ဓဇဂ္ဂသုတ်
ဓဇဂ္ဂသုတ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒေဓဇဂ္ဂသုတ်စွာ ပရိတ္တ(၁၁)သုတ်အပါအဝင် သုတ်ဖြစ်ပါရေ။
နတ်, အသူရာရို့စစ်ပွဲမှာ ဘယ, ဆမ္ဘိတတ္တ, လောမဟံသဖြစ်တေ နတ်ရို့စွာ သိကြားမင်း, ပဇာပတိနတ်မင်း, ဝရုဏနတ်မင်း, ဒေသာနနတ်မင်းကြီးရို့၏ ရထားဦး အောင်လံတံခွန်အဖျားကိုကြည့်ကေ ယင်းရို့ ပျောက်ကင်းလီဖို့လို့ သိကြားမင်းက မိန့်ကြားကေလေ့ သိကြားမင်းစွာ ရာဂ, ဒေါသ, မောဟ မကင်းသိရေအတွက်ကြောင့် ပျောက်ချင်လေ့ပျောက်ဖို့၊ မပျောက်ချင်လေ့ မပျောက်နိုင်။
အရည, ရုက္ခမူလ, သုညာဂါရမှာနီပနာ ဘာဝနာလုပ်ငန်း အားထုတ်နီကက်တေ ရဟန်းရို့က ယင်းသဘာဝတိဖြစ်ပေါ်လာကေ ဘုရားဂုဏ်တော်, တရား ဂုဏ်တော်, သံဃာဂုဏ်တော် တစ်မျိုးမျိုးကို ပွားများကေ ယင်းတိ ပျောက်ကင်းလားဖို့။ မြတ်စွာဘုရားစွာ ရာဂ, ဒေါသ, မောဟ ကင်းပြီးရေအတွက်ကြောင့် ဖြစ်ပုံကို ရဟန်းရို့ကို ဘုရားသျှင် ဟောတော်မူရေသုတ်။
အဋ္ဌကထာမှာ သိကြားမင်း၏ ဝေဇယန္တာရထားအကြောင်းနန့် “ဓဇဂ္ဂ ပရိတ္တံ မံ ရက္ခတု ဟု ရွတ်ဆိုခြင်းကြောင့် ဒီဃဝါပီစေတီတော်အကြည်က ကျလာရေရဟန်း အသက်ဘေးမှ ချမ်းသာခပုံကို ဖွင့်ဆိုထားပါရေ။ လူနတ်တို့၏ အကြီးအမြတ် ဖြစ်တော်မူရေ မြတ်စွာဘုရား၏ ဂုဏ်တော်ကို မဆင်ခြင် မအောက်မိန့် ဖြစ်ကတ်ကေ သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာဟောကြားထားရေ တရားတော်၏ ဂုဏ်တော်ကို သတိရကက်။ တရားတော်၏ ဂုဏ်ကို အမှတ်မရကက်ကေ ကောင်းမှုမျိုးစိ စိုက်ပျိုးရာ အတုမဟိ လယ်မြေကောင်းနန့်တူရေ သံဃာတော်၏ ဂုဏ်ကို ဆင်ခြင်ပွားများကက်။ ဒေပိုင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စီ၊ တရားတော်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စီ၊ သံဃာတော်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စီ ဆင်ခြင်အောက်မိန့် ကက်တေဆိုကေ ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှီးညှင်း ထခြင်းအားလုံး လုံးဝ မဖြစ်ပေါ်လတ္တံ့။
၁။ ယဿာ နုဿရဏေနာပိ၊ အန္တ လိက္ခေပိ ပါဏိနော။ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ။
၁။ ဒေဓဇဂ္ဂသုတ်ပရိတ်တော်ကို အောက်မိန့်ဆင်ခြင်ရုံနန့် ကောင်းကင်၌ပင် တည်ခိုက်ကြုံကေလေ့မြီပြင်မှာပိုင် ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလီရေ။
၂။ သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိသမ္ဘဝါ။ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂။ ဒေဓဇဂ္ဂသုတ် ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစရေ ဘေးအန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ကက်ရရေ လူတိကိုရီတွက်လို့ မကုန်နိုင်ပါချေ။ ဒေဂုအခါ ဒေပရိတ်တော်ကို အကျွန်ရို့ စုပေါင်း ရွတ်ကက်ပါကုန်စို့။
၃။ ဧဝံ မေ သုတံ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ၊ဝိဟရတိ ဇေတဝနေ၊ အနာထ ပိဏ္ဍိကဿ အာရာမေ။
၃။ သံဃဥက္ကဋ္ဌ သံဃနာယက ဖြစ်တော်မူရေ မဟာကဿပ အသျှင်ဘုရား…. တပည့်တော် အာနန္ဒာစွာ ဒေဓဇဂ္ဂသုတ် ပရိတ်တော်ကို မြတ်စွာဘုရားထံတော်မှ တိုက်ရိုက် ဒေပိုင် ကြားနာ မှတ်သားထားလိုက်ပါ၏။ အခါတစ်ပါးမှာ မြတ်စွာဘုရားစွာ သာဝတ္တိပြည် အနာထပိဏ်သူဌေးကြီး၏ နှလုံးမွိလျော် ပျော်ဖွယ်ရာဟိရေ ဇေတဝန် ကျောင်းကြီးမှာ သီတင်းသုံးနီပါရေ။
၄။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေ သိ၊ ဘိက္ခဝေါ တိ။ဘဒန္တေ တိ တေ ဘိက္ခူ ဘဂဝတော ပစ္စဿောသုံ။ဘဂဝါ ဧတဒဝေါစ ဘူတပုဗ္ဗံ ဘိက္ခဝေ၊ဒေဝါ သုရသင်္ဂါမော၊ သမုပဗျူဠှော အဟောသိ။အထ ခေါ ဘိက္ခဝေ သက္ကောဒေဝါနမိန္ဒောဒေဝေ တာဝတိံ သေ အာမန္တေသိ —“သစေ မာရိသာ ဒေဝါနံ သင်္ဂါမ ဂတာနံ ဥပ္ပဇ္ဇေယျ၊ဘယံ ဝါ ဆမ္ဘိ တတ္တံ ဝါ လောမဟံသော ဝါ၊မမေဝ တသ္မိံ သမယေ ဓဇဂ္ဂံ ဥလ္လောကေယျာထ။မမံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိကတ္တံ ဝါလောမဟံသော ဝါ သော ပဟီယိဿတိ။
၄။ ယင်းသို့နီတော်မူစဉ်အခါ မြတ်စွာဘုရားက "ရဟန်းရို့" လို့ဆိုပနာ ရဟန်းအရို့ကို ခေါ်တော်မူပါရေ။ ရဟန်းရို့လေ့ မြတ်စွာဘုရား စကားတော်ကို ခံယူဖို့ အသင့်ဖြစ်ကတ်တေ။ ယင်းချိန်ခါ မြတ်စွာဘုရားက ဒေပိုင်မိန့်ကြား ဟောမြွက်တော်မူပါရေ။ "ချစ်သားရို့… ရှီးအခါက တာဝတိံသာနတ်နန့် အသုရာ နတ်စစ်သည်တိ စစ်ခင်းခကက်ဖူး၏။ ယင်းအခါ သိကြားမင်းစွာ တာဝတိံသာနတ် စစ်သည်ရို့ကို ခေါ်ယူပြီးကေ ဒေပိုင်ပြောကြားခ၏။ "အမောင်နတ်သားရို့၊ သင်ရို့စွာ စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှီးညှင်း ထခြင်းတိ ဖြစ်ခ ကက်ကေ ငါသိကြားမင်း၏ တံခွန်ဖျားကို မော်ပနာ ကြည့်လိုက်ကုန်လော့။ အေပိုင်ကြည့်ဖြစ်ကက်ကေ သင်ရို့ အကြောက်ပြေကက်လိမ့်မေ။ မတုန်မလှုပ် ရဲရင့်လာကကလိမ့်မေ။ ကြက်သီးမွီးညှင်း ထခြင်းတိလေ့ ပြေပျောက်လားကက်လိမ့်မေ"။
၅။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊အထ ပဇာပတိဿ ဒေဝရာဇဿဓဇဂ္ဂံ ဥလ္လောကေယျာထ၊ပဇာပတိဿ ဟိ ဝေါ ဒေဝရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကယတံ။ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါလောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၅။ "အကယ်တန္တိ ငါ၏တင်းခွန်ဖျားကို မော်ပနာ မကြည့်ဖြစ်ကေ ပဇာပတိ နတ်မင်း၏ တင်းခွန်ဖျားကို မော်ပနာ ကြည့်ကတ်၊ ဒေပိုင် ပဇာပတိနတ်မင်း၏ တင်းခွန်ဖျားကို ကြည့်ကတ်ကေလေ့ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှီးညှင်း ထခြင်းတိ ပျောက်ကင်းလားလိမ့်မေ"။ ၆။ နော စေ ပဇာပတိဿ ဒေဝရာဇဿဓဇဂ္ဂံ ဥလ္လောကေယျာထ၊အထ ဝရုဏဿ ဒေဝရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကေယျာထ။ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကယတံ၊ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊လောမဟံသော ဝါ သော ပဟီယိဿတိ။
၆။ "အကယ်တန္တိ ပဇာပတိနတ်မင်း၏ တင်းခွန်ဖျားကို မကြည့်ဖြစ်ခကေ ဝရုဏနတ်မင်း၏ တင်းခွန်ဖျားကို မော်ပနာကြည့်ကတ်၊ ဝရုဏနတ်မင်း၏ တင်းခွန်ဖျားကို မော်ပနာကြည့်ဖြစ်ကတ်ကေလေ့ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွှီးညှင်း ထခြင်းတိ ပြေပျောက်လားပါလိမ့်မေ"။
၇။ နော စေ ဝရုဏဿ ဒေဝရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကေယျာထ၊အထ ဤ သာနဿ ဒေဝရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကေယျာထ။ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကယတံ၊ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊လောမဟံသော ဝါ သော ပဟီယိဿတီ” တိ။ ၇။ "အကယ်တန္တိ ဝရုဏနတ်မင်း၏ တင်းခွန်ဖျားကို မကြည့်ဖြစ်ခကေ ဒေသာနနတ်မင်း၏ တင်းခွန်ဖျားကို မော်ပြီးကေ ကြည့်ကတ်၊ ဒေသာနနတ်မင်း၏တင်းခွန်ဖျားကို မော်ပြီးကေ ကြည့်ဖြစ်ကတ်ကေ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွီးညှင်း ထခြင်းတိ ပြေပျောက်လားလီဖို့။" အေပိုင် သိကြားမင်းက တာဝတိံသာနတ်တိကို အသိပီးလီ၏။
၈။ တံ ခေါ ပန ဘိက္ခဝေ၊သက္ကဿ ဝါ ဒေဝါနမိန္ဒဿ၊ဓဇဂ္ဂံ ဥလ္လောကယတံ၊ပဇာပတိဿ ဝါ ဒေဝရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကယတံ၊ဝရုဏဿ ဝါ ဒေဝ ရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကယတံ၊ဤ သာနဿ ဝါ ဒေဝရာဇဿ၊ဓဇဂ္ဂံ ဥလ္လောကယတံ၊ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိ တတ္တံ ဝါ၊လောမဟံသော ဝါ၊သော ပဟီယေထာပိ နောပိ ပဟီယေထ။
၈။ ချစ်သားရဟန်းရို့… နတ်ရို့အသျှင် သိကြားမင်း၏ တင်းခွန်ဖျားကို မော်ပြီးကေကြည့်ရေနတ်တိ၊ ယပိုင်မဟုတ်ကေ ပဇာပတိနတ်မင်း၊ ဝရုဏနတ်မင်း၊ ဒေသာနနတ်မင်းရို့၏ တင်းခွန်ဖျားကို မော်ပြီးကေ ကြည့်ရေနတ်တိအား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွီးညှင်း ထခြင်းတိ ပျောက်ကေလည်း ပျောက်ဖို့၊ မပျောက်ဘဲလည်း နိန်ချင်နိန်လီဖို့။
၉။ တံ ကိဿ ဟေတု၊သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော၊အဝီတရာဂေါ အဝီတဒေါသော၊အဝီတမောဟော၊ ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။
၉။ အကြောင်းမူကား နတ်တို့အသျှင် သိကြားမင်းလည်း ရာဂကင်းသူ မဟုတ်၊ ဒေါသကင်းသူ မဟုတ်၊ မောဟကင်းသူ မဟုတ်၊ သူကိုယ်နှိုက်က ကြောက်တတ်၏။ တဆတ်ဆတ်တုန်တတ်၏။ လန့်ဖျပ်တတ်၏။ ထွက်ပြီးတတ်၏ ။
၁၀။ အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ —သစေ တုမှာကံ ဘိက္ခဝေ၊အရညဂတာနံ ဝါ ရုက္ခမူလဂတာနံ ဝါ၊သုညာဂါရ ဂတာနံ ဝါ၊ ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊လောမဟံသော ဝါ၊ မမေဝ တသ္မိံ သမယေ အနုဿရေယျာထ —
၁၀။ ချစ်သားရဟန်းရို့… ငါဘုရားစွာကား မလွဲဧကန် အေပိုင် ဟောပေအံ့၊ ရဟန်းရို့အနိန်နန့် တောထဲမာ တစ်ပါးတည်း နိန်ရေအခါ သစ်ပင်ရင်းမာ နိန်ရေအခါ ဆိတ်ငြိမ်ရာအရပ်များမာ နိန်ရေအခါတိမာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွီးညှင်း ထခြင်း တစ်ခုခုဖြစ်လာခကေ ဘုရားဂုဏ်တော်ကို အေပိုင် အောက်မိကက်ကုန်ဖိ -
၁၁။ “ဣတိပိသော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ,ဝိဇ္ဇာစရဏ သမ္ပန္နော, သုဂတော, လောကဝိဒူ,အနုတ္တရော ပုရိသ ဓမ္မသာရထိ,သတ္ထာဒေဝ မနုဿာနံ၊, ဗုဒ္ဓေါ. ဘဂဝါ” တိ။
၁၁။ မြတ်စွာဘုရားစွာ ကိလေသာရို့မှ ကင်းဝီးတော်မူ၏။ ကိလေသာ ရန်သူတိကို ပယ်သတ်ပြီး ဖြစ်၏။ သံသရာ စက်ဝန်း၏ အကန့်အထောက်တိကို ဖျက်ဆီးပြီး ဖြစ်၏။ ဝန်လေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ ဆိတ်ကွယ်ရာ အရပ်မာပင် မကောင်းမှုဒုစရိုက်ကို ယှောင်တော်မူ၏။
(၁)သို့အတွက်နန့် "အရဟံ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါလီရေ။
(၂)မြတ်စွာဘုရားစွာ ကောင်းမွန်လှစွာ သယမ္ဘူဉာဏ် မြတ်မဟာနန့် မိမိအပိုင်သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်းပြီးကေ သိတော်မူ၏။ သို့အတွက်နန့် "သမ္မာသမ္ဗုဒ္ဓ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါပေ၏။
(၃)မြတ်စွာဘုရားစွာ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာသျှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးရို့နန့် အားလုံးဥဿုံ ပြည့်စုံတော်မူပါပေ၏။ သို့အတွက်နန့် "ဝိဇ္ဇာစရဏသမ္ပန္န" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါပေ၏။
(၄)မြတ်စွာဘုရားစွာ နိဗ္ဗာန်သို့နိန်ပြီးကေ ဖြောင့်ဖြောင့်တန်းတန်း ကောင်းစွာလားတော်မူ၏။ စကားဆိုရန် ခွန်းခြောက်တန်ရို့တွင် ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုရာ ဆိုတော်မူတတ်၏။ သို့အတွက်နန့် "သုဂတ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါပေ၏။
(၅)မြတ်စွာဘုရားစွာ ကာမလောက၊ ရူပလောက၊ အရူပလောက ဆိုရေ လောကသုံးပါး၊ တစ်နည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက ဆိုရေ လောကကြီးသုံးပါးတိကို မဖောက်မပြန် သယမ္ဘူဉာဏ်နန့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။ ယပြီးကေ "လောကဝိဒူ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါပေ၏။
(၆)မြတ်စွာဘုရားစွာ မိမိကိုယ်တိုင်လည်း အတုမဟိ သူတစ်ပါးရို့အားလည်း အတုမဟိရေ မိမိ၏တရားနန့် ဆုံးမတတ်၏။ ဆုံးမထိုက်သောလူ၊ နတ်၊ ဘီလူး၊ တိရစ္ဆာန်ကြမ်းတိကိုပင် သေဝပ် ငြိမ်သက်အောင် နိုင်နင်းစွာ ဆုံးတော်မူနိုင်၏။ သို့အတွက်နန့် "အနုတ္တရော ပုရိသဒမ္မသာရထိ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါပေ၏။
(၇)မြတ်စွာဘုရားစွာ လူအပေါင်း နတ်အပေါင်းရို့အား ကောင်းစွာ သွန်သင်ဆုံးမတတ်သော လူနတ်ရို့၏ ဆရာကောင်း ဖြစ်တော်မူ၏။ သို့အတွက်နန့် "သတ္ထာဒေဝမနုဿာန" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါပေ၏။
(၈)မြတ်စွာဘုရားစွာ တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ၏။ သူတစ်ပါးရို့အားလည်း သစ္စာလေးပါး တရားကို သိမြင်အောင် ဟောပြော ပြသနိုင်၏။ သို့အတွက်နန့် "ဗုဒ္ဓ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါပေ၏။
(၉)မြတ်စွာဘုရားစွာ အစိုးရခြင်း၊ တရားဟိခြင်း၊ အခြံအရံမျာခြင်း၊ ကျက်သရေဟိခြင်း၊ အလိုပိုင် ဖြစ်ခြင်း၊ လုံ့လ စွမ်းအား အပြည့်ဟိခြင်း ဆိုရေ ဘုန်းတော် ခြောက်ပါးနန့်လည်း ပြည့်စုံတော်မူပါပေ၏။ သို့အတွက်နန့် "ဘဂဝါ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံတော်မူပါပေ၏။
၁၂။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊လောမဟံသော ဝါ၊ သော ပဟီ ယိဿတိ။
၁၂။ ဒေပိုင် ငါဘုရားဧ့ ဂုဏ်တော် ကျေးဇူးတော်တိကို ဆင်ခြင်အောက်မိန့်ကတ်ဖိ။ ဘုရားဂုဏ်ကို ဆင်ခြင် အောက်မိန့်မိစွာ ဟိကေ သင်ရို့အား ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွီးညှင်း ထခြင်း ဟူသမျှ ပျောက်ကင်းလားပေလီဖို့။
၁၃။ နော စေ မံ အနုဿရေယျာထ၊အထ ဓမ္မံ အနုဿရေယျာထ —
၁၃။ အကယ်တန္တိ ဘုရားဂုဏ်တော်ကို မဆင်ခြင် မအောက်မိန့်မိစွာဟိကေ မြတ်စွာဘုရား ဟောကြားထားရေ တရားတော်၏ ဂုဏ်တော်ကို အေပိုင်အောက်မိသတိရကတ်။
၁၄။ “သွာက္ခာတော ဘဂဝတာ ဓမ္မော,သန္ဒိဋ္ဌိကော, အကာလိကော, ဧဟိပဿိကော,သြပနေယျိကော, ပစ္စတ္တံ ဝေဒိတဗ္ဗော, ဝိညူဟီ” တိ။
၁၄။ တရားတော်စွာ -
(၁)မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားရေ တရားတော် ဖြစ်အတွက်နန့် "သွာက္ခာတ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံပါပေ၏။
(၂)တရားတော်စွာ မျက်မှောက်မာပင် ကောင်းကျိုးချမ်းသာကို ပီးတတ်ရေအတွက်နန့် "သန္ဒိဋ္ဌိက" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံပါပေ၏။
(၃)တရားတော်စွာ အခါမလင့် အကျိုးပီးတတ်ရေအတွက်နန့် "အကာလိက" ဂုဏ်တော်နန့် ပြည့်စုံပါပေ၏။
(၄)တရားတော်စွာ လာပါ၊ ရှုပါ၊ ကျင့်ကြံပါ ဆိုပနာ မပါပါအောင် ခေါ်ဆောင် တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်ရေအတွက်နန့် "ဧဟိပဿိက" ဂုဏ်တော်နန့် ပြည့်စုံပါပေ၏။
(၅)တရားတော်စွာ လူရို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်ပီးတတ်ရေအတွက်နန့် "ဩပနိန်ယျိက" ဂုဏ်တော်နန့် ပြည့်စုံပါပေ၏။
(၆)တရားတော်စွာ ပညာဟိသူ သျှင်လူအပေါင်း သူတော်ကောင်းရို့အနိန်နန့် အသီးသီး တစ်ဦးစီ တစ်ဦးစီ မိမိရို့၏ စိတ်မာ ကပ်ပြီးကေ ဆောင်ထားထိုက်ရေအတွက်နန့် "ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ" ဆိုရေ ဂုဏ်တော်နန့် ပြည့်စုံပါပေ၏။
၁၅။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံဝါ၊လောမဟံသောဝါ၊ သော ပဟီယိဿတိ။
၁၅။ အေပိုင်ပင် တရားတော်ဧ့ဂုဏ်တော်ကို ဆင်ခြင် အောက်မိန့်မိရေသူအား ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွီးညှင်း ထခြင်း ဟူသမျှ အားလုံး ပျောက်ကင်းလားပါလီဖို့။
၁၆။ နော စေ ဓမ္မံ အနုဿရေယျာထ၊အထ သံဃံ အနုဿရေယျာထ။
၁၆။ တကေလို့ ဘုရားဂုဏ်တော်ကိုပင်ဖြစ်စီ၊ တရားဂုဏ်တော်ကိုပင်ဖြစ်စီ မဆင်ခြင် မအောက်မိန့်ဖြစ်ပါက မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ဂုဏ်ကျေးဇူးကို အောက်မိရာ၏။
၁၇။ “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော,ယဒိဒံ စတ္တာရိ ပုရိသ ယုဂါနိ၊အဋ္ဌပုရိသ ပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊အာဟု နေယျော, ပါဟုနေယျော, ဒက္ခိနေယျော,အဉ္ဇလိကရဏီယော, အနုတ္ထရံ ပုညခေတ္တံ လောကဿာ” တိ။
၁၇။ မြတ်စွာဘုရားဧ့ တပည့်သား သံဃာတော်စွာ -
(၁) နိဗ္ဗာန်အကျိုးငှာ ကောင်းသောအကျင့်ကိုရာ ကျင့်တော်မူတတ်ပေ၏။ သို့အတွက်နန့် "သုပ္ပဋိပန္န" ဆိုရေဂုဏ် ဟိပေ၏။
(၂) သံဃာတော်စွာ နိဗ္ဗာန်မဂ်ဖိုလ် ရဟိရီးအတွက် ဖြောင့်မာ့ခ်ျစွာ လမ်းမှန်ရေ အကျင့်ကိုရာ ကျင့်တော်မူပါပေ၏။ သို့အတွက်နန့် "ဥဇုပ္ပဋိပန္န" ဆိုရေဂုဏ် ဟိပေ၏။
(၃) သံဃာတော်စွာ နိဗ္ဗာန်ရဟိရီးနန့် သင့်လျော်လောက်ပတ်ရေ အကျင့်ကိုရာ ကျင့်တော်မူပါပေ၏။ သို့အတွက်နန့် "ဉာယပ္ပဋိပန္န" ဆိုရေဂုဏ် ဟိပေ၏။
(၄) သံဃာတော်စွာ အရိုအသေပြုခြင်းကို ခံယူထိုက်အောင် အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော်မူပါပေ၏။ သို့အတွက်နန့် "သာမိစိပ္ပဋိပန္န" ဆိုရေဂုဏ် ဟိပေ၏။
(၅) ထိုဘုရားတပည့် အရိယာသံဃာစွာ အချုပ်အားနန့် အရီအတွက်၄-စုံ၊ ပုဂ္ဂိုလ် ၈-ယောက် ဟိပေ၏။ ထိုသံဃာတော်စွာ အဝီးမှ ကြိုးစားပန်းစား ဆောင်ယူပြီးကေ ပူဇော်သမှု ပြုခြင်းကိုလည်း ခံယူထိုက်၏။ သို့အတွက်နန့် "အာဟုနိန်ယျ" ဆိုရေဂုဏ် ဟိပေ၏။
(၆) အာဂန္တုရို့အား ရည်စူးပြီးကေ အထူးပြုလုပ်ထားရေ ပစ္စည်း ဝတ်ထုတိကိုလည်း မိမိအား လှူကေ ကောင်းစွာ ခံယူထိုက်၏။ သို့အတွက်နန့် "ပါဟုနိန်ယျ" ဆိုရေဂုဏ် ဟိပေ၏။
(၇) လောကမာ အမြတ်ဆုံး အကောင်းဆုံးဖြစ်တေ အလှူကိုလည်း ထိုက်ထိုက်တန်တန် ခံယူနိုင်ပေ၏။ သို့အတွက်နန့် "ဒက္ခိဏေယျ" ဆိုရေဂုဏ် ဟိပေ၏။
(၈) လူနတ်ရို့၏ ဟိခိုးခြင်းကိုလည်း ခံထိုက်၏။ သို့အတွက်နန့် "အဉ္ဇလိကရဏီယ" ဆိုရေဂုဏ် ဟိပေ၏။
(၉) လူရို့က ကောင်းမှုဆိုရေ မျိုးစေ့ကို စိုက်ပျိုးရာ ကြဲချရာ အတုမဟိ လယ်မြီကောင်းသဖွယ်လည်း ဖြစ်၏။ သို့အတွက်နန့် "အနုတ္တရံ ပုညက္ခေတ္တံ လောကဿ" ဆိုရေဂုဏ် ဟိပေ၏။
၁၈။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ၊လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
၁၈။ အေပိုင်ပင် သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်ရို့ကို ဆင်ခြင်အောက်မိရာ၏။ သံဃာ့ဂုဏ်သို့ စိတ်ညွှတ်ပြီးကေ အာရုံပြုမိရေ သင်ရို့အား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွီးညှင်း ထခြင်းဟူသမျှ ကင်းပျောက်လားလီဖို့။
၁၉။ တံ ကိဿ ဟေတု၊တထာဂတေ ဟိ ဘိက္ခဝေ။အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ဝီတရာဂေါ ဝီတဒေါသော ဝီတမောဟော၊အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။
၁၉။ ထိုစကားမှန်ပါ၏။ အကြောင်းကတော့ခါ ဝိပဿီ စရေ ရှီးရှီးသော ဘုရားသျှင်များနည်းတူ ကောင်းစွာ ပွင့်ထွန်းလာရေ ငါဘုရားစွာ လူသူလေးပါးကင်းရေ ဆိတ်ကွယ်ရာအရပ်မာပင် မကောင်းမှုကို မပြုမလုပ်၊ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၏။ တဏှာရာဂ လုံးဝကင်း၏။ အမျက်ဒေါသ အားလုံးကင်း၏။ မသိမောဟ အားလုံး ကင်း၏။ ကြောက်လည်း မကြောက်တတ်၊ အကြောက်အလန့် မဟိ၊ ကြောက်ပြီးကေတုန်လှုပ်ရေဆိုစွာ လုံးဝမဟိ၊ မထိတ်တတ်၊ မလန့်တတ်၊ ကြောက်လန့်ပြီးကေ ထွက်ဗြီးစွာ ဆိုပနာလည်း ဇာအခါမျှမဟိ။ ယင်းချင့်ကြောင့် အေပိုင် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံညွှတ်ပြီးကေ ကြည်ညိုစိတ်ထား ပွားများသူရို့မှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွီးညှင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လီ၏။
၂၀။ ဣဒ မဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော။အထာ ပရံ ဧတဒဝေါစ သတ္ထာ။
၂၀။ မြတ်စွာဘုရားစွာ ဒေစကားကို မိန့်တော်မူ၏။ ယပြီးနောက်ဆက်လက်ပြီးကေ အေပိုင်ပြီးကေ မိန့်ကြားတော်မူပြန်၏ -
၂၁။ အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေဝ ဘိက္ခဝေါ။ အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာက နော သိယာ။
၂၁။ ချစ်သားရဟန်းရို့… သင်ရို့စွာ တောမာဖြစ်စီ၊ သစ်ပင်ရင်းမာဖြစ်စီ၊ ဆိတ်ကွယ်ရာအရပ်မာ ဖြစ်စီ နိန်ခိုက် ဘုရားဂုဏ်တော်ကို အောက်မိကတ်၊ အောက်မိကေ သင်ရို့ မကြောက်မရွံ့ နိန်နိုင်ကတ်လတ္တံ့ ။
၂၂။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ။ အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
၂၂။ လူနတ်ရို့၏ အကြီးအမြတ် ဖြစ်တော်မူရေ မြတ်စွာဘုရား၏ ဂုဏ်တော်ကို မဆင်ခြင် မအောက်မိဖြစ်ကတ်ကေ သံသရာမှ ထွက်မြောက်ကြောင်း ကောင်းစွာဟောကြားထားရေ တရားတော်၏ ဂုဏ်ကို အောက်မိကတ်။
၂၃။ နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။ အထ သံဃံ သရေယျာထ၊ ပုည က္ခေတ္တံ အနုတ္တရံ။
၂၃။ တရားတော်၏ဂုဏ်ကို အမှတ်မရကက်ကေ ကောင်းမှုမျိုးစိ စိုက်ပျိုးရာ အတုမဟိ လယ်မြီကောင်းနန့်တူရေ သံဃာတော်၏ ဂုဏ်ကို ဆင်ခြင်ပွားများကတ်။
၂၄။ ဧဝံ ဗုဒ္ဓံ သရန္တာနံ၊ ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ။ဘယံ ဝါ ဆမ္ဘိတတ္တံဝါ၊ လောမဟံသော န ဟေဿတိ။
၂၄။ ဒေပိုင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စီ၊ တရားတော်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စီ၊ သံဃာတော်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စီ ဆင်ခြင်အောက်မိလို့ဟိကေ ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွီးညှင်း ထခြင်း ဟူသမျှ လုံးဝ မဖြစ်ပေါ်လတ္တံ့။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ
ဓဇဂ္ဂသုတ် ပြီးပါဗျာလ်
ရွတ်ဖတ်ရခြင်း၏ အကျိုး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒေသုတ်ကို ရွတ်ဖတ်ပွားများကေ ပိုပြီးကေ ဉာဏ်ကောင်းလာစီနိုင်ရေ ဇာနိန်ရာသို့ဖြစ်စီ နိန့်နိန့်ညည လုံးချင်းတည်း လားရဲလာရဲ နိန်ရဲစီရေ။ စိတ်တန်ခိုးလည်း ကြီးလာလီဖို့။ ပရိသတ်အလယ်မှာ ပြောရဲဆိုရဲ ဟိလာနိုင်ရေ မိမိ၏ ဘဝအခြီအနိန် ခိုင်မြဲစီရေ။ ရာထူး တည်မြဲရီး၊ စည်းစိမ် တည်မြဲရီးအတွက် အကျိုးပြုလီဖို့။ (ဘုရား၊ တရား၊ သံဃာဂုဏ်တော် ရို့ကို သီးသန့် ပွားများနိုင်ရေ)။