ဒွေဘာဂသိက္ခာပုဒ်
၃-ဒွေဘာဂသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၅၂။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ "မြတ်စွာဘုရားစွာ နာမည်းသက်သက်ဖြိုက်ရေ သိုးမွီးအခင်း ပြုလုပ်စီခြင်းကို ပယ်တော်မူ၏"ဟု ထိုဆဗ္ဗဂ္ဂီရဟန်းရို့စွာ စိကေသျှေသာဖြိုက်ရေ အဖြူကို အဖျားအနား၌ ထည့်သွင်းပနာ နာမည်းသက်သက်အတိုင်းပင် သိုးမွီး အခင်းကိုပြုလုပ်စီကုန်၏။
အလိုနည်းသော ရဟန်းရို့စွာ "အဇာကြောင့် ဆဗ္ဗဂ္ဂီရဟန်းရို့စွာ စိကေသျှေသာဖြိုက်ရေအဖြူကို အဖျားအနား၌ ထည့်သွင်းပနာ နာမည်းသက်သက် အတိုင်းပင် သိုးမွီးအခင်းကို ပြုလုပ်စီကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။
"ရဟန်းရို့ သင်ရို့စွာ အဖြူစိကေသျှေကိုရာ အဖျားအနား၌ ထည့်သွင်းပနာ နာမည်းသက်သက်အတိုင်းပင် သိုးမွီးအခင်းကို ပြုလုပ်စီကတ်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ်မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ "သင်ရို့စွာ အဖြူစိကေသျှေကိုရာ အဖျားအနား၌ ထည့်သွင်းပနာ နာမည်းသက်သက်အတိုင်းပင် သိုးမွီးအခင်းကို အဇာကြောင့် ပြုလုပ်စီကြဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ ဒေ (သင်ရို့ ပြုမိသော အမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၅၃။ "အခင်းသစ်ကို ပြုလုပ်စီလိုရေ ရဟန်းစွာ နာမည်းသက်သက် ဖြိုက်ရေသိုးမွီး နှစ်ဖို့ရို့ကို ထည့်သွင်းရဖို့၊ အဖြူ (သိုးမွီး) သုံးခုမြောက် တစ်ဖို့ကို အကြောင် (သိုးမွီး) လေးဂုမြောက် တစ်ဖို့ကို ထည့်သွင်းရဖို့၊ အဂယင့်လို့ ရဟန်းစွာ နာမည်းသက်သက်သိုးမွီး နှစ်ဖို့ရို့ကို အဖြူ (သိုးမွီး) သုံးခုမြောက် တစ်ဖို့ကို အကြောင် (သိုးမွီး) လေးဂုမြောက် တစ်ဖို့ကို မထည့်သွင်းဘဲ အခင်းသစ်ကို ပြုစီငြားအံ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏"ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။
၃-ဒွေဘာဂသိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၅၅၄။ အသစ် ဆိုစွာ ပြုခြင်းကို စွဲပနာ ဆိုအပ်၏။
အခင်း ဆိုစွာ မရက်ဘဲ ဖြန့်ပနာ ပြုလုပ်အပ်ရေ အခင်းတည်း။
ပြုလုပ်စီလိုရေဟူစွာ ပြုလုပ်သော်လိ့ကောင်း ပြုလုပ်စီသော်လိ့ကောင်း။
နာမည်းသက်သက်ဖြိုက်ရေ သိုးမွီးနှစ်ဖို့ရို့ကို ထည့်သွင်းရဖို့ဟူစွာ ချိန်ပြီးကေ နှစ်ဆရို့ကိုထည့်သွင်းရဖို့။
အဖြူ သုံးခုမြောက် တစ်ဖို့ကိုဟူစွာ အဖြူတစ်ဆကို။
အကြောင် လေးဂုမြောက် တစ်ဖို့ကိုဟူစွာ အကြောင်တစ်ဆကို။
အဂယင့်လို့ ရဟန်းစွာ နာမည်းသက်သက်သိုးမွီး နှစ်ဖို့ရို့ကို အဖြူ (သိုးမွီး) သုံးခုမြောက် တစ်ဖို့ကို အကြောင် (သိုးမွီး) လေးဂုမြောက် တစ်ဖို့ကို မထည့်သွင်းဘဲဟူစွာ နာမည်းသက်သက်သိုးမွီးနှစ်ဆ၊ အဖြူ (သိုးမွီး) တစ်ဆ၊ အကြောင် (သိုးမွီး) တစ်ဆကို မထည့်သွင်းဘဲ အခင်းသစ်ကို (ကိုယ်တိုင်ကေလေ့) ပြုအံ့၊ (သူတပါးရို့ကိုကေလေ့) ပြုစီအံ့၊ အားထုတ်မှုပယောဂကြောင့်ဒုက္ကဋ် အာပတ်သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ အခင်းစွာ နာမည်းသက်သက်သိုးမွီး နှစ်ဆရို့ကို အဖြူ (သိုးမွီး) တစ်ဆကို အကြောင် (သိုးမွီး) တစ်ဆကို မထည့်သွင်းဘဲ ပြုလုပ်စီအပ်အနိန်နန့်စွန့်ထိုက်ပါရေ၊ အကျွန်ုပ်၏ ဒေအခင်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင်အား ပီးပါ၏ဟု (ပြန်ပီးရဖို့)။
၅၅၅။ မိမိရေ ပြုပနာ မပြီးသိမ့်စွာကို မိမိ ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မိမိရေ ပြုပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သူတပါးရို့ ပြုပနာ မပြီးသိမ့်စွာကို မိမိ ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သူတပါးရို့ပြုပနာ မပြီးစွာ ကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။
သူတပါးရို့၏ အကျိုးငှါ (ကိုယ်တိုင်ကေလေ့) ပြုအံ့၊ (သူတပါးရို့ကိုကေလေ့) ပြုစီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အခြားသူစော် ပြုအပ်ပြီးကို ရပြီးကေ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
၅၅၆။ အဖြူ (သိုးမွီး) တစ်ဆ အကြောင် (သိုးမွီး) တစ်ဆကို ထည့်သွင်းပနာ ပြုအံ့၊ အာပတ် မသင့်၊ အဖြူ (သိုးမွီး) အတိကြီး အကြောင် (သိုးမွီး) အတိကြီးကို ထည့်သွင်းပနာ ပြုအံ့၊ အဖြူသက်သက်အကြောင်သက်သက်ကို ထည့်သွင်းပနာ ပြုအံ့၊ အာပတ် မသင့်။ ဗိတာန ်'ဘုံပိတ်' ကိုသော်လိ့ကောင်း၊ မြေအခင်းကိုသော်လိ့ကောင်း၊ တင်းတိမ် 'လန့်ဆန့်ကာ' ကိုသော်လိ့ကောင်း၊ ဘုံလျှို 'ဖုံ' ကိုသော်လိ့ကောင်း၊ ခေါင်းအုံးကိုသော်လိ့ကောင်း ပြုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။
တတိယ ဒွေဘာဂသိက္ခာပုဒ် ပြီး၏။