နရနုမင်း
| နရနုမင်း | |
| မွီးသက္ကရာဇ် | |
| နာမည်ရင်း | အလီခင် |
| မိဖုရား | စောခမောက် |
| နာမည်ကွဲ | မင်းခရီ/နရနု/အလီခင် |
| ရခိုင်သက္ကရာဇ် နန်းတက် | 795 |
| ရခိုင်သက္ကရာဇ် နန်းကျ | 820 |
| ခရစ်နှစ် နန်းတက် | 1433 |
| ခရစ်နှစ် နန်းကျ | 1458 |
| အိမ်နိမ့် | 42 |
| နန်းစံ | 25 |
| အသက် | 67 |
| ဖခမည်းတော်၊မယ်တော် | |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| ဆက်ခံခရေဘုရင် | မင်းစောမွန် |
| ဆက်ခံရဖို့ဘုရင် | ဘစောဖြူ |
| မင်းဆက် | ပထမမြောက်ဦးမင်းဆက် |
နရနုမင်း/အလီခင် (ရခိုင်သက္ကရာဇ် ၇၉၅-၈၂၁) (ခရစ်နှစ် ၁၄၃၃-၁၄၅၉)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။
မင်းစောမွန် နတ်ရွာစံကေ ညီတော်နရနုမင်းရေ သက္ကရာဇ် ၇၉၅ ခုနှစ်တွင် ထီးနန်းကို ဆက်ခံခရေ။ ဒေမင်းရေ တိုင်းသူပြည်သားရို့၏အကျိုးစီးပွားကို အမြဲဆောင်ရွက်ရေ။ ဆင်းရဲရေ တောင်သူလယ်သမားတိကို ဥစ္စာအရင်းအနှီး ထုတ်ပီးရေ။ လယ်ယာလုပ်ငန်းခွင်သို့ ကိုယ်တော်တိုင်ဆင်း၍ ကြည့်ရှုလေ့ဟိရေ။ အခွန်အကောက်တိကို လျှော့ပေါ့၍ ကောက်ရေ။ မြောက်ဦးမြို့တော်ကို မွမ်းမံပြင်ဆင်ရေ။ စာတီပုထိုး၊ ဂူ၊ ကျောင်း၊ ဇရပ်တိကို ပြုပြင်ရေ။ နောင်တော် မင်းစောမွန်၏ကောင်းမှုတော် လေးမျက်နှာဘုရားအနီး၌ ကျောက်စာတီကြီးတစ်ဆူ တည်ထားခရေ။ အင်းဝမင်း ထူပါရုံဒါယကာ နရပတိမင်းနန့် ဖိုးခေါင်တောင်ရိုးတွင် အခမ်းအနားကြီးစွာ ကျင်းပ၍ မဟာမိတ်ဖွဲ့ကတ်ရေ။ တပြည်နန့်တပြည်ပိုင်နက်နယ် နိမိတ်ကိုလည်း သတ်မှတ်ခကတ်ရေ။ အဝတ်တန်ဆာချင်း လဲလှယ်၍ ဝတ်ဆင်ကတ်ရေ။ ဤမင်းရေ နန်းစံ(၂၆)နှစ်၊ သက္ကရာဇ် ၈၂၁ ခုတွင် နတ်ရွာစံရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-18)