Jump to content

နိသီဒနသန္တတသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၅-နိသီဒနသန္တတသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၆၅။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေ ဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ မြတ်စွာဘုရားစွာ ရဟန်းရို့ကို "ရဟန်းရို့ငါစွာ သုံးလလုံးလုံး (တပါးတည်း) ကိန်းအောင်းနေခြင်းငှါ အလိုဟိရေ၊ ဆွမ်းပို့ဆောင်သော ရဟန်းတပါးကို ထားပနာ တဦးတစ်ယောက်လှောက် ငါ့ပါးကို မချိုင်းကပ်ရ"ဟု မိန့်တော်မူ၏။

ကောင်းပါ ပြီ မြတ်စွာဘုရားဟု ထိုရဟန်းရို့စွာ မြတ်စွာဘုရားအား ဝန်ခံပနာ ဆွမ်းပို့ဆောင်သောရဟန်းမှ တပါး ဇာသူတဦးတစ်ယောက်လှောက် မြတ်စွာဘုရားပါးကို မချိုင်းကပ်ပါ၊၊

ယင်းခါ သာဝတ္ထိမြို့၌ နိန်ရေ သံဃာစွာ "ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ သုံးလလုံးလုံး (တပါးတည်း) ကိန်းအောင်းနေခြင်းငှါ အလိုရှိတော်မူစွာ၊ ဆွမ်းပို့ဆောင်သော ရဟန်းမှ တပါးဇာသူတဦးတစ်ယောက်လှောက် မြတ်စွာဘုရားပါးကို မချိုင်းကပ်ရ၊ မြတ်စွာဘုရားပါးကို ချိုင်းကပ်သူ ရဟန်းစွာ ပါစိတ်အာပတ်ကို ဒေသနာ ကြားရဖို့"ဟု ကတိကဝတ်ကို ပြုရေ။

ယင်းခါ ဝင်္ဂန္တ၏သား အသျှင်ဥပသေနစွာ ပရိသတ်နန့်တကွ မြတ်စွာဘုရားပါးကို ချိုင်းကပ်ပနာမြတ်စွာဘုရားကို ယှိခိုးပြီးကေ တစ်ခုသော နီရာမာ ထိုင်ရေ။

အာဂန္တုရဟန်းရို့နန့် အတူတကွ ဝမ်းသာစွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်းစွာဘုန်းတော်ကြီးရေ မြတ်စွာဘုရားရို့၏ အလိအထပင် ဖြိုက် ၏။ ယင်းခါ မြတ်စွာဘုရားစွာ အသျှင်ဥပသေနအား-

"ဥပသေန သင်ရို့စွာ မာကတ်ကုန်၏လော၊ မျှတကတ်ကုန်၏လော၊ ပင်ပန်းနည်းစွာနန့် ရှည် သောခရီးကို လာခကတ်ရ၏လော"ဟု မေးတော်မူ၏။

မာကတ်ပါရေ မြတ်စွာဘုရား၊ မျှတကတ်ပါရေ မြတ်စွာဘုရား၊ အသျှင်ဘုရား အကျနော်ရို့ စွာပင်ပန်းနည်းစွာနန့်လည်း ရှည်သော ခရီးကို လာခကတ်ရပါရေဟု (လျှောက်၏)။

ယင်းခါ ဝင်္ဂန္တ၏သား အသျှင်ဥပသေန၏ အတူနီ တပည့်ရဟန်းစွာ မြတ်စွာဘုရား၏ အနီးမာထိုင်နီ၏၊ ယင်းခါ မြတ်စွာဘုရားစွာ ထိုရဟန်းအား-

"ရဟန်း ပံ့သကူ သင်္ကန်းရို့စွာ သင့်အား ခြီစီကုန်၏လော"ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ပံ့သကူ သင်္ကန်းရို့စွာ အကျွန်ုပ်အား မကြည်စီနှိုင်ကတ်ပါဟု (လျှောက်၏)။

ရဟန်း သင်ရေ အဇာကြောင့် ပံ့သကူ ဆောင်သနည်းဟု (မေးတော်မူရာ)

အသျှင်ဘုရား အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆြာရေ ပံ့သကူ ဆောင်ပါရေ၊ ဒေအတူ အကျွန်ုပ်စွာလည်း ပံ့သကူ ဆောင်ရပါရေဟု (လျှောက်၏)။

ယင်းခါ မြတ်စွာဘုရားစွာ ဝင်္ဂန္တ၏သား အသျှင်ဥပသေနအား-

"ဥပသေန သင်၏ ဒေပရိသတ်ရေ ကြည်ညိုဖွယ်ရှိစွ၊ ဥပသေန သင်ရေ ဒေပရိသတ်ကို အဇာသို့ဆုံးမသနည်း"ဟု မေးတော်မူ၏။


အသျှင်ဘုရား အကျွန်ုပ်ထံ ရဟန်းအဖြိုက် တောင်းသူကို အကျွန်ုပ်စွာ "ငါ့သျှင် ငါစွာ တောကျောင်းနီ၏၊ ပိဏ္ဍပါတ်ဓူတင် ဆောင်၏၊ ပံ့သကူ ဆောင်၏၊ အဂယင့်လို့ သင်စွာလည်း တောကျောင်းနီပါမူ၊ ပိဏ္ဍပါတ်ဓူတင် ဆောင်ပါမူ၊ ပံ့သကူ ဆောင်ပါမူ၊ ငါစွာ သင့်ကို ရဟန်းပြုပီးဖို့"ဟု ဆိုပါရေ၊ အဂယင့်လို့ အကျွန်ုပ်၏ စကားကို နားထောင်အံ့၊ ရဟန်းပြုပီးပါရေ၊ အဂယင့်လို့ အကျွန်ုပ်၏စကားကို နားမထောင်အံ့၊ ရဟန်းပြုမပီးပါ။

အကျွန်ုပ်ထံ နိဿရည်းတောင်းသူကို အကျွန်ုပ်စွာ "ငါ့သျှင် ငါစွာ တောကျောင်းနီ၏၊ ပိဏ္ဍပါတ်ဓူတင်ဆောင်၏၊ ပံ့သကူ ဆောင်၏၊ အဂယင့်လို့ သင်စွာလည်း တောကျောင်းနေဖြိုက် ပါမူပိဏ္ဍပါတ်ဓူတင် ဆောင်ပါမူ၊ ပံ့သကူ ဆောင်ပါမူ၊ ငါစွာ သင့်ကို နိဿရည်းပီးဖို့"ဟု ဆိုပါရေ၊ အဂယင့်လို့ အကျွန်ုပ်၏ စကားကို နားထောင်အံ့၊ နိဿရည်းပီးပါရေ၊ အဂယင့်လို့ အကျွန်ုပ်၏စကားကို နားမထောင်အံ့၊ နိဿရည်း မပီးပါ၊ အသျှင်ဘုရား အကျွန်ုပ်စွာ ပရိသတ်ကို ဧပိုင်ဆုံးမပါရေလို့ (လျှောက်၏)။

ဥပသေန ကောင်းစွ ကောင်းစွ၊ ဥပသေန သင်ရေ ပရိသတ်ကို ကကောင်းရာကေ ဆုံးမပေ၏၊ ဥပသေန သင်ရေ သာဝတ္ထိမြို့၌ နိန်ရေ သံဃာ၏ ကတိကဝတ်ကို သိ၏လောဟု (မေးတော်မူပြန်ရာ)။

အသျှင်ဘုရား အကျွန်ုပ်စွာ သာဝတ္ထိမြို့၌ နိန်ရေ သံဃာ၏ ကတိကဝတ်ကို မသိပါဟု (လျှောက်၏)။

ဥပသေန သာဝတ္ထိမြို့၌ နိန်ရေ သံဃာစွာ "ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ သုံးလလုံးလုံး (တပါးတည်း) ကိန်းအောင်းနေခြင်းငှါ အလိုရှိတော်မူစွာ၊ ဆွမ်းပို့ဆောင်သော ရဟန်းမှ တပါးဇာသူတဦးတစ်ယောက်လှောက် မြတ်စွာဘုရားပါးကို မချိုင်းကပ်ရ၊ ချိုင်းကပ်သူ ရဟန်းစွာ ပါစိတ်အာပတ်ကို ဒေသနာကြားရဖို့"ဟု ကတိကဝတ်ကို ပြုထား၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား သာဝတ္ထိမြို့၌ နိန်ရေ သံဃာစွာ မိမိပြုသော ကတိကဝတ်နန့် ထင်ယှားပါလိမ့် မည်၊ အငရို့တိစွာ မပညတ်အပ်သိမ့်စွာကို မပညတ်ကတ်ပါ၊ ပညတ်အပ်ပြီးကိုလဲ့ မချိုးဖျက် ကတ်ပါ၊ ပညတ်တော်မူအပ်တိုင်းကုန်သော သိက္ခာပုဒ်ရို့မာ ကကောင်း ဆောက်တည်ပြီးကေ ကျင့်ကတ်ပါကုန်၏ဟု (လျှောက်၏)။

ဥပသေန ကောင်းစွ ကောင်းစွ၊ မပညတ်အပ်သိမ့်စွာကို မပညတ်အပ်၊ ပညတ်အပ်ပြီးကိုလဲ့မချိုးဖျက်အပ်၊ ပညတ်အပ်တိုင်းကုန်သော သိက္ခာပုဒ်ရို့မာ ဆောက်တည်ပြီးကေ ကျင့်ရဖို့၊ ဥပသေန "တောကျောင်းနေ ရဟန်း၊ ပိဏ္ဍပါတ်ဓူတင်ဆောင် ရဟန်း၊ ပံ့သကူဆောင် ရဟန်းရို့စွာ အလိုရှိတိုင်း ငါ့ကိုဖူးမြော်ရန် ချိုင်းကပ်ကတ်ပါစီ"ဟု ခွင့်ပြုတော်မူ၏။

၅၆၆။ ယင်းခါ အများကြီးသော ရဟန်းရို့စွာ "ငါရို့စွာ ဝင်္ဂန္တ၏သား အသျှင်ဥပသေနအားပါစိတ်အာပတ်ကို ဒေသနာကြားစီကုန်အံ့"ဟု တန်းခါးမုခ် ပြင်ပ၌ ရပ်တည်ကုန်၏၊ ယင်းခါ ဝင်္ဂန္တ၏သားအသျှင်ဥပသေနစွာ ပရိသတ်နန့်တကွ နီရာမှထပနာ မြတ်စွာဘုရားကို ယှိခိုးပြီးကေ အရိုအသေပြုကာဖဲလားလီ၏၊ ယင်းခါ ထိုရဟန်းရို့စွာ ဝင်္ဂန္တ၏သား အသျှင်ဥပသေနကို "ငါ့သျှင် ဥပသေနသာဝတ္ထိမြို့၌ နိန်ရေ သံဃာ၏ ကတိကဝတ်ကို သိ၏လော"ဟု ဆိုကုန်၏။

မြတ်စွာဘုရားစွာလည်း အငါ့ကို-

"ဥပသေန သင်ရေ သာဝတ္ထိမြို့၌ နိန်ရေ သံဃာ၏ ကတိကဝတ်ကို သိ၏လော"ဟု ဒေနည်းအတိုင်းပင် မိန့်တော်မူပါရေ။


အသျှင်ဘုရား အကျွန်ုပ်စွာ သာဝတ္ထိမြို့၌ နိန်ရေ သံဃာ၏ ကတိကဝတ်ကို မသိပါဟု (လျှောက်ပါရေ)။

ဥပသေန သာဝတ္ထိမြို့၌ နိန်ရေ သံဃာစွာ "ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ သုံးလလုံးလုံး (တပါးတည်း) ကိန်းအောင်းနေခြင်းငှါ အလိုရှိတော်မူစွာ၊ ဆွမ်းပို့ဆောင်သော ရဟန်းမှ တပါးဇာသူတဦးတစ်ယောက်လှောက် မြတ်စွာဘုရားပါးကို မချိုင်းကပ်ရ၊ ချိုင်းကပ်သူ ရဟန်းစွာ ပါစိတ်အာပတ်ကို ဒေသနာကြားရဖို့လို့ ကတိကဝတ်ကို ပြုအပ်၏"ဟု (မိန့်တော်မူပါရေ)။

အသျှင်ဘုရားရို့ သာဝတ္ထိမြို့၌ နိန်ရေ သံဃာစွာ မိမိပြုသော ကတိကဝတ်နန့် ထင်ယှားပါလိမေ၊ အငရို့တိစွာ မပညတ်အပ်သိမ့်စွာကို မပညတ်ပါ၊ ပညတ်အပ်ပြီးစွာကိုလဲ့ မချိုးဖျက်ကတ်ပါ၊ ပညတ်တော်မူအပ်တိုင်းကုန်သော သိက္ခာပုဒ်ရို့မာ ဆောက်တည်ပြီးကေ ကျင့်ကတ်ပါကုန်၏ဟု (လျှောက်ခပါရေ)။

"ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ တောကျောင်းနေ ရဟန်း ပိဏ္ဍပါတ်ဓူတင်ဆောင် ရဟန်း ပံ့သကူဆောင်ရဟန်းရို့စွာ အလိုရှိတိုင်း ငါ့ကို ဖူးမြော်ရန် ချိုင်းကပ်ကတ်ပါစီ"ဟု ခွင့်ပြုတော်မူအပ်ပြီဟု (လျှောက်၏)။

ယင်းခါ ထိုရဟန်းရို့စွာ ဥပသေနစွာ အမှန်ကိုရာ ဆိုလီရေ၊ "မပညတ်အပ်သိမ့်စွာကိုပညတ်ရဖို့မဟုတ်၊ ပညတ်အပ်ပြီးကိုလဲ့ ချိုးဖျက်ရဖို့ မဟုတ်၊ ပညတ်တော်မူအပ်တိုင်းကုန်သောသိက္ခာပုဒ်ရို့မာ ဆောက်တည်ပြီးကေ ကျင့်ရပေမည်"ဟု ဆိုကုန်၏။

ရဟန်းရို့စွာ "မြတ်စွာဘုရားစွာ တောကျောင်းနေ ရဟန်း ပိဏ္ဍပါတ်ဓူတင်ဆောင် ရဟန်းပံ့သကူဆောင် ရဟန်းရို့စွာ အလိုရှိတိုင်း ငါ့ကို ဖူးမြော်ရန် ချိုင်းကပ်ကြစီ"ဟု ခွင့်ပြုတော်မူအပ်သတတ်ဟု ကြားကြအတွက်နန့် မြတ်စွာဘုရားကို ဖူးမြော်လိုကုန်ရပြီးကေး အခင်းရို့ကို စွန့်ပနာအာရညကင်ဓူတင် ပိဏ္ဍပါတ်ဓူတင်ပံ့သကူဓူတင်ကို ဆောက်တည်ကုန်၏။

ယင်းခါ မြတ်စွာဘုရားစွာ အများကြီးသော ရဟန်းရို့နန့်အတူ ကျောင်းစိုင် ဒေသစာရီလှည့်လည်တော်မူလတ်သော် ထိုထိုအရပ်ရို့မာ စွန့်ထားအပ်ရေ အခင်းရို့ကို မြင်တော်မူ၏၊ ယပြီးနောက်ရဟန်းရို့ကို "ရဟန်းရို့ ထိုထိုအရပ်၌ စွန့်ထားအပ်ရေ ဒေအခင်းရို့စွာ ဇာသူ၏ အခင်းရို့နည်း"ဟု မေးတော်မူ၏၊ ယင်းခါ ထိုရဟန်းရို့စွာ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။

ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေရဟန်းရို့ကို မိန့်တော်မူ၏။

"ရဟန်းရို့ ယပိုင်ဖြိုက်ခကေ ရဟန်းရို့အား သံဃာတော်၏ ကောင်းပါရာဟု ဝန်ခံကျင့်သုံးဖို့ သံဃာတော်တိ ချမ်းသာစီရန်။ပ။ဆိုရေ အကျိုးထူးဆယ်ပါးရို့ကို အစွဲပြုပနာ သိက္ခာပုဒ်ကို ပညတ်မည်။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။


၅၆၇။ "နိသီဒိုင် အခင်းကို ပြုလုပ်စီလိုရေ ရဟန်းစွာ အခင်းဟောင်း၏ ထက်ဝန်းကျင်မှမြတ်စွာဘုရား အထွာတော် ပိုင်ဏမျှလောက်ကို အဆင်းပျက်အောင်ပြုခြင်းငှါ ယူရဖို့၊ ရဟန်းစွာ အခင်းဟောင်း၏ ထက်ဝန်း ကျင်မှ မြတ်စွာဘုရား အထွာတော် ပိုင်ဏမျှလောက်ကို မယူဘဲ နိသီဒိုင်အခင်းသစ်ကို ပြုစီငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။

၅- နိသီဒနသန္ထတသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၅၆၈။ နိသီဒိုင် ဆိုစွာ အဆာ (အမြိတ်) ဟိရေ အခင်းကို ဆိုအပ်၏။

အခင်း ဆိုစွာ မရက်ဘဲ ဖြန့်ပနာ ပြုအပ်ရေ အခင်းတည်း။

ပြုလုပ်စီလိုရေဟူစွာ (ကိုယ်တိုင်) ပြုသော်လိ့ကောင်း၊ (သူတပါးရို့ကို) ပြုစီသော်လိ့ကောင်း။

အခင်းဟောင်း ဆိုစွာ တစ်ချိန်းဝတ်၁အပ်သော်လိ့ကောင်း၊ တစ်ချိန်းရုံအပ်သော်လိ့ကောင်း (ဖြိုက်ရေအခင်းတည်း။)

ထက်ဝန်းကျင်မှ မြတ်စွာဘုရား အထွာတော် ပိုင်ဏမျှလောက်ကို အဆင်းပျက်အောင် ပြုခြင်းငှါယူရဖို့ဟူစွာ ခိုင်ခံ့စီရန်အလို့ငှါ အဝိုင်းကိုသော်လိ့ကောင်း၊ လေးထောင့်ကိုသော်လိ့ကောင်း ဖြတ်ပနာ တနီရာမာကေလေ့ ဖြန့်ခင်းရဖို့၊ ဖြေပနာကေလေ့ ဖြန့်ခင်းရဖို့။

ရဟန်းစွာ အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရား အထွာတော် ပိုင်ဏ မျှလောက်ကိုမယူဘဲဟူစွာ အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရား အထွာတော် ပိုင်ဏမျှလောက်ကိုမယူမူပြီးကေ။

နိသီဒိုင်အခင်းသစ်ကို (ကိုယ်တိုင်ကေလေ့) ပြုအံ့၊ (သူတပါးရို့ကိုကေလေ့) ပြုစီအံ့၊ အားထုတ်မှုပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအား သော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။

ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။

"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ နိသီဒိုင်အခင်းစွာ အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရားအထွာတော် ပိုင်ဏမျှလောက်ကို မယူဘဲ ပြုလုပ်စီအပ်အနိန်နန့် စွန့်ထိုက်ပါရေ၊ အကျွန်ုပ်စွာဒေနိသီဒိုင်အခင်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အားပီးပါ၏ဟု (ပြန်ပီးရဖို့)။

၅၆၉။ မိမိရေ ပြုပနာ မပြီးသိမ့်စွာကို မိမိ ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မိမိရေ ပြုပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သူတပါးရို့စွာ ပြုပနာ မပြီးသိမ့်စွာကို မိမိ ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ သူတပါးရို့စွာ ပြုပနာ မပြီးသိမ့်စွာကို သူတပါးရို့ကို ပြီးဆုံးစီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

သူတပါး၏ အကျိုးငှါ (ကိုယ်တိုင်ကေလေ့) ပြုအံ့၊ (သူတပါးရို့ကိုကေလေ့) ပြုစီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။


၅၇၀။ အခင်းဟောင်း၏ ထက်ဝန်းကျင်မှ မြတ်စွာဘုရားအထွာတော် ပိုင်ဏမျှလောက်ကို ယူပနာ ပြုအံ့၊ မရအနိန်နန့် စိကေသျှေယူပနာ ပြုအံ့၊ မရအနိန်နန့် မယူဘဲ ပြုအံ့၊ အခြားသူစော် ပြုအပ်ပြီးကို ရပြီးကေသုံးဆောင်အံ့၊ အာပတ်မသင့်၊ ဗိတာန် 'ဘုံပိတ်' ကိုသော်လိ့ကောင်း၊ မြေအခင်းကိုသော်လိ့ကောင်း၊ တင်းတိမ် 'လန့်ဆန့်ကာ' ကိုသော်လိ့ကောင်း၊ ဘုံလျှို 'ဖုံ' ကိုသော်လိ့ကောင်း၊ ခေါင်းအုံးကိုသော်လိ့ကောင်း ပြုအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းအားအာပတ် မသင့်။

ပဉ္စမ နိသီဒနသန္ထတသိက္ခာပုဒ် ပြီး၏။

၁။ တစ်ချိန်းဝတ် တစ်ချိန်းရုံဟူစွာ တစ်ချိန်းထိုင် တစ်ချိန်းလျောင်းစက်ခြင်းကို ဆိုလိုရေ။