Jump to content

ဒုံးချင်း

ဝီကီးပီးဒီးယား က

ဒုံးချင်းကို အများအားဖြင့် ထေရ်ကြီးဝါကြီး ပျံလွန်ရေအခါမှာ ဒုံးကကတ်ရေ။ ဒုံးဆိုရေ ရခိုင်ရိုးရာအကစွာ လူအများနန့် ကရရေ အကတခု ဖြစ်တေ။ ဒုံးယိမ်းနန့် ဒုံးကြမ်းနှစ်မျိုးဟိရေ။ အကြောင်း အရာ အဖြစ်အပျက်တစ်ခုခုကို သရုပ်ဖော်ပြီး ကပြရရေ။ ယင်ပိုင်မဟုတ်ကေ ထူးမြတ်ရေ ပုဂ္ဂိုလ် တစ်ဦးဦး၏ အတ္ထုပ္ပတ္တိနန့် ပတ်သက်ပနာ ကပြကတ်ရရေ။ ယင်ပိုင်မဟုတ်ကေ ဇနက္ကပိုင် ဇာတ်တော်လာ ဝတ္ထုတိကို ဇာတ်ခင်းပနာ ကပြကတ်ရရေ။ ယင်းပိုင်မဟုတ်ကေ ရှမ်းဒူး၊ ကပ္ပလီ၊ ဟိုက်လန်ဒါး အစဟိရေ လူမျိုးတိ၏ဓလေ့ကို သရုပ်ဖော်ပြကတ်ရရေ။ သီဆိုရေ သီချင်းတိကို ဒုံးချင်း လို့ ခေါ်ရေ။

တိုင်းမိတ္ထီလာ၊ ပိုင်ကာစိုးရေ၊ ရွှီဘုန်းတော်တိုး၊ တံခိုးဖြာ၊ အရိဌာပေါလ၊ ဇနက္ကနှင့်၊ ညီတော်နောင်ရင်း၊ မင်းနှစ်ဖြာ၊ စစ်ပွဲဆင်ကာ၊ နန်းရာလု၍၊ မရဏာပြုသည့်၊ နောင်ဘုရင်၊ တောင်ညာစံ၊ ဒေဝီသိအောင်၊ လှံနီထောင်၍ပြသည့်ခါ၊ ကျောက်စိမ်းနီလာ၊ ကမ္ဗလာထုပ်နှင့်၊ ဆင်းရဲသွင်လုပ်၊ ဟုတ်မှန်စွာ၊ ပြည်စမ္ပာကို၊ လားရချက်ချင်း၊ ကိုယ်ဝန်ရင့်နှင့်၊ မေစန္ဒာ ပြည်စမ္ပာကို လားရချက်ချင်း။

သင်္ဃရာဇာ ဆရာတော်ဘုရား ပျံလွန်တော်မူရေခါ အောက်ပါဒုံးခြင်းကို စပ်ဆိုကတ်တေ။

ဇမ္ဗူဒီပါ၊ ကြေငြာထွန်းကေ၊ သပြေညာကျွန်း၊ တိုင်းဆောင်ဆောင်၊ နီရောင် လရောင်၊ ထိန်ပြောင်လင်းလို့၊ ထင်ပေါ်သတင်းရခိုင်မြေ၊ မြို့လှစစ်တွေ၊ နဂရမှာ၊ သံဃာ့ရာဇာ၊ ကျောင်းဝိဟာ၊ တပည့်များစွာ၊ ပြားပြားဝပ်လို့၊ စာပီပရိတ်၊ ပို့ချမှန်၊ သီလကျင့်မွန်၊ ဓူရရပ်ကို၊ နိစ္စမပြတ်၊ ဖြည့်လျက်ပင်၊ ဂိုဏ်းချုပ်အရှင်၊ ဘွဲ့နာမမှာ၊ ဦးသုန္ဒရမည်ခေါ်တွင်၊ ဝတီလေးခွင်၊ ထင်အရှားကြီး၊ ဦးသုန္ဒရ ဆရာတော်၊ ရခိုင်ပြည်မှာ ကျော်ဇောပါ၏

ရှီးအခါက မာရယုဒုံးကို က၍ မာရယုဒုံးချင်းကို ဆိုကတ်ရေ။ ဂုခါ ခေတ် ဆန်ရေ ဇာတ်လမ်းတိကို ခင်းပြပြီး ခေတ်ဆန်ရေ တေးသံတိကို သီဆိုကတ်တေ။[]

  1. ဦးဘစံ -ရက္ခမဏ္ဍိုင် အမှတ် ( ၁ ) -p56