲ'လို့ သရော်ဧ့၊ ရှုတ်ချဧ့၊ အပြစ်ပြပြောဆိုဧ့၊ မြတ်စွာဘုရားအားဒေအကြောင်းကို လျှောက်ထားကက် ကုန်ဧ့။
ရဟန်းရို့ အခြား (ကျောင်း)ဧ့ အသုံးအဆောင် 'ပရိဘောဂ' ကို အခြား (ကျောင်း) မာ မသုံးစွဲအပ်၊ သုံးစွဲရေ ရဟန်းအား ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၄၃)
အယင်ခေါက်ကခါ ရဟန်းရို့စွာ ဥပုသ်အိမ် (သိမ်) သို့လည်းကောင်း၊ စီးဝီး 'ညီမူရာ' အရပ်သို့လည်းကောင်း ဆောင်ယူဖို့ တွီးတောမူ 'သံသယကုက္ကုစ္စ' ဖြိုက်ကက်ပြီးကေ မြီထက်မာ ထိုင်ကတ်ရာ ကိုယ်နန့် သင်္ကန်းရို့စွာ မြီမှုန့်အလိမ်းလိမ်း ဖြိုက်ကုန်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့။
ရဟန်းရို့ အခိုက်အတန့်ဆောင်ယူရန်အတွက် ခွင့်လွှတ်တော်မူဧ့လို့ (မိန့်တော်မူဧ့)။ (၁၄၄)
အယင်ခေါက်ကခါ စမ္ပာမြို့မာ ထုလ္လနန္ဒာ ရဟန်းမိမဧ့ အနီးနိန်တပည့် ရဟန်းမိမစွာ ထုလ္လနန္ဒာဧ့အလုပ်အကျွေးအမျိုး 'ဒါယကာ' ထံသို့ လားပြီးကေ 'အသျှင်မ (ထုလ္လနန္ဒာ) စွာ သုံးမျိုးစပ် ဆန်လုပ်တ်၁ 'ယာဂု'ကို သောက်လိုပါရေလက်'လို့ အကျိုခိုင်းပြီးကေ ဆောင်ယူခပနာ မိမိကိုယ်တိုင် သုံးဆောင်ဧ့၊ ထို (ထုလ္လနန္ဒာ) ရဟန်းမိမစွာ သိပြီးကေ ထိုရဟန်းမိမကို 'သင်စွာ ရဟန်းမိမ မဟုတ်တော့ယာ'လို့ယိုးချဧ့၊ ထိုရဟန်းမိမအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ ယပြီးနောက် ထိုရဟန်းမိမစွာရဟန်းမိမရို့အား ဒေအကြောင်းကို ပြန်ကြားပြောဆိုဧ့၊ ရဟန်းမိမရို့စွာ ရဟန်းယောက်ျားရို့အား ဒေအကြောင်းကို ပြန်ကြား ပြောဆိုကုန်ဧ့၊ ရဟန်းယောက်ျားရို့စွာ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့။
ရဟန်းရို့ ပါရာဇိကအာပတ် မသင့်၊ သိပနာ မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၄၅)
အယင်ခေါက်ကခါ ရာဇဂြိုဟ်မြို့မာ ထုလ္လနန္ဒာရဟန်းမိမဧ့ အနီးနိန်တပည့် ရဟန်းမိမစွာ ထုလ္လနန္ဒာဧ့အလုပ်အကျွေးအမျိုး 'ဒါယကာ' ထံသို့ လားပြီးကေ အသျှင်မ (ထုလ္လနန္ဒာ) စွာ မုန့်ချိုလုံးကိုစားလိုပါသတတ်'လို့ အချက်ခိုင်းပြီးကေ ဆောင်ယူခပြီးကေ မိမိကိုယ်တိုင် သုံးဆောင်ဧ့၊ ထို (ထုလ္လနန္ဒာ) ရဟန်းမိမစွာ သိပြီးကေ ထိုရဟန်း မိမကို 'သင် ရဟန်းမိမ မဟုတ်တော့ယာ'လို့ ယိုးချဧ့၊ ထိုရဟန်းမိမအား တွီးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။
ရဟန်းရို့ ပါရာဇိကအာပတ် မသင့်၊ သိပနာ မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၄၆)
၁၅၈။ အယင်ခေါက်ကခါ ဝေသာလီမြို့မာ အသျှင်အဇ္ဇုကဧ့ အလုပ်အကျွေး ဒါယကာအား သား နန့်တူအားနန့် သူငယ်နှစ်ယောက် ဟိကတ်ရာ ထိုဒါယကာစွာ အသျှင်အဇ္ဇုကကို 'အသျှင်ဘုရား ဒေသူငယ်နှစ်ယောက်ရို့တွင် သဒ္ဓါတရားဟိပြီးကေ ရတနာသုံးပါးကို ကြည်ညိုရေ သူငယ်အား ဒေ (ဥစ္စာစု)ဧ့ အခွင့်အရီးကို ပြောကြားတော်မူပါ'လို့ လျှောက်ထားဧ့၊ ယင်းခါ ထိုဒါယကာဧ့ တူစွာ သဒ္ဓါတရားဟိပြီးကေ ရတနာသုံးပါးကို ကြည်ညိုသူ ဖြစ်ရေအတွက် အသျှင်အဇ္ဇုကစွာ ထို (ဥစ္စာစု)ဧ့ အခွင့်အရီးကို ထိုသူငယ် (တူဖြစ်သူ) အား ပြောကြားဧ့၊ ထိုသူငယ်စွာ ထိုဥစ္စာစုနန့် ရောင်းဝယ်ဖောက်ကားမှု (ဥစ္စာစု) ကိုလည်း တည်တံ့စီဧ့၊ အလှူအတန်းကိုလည်း ဖြိုက်စီဧ့၊ ယင်းခါ ထိုဒါယကာဧ့ သားစွာ အသျှင်အာနန္ဒာအား-
'အသျှင်ဘုရား အာနန္ဒာ အဇာသူစော် ဖခင်ဧ့ အမွီခံပါလဲ၊ သားလော၊ မဟုတ်ကေလဲ့ တူလော'လို့ (လျှောက်ထားဧ့)။
ငါ့သျှင် ဒါယကာ သားစွာ ဖခင်ဧ့ အမွီခံပင်တဲးလို့ (ပြောကြားဧ့)။
အသျှင်ဘုရား ဒေအသျှင်အဇ္ဇုကစွာ တပည့်တော်ရို့ဧ့ ဥစ္စာနှစ်ကို တပည့်တော်ရို့ဧ့ ယောက်ဖ'အဖ့တူ' အား ညွှန်ကြားလီယာလို့ (လျှောက်ဧ့)။
ငါ့သျှင် ဒါယကာ အသျှင်အဇ္ဇုကစွာ ရဟန်းမဟုတ်တော့ယာလို့ (ပြောကြားဧ့)။
ယင်းခါ အသျှင်အဇ္ဇုကစွာ အသျှင်အာနန္ဒာကို 'ငါ့သျှင်အာနန္ဒာ ငါ့အား အဆုံးအဖြတ် ပီးပါ'လို့ပြောဆိုဧ့၊ ယင်းခါမာ အသျှင်ဥပါလိစွာ အသျှင်အဇ္ဇုကဧ့ ဘက်သို့ လိုက်တော်မူဧ့၊ အသျှင်ဥပါလိစွာအသျှင်အာနန္ဒာအား-
'ငါ့သျှင်အာနန္ဒာ ဥစ္စာသျှင်က ဒေ (ဥစ္စာစု)ဧ့ အခွင့်အရီးကို ဒေမည်ရေသူအား ပြောပါလို့မှာထားအနိန်နန့် ထိုသူငယ်အား ပြောရာ ထိုပြောရေ ရဟန်းစွာ ဇာအပြစ် 'အာပတ်' သင့်ပါရေလဲ'လို့ (မီးတော်မူဧ့)။
အသျှင်ဘုရား ဇာအာပတ်မှ မသင့်ပါ၊ အယုတ်အနိန်နန့် ဒုက္ကဋ်မျှပင် မသင့်ပါလို့ (လျှောက်ဧ့)။
ငါ့သျှင်အာနန္ဒာ ဒေအသျှင်အဇ္ဇုကစွာ ဒေ (ဥစ္စာစု)ဧ့ အခွင့်အရီးကို ဒေမည်ရေ သူအားညွှန်ကြားတော်မူပါလို့ ဥစ္စာသျှင်က မှာထားအနိန်နန့် ထိုသူငယ်အား ညွှန်ကြားဧ့၊ ငါ့သျှင်အာနန္ဒာ အသျှင်အဇ္ဇုကအား အာပတ် မသင့် 'အပြစ်မဟိ'လို့ (မိန့်ဆိုဧ့)။ (၁၄၇)
၁၅၉။ အယင်ခေါက်ကခါ ဗာရာဏသီမြို့မာ အသျှင်ပိလိန္ဒဝစ္ဆဧ့ အလုပ်အကျွေး အမျိုး 'ဒါယကာ' စွာ သခိုးနှိပ်စက်ခံရဧ့၊ အသျှေနှစ်ယောက်ကိုလည်း ခေါ်ဆောင်လားကုန်ဧ့၊ ယင်းခါ အသျှင်ပိလိန္ဒဝစ္ဆစွာ ထိုအသျှေသူငယ်တိကို တန်ခိုးနန့် ခေါ်ဆောင်ခပြီးကေ ပြာသာဒ်ထက်မာ ထားဧ့၊ လူရို့စွာ ထိုအသျှေသူငယ်တိကို မြင်ကေ 'ဒေအရာစွာ အသျှင်ပိလိန္ဒဝစ္ဆဧ့ တန်ခိုးအစွမ်းပေတကား'လို့အသျှင်ပိလိန္ဒဝစ္ဆမာ ကကောင်းကြည်ညိုကက်ကုန်ဧ့၊ ရဟန်းရို့စွာ 'အဇာကြောင့် အသျှင်ပိလိန္ဒဝစ္ဆစွာသခိုးရို့ ဆောင်ယူလားရေ အသျှေသူငယ်တိကို ပြန်ဆောင်ယူပြီးကေ လာဘိရေလဲ'လို့ သရော်ကုန်ဧ့၊ ရှုတ်ချကုန်ဧ့၊ အပြစ်ပြ ပြောဆိုကက်ကုန်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့။
ရဟန်းရို့ တန်ခိုးသျှင်ဧ့ တန်ခိုးအရာမာ အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၄၈)
၁၆၀။ အယင်ခေါက်ကခါ ပဏ္ဍုကနန့် ကပိလဆိုရေ ရဟန်းနှစ်ပါးရို့စွာ အတူနိန် မိတ်ဆွီဖြိုက်ကုန်ဧ့၊ တစ်ပါးက ကျွန်းငယ်မာ နိန်ပြီးကေ တစ်ပါးက ကောသမ္ဗီမြို့ မာ နိန်ဧ့။
ယင်းခါ ထိုရဟန်းစွာ ကျွန်းငယ်မှ ကောသမ္ဗီမြို့သို့ လားရာ လမ်းခရီးအကြားမာ မြစ်ကိုဖြတ်ကူးစိုင် ဝက်ထိုးသမား 'ဝက်သတ်သမား'ရို့လက်မှ လွတ်ကျရေ အဆီခွီစွာ ခြီမာ ကပ်ငြိဧ့၊ ထိုရဟန်းစွာ 'ဥစ္စာသျှင်ရို့အား ပြန်ပီးဖို့'လို့ ယူဧ့၊ ဥစ္စာသျှင်ရို့စွာ ထိုရဟန်းကို 'သင် (အသျှင်ဘုရား) စွာ ရဟန်းမဟုတ်တော့ယာ'လို့ ယိုးချကက်ကုန်ဧ့၊ မြစ်မှ ကူးတက်လာရေ ထိုရဟန်းကို နွားကျောင်းသမစွာ 'အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲတော်မူပါ'လို့ပြောရာ ထိုရဟန်းစွာ 'ငါစွာ နဂိုကပင် ရဟန်းမဟုတ်တော့ယာ'လို့ ထိုနွားကျောင်းသမမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲပြီးနောက် ကောသမ္ဗီမြို့သို့ လားပြီးကေ ရဟန်းရို့အား ဒေအကြောင်း အရာကိုပြန်ကြားပြောဆိုဧ့၊ ရဟန်းရို့စွာ မြတ်စွာဘုရားအား ဒေအကြောင်းအရာကို လျှောက်ထားကက်ကုန်ဧ့။
ရဟန်းရို့ (အသျှင်စွာ ကိုယ်နှုတ်နန့်) မပီးရေဥစ္စာကို ယူခြင်းကြောင့် ပါရာဇိကအာပတ် မသင့်၊ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲခြင်းကြောင့် ပါရာဇိကအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၄၉)
၁၆၁။ အယင်ခေါက်ကခါ သာဂလမြို့မာ အသျှင်ဒဠှိကဧ့ အတူနိန် တပည့်ရဟန်းစွာ မမွိ့လျော်ခြင်း'ပျင်းရိခြင်း' နှိပ်စက်လက်ကေ အိမ်ဈီးစွာ 'အိမ်ဆိုင်သျှင်'ဧ့ ခေါင်းပေါင်း 'ဦးရစ်' ကို ခိုးပြီးကေ အသျှင် ဒဠှိကအား-
'အသျှင်ဘုရား တပည့်တော် ရဟန်း မဟုတ်တော့ယာ၊ လူထွက်ပါဖို့ရာ'လို့ လျှောက်ဧ့။
ငါ့သျှင် သင်စွာ အဇာကို လုပ်မိရေလဲလို့ မီးရာ ထိုရဟန်းက ထိုဖြစ်ရင်းအကြောင်းကို လျှောက်ထားအနိန်နန့် ဆောင်ယူစီပြီးကေ တန်ဖိုးကို ဖြတ်စီကေ ထိုခေါင်းပေါင်းစွာ ငါးပဲမတန်ရေအတွက် 'ငါ့သျှင် ပါရာဇိကအာပတ် မသင့်'လို့ (ဆုံးဖြတ်ပြီးနောက်) ဓမ္မကထာကို ဟောကြားဧ့၊ ထိုရဟန်းစွာ ကကောင်းပျော်မွိ့လီသတဲး။ (၁၅၀)
ဝိနီတဝထု ဖြတ်ထုံးတိပြီးဧ့။
ဒုတိယ ပါရာဇိက ရခိုင်ဘာသာပြန် ပြီးပါဗျာလ်။
၁။ နှမ်း ဆန် နှစ်ပါးမာ ပဲမျိုးတစ်ပါးပါးစွတ်ပနာ သုံးခုစပ်ပြီးကေ ချက်ရေ ယာဂု (အဋ္ဌကထာ)