Jump to content

ဒုဗ္ဗစသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၄၂၄။ ဘုန်းတော်ကြီးရေမြတ်စွာဘုရားစွာ ကောသမ္ဗီမြို့ ဃောသိစွာရုံကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ အသျှင်ဆန္နစွာ မလျော်သော ဝသီကို ကျင့်၏၊ ရဟန်းရို့စွာ "ငါ့သျှင်ဆန္နဧပိုင်သဘောဟိရေ အမှုကို မပြုလင့်၊ ဒေအမှုစွာ မအပ်"ဟု ပြောဆိုကတ်ကုန်၏။

ထိုအသျှင်ဆန္နစွာ "ငါ့သျှင်ရို့ သင်ရို့စွာ အဇာကြောင့် ငါ့ကို ပြောဆိုသင့်ရေလို့ မှတ်ထင်ကုန်သနည်း၊ ငါကရာကေ သင်ရို့ကို ပြောဆိုရာ၏၊ ငါရို့၏ ဘုရားတည်း၊ ငါရို့၏ တရားတည်း၊ ငါရို့၏ အရှင့်သားစွာ တရားကို ထိုးထွင်းပနာ သိတော်မူအပ်ပြီ၊ ဥပိုင်သော်ကား ပြင်းထန်သော လီမုန်တိုင်း တိုက်ခတ်လာရေဟိရေ် မြက် သစ်ခက် သစ်ရွက်ခြောက်ရို့စွာ တကွနက် အပုံလိုက်ပြီးဖြိုက်ပိုင်လိ့ကောင်း၊ တောင်က စီးဆင်းလှာသော မြစ်ရီစွာ မှော်ကြီး မှော်သေး မှော်ညှင်းရို့ကိုတကွနက် အပုံလိုက်ရာပိုင်လိ့ကောင်း၊ ဒေအတူပင် အထူးထူးသော နာမည်ဟိကုန်သော အထူးထူးသောအနွယ်ရှိကုန်သော အထူးထူးသော ဇာတ်ရှိကုန်သော အထူးထူးသော အမျိုးမှ ရဟန်းပြုကုန်သောသင်ရို့ကို တကွနက် အပုံလိုက်ကုန်အပ်၏၊ ငါ့သျှင်ရို့ သင်ရို့စွာ အဇာကြောင့် ငါ့ကို ပြောဆိုသင့်ရေလို့မှတ်ထင်ကုန်သနည်း၊ ငါကရာကေ သင်ရို့ကို ပြောဆိုရာ၏၊ ငါရို့၏ ဘုရားတည်း၊ ငါရို့၏ တရားတည်း၊ ငါရို့၏ အရှင့်သားစွာ တရားကို ထိုးထွင်းပနာ သိတော်မူအပ်ပြီ"ဟု ပြောဆို၏။

အလိုနည်းကုန်သော ရဟန်းရို့စွာ "အသျှင်ဆန္နစွာ ရဟန်းရို့က သိက္ခာပုဒ်ဖြင့် ဆိုဆုံးမ အပ်ရေဟိရေ် မိမိကိုယ်ကို မပြောဆိုသင့်စွာကို အဇာကြောင့် ပြုဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။ ယင်းခါ ထိုရဟန်းရို့စွာ အသျှင်ဆန္နကို အများကြီးဖြိုက်တေအကြောင်းဖြင့် သရော် ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကုန်၏။ပ။

ဆန္န သင်ရေ ရဟန်းရို့က သိက္ခာပုဒ်ဖြင့် ဆိုဆုံးမအပ်ရေဟိရေ် မိမိကိုယ်ကို မပြောဆိုသင့်စွာကို ပြုရေဟူစွာ မှန်သလောဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျား သင်ရေ ရဟန်းရို့က သိက္ခာပုဒ်ဖြင့် ဆိုဆုံးမအပ်ရေဟိရေ် မိမိကိုယ်ကို မပြောဆိုသင့်စွာကို အဇာကြောင့် ပြုဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။


၄၂၅။ "ရဟန်းစွာ ပါတိမောက်လာ သိက္ခာပုဒ်ရို့နန့် ဆိုဆုံးမ ခက်သောသဘောဟိရေရာကေ ဖြိုက်၏၊ ရဟန်းရို့စွာ သိက္ခာပုဒ်ဖြင့် ဆိုဆုံးမအပ်ရေဟိရေ် 'အသျှင်ရို့စွာအကျွန်ုပ်ကို တခုတစ်ရီ ကောင်းရီကို လိ့ကောင်း၊ မကောင်းရီကိုလိ့ကောင်းမဆိုခကေုန်လင့်၊ အကျွန်ုပ်ကလည်း အသျှင်ရို့ကို တခုတစ်ရီ ကောင်းရီကိုလိ့ကောင်း၊ မကောင်းရီကို လိ့ကောင်း မဆိုပါအံ့၊ အသျှင်ရို့စွာ အကျွန်ုပ်ကို ဆိုခြင်းက ယှောင်ကြဉ်ကတ်ပါကုန်လော့'ဟု မိမိကိုယ်ကို မပြောဆိုသင့်စွာကို ပြုရေ၊ ထိုရဟန်းကို ရဟန်း ရို့စွာ 'အသျှင်စွာမိမိကိုယ်ကို မပြောဆိုသင့်စွာကို မပြုပါလင့်၊ အသျှင်စွာ မိမိကိုယ်ကို ဆိုသင့်စွာကိုရာ ပြုပါလော့၊ အသျှင်ကလည်း ရဟန်းရို့ကို တရားနန့်အညီ ဆိုပါလော့၊ ရဟန်းရို့ကလည်း အသျှင့်ကို တရားနန့်အညီဆိုကတ် ပါလိမေ၊ ဧပိုင် အခြင်းသိ ဆိုဆုံးမခြင်း အခြင်းသိ အာပတ်မှ ထစီခြင်းနန့် ရာကေ ထိုမြတ်စွာဘုရား၏ ပရိသတ်ရေ ကြီးပွားခြင်းသို့ ရောက်နိုင်၏'ဟု ဆိုရာ၏။ ဒေပိုင်ဆိုကေ ထိုရဟန်းစွာ ရဟန်းရို့က ဆိုအပ်ရေ ဖြိုက်လျက် ရှေးအတူပင် ပြုမူငြားအံ့၊ ထိုရဟန်းကိုရဟန်းရို့စွာ ထိုအယူကို စွန့်စီခြင်းငှါ သုံးကြိမ် ထိတောင် ဆိုဆုံးမအပ်၏၊ အဂယင့်လို့သုံးကြိမ်ထိတောင် ဆိုဆုံးမ အပ်ရေဟိရေ် ထိုအယူကို စွန့်ငြားအံ့၊ ဧပိုင် စွန့်ခြင်းစွာကောင်း၏၊ အဂယင့်လို့ မစွန့်ငြားအံ့၊ (ထိုရဟန်းအား) သံဃာဒိသိသ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟုမိန့်တော်မူ၏)။


၁၂-ဒုဗ္ဗစသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၂၆။ ရဟန်းစွာ ဆိုဆုံးမခက်သော သဘောဟိရေရာကေ ဖြိုက်၏ဟူစွာ ဆိုဆုံးမ ခက်ခြင်းကိုပြုတတ်ကုန်သော တရားရို့နန့် ပြည့်စုံစွာဖြိုက်ပနာ ဆိုဆုံးမခက်၏၊ စွားမခံ၊ အဆုံးအမကို ရိုသီစွာမနာယူ။

ပါတိမောက်လာ သိက္ခာပုဒ်ရို့နန့်ဟူစွာ ပါတိမောက်၌ အကျုံးဝင်ကုန်သော သိက္ခာပုဒ်ရို့နန့်။

ရဟန်းရို့စွာဟူစွာ အခြားသော ရဟန်းရို့စွာ။

တရားနန့်အညီ ဆိုစွာ မြတ်စွာဘုရားစွာ အကြင်သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ထိုသိက္ခာပုဒ်စွာ တရားနန့်အညီ မည်၏၊ ယင်းပိုင်တရားနန့်အညီ ဆိုအပ်ရေဟိရေ် မိမိကိုယ်ကို"အသျှင်ရို့စွာ အကျွန်ုပ်ကို တခုတစ်ရီ ကောင်းရီကိုလိ့ကောင်း၊ မကောင်းရီကိုလိ့ကောင်း မဆိုခကေုန်လင့်၊ အကျွန်ုပ်ကလည်း အသျှင်ရို့ကို တခုတစ်ရီကောင်းရီကိုလိ့ကောင်း၊ မကောင်း စွာကိုလိ့ကောင်း မဆိုပါအံ့၊ အသျှင်ရို့စွာ အကျွန်ုပ်ကိုဆိုခြင်းက ယှောင်ကြဉ်ပါကုန်လော့"ဟု မပြောဆိုသင့်စွာကို ပြုရေ။

ထိုရဟန်းကိုဟူစွာ အကြင်ရဟန်းစွာ ဆိုဆုံးမခက်၏၊ ထိုရဟန်းကို။

ရဟန်းရို့စွာဟူစွာ အခြားကုန်သော ရဟန်းရို့စွာ။

အကြင်ရဟန်းရို့စွာ မြင်ကုန်၏၊ အကြင်ရဟန်းရို့စွာ ကြားကုန်၏၊ ထို (မြင်ကုန်ကြားကုန် သော) ရဟန်းရို့စွာ "အသျှင်စွာ မိမိကိုယ်ကို မပြောဆိုသင့်စွာကို မပြုပါလင့်၊ အသျှင်စွာ မိမိ ကိုယ်ကိုဆိုသင့်စွာကိုရာ ပြုပါလော့၊ အသျှင်ကလည်း ရဟန်းရို့ကို တရားနန့်အညီ ဆိုပါလော့၊ ရဟန်းရို့ကလည်း အသျှင့်ကို တရားနန့်အညီ ဆိုကတ်ပါလိမေ၊ ဧပိုင် အခြင်းသိ ဆိုဆုံးမခြင်းအခြင်းသိ အာပတ်မှ ထစီခြင်းနန့်ရာကေ ထိုမြတ်စွာဘုရား၏ ပရိသတ်ရေ ကြီးပွားခြင်းသို့ရောက်နှိုင်ရေရာကေတည်း"ဟု ပြောဆိုရဖို့။

နှစ်ကြိမ်မြောက်လည်း ပြောဆိုရဖို့။ပ။ သုံးကြိမ်မြောက်လည်း ပြောဆိုရဖို့၊ အဂယင့်လို့ စွန့်ငြား အံ့၊ ဧပိုင် စွန့်ခြင်းစွာ ကောင်း၏။ အဂယင့်လို့ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ကြားပနာ မဆိုကုန်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုရဟန်းကို သံဃာ့အလယ်သို့လည်း ခေါ်ဆောင်ပနာ "အသျှင်စွာ မိမိကိုယ်ကို မဆိုသင့်စွာကို မပြုပါလင့်။ပ။ အခြင်းသိ အာပတ်မှ ထစီခြင်းနန့် ထိုမြတ်စွာဘုရား၏ပရိသတ်ရေ ကြီးပွားခြင်းသို့ ရောက်နှိုင်ရေရာကေတည်း"ဟု (ပြောဆိုရဖို့)။

နှစ်ကြိမ်မြောက်လည်း ပြောဆိုရဖို့။ပ။ သုံးကြိမ်မြောက်လည်း ပြောဆိုရဖို့၊ အဂယင့်လို့ စွန့်ငြား အံ့၊ ဧပိုင် စွန့်ခြင်းစွာ ကောင်း၏။ အဂယင့်လို့ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုရဟန်းကို (ဉတ်ကမ္မဝါစာဖြင့်) ကကောင်း ဆိုဆုံးမရဖို့၊ ရဟန်းရို့ ဒေပိုင်ဆိုကေ ကကောင်း ဆိုဆုံးမရဖို့၊ တမွတ်ချင်းလိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ သံဃာကို သိစီရဖို့။

၄၂၇။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေပိုင် သောရဟန်းစွာ ရဟန်းရို့က တရားနန့်အညီ ဆိုဆုံးမအပ်ရေဟိရေ် မိမိကိုယ်ကို မပြောဆို သင့်စွာကိုပြုရေ၊ ထိုရဟန်းစွာ ထိုအယူကို မစွန့်၊ အဂယင့်လို့ သံဃာအား လျောက်ပတ်သော အခါဟိရီကံစွာ ဖြိုက်အံ့၊ သံဃာစွာ ဒေပိုင်သော ရဟန်းကို ထိုအယူကို စွန့်စီခြင်းငှါ ကကောင်းဆိုဆုံးမရာ၏၊ ဒေကား သိစီခြင်းတည်း။


အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေပိုင်သော ရဟန်းစွာ ရဟန်းရို့က တရားနန့်အညီ ဆိုဆုံးမအပ်ရေဟိရေ် မိမိကိုယ်ကို မပြောဆိုသင့် စွာကို ပြုရေ၊ ထိုရဟန်းစွာ ထိုအယူကို မစွန့်၊ သံဃာစွာ ဒေပိုင်သော ရဟန်းကို ထို အယူကို စွန့်စီခြင်းငှါကကောင်း ဆိုဆုံးမ၏၊ အကြင်အသျှင်အား ဒေပိုင်သော ရဟန်းကို ထို အယူကို စွန့်စီခြင်းငှါကကောင်း ဆိုဆုံးမခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ်ဆိတ် နီရာ၏၊ အကြင်အသျှင်အားခြီခြင်း မဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။

နှစ်ကြိမ်မြောက်လည်း ဒေအကြောင်းကို ပြောဆိုပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဒေ အကြောင်းကိုပြောဆိုပါ၏။

အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော၊ ဒေပိုင်သော ရဟန်းစွာ ရဟန်းရို့က တရားနန့်အညီ ဆိုဆုံးမအပ်ရေဟိရေ် မိမိကိုယ်ကို မပြောဆို သင့်စွာကို ပြုရေ၊ ထိုရဟန်းစွာ ထိုအယူကို မစွန့်၊ သံဃာစွာ ဒေပိုင်သော ရဟန်းကို ထို အယူကို စွန့်စီခြင်းငှါကကောင်း ဆိုဆုံးမ၏၊ အကြင်အသျှင်အား ဒေပိုင်သော ရဟန်းကို ထို အယူကို စွန့်စီခြင်းငှါကကောင်း ဆိုဆုံးမခြင်းကို ခြီ၏၊ ထိုအသျှင်စွာ ဆိတ်ဆိတ် နီရာ၏၊ အကြင်အသျှင်အားခြီခြင်း မဟိ၊ ထိုအသျှင်စွာ ပြောဆိုရာ၏။

သံဃာတော်စွာ ဒေပိုင်သော ရဟန်းကို ထိုအယူကို စွန့်စီခြင်းငှါ ကကောင်း ဆိုဆုံးမ အပ်ပြီ၊ သံဃာအားခြီခြင်း ဟိ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နီ၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့်ဒေခြီရေအဖြိုက်ကို သိမှတ်ရပါရေ"ဟု (သိစီရဖို့)။

၄၂၈။ ဉတ်၏ အဆုံးမာ ဒုက္ကဋ်အာပတ် သင့်၏၊ ကမ္မဝါစာနှစ်ကြိမ်ရို့၏ အဆုံးမာ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ ကမ္မဝါစာ၏ အဆုံးမာ သံဃာဒိသိသ်အာပတ် သင့်၏၊ သံဃာဒိသိသ်သို့ ရောက်သော ရဟန်းအားဉတ်၏ အဆုံးမာ ဒုက္ကဋ်၊ ကမ္မဝါစာနှစ်ကြိမ်ရို့၏ အဆုံးမာ ထုလ္လစ္စဉ်းရို့စွာ ငြိမ်းကုန်၏။

သံဃာဒိသိသ်ဆိုရေ။ပ။ ယင်းအတွက်နန့်လည်း "သံဃာဒိသိသ်"ဟု ဆိုအပ်၏။

၄၂၉။ ဓမ္မကံ၌ ဓမ္မကံဟု ထင်မှတ်ခြင်းဟိပြီးကေ မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ ယုံမှားဟိပြီးကေမစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ ဓမ္မကံ၌ အဓမ္မကံဟု ထင်မှတ်ခြင်းဟိပြီးကေ မစွန့်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဓမ္မကံ၌ ဓမ္မကံဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အဓမ္မကံ၌ ယုံမှားခြင်းရှိအံ့၊ ဒုက္ကဋ် အာပတ် သင့်၏။ အဓမ္မကံ၌ အဓမ္မကံဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၄၃၀။ (ဉတ်ကမ္မဝါစာဖြင့်) ကကောင်း မဆိုဆုံးမအပ်ရေ ရဟန်း၊ (အယူကို) စွန့်သော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

ဒွါဒသမ ဒုဗ္ဗစသိက္ခာပုဒ် ပြီး၏။