Jump to content

နာဂလူမျိုး

ဝီကီးပီးဒီးယား က

နာဂလူမျိုးရို့စွာ မြန်မာနိုင်ငံမြောက်ဘက် အိန္ဒိယနိုင်ငံနန့် မြန်မာနိုင်ငံနယ်စပ်ဟိ နာဂတောင်တန်းမာ နီထိုင်ကတ်ရေ တိဗက်-ဗမာနွယ် ဘာသာစကား ပြောလူမျိုးတိဖြစ်တေ။ သီးသန့်နီထိုင်ရေ အုပ်စုချေတိ​​ဖြစ်ပြီးကေနာဂမျိုး စုစု ပေါင်း များစွာ ကွဲပြားဗျာယ် ဟိရေ။ လူမျိုးတိအားဖြင့် တမျိုးတည်း ဖြစ်ကေလေ့ ယင်းရို့ နီထိုင်ရာဒေသဧ့ ပထဝီဝင် အနိန်အထားကိုလိုက်လို့ စကားနန့် ဓလိထုံးစံများ စိကေချေစီ ခြားနားကွဲလွဲနီကတ် ရရေ။

နာဂလူမျိုး
လူဦးရွီ စုစုပေါင်း
~၃၀၀၀၀၀၀
အများစု နီထိုင်ရေ နီရာ
အိန္ဒိယမြန်မာ
ဘာသာစကား
နာဂဘာသာစကား
ကိုးကွယ်မှု
ခရစ်ယာန်ဘာသာမဲ့ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
ချင်းလူမျိုးဂျိန်ဖွလူမျိုးအောက်သား၊အရာ တိဗက်-ဗမာနွယ် လူမျိုးစုများ

ထင်ရှားရေနာဂလူမျိုးစုများ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ထင်ရှားရေ နာဂလူမျိုးစုတိမာ မြန်မာနိုင်ငံဘက်ခြမ်းဟိ နာဂတောင်တန်းများမာ နီထိုင်ကတ်တေ ခယ်မြူငန် (နောက်ကော်) နာဂ၊ လိုင်းနောင် (ထန်ဂန်) နာဂ၊ တန်ရှန်း (တန်ဆား၊ဟိုင်းမီ၊ပန်မီး) နာဂ၊ ပါရာနာဂ၊ မကူရီနာဂ၊ တန်ခွန်နာဂ၊ ကောန်ညက်နာဂ၊ အနန်နာဂ၊ မောန်ဆန်းနာဂ၊ မော်ယောန်းနာဂ၊ လမ်းကန်းနာဂ၊ ခေါင်ဆိုင်နာဂ (မသေချာပါ) ရို့ဖြစ်တေ။ အာသံနယ်ဘက်ခြမ်းဟိ နာဂတောင်တန်းမာမူ အန်ဂါမီနာဂ၊ ကောန်ညက်နာဂ၊ အောင်းနာဂ၊ ကျာ့ခဆန်းနာဂ၊ ခရာဝထားနာဂ၊ ဆန်းထန်းနာဂနန့် ဆီးမား (ဆူမီး) နာဂ အစဟိစွာရို့ ထင်ရှားဧ့။[]

ဆူမီနာဂအမျိုးသမီးသျှေတိ၏ ဝတ်စားဆင်ယင်ပုံ

[]

ကိုယ်နီကိုယ်ဟန်နန့် ဆင်ယင်ပုံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နာဂတမျိုးလုံးကို ခြုံကြည်လျှင် ရုပ်ရည်မာ မြန်မာနန့် အလွန်တူဧ့။ ကိုယ်လုံးကိုယ်ထည် တောင့်တင်းလို့ အရပ်မြင့်ဧ့။ မမာ့များ ဝတ်ဆင်ရေ အပြာရောင် အင်္ကျီစွာ မွန်ကိုလူမျိုးရို့နန့် ဆင်ဆင်တူလို့ မျက်နှာဝိုင်းရေ ကလိန့်မေသျှေတိစွာ အပျိုဆိုကေ ဆံပင်အရှည်မထား၊ ကတုံးနီးပါးခန့် ရိပ်ထားဧ့။ အိမ်ထောင်ပြုကေ ဆံပင်အရှည် ထားကတ်တေ။ ယောက်ျားတိစွာ ခြီထောက်နန့် ခါးကြီးကွင်းများ ဆင်ယင်ကတ်တေ။ နားပေါက်မာ ခြည်မျှင်စတိ သွင်းထားကတ်တေ။ ပုတီးကုန်းများ၊ ခရုခွံတိကို “ကျား”ရော “မ”ပါ တပ်မက်စွာ ဆင်ယင်ကတ်တေ။

နာဂရို့၏ အိမ်ထဲမာ တဲတန်းရှည် မြီစိုက်အမိုး ကုပ်ကုပ်နန့် လျှိုပေါက်တန်းခါးပေါက် ဖောက်ထားရေ။ တဲဧ့ အလယ်တနီရာမာ မြီကြီးတိကို ဘောင်ရန်ထည့်ထားပြီးကေ မီးဖို ၃၊ ၄ ဖိုမျှ ပြုလုပ်ဖို့ မီးအမြဲ ထည့်ထားကတ်တေ။

ရွာတိုင်းမာ အတိုင်ပင်ခံဇရပ်ဟု ဆိုနှိုင်ရေ ယောက်ျားဆောင်တိနန့် ချစ်ဂေဟာများ ထားဟိလိဟိရေ။ အတိုင်ပင်ခံဇရပ်များမာ ယောက်ျားများ စုဝေးလို့ ရပ်မှုရွာမှု ကိစ္စအရပ်ရပ်ကို မိုးထတိုင်း ဆွေးနွေးလေ့ဟိကတ်တေ။ ထိုနောက်ခါ လယ်ပြင်သို့ ဆင်းကတ်တေ။ သာလယံမာ ကုလပ်တက် ပိုင် သစ်သားကို ထွင်းရန်လုပ်ထားရေ စည်ကြီးတိဟိပါယင့်။ ရန်သူလာကေဖြစ်စီ၊ ဝမ်းသာရေ အထိမ်းအမှတ်ဖြစ်စီ စည်ကိုခတ် ကတ်တေ။ ရွာပတ်လည်မာလည်း ကင်းတဲများ ထားရေ။ ရန်သူလာဖို့လို့ သတင်းရထားကေ ကင်းအစောင့် ချထားလိ့ဟိရေ။

ချစ်ဂေဟာတိမှာမူ လူနှစ်ယောက် နီသာရုံ အခန်းငယ်ချေတိ ဖွဲ့ထားရေ။ တဲအလယ်ဟိ မီးဖိုမှ အလင်းရောင်သာဟိပြီးကေ အရာအလင်းရောင်မဟိ မိုက်မဲဗျာယ်ဟိ၏။ နီကျစွာနန့် တပြိုင်တည်း နာဂ သမီးရည်းစားများ အလျိုလျိုလာရောက်ကတ်လို့ ချစ်တင်းနှောကတ်လီရေ။

နာဂလူမျိုးတိစွာ သင်္ခြိုင်းဂူတိကို ရွာထဲမာပင်ဖြစ်ဖြစ် ရွာလမ်းနံချင်းပြိုင်မာ ပင်ဖြစ်ဖြစ် တည်ထားကတ်တေ။ ဂူထက်မာ တင်ထားရေ ကျောက်တုံးတိကို ကြည့်ကေ ယင်းသူ အသက်ရှင်စဉ်က ခေါင်းဖြတ်ခသမျှကို သိဟိနှိုင်ဖို့ဖြစ်ပြီးကေ ကျောက်တုံးငယ်တိမှာမူ သူ၏ ချစ်သူ အရွီအတွက်ကို ဖော်ပြထားခြင်းဖြစ်၏။ တချို့လူများမာ ကျောက်တုံးငယ် (60) လောက်ကိုပင် တွိရတတ်ရေ။

ကိုင်ဆောင်ရေ လက်နက်များ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နာဂလူမျိုးများ ကိုင်ဆောင်ရေ လက်နက်မာ လှံ၊ တုတ်ရှည်ထိပ်မာ ဒါးမတိုပိုင် တပ်ဆင်ထားရေ လက်နက်နန့် လေးမြှားရို့ပင်ဖြစ်တေ။ လှံတံမာ ဆိတ်မွှီးတိကို ရောင်စုံဆီးဆိုးပနာ တပ်ဆင်ထားကတ်၏။ လှံသွားမာ အဆိပ်လူးလီ့လည်းဟိ၏။ ပေ (၃၅) မှ (၄၀) အထဲ လက်မှန်းတည့်အောင် ပစ်နိုင်စွမ်းဟိရေ။

နာဂရို့ စစ်တိုက်နည်းမာ ညဉ့်ဖက်မာ ရွာတရွာကို ဝိုင်းထားပြီးသား မိုးထလင်းစွာနန့် ဗြုန်းခနဲ ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး ဖြစ်တေ။ အုပ်စုတစုက ရွာထဲကိုဝင်ပြီးကေ မြင်မြင်သမျှကို ခေါင်းဖြတ်တိုက်ခိုက်ဧ့။ အရာအုပ်စုက ရွာနန့်မလှမ်းမကမ်းဟိ စပါးရိုင်းတိကို မီးတိုက်လိဟိရေ။

နာဂလူမျိုးရို့ ခေါင်းဖြတ်ရခြင်းကာ ယင်းပိုင် ခေါင်းဖြတ်ရခြင်းအားဖြင့် မှော်အတတ်ကို ရဟိနှိုင်ရေဟု အစွဲအယူ ဟိကတ်ရေကြောင့်ဖြစ်၏။ တချို့ ခေါင်းအရနည်းလျှင် ခေါင်းတလုံးတည်းကိုပင် ဝီခြမ်းယူကတ်ရရေ။ ခေါင်းများများ ဖြတ်နိုင်သူစွာ လူစွမ်းကောင်းဖြစ်ပြီးကေ ယင်းသူဧ့ အိမ်ပေါက်ဝမာ ဖြတ်ထားရေ ခေါင်းတိကို ကြိမ်ကြိုးနန့် ချီဗျာယ် ဆွဲချိတ်ထားရေကို တွိ့နှိုင်ကတ်တေ။


တမ်းပလိတ်:မြန်မာပြည် လူမျိုးများ