နေတိုး
နေတိုးရေ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ရေ။ ရခိုင်အမျိုးသား ဖြစ်ရေ။ ရခိုင်ပြည်နယ် မာန်အောင်မြို့ ဇာတိဖြစ်ရေ။ နေတိုးကို ၁၉၈၁ခုနှစ်၊ စက်တင်ဘာ (၉)ရက်နိတွင် ဦးအောင်သန်း နန့် ဒေါ်သန်းမြင့်ရို့မှ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် မွေးဖွားခရေ။ နာမည်ရင်းမှာ နေလင်းအောင် ဖြစ်ရေ။ မွေးချင်းသုံးယောက်ဟိရေ။ ၎င်းရို့မှာ အစ်ကို ဇော်လင်းအောင်၊ ညီ ဗီဒီယို သရုပ်ဆောင် မင်းသွေး(နေမင်းအောင်)၊ ညီမ စုမွန်အောင် ရို့ဖြစ်ရေ။
၁၉၉၉ ခုနှစ်တွင် ရန်ကုန်သို့ရောက်ဟိခပြီး YIIK မော်ဒယ်အေဂျင်စီ ကိုတက်ရောက်ခရေ။ မော်ဒယ်ပြိုင်ပွဲအချို့တွင် ဆုအချို့ ရဟိခရေ။ မော်ဒယ်အဖြစ် အလုပ်လုပ်စဉ် သူဧ အနုပညာနာမည်မှာ ဇင်မင်း ဖြစ်ရေ။ ငယ်စဉ်ဘဝက သူဧ ရည်မှန်းချက်မှာ အဆိုတော်နန့် တေးရီးဖြစ်ရန် ဖြစ်ရေ။ ၂၀၀၀ ခုနှစ်က သူဧ သီချင်းခွေတစ်ခုကို ထုတ်လုပ်ဖြန့်ချိခရေ။ သို့ပေမယ့် လူသိမတိခပေ။
နေတိုးရေ ၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလတွင် စေ့ထားရေ တံခါးများ အမည်ဟိ စာအုပ်တစ်အုပ်ကို ရီးသားထုတ်ဝေခရေ။ ထိုစာအုပ်ရေ နေတိုးဧ ဓာတ်ပုံအသားပီး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်ရေ။ နေတိုးဧ ဘဝဖြစ်စဉ်၊ အနုပညာနယ်သို့ ဝင်ရောက်လာမှု၊ အမှတ်တရ အဖြစ်အပျက်၊ မှတ်စုတိုတိ၊ ကဗျာတိကို သူဧ ငယ်ဘဝက ရိုက်ကူးခသည့် ဓာတ်ပုံတိ၊ မိသားစု ဓာတ်ပုံတိ၊ အလှဓာတ်ပုံတိ၊ ရိုက်ကွင်းမှ ဓာတ်ပုံတိ၊ နိုင်ငံရပ်ခြားခရီးထွက်ခစဉ်က ရိုက်ကူးခသည့် ဓာတ်ပုံတိနန့်အတူတူ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြပီးထားရေ။
နေတိုးရေ ၂၀၀၉၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၂၄ ခုနှစ်တိတွင် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရဟိခရေ။
နေတိုးရေ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ဧ နှင်းဆီအငြိမ့်အဖွဲ့ဝင် လူရွှင်တော် တစ်ဦးလည်း ဖြစ်ရေ။ နှင်းဆီသခင်၊ နှင်းဆီရင်ခွင်၊ နှစ်သစ်နှင်းဆီ၊ ထာဝရနှင်းဆီ၊ ညီညွတ်ခြင်းနှင်းဆီ၊ ရတနာပုံနှင်းဆီ နှင်းဆီပဝါ ခြုံတဲ့လက်အစဟိသဖြင့် ဖျော်ဖြေခသူလည်း ဖြစ်ရေ။

အနုပညာပျိုးခင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တစ်ခြောက်လုံးဆုံသည့်နိဖြစ်ရေ နိုဝင်ဘာလ ၁၁ရက်နိ၊ ၂၀၁၁ခုနှစ်တွင် အကယ်ဒမီနေတိုး အပါအဝင် မြန်မာ့ရုပ်ရှင်လောကဧ ထိပ်တန်း ခြောက်ယောက်( အကယ်ဒမီ လူမင်း၊ အကယ်ဒမီပြေတီဦး၊ နေတိုး၊ အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်၊ ဒါရိုက်တာ ဝိုင်း) ရေ မြန်မာ့ အနုပညာ အကျိုးကို မျှော်မှန်း၍ အနုပညာပျိုးခင်း ကို စတင်တည်ထောင်ခပြီး မင်းသမီး အသစ် ၃ဦးကို ပရိသတ်နန့် မိတ်ဆက်ခရေ။
ရိုက်ခရေ ဇာတ်ကားတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
(၂၀၀၅)
- မင်္ဂလာပါ
(၂၀၀၆)
- ပန်းပျိုးသူတို့အလင်္ကာ
- ရောင်ပြန်ဓား
(၂၀၀၇)
- မိုးပေါ်ခုန်တက်ကလိုက်ချင်ပါတယ်
- ဒီကောင်ဘယ်သူတုန်း
- ဝင်္ကပါအချစ်နဲ့သူ၏အချစ်ကိုကိုချစ်
(၂၀၀၈)
- အကယ်ဒမီရှော့
- နှလုံးသားစီရင်ခန်း
- မြင့်မိုရ်ထက်ကသရဖူ
(၂၀၀၉)
- ယောက္ခမနဲ့တစ်ထောင့်တစ်ည
- ချစ်လို့စတာ
- ကြိုးကြာတောင်ပံခတ်သံ
- မိုးညအိပ်မက်မြူ
- ဇော်ကကနေသည်
- မာမီရှိန်း
(၂၀၁၀)
- နယူးမော်ဒယ်
- ဘာမီတွန်
- ဂွတ်ရှယ်သမက်
- လာထားအာဘွား
(၂၀၁၁)
- ဖလန်းဖလန်းဖြစ်တဲ့အချစ်
- အထာပေးတဲ့ဆရာကြီး
- လာထားအာဘွား (၂)
- ချိန်း
- ဇွတ်ပဲ
(၂၀၁၂)
- နှလုံးသားအဘိဓာန်
- နိုင်ငံကျော်ရုပ်ရှင်မင်းသမီးယောက်ျား
(၂၀၁၃)
- အဖြူရောင်ရဲတိုက်
- အထာအသစ်နဲ့နှစ်ခါချစ်မယ်
- အလန်းလွန် အလွန်လန်း
- စုန်းပြူး
- ၁၂ နာရီ သတို့သား
- စေတန်ရဲ့ကချေသည်
(၂၀၁၄)
- မာယာပရောဂျက်
- အဆုံးမဲ့ အချစ်
- ပန်းပြုစားတဲည
- မုန်းလို့မရအောင် မုန်းချင်တယ်
- အောင်ဘာလေ
- တိမ်ငွေဖြူ
- မယားပါ ဆွေမျိုးများ
- မိန်းမသုံးယောက်ယူမယ့်သူ
(၂၀၁၅)
- နက္ခတ်မှားတဲ့ တိုက်ပွဲ
- ကျွန်မကနှင်းဆီပါမောင်
- ရှယ်လီ ကေသာ
- ပန်းပိတောက် တစ္ဆေ
- ရေတွင်းစူးနှစ်
(၂၀၁၆)
- အချစ်စစ်
- အနူးဘစ်
- ဘန်ကောက် မှ မန္တလေး သို့
- တိတ်တိတ်ဆိတ်ဆိတ် သံယောဇဉ်
- အုတ်ကြားမြက်ပေါက်
(၂၀၁၇)
- ထာဝရအမေ
- တာတေကြီး
- ကျွန်
- အောင်စေ ပိုင်စေ
- ပက်ပက်စက်စက်ညှို့
- ကြောက်ကြောက်ကြောက်
(၂၀၁၈)
- မွှေချက်များများသော်
- မုန်းလို့ရရင် မုန်းချင်တယ်
- ကမ္ဘာကျော်တဲ့ရွာ
- တိမ်တိုက်တံတား
- မုန်းစွဲ(ရုပ်ရုင် ဇတ်ကား)
- တည်ကြက်
- သတ်ကွင်း
(၂၀၁၉)
- တာတူး
- မဟူရာ ရုပ်ရုင်ရုံ
- ပြုံးရွှင်ရေ ပျော်ရဲ့လား
- သေတ္တာအမှတ် ၈၈
- နိုင်ငံကြီးသား
- ပြဿနာ
- နှစ်ပါးသွား Update
- စပွန်ဆာ
- အထက်တန်းစား
- ရူးအောင် ချစ်မဲ့သူ
- အခမ်းနားဆုံး မေတ္တာ
- ဗိုလ်နေတိုး
- ချည်
- ကြောက်ကြောက်ကြောက် ၂
(၂၀၂၀)
- မြက်နု
- ရွာဇော်ကြီး
(၂၀၂၃)
- Never Give Up
- သဲသဲလှုပ်
- အချိန်လွန်မိုး
(၂၀၂၄)
- မောင်တို့ယောက်ျားတွေရယ်
- လာခေါ်သူ
- နှောင်
- အိပ်မက်ကာရန်
(၂၀၂၅)
- သရဲကား
- ဂန္ထဝင်ငတိုး
- အချစ်ညီမျှခြင်း (ဇာတ်လမ်းတွဲ)
- အောင်စည်အောင်မောင်း
- ရေစက်တို့သည်လည်း... တစ်ခါတစ်ရံမဆုံဆည်းသာ... (ဇာတ်လမ်းတွဲ)
- ညမင်္ဂလာ
ရဟိခရေ ဆုတိနန့် ဆန်ကာတင်စာရင်းဝင်မှုတိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]| စဉ် | ဆုအမည် | ရရှိသောနှစ် | ဆုအမျိုးအစား | ရရှိသောဇာတ်ကား | မှတ်ချက် |
|---|---|---|---|---|---|
| ၁။ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | ၂၀၀၉ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | မိုးညအိပ်မက်မြူ | ဆုရရှိ |
| ၂။ | ၂၀၁၃ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | စေတန်ရဲ့ကချေသည် | ဆန်ကာတင် | |
| ၃။ | ၂၀၁၄ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | မာယာပရောဂျက် | ဆန်ကာတင် | |
| ၄။ | ၂၀၁၅ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု [၁] | နက္ခတ်မှားတဲ့တိုက်ပွဲ | ဆုရရှိ | |
| ၅။ | ၂၀၁၇ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု [၂] | တာတေကြီး | ဆုရရှိ | |
| ၆။ | ၂၀၁၈ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | မုန်းစွဲ | ဆန်ကာတင် | |
| ၇။ | Star Awards ရုပ်ရှင်ထူးချွန်ဆု | ၂၀၁၈ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | တိမ်တိုက်တံတား | ဆုရရှိ |
| ၈။ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | ၂၀၁၉ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | ချည် | ဆန်ကာတင် |
| ၉။ | ၂၀၂၀ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | မြက်နု | ဆန်ကာတင် | |
| ၁၀။ | ၂၀၂၄ | အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု | နှောင် | ဆုရရှိ |
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ပြင်ပလင့်ခ်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- IMDb name|6585856
- နေတိုး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ
- Official Website https://web.archive.org/web/20210227182443/https://naytoeofficial.com/ |27 February 2021