ဒေတာ စင်တာ

ဒေတာ စင်တာ ဆိုစွာမှာ ကွန်ပျူတာစနစ်တိ နန့်၎င်းရို့နန့်ဆက်စပ်နေသာ စနစ်တိဖြစ်ရေ ဆက်သွယ်ရီး စနစ်တိ နန့်အချက်အလက်တိအား သိုမှီးသိမ်းဆည်းရေ စနစ်တိကို ထားဟိရာ အဆောက်အဦးတစ်ခု ဖြစ်ရေ။ ယေဘုယျအားဖြင့်အပို ယပိုင်မဟုတ်ကေ အရီးပေါ်သုံး ဓာတ်အားပီးစနစ်တိ၊ အချက်အလက် ဆက်သွယ်ရီး ချိတ်ဆက်မှု အပိုတိ နန့်ပတ်ဝန်းကျင် ထိန်းညှိရီးစနစ် (ဥပမာ လေညှိခြင်း နန့်မီးသတ်ခြင်း စနစ်တိ)၊ အမျိုးမျိုးရေ လုံခြုံရီး ကိရိယာတိ တပ်ဆင်ထားလေ့ ဟိရေ။ လုပ်ငန်းသုံး အဆင့်လည်ပတ်နီရေ ကြီးမားရေ ဒေတာစင်တာတိ မြို့ငယ်တစ်မြို့စာမျှ လျှပ်စစ်ဓာတ်အားကို အသုံးပြုလေ့ ဟိကတ်ရေ။ [၁][၂]
ဂနိခေတ် ဒေတာစင်တာတိ လိုအပ်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
အိုင်တီ လုပ်ငန်းလည်ပတ်မှုရေ ကမ္ဘာတဝှမ်းဟိ အဖွဲ့အစည်းအတိစုဧလုပ်ငန်းလည်ပတ်မှုတွင် အရီးပါရေ ထောင့်တစ်နီရာမှ ပါဝင်ရေ။ ကုမ္ပဏီတိအတွက် အဓိက အရီးထားရေ အချက်မှာ လုပ်ငန်းစဉ်ဆက်မပြတ် လည်ပတ်နိုင်စေရီးပင် ဖြစ်ရေ။ ကုမ္ပဏီတိ အနိန်နန့်၎င်းရို့ဧသတင်းအချက်အလက် စနစ်အား လုပ်ငန်းလည်ပတ်ရန် အတွက် မှီခိုအားထားကတ်ရေ။ အကယ်ပနာ ထိုစနစ် မဟိပါက ကုမ္ပဏီဧလုပ်ငန်းလည်ပတ်မှု နှောင့်နှေး လားဖို့ ယပိုင်မဟုတ်ကေ လုံးဝရပ်တန့်လားဖို့ ဖြစ်ရေ။ ထို့အတွက်ကြောင့် အိုင်တီ လုပ်ငန်းလည်ပတ်မှု အတွက် အားကိုးရရေ အခြီခံအဆောက်အအုံ တစ်ခု ပံပိုးပီးနိုင်ရန် လိုအပ်ပြီးကေ သို့မှာသာ အနှောင့်အယှက်ဖြစ်နိုင်ရေ အခွင့်အလမ်း အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ပီးနိုင်ဖို့ ဖြစ်ရေ။။ သတင်းအချက်အလက် လုံခြုံရီးရေလည်း အခြား အရီးပါရေ အချက်ဖြစ်ပြီးကေ ထို့အတွက်ကြောင့် ဒေတာစင်တာတိ လုံခြုံစိတ်ချရရေ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပီးပြီးကေ လုံခြုံရီး ကျိုးပေါက်မှုအတွက် ဖြစ်နိုင်ခြေ အခွင့်အလမ်းကို အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ပီးကတ်ရေ။ ထို့အတွက်ကြောင် ဒေတာစင်တာတိ ၎င်းရို့အတွင်း ထားဟိရေ ကွန်ပျူတာစနစ်ရို့ဧပတ်ဝန်းကျင်ကို ဖြူစင်ရန် နန့်အလုပ်လုပ်နိုင်စီရန် အတွက် စံနှုန်းမြင့်မားစွာ ထားဟိပီးရဖို့ ဖြစ်ရေ။ ယင်းပိုင် ပြုလုပ်နိုင်ရန် အတွက် စက်ပိုင်းဆိုင်ရာ အအေးပီးစနစ်တိ နန့်ဓာတ်အားပီးစနစ်တိ (အရီးပေါ်သုံး အရန်မီးစက် အပါအဝင်)ကို အပိုထားဟိပီးခြင်းသာမက ဖိုင်ဘာဆက်ကြောင်း အပိုတိကို လည်း အသုံးပြုထာလေ့ ဟိကတ်ရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ James Glanz။ "Power, Pollution and the Internet"၊ September 22, 2012။ 2012-09-25 တွင် ပြန်စစ်ပြီး။
- ↑ "Power Management Techniques for Data Centers: A Survey", 2014.