Jump to content

ပင်လယ်နီ

ဝီကီးပီးဒီးယား က
ပင်လယ်နီ
အကျယ်ဆုံး အလျား၂,၂၅၀ km (၁,၄၀၀ mi)
အကျယ်ဆုံး အနံ၃၅၅ km (၂၂၁ mi)
မျက်နှာပြင် ဧရိယာ၄၃၈,၀၀၀ km2 (၁၆၉,၀၀၀ sq mi)
ပျမ်းမျှအနက်၄၉၀ m (၁,၆၁၀ ft)
အနက်ဆုံး အနက်အရှိုင်း၂,၂၁၁ m (၇,၂၅၄ ft)
ရီထုထည်၂၃၃,၀၀၀ km3 (၅၆,၀၀၀ cu mi)
အာဖရိကနန့် အာရပ်ကျွန်းဆွယ်ကြားဟိ ပင်လယ်နီ
အီဂျစ်နိုင်ငံ မာဆာအလန် နံဘေးဟိ သန္စွာကျောက်တန်း

ပင်လယ်နီစွာ အရှိမြောက်ဘက် အာသျှဘက်ခြမ်း အာရပ်ကျွန်းဆွယ်နန့် အနောက်တောင်ဘက် အာဖရိကရို့ကြားမာ တည်ဟိရေ ပင်လယ်ဖြစ်ပြီးကေ အိန္ဒိယသမုဒ္ဒရာဧ့ တစိတ်တဒေသ ဖြစ်တေ။ ပင်လယ်နီစွာ ၂၂၀၀ ကီလိုမီတာလှောက် ရှည်လျားကေလေ့ အကျယ်မာ ၃၃၀ ကီလိုမီတာလှောက်ရာ ဖြစ်တေ။ သင်္ဘောမကန်မဝှန်စွာ ပင်လယ်နီကို ဖြတ်သန်း လားလာကတ်တေ။ အကြောင်းမာ ဆူးအက်တူးမြောင်းစွာ ပင်လယ်နီကို မြေထဲပင်လယ်နန့် ဆက်ထားပီးရား အခြားတစ်ဖက်မှာ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်တေ။

ပင်လယ်နီဟိ ရီတိမာ ဆား ပိုများပြီး အရာ ပင်လယ်တိနန့် နှိုင်းယှဉ်ကေ ပိုပြီးကေ ရီကြိုင်ရေ။ အကြောင်းမာ ပင်လယ်နီ အတွင်းကို စီးဝင်သော မြစ် မဟိသလောက် နီးပါး ဖြစ်တေ။ ပင်လယ်နီ နံဘေးပတ်ဝန်းကျင်ဧ့ ရာသီဥတုမာ ခြောက်သွိပြီး ပူနွေးရေ။ ယင်းအတွက်ကြောင့် ဥရောပနန့် ကမ္ဘာ့အရာအရပ်မှ လူရို့စွာ ပင်လယ်နီသို့ အပန်းဖြီရန် လာရောက်ကြလေ့ ဟိရေ။ ပင်လယ်နီနန့် ကပ်နိန်ရေ တိုင်းပြည်တိမာ အီဂျစ်နိုင်ငံဆူဒန်နိုင်ငံအီရီထရီးယားနိုင်ငံယီမင်နိုင်ငံဆော်ဒီအာရေဗျနိုင်ငံဂျော်ဒန်နိုင်ငံ နန့် အစ္စရေးနိုင်ငံရို့ ဖြစ်တေ။