Jump to content

နိုင်ငံတော်

ဝီကီးပီးဒီးယား က

နိုင်ငံတော်ဆိုစွာမာ ပထဝီနိုင်ငံရီးနန့် နိုင်ငံတကာနိုင်ငံရီးအရ နီရာ သတ်မှတ် ပိုင်းခြာထားရေ အုပ်ချုပ်ခွင့်ရ နယ်မြီ ဖြစ်တေ။ နိုင်ငံတော်ဆိုရေ အခေါ်အဝေါ်နန့် ထိုစကားလုံးနန့်တွဲပြီးကေပါလာရေ လူရို့၏စိတ်တွင်းမှ ခံစားချက်၊ခံယူချက်နန့် အဓိပ္ပာယ်ဖွင့်ဆိုချက်တိမာ မိုးပေါ်မှကျလှာစွာမဟုတ်ဘဲ အုပ်ချုပ်သူလူတန်းစားတိက ဆယ်စုနှစ်၊ ရာစုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခရေ အရာတခုဖြစ်တေ။ လူအများအား နိုင်ငံတော်ဆိုရေ ဝေါဟာရအောက်မာ တစည်းတလုံးထဲဖြစ်စီရီးအတွက် ပြောဆိုရေဘာသာစကားကို တတ်နိုင်သမျှတခုတည်းဖြစ်စီခြင်း၊ လူမျိုးစုနွယ်များ အသွယ်သွယ်ဖြစ်နီစွာကို တတ်နိုင်သမျှ ကွဲပြားမှုနည်းယောင်ပြုလုပ်ခြင်းတိမာ အခြီခံကျသော နိုင်ငံတော်ယုံကြည်ချက်တခုဖြစ်လှာစီရေ နည်းလမ်းများဖြစ်ကတ်တေ။ အုပ်ချုပ်သူတိက ထိုပန်းတိုင်တိသို့ရောက်ဟိရီးအတွက် အနုနည်းရော အကြမ်းနည်းပါ နည်းမျိုးစုံသုံးခကတ်တေ။ ဥပမာအနိန်နန့် အာဖရိကမာဟိရေ ဇူလူးရို့မာ သာမန်လူအများထင်ထားပိုင် လူမျိုးစုတခုမဟုတ်ဘဲ ရှာကာ(Shaka)ဆိုရေ ဂေါင်းဆောင်တဦးက လွန်ခရေရာစုနှစ်နှစ်ခုလောက်စတင်ပနာ မျိုးနွယ်စုငယ်မကန်မဝှန်ကို တစုတစည်းထဲဖြစ်ယောင် ကြိုးစားထားမှုမှ ဖြစ်ပေါ်လှာသောရလဒ်ပင်ဖြစ်တေ။ ပြင်သစ်နိုင်ငံစွာလေ့ ထွေပြားနိန်ရေလူမျိုးစုတိကို ပါရီမြို့တော်မှ အုပ်ချုပ်သူလူတန်းစားက တစုတစည်းတည်းဖြစ်ယောင် ကြိုးပမ်းလှာကတ်ရာမှ လက်ဟိအခြီအနီမာ ပြင်သစ်နိုင်ငံဟိသာမန်လူအများစု၏ စိတ်အတွင်းမာ ပြင်သစ်နိုင်ငံသားဆိုရေ ခံယူချက်၊အဓိပ္ပာယ်ဖွင့်ဆိုချက်တိများဖြစ်ပေါ်လှာစီခခြင်းဖြစ်တေ။ ဆိုလိုစွာကတော့ခါ နိုင်ငံအသီးသီးမာဖြစ်ပေါ်နိန်ရေ ဇာနိုင်ငံ၏ နိုင်ငံသားဆိုရေ ခံယူချက်တိမာ အစကပင် အလိုလိုတည်ဟိနိန်ရေမဟုတ်ဘဲ လူသားတိက လိုရေပိုင်ဖန်တီးယူထားရေ ခံယူချက်တိသာဖြစ်တေဟူလို။ ထိုအချက်ကို အများဆုံးမျက်ကွယ်ပြုရေသူတိမာ အမျိုးသားရီးဝါဒီများဖြစ်ပြီးကေ ထိုသူရို့၏ ခံယူချက်တိအလွန်အကျွံ ဖြစ်လာရေခါ သူရို့ယုံကြည်မှုတည်ဆောက်ထားရေ နိုင်ငံတနိုင်ငံ နိုင်ငံသားတခု၊လူမျိုးတမျိုးဆိုရေ ခံယူချက်ရေ အကြောင်းပြချက်ဖြင့် ဖိနှိပ်မှုခံရရေ လူမျိုးစုငယ်တိကလည်း သူရို့ကဲ့သို့ပင် အမျိုးသားရီးအမြင်များ တန်ပြန်ခံယူကာ အစဦးက နိုင်ငံတော်တခုလို့ဆိုရေ ခံယူချက်ပြိုကွဲပြီး နိုင်ငံတော်ငယ်များအစိတ်စိတ်ကွဲနိုင်ဖို့ အန္တာရာယ်ဟိလာနိုင်၏။

ယင်းပိုင် နိုင်ငံတခုအတွင်းမာ နိုင်ငံတော်တခုလို့ဆိုရေ ခံယူချက်ဖြစ်လှာစီရေး အတွက် ထိုနိုင်ငံလို့ ခေါ်တွင်သော လူမျိုးစုများတခုထက်ပိုပြီးကေဟိနီနှိုင်ရေ နယ်နိမိတ်တခုအတွင်းမာဟိနိန်ရေ လူအများနန့် သဟဇာတဖြစ်ယောင် နှစ်ပေါင်းများစွာ ပုံမှန်ထိန်းသိမ်းစောင့်ယှောက်ထားရေ နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခု(Political Institution)ဟိဖို့လိုအပ်တေ။ ယင်းပိုင် နိုင်ငံဖွဲ့စည်းပုံအဆောက်အအုံစွာ ထိပ်ဆုံးမှ အုပ်ချုပ်သူဂေါင်းဆောင်တဦးတည်း၏ တွေးခေါ်ကြံစည်ပုံ၊ အကောင်အထည်တခုတည်းကို တည်မှီမနေသင့်ပဲ ဂေါင်းဆောင် ဆုံးပါးလားကေလေ့ ကျန်ဟိနီရေ စနစ်ကို လူအများက ဆက်ပနာလိုက်နာနိန်ဖို့ လိုအပ်တေ။ ယူဂိုဆလားဗီးယားဂေါင်းဆောင်ကြီး ဂျိုးဇစ်တီးတိုး(Josip Tito)စွာ သူ၏နိုင်ငံကို တည်ဆောက်ရာမာ အမှီအခိုကင်းရေ နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခုကို ပြုစုပျိုးထောင်ခြင်းထက် သူ၏အတွေးအခေါ်နန့် ထင်မြင်ယူဆတိကို အခြီပြုကာ နိုင်ငံကို သူ၏အယူအဆအားစမ်းသပ်ရေ ပုံစံမျိုးဖြင့် အုပ်ချုပ်ခရေကြောင့် သူသီဆုံးပြီးရေ နောက်ပိုင်းဆယ်စုနှစ်တခုကျော်ရုံရာဟိသိမ့်ရေ ကာလပြီးနောက် အစိတ်စိတ်အမြွှာမြွှာကွဲလိုက်ရေ နိုင်ငံတိမာ ဆိုဗီယက်ပြည်ထောင်စုကွဲပုံနန့် သူမသာကိုယ်မသာ ဟိလှရေ။ ကွဲပြားလားရေ ဖြစ်စိုင်များအထဲဖြစ်ပေါ်ခရေသွီးချောင်းစီးမှုတိမာလည်း ကြောက်ကောင်းထမန်းဟိလှရေ။ လျှို့ဝှက်ကူးယူအသံဖမ်းထားရေ တိတ်ခွေတိကအစပြုပနာ ဖြစ်ပွားခရေ ဝါတားဂိတ်အရှုပ်တော်ပုံ(watergate scandal)မာ အဓိကယိုးစွပ်ခံရပြီးကေ နာမည်ပျက်ပနာ နုတ်ထွက်ခရရေ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်လက်ထက်ဟိ အမေရိကန်ပြည်ထောင်စုမာ နစ်ဆင်နုတ်ထွက်ပြီးနောက် တက်လာသော သမ္မတ ဂျွန်ဆင်သည် ရွီးကောက်ပွဲနှိုင်ပနာတက်လာသောသမ္မတမဟုတ်ရေလည်း လွှတ်တော်များအတည်ပြုသမ္မတသာဖြစ်ရေ ဂျွန်ဆင်ကို နိုင်ငံသာတိက ကကောင်းကန့်မနေပဲ လက်ခံလိုက်ကတ်ပြီး အမေရိကန်ပြည်ထောင်စုကြီးမာလေ့သော့ မပြိုကွဲလားခပါ။ ယူဂိုဆလပ်မှ တီးတိုး၏အခြီအနီနန့် နိူင်းပြရခြင်းကာ သိပ်မဆိုင်ရေပိုင်ဟိကေလေ့ ထိုအမေရိကန်ပြည်ထောင်စုမာ ကြုံရရေအခြီအနီကိုကြည့်ခြင်းအားဖြင့် လူပုဂ္ဂိုလ်အပေါ်မူတည်မှမဟိဘဲ နှစ်ပေါင်းများစွာထိန်းသိမ်းလာခရေ အမေရိကန်၏ဖွဲ့စည်းပုံအခြီခံဥပဒေမာ နိုင်ငံ၏အမြင့်ဆုံးဂေါင်းဆောင်ဖြစ်ရေ သမ္မတထက် ပိုပြီးကေအဟိတ်ကြီးနီတုန်းဖြစ်ပြီးကေ နစ်ဆင်ပြုတ်လားကေလည်း တရားဥပဒေစိုးမိုးမှုယိုင်ဆင်းမလားပဲ ဆက်ပနာဩဇာဟိနီဆဖြစ်တေကိုကြည့်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံအဆောက်အအုံရေရှည်ခိုင်မြဲစီရေးမာ ဂေါင်းဆောင်ကောင်းဟိရေးထက် ပိုပြီးကေအရေးကြီးကြောင်းသိနှိုင်ရေ။

နိုင်ငံတနိုင်ငံမာ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်တခုတည်ဆောက်ရာမာ ကွဲပြားမှုဟိနှိုင်ရေ လူမျိုးစုများဟိရေ နယ်မြီအစုစုကို နိုင်နင်းစွာအုပ်ချုပ်နိုင်ရီး အရေးကြီးရေအလျောက် ယင်းကိုအခြီခံပနာ ကွဲပြားရေ အုပ်ချုပ်ရေပုံစံ နှစ်ခုဟိရေ။ အများရင်းနှီးကြားဖူးပြီးသားဖြစ်ရေ ပြည်ထောင်စုစနစ်(unitary system)နန့် ဖက်ဒရယ်စနစ်(federal system)ရို့ဖြစ်ကတ်တေ။ ပြည်ထောင်စုစနစ်မာ မြို့တော်မှ တိုက်ရိုက်အုပ်ချုပ်စွာကများပြီးကေ ဒေသငယ်တိမာ ကိုယ်ပိုင်စီမံပိုင်ခွင့်(autonomy)စိကေချေ တနည်း လုံးဝမရမဟိဘဲ ဖက်ဒရယ်စနစ်အတွင်းမှာဟိရေ ပြည်နယ်အစိုးရတိမှာမူ အတိုင်းအတာတခုအထိ ကိုယ်ပိုင်နိုင်ငံရီးဘဝတခုရဟိပြီး ဗဟိုမှ ဥပဒေလမ်းကြောင်းအရ ပယ်ဖျက်ခွင့်၊ပြုပျင်ပြောင်းလဲပိုင်ခွင့်များမဟိရေ လုပ်ပိုင်ခွင့်တိကို ရဟိထားရေ ဒေသခံအစိုးရငယ်များဟိရေ။တရုတ်၊ဆွီဒင်၊ပြင်သစ်နန့် ဂျပန်စရေ နိုင်ငံတိမာပြည်ထောင်စုစနစ်ကျင့်သုံးသော နိုင်ငံများဖြစ်ပြီးကေ အမေရိကန်ပြည်ထောင်စု၊ဆွစ်ဇလန်၊ဘရာဇီးနန့် ဂျာမဏီနိုင်ငံတိမာ ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများဖြစ်ကတ်တေ။

ကမ္ဘာ့ နိုင်ငံများ မြီပုံ

နိုင်ငံများ ပေါ်ပေါက်လှာပုံ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နိုင်ငံတိပင် မပေါ်ပေါက်သိမ့်ရေ ယိုင်ကျေးမှု တဆတ်ဆတ် တိုးတက်လာရေ လူ့အဖွဲ့အစည်းများ စတင်ပေါ်ပေါက်ခါစ သမိုင်းမတင်မီခေတ်မာ လူသားတိစွာ တတူတကွ စုပေါင်းနီထိုင်လို့ ရှာဖွီရဟိသမျှသော အစားအသောက်၊ ပိုင်ဆိုင်မှုရို့ကို မျှဝီစားသုံးလို့ တတူတကွ စုပေါင်းနီထိုင် အမဲလိုက် ခကတ်လီရေ။

လက်နက်တိကို တိုးတက် တီထွင် လာနှိုင်ရေနန့်တတူ တောကောင်ကြီးတိကို သတ်စားနှိုင်လာရာ သစ်သီးသစ်ဥ ရှာစားခရရေ လူသားတိပိုင် နိစိုင်နိတိုင်း နာရီမလပ် အဆာခံစီရန် အချိန်ပြည့် အစာယှာနိန်ရရေ ဘဝမှ ကင်းလွတ်လာရေ။ အသားတိများ စားနိုင်သဖြင့် ဝမ်းကိုယ်တက်ကာ တီထွင်ရန် အချိန်ပီးနှိုင်လာရာမှ ပိုပြီးကေ စုံလင်ရေ လက်နက် ကိရိယာတိနန့် အိမ်၊ လက်မှုပညာ အစချီရေ ယိုင်ကျေးမှု တိကို တည်ထောင် နှိုင်လာရေ။

နှောင်းပိုင်းမာ လူသားတိက အလိကျ ရှာဖွီတွိဟိသော အစိတိကို စားသောက်ရန် ချက်ပြုတ်ရင်း မြီပြင်ပေါ် ကျရေမှ အပင် ပေါက်လာစွာကို တွိဟိကာ စိုက်ပျိုးရီးကို စတင် သိဟိ နားလည်ကတ်တေ ကာလမာ မြီယာ ပိုင်ဆိုင်မှုများ ပေါ်ပေါက် လာကတ်တေ။ နောက်ထပ် တိရစ္ဆာန်တိကို ပျော်ရွှင်မှုနန့် ဂုဏ်ယူဖွယ်ရာ ဖြစ်စီခြင်း အတွက်ရာ အသျှင် ဖမ်းယူ ထိမ်းသိမ်းထားကြ ရာမှ မွီးမြူရီးကို နားလည်လာရေ အခါ နီရာ အနှံ့ ရွှိပြောင်း အမဲလိုက် နီထိုင်နိန်ရန် မလိုအပ် ဘဲနန့် ကိုယ့် ခြံမားမှာပင် အစာကို လိုသလောက် လှောင်ထားနှိုင်ရေ အဆင့်သို့ လူသားတိမာ ပြောင်းလဲ တိုးတက်လာခ လေလီရေ။

ယင်းခါ နီရာ ရွှိပြောင်းနီထိုင်ခြင်း မပြုဘဲနန့် ကျယ်ဝန်း ပြန့်ပြူးသော မြက်ခင်းပြင်ကြီးမာ စိုက်ပျိုးလိုစွာတိကို စိုက်ပျိုးပြီးကေ တိရစ္ဆာန်တိကို ဂွက်လွှတ် မွိးမြူထားခြင်းနန့် ဖြုတ်ယူ ရွှိပြောင်းရ လွယ်ရေ သားရေ တဲအိမ်တိမှ တဆင့် ခိုင်ခံ့ရေ အုတ်အိမ်တိ အဆင့်သို့ တိုးတက်လာရေ ခေတ်သို့ ရောက်ဟိလာရေ။

ပုဂ္ဂလိက ပိုင်ဆိုင်မှုတိ တိုးတက် ပွားများလာမှု

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

လူမျိုးစုများမာ တိရစ္ဆာန်တိကို မွိးမြူလာရာ အချိန်များ ရွိလာရေနန့် အမျှ မျက်စိတဆုံးသော မြက်ခင်းပြင်မာ တိရစ္ဆာန်တိလေ့ တိစွာထက် များလှာရေလှောင် သားရဲတိရစ္ဆာန်တိ၏ မျောက်ခြောက်ခြောက်မှု မဟိတော့သလောက် ဖြစ်သဖြင့် မျိုးနွယ်စုမာလည်း လူဦးရွီ များလာရေ။ ပိုကျယ်လာရေ လယ်ပြင်များမာ အလုပ်လုပ်ဖို့နန့် မွိးမြူထားရေ တိရစ္ဆာန်တိကို ထိမ်းကျောင်းနိုင်ဖို့ လူဦးရွီ များများ လိုအပ်လာရေ။ ယင်းချိန်တွင် ချမ်းသာသော လူမျိုးစုမှ ဆင်းရဲသော လူမျိုးစုအား စစ်တိုက်ကာ စစ်သုံ့ပန်း၊ ကျွန်တိအဖြစ် ဖမ်းဆီးယူကာ ကိုယ်ရို့အတွက် လိုအပ်ရေ လုပ်အားကို ဖြည့်တင်းခြင်းနန့် စစ်ပွဲများ၊ ပစ္စည်းလုပွဲများ ပေါ်ပေါက်လာရေ။

ထို ပစ္စည်းလု၊ လူဖမ်းကာ ကျွန်အဖြစ် အသုံးချရေ စစ်ပွဲတိကို ကာကွယ်နိုင်ဖို့ မျိုးနွယ်စုတိစွာ ရှေးကထက် ပို စုစည်း နီကတ်ရား လူမျိုးစု ဂေါင်းဆောင်၏ ဂေါင်းဆောင်မှု အောက်မာ ကိုယ်ရို့၏ ပိုင်ဆိုင်မှုကို လုံခြုံစီရန် ခံတပ်နန့် စုပေါင်းနီရေ ရွာတိ တည်ဆောက် လာကတ်တေ။

နိုင်ငံများ ပေါ်ပေါက်လာခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အချိန်ကာလ ရွိလာရေနန့် အမျှ မျိုးနွယ်စုတိစွာ ပိုပြီးကေ ကြီးရေထက် ကြီးမား လာကတ်ပြီး ဟိရင်းစွဲ ဒေသ၏ တိရစ္ဆာန် ဂွက်က အလုံအလောက် မကျယ်ပြန့်တော့လို့သော် ပင်ဖြစ်ဖြစ်၊ လူဦးရွီ သိပ်သည်း မှုကြောင့် ပင်ဖြစ်ဖြစ် နယ်မြီသစ်များ ရှာဖွီကာ ရွာချေတိ တည်ထောင်ကတ်ပြန်ရေ။ ထွက်ခွာလာရေ ရွာနန့် ရွာသစ်တိမာ အမျိုးတိရာ ဖြစ်တေအတွက် လူမျိုးစု တစုတည်းကလို့ မှတ်ယူပနာ ယင်းပိုင် ရွာတိ စုစည်း နီထိုင်ကတ်ခြင်းနန့် မြို့တော်များ ပေါ်ပေါက်လာကြ လီဖိရေ။

ယင်းပိုင် လူဦးရွီ တိုးတက်လာမှုနန့် တတူ အသစ်၊ အသစ် ထပ်မံ ပေါ်ပေါက်လာရေ မြို့တော်တိ၏ စုပေါင်းခြင်းက နိုင်ငံများ စတင် ပေါ်ပေါက်လာကတ်ခြင်း ဖြစ်လီရေ။

နိုင်ငံ ဟူရေ ဝေါဟာရအား တိုင်းပြည်၊ နိုင်ငံတော်၊ အစိုးရကိုပါ ရည်ညွှန်းလို့ အသုံးပြုလေ့ ဟိရေ။ များရေအားဖြင့် နိုင်ငံများမာ ဌာနေ ဒေသခံ လူမျိုးတိ၏ ကိုယ်ပိုင် အုပ်ချုပ်ရေ အစိုးရ တရပ်က အုပ်စိုးလိဟိရေ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရဟိကေလည်း ထိုနိုင်ငံ ကိုယ်မာက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဟိခရေ နိုင်ငံတနိုင် ဖြစ်ခရေက တကြောင်း၊ စုစည်းထားကာ နာမည် တခုတည်း ခေါ်ဆိုရေ နိုင်ငံစု တခုမှ ဖြစ်ပနာသော် ပင်ဖြစ်ဖြစ် တချို့ အကြောင်းအရာ များမာ နိုင်ငံ တနိုင်ငံ သတ်သတ် အဖြစ် သတ်မှတ်ခြင်း ခံရရေ ပြည်နယ်ကြီးတိလေ့ ဟိတတ်ရေ။

ဥပမာအနိန်နန့် စုစည်းထားရေ ဘုရင်အုပ်စိုးရေ တိုင်းပြည် (United Kingdom)မှ အင်္ဂလန်၊ စံဂိုး့တလန်နန့် ဝေလ နယ်ရို့ ဖြစ်ကတ်တေ။ ယကေလေ့ အမေရိကန် ပြည်ထောင်စု မှ စုစည်းထားရေ ပြည်နယ်တိကမူ နိုင်ငံဟောင်းများ မဟုတ်ခဲ့ရေ အနိန်နန့် နိုင်ငံဟု ခေါ်ဆိုသုံးစွဲ ခံရနိုင်ခြင်း မဟိချေ။

တချို့နိုင်ငံများ မာမူ ကိုယ့်နိုင်ငံကို မှီခိုသော ပင်လယ်ရပ်ခြား နယ်မြီများ ဟိပြန်ရေ။ ဗြိတိသျှ ဗားဂျင်း ကျွန်းများ၊ နယ်သာလန် အနောက် ကျွန်းစု နန့် အမေရိကန် ဆမိုဝါ ရို့ကဲ့သို့ ဖြစ်တေ။ ထိုနယ်မြီတိမာ သီးသန့် နယ်မြီမာ ရပ်တည်နီကြ ကေလေ့ မှီခိုရေ နိုင်ငံနန့် ဇာလောက် ကွာဝီးသည် ဖြစ်ပါစီ ထိုနိုင်ငံ၏ နာမည်ကိုရာ ဖော်ပြကတ်လီရေ။

နိုင်ငံ၊ တိုင်းပြည်တိကို နှစ်သိုက်ထောင်စနစ်နန့်သော်လည်းကောင်း၊ ပြည်ထောင်စုစနစ်နန့်သော်လည်းကောင်း ဖွဲ့စည်းပုံဖော်ကတ်တေ။ ထင်ရှားရေ ပြည်ထောင်စုနိုင်ငံတချို့မာ အမေရိကန်ပြည်ထောင်စု၊ဂရိတ်ဗြိတိန် နန့် ဂျာမဏီ နိုင်ငံရို့ဖြစ်ကတ်တေ။

နိုင်ငံတနိုင်ငံ၏ အခြီခံ အချက်အလက်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

နိုင်ငံ တနိုင်ငံမာ နိုင်ငံအား ထိရောက်စွာ အုပ်ချုပ်နှိုင်ရေ အစိုးရတရပ်နန့် ကာကွယ်ရီးအတွက် စစ်တပ် ဟိရေ။ ယေဘုယအားဖြင့် တူညီရေ ယိုင်ကျေးမှု၊ ဘာသာစကားနန့် အရာ အခြီခံ အချက်အလက်တိကို လက်ခံ ထားဟိရေ ပြည်သူလူထု ဟိရေ။ ယင်းအပြင် ကိုယ်ပိုင် အမျိုးသားရီးဆိုင်ရာ ယိုင်ကျေးမှုစရိုက်လက္ခဏာများ လည်းအသီးသီးဟိကတ်တေ။ တိကျသော ပထဝီအရ သတ်မှတ်ထားရေ မြီနိန်ရာ ဟိရေ။ ယပြီးနောက်ဆုံး နိုင်ငံတကာ အသိုင်းအဝိုင်းနန့် ဆက်ဆံရီးမာ အခြားနိုင်ငံတိက ယင်းချင့် နိုင်ငံတနိုင်ငံ တည်ဟိနီပါရေဟု တရားဝင် အသိအမှတ်ပြုခြင်း ဟိစီရပေမည်။