Jump to content

ပညာရီး

ဝီကီးပီးဒီးယား က
ကျေးလက်စာသင်ကျောင်းမှ မြန်မာအချေများ

ပညာရီးဆိုစွာမာ လူမှုသိပ္ပံပညာရပ်တခုဖြစ်ပြီးကေ သင်ကြားခြင်း သင်ယူခြင်းများ နန့် ဆက်နွှယ်နီရေ တတ်ကျွမ်းမှု ဆိုင်ရေလုပ်ငန်းရပ်တိကို ခေါ်ဆိုရေ။

တနည်းအားဖြင့် လက်ဆုပ်လက်ကိုင်မပြနိူင်ရေ၊ နက်နဲသိမ်မွိရေ အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတတိကိုပီးရေ လုပ်ငန်းတရပ်လည်းဖြစ်တေ။ သတင်းအချက်အလက်နန့် နည်းပညာခေတ်ကြီးမာ ပညာဗဟုသုတတိကို ကျွမ်းဝင်စီရန် ကြိုးပမ်းအားထုတ်နီကတ်ရရုံမျှမက ထိုပညာရပ်တိကို ကောင်း မကောင်း မှန် မမှန်ဆုံးဖြတ်နိုင်စွာလေ့ အရေးကြီးရေ အခန်းကဏ္ဍ မာပါဝင်လှာရေ။ ယင်းအပြင် ကိုယ်လိုချင်ရေအချက်အလက်တိကို ထွတ်ယူနိုင်စွမ်း၊ ဇာနီရာတွင်ဟိနီမှန်း သိနှိုင်ရေအသိတရား စွာလေ့ ပညာဆိုပနာဆိုရပေလိမ့်မေ။ ယင်းအပြင် ပညာရီးဆိုစွာမာ မျိုးဆက်တဆက်မှ နောက်မျိုးဆက်တဆက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်စွမ်း "ပန်းတိုင်" လည်းဟိရဖို့ဖြစ်တေ။

ပညာရီးအားချုံမုံသုံးသပ်ကြည့်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပညာရီးကို အကျယ်ပြန့်ဆုံးပြောရကေ မွီးရေမှ သီရေအထိဖြစ်စိုင်ကြီးတခုဖြစ်တေလို့လေ့ဆိုနှိုင်ရေ။ တချို့ ကလေ့ ပညာရီးသည် မမွီးမီကပင်အစဟိစွာဟုဆိုရေ။ ယင်းတွက်နန့် အချို့မိဘတိစွာ ကိုယ်ရို့သားသမီးကို မမွီးမီ ဝမ်းကြာတိုက်အထဲကပင် ဖွံ့ဖြိုးတိုးတက်စီရန် ရည်ရွယ်ချက်နန့် တေးခြင်းများနားထောင်ခိုင်းခြင်း၊ စာတိဖတ်ပြခြင်းရို့ကို ပြုလုပ် လာကတ်တေ။

"ပညာရီး" ဟုဆိုလိုက်ကေ အစိုင်အလာပညာရီး ကိုလေ့ ပြောရဖို့ဖြစ်တေ။ အစိုင်အလာ ပညာရီးဆိုစွာမာ အတွိအကြုံကို ဗွေယူရေ ပညာရီးဖြစ်တေ။ တတ်ကျွမ်းမှု၊ နားလည်မှုရို့ကို နိစိုင်အတွိအကြုံတိနန့် တဆတ်ဆတ် တည်ဆောက်ခရရေ ပညာရီးမျိုးဖြစ်တေ။

လူတဦးချင်းအနိန်နန့် အစိုင်အလာမဟုတ်ရေ ပညာရီး စွာလေ့ အသီးသီးမာ သူ့နည်းသူ့ဟန်ဖြင့်ဟိနီနှိုင်ရေ။ မိသားစုတိနန့် ပတ်ဝန်းကျင်သည် လူတဦးချင်းစီအတွက် သီးသန့် လွှမ်းမိုးနှိုင်ရေ အစိုင်အလာ မဟုတ်ရေပညာရီးဖြစ်တေ။ ဇာကြောင့်ဆိုကေ

ပညာရီးဆိုစွာလူသားတိကိုလွှမ်းမိုးအုပ်ချုပ်နိုင်ခြင်းပါရာ။

"ပညာရီး" ဆိုစွာမာ လက်တင်ဘာသာစကား educare မှဆင်းလှာပြီး အဓိပ္ပာယ်မာ "ဦးဆောင်ဦးရွက်ပြုခြင်း" "ရှေ့ဆောင်လမ်းပြခြင်း" ဆိုရေသဘောဆောင်ရေ။ ဂုချိန်ခါ မူရင်းအဓိပ္ပာယ်သည် ပျောက်သလောက်နီးပါးဖြစ်နီဗျာယ်။ မွီးရာပါ အခြီအနီ၊ စွမ်းရည်ထက် ပိုပြီးကေတိုးတက်ဖွံ့ဖြိုးလာစီရန်ပြုလုပ်ခြင်း ဆိုရေသဘောတိစွာ ခေတ်သစ်ပညာရီးဧ့ သဘောတရားများ ဖြစ်လှာခရရေ။

အစိုင်အလာပညာရီးသည် လူ့ပတ်ဝန်းကျင် သို့မဟုတ် လူ့ဘောင်အဖွဲ့အစည်းမာ သင်ရိုးညွှန်းတမ်းဖြင့် လူအထူးအနိန်နန့် လူငယ်တိကို သတ်မှတ်သင်ကြားရေ ကာလမာ စတင်ခရေ ဟုဆိုနှိုင်ရေ။ အစိုင်အလာပညာရီးသည် တဆတ်ဆတ် စနစ်ကျကျနန့် ပြည့်စုံတိုးတက်လာခရရေ။ အစိုင်အလာ ပညာရီးစနစ်သည် လူ့တန်ဖိုး သို့မဟုတ် စံရို့ကို မြင့်မှားစီရန်ကြံဆောင်ပေးနီပိုင် ပညာဗဟုသုတတိုးပွားစီရန်လည်းဗွေယူသည်ဖြစ်ရာ မဖြစ်ဖြစ်ယောင်လုပ်ခြင်းကြောင့် တခါတရီ နှိပ်စက်ကလူ ပြုရရေ စနစ် သို့မဟုတ် ပုံစံသျှေတိလည်း ဝင်လှာခစွာကို တွိရရေ။

ဘဝတသက်တာပညာရီး သို့မဟုတ် သက်ကြီးပညာရီးသည် နိုင်ငံတကာမာ ပြန့်နှံ့ဗျာယ် ဟိနီယာဖြစ်တေ။ ယေကေလဲ ပညာရီးသည် သားသမီးအတွက်ရာ အဓိကပစ်မှတ်အဖြစ် ထားနိကတ်ရေကတိစွာ။

သက်ကြီးပညာရီးစွာ အစိုင်အလာစာသင်ခန်းအထဲ သင်ကြားရီးမှက ကိုယ်တိုင်ပညာရှာရေးအစီအစိုင်တိအထိ တိုးတက်ဖွံ့ဖြိုးလာရေ။ သက်ကြီး ပညာရီးမာ အခရာရေ စနစ်စွာ စာကြည့်တိုက်မှ စာအုပ်စာတန်းများငှားရမ်းဖတ်ရှုနိုင်ခြင်း၊ လမ်းညွှန်များဖတ်ရှုလိ့လာနိုင်ခြင်း ရို့ကြောင့် အားလုံးအကျနည်းစွာဖြင့် တိုးတက်လာခရရေ။ နောက်ပိုင်း ကွန်ပျူတာအသုံးပြုနိုင်ခြင်း၊ အိန်တာနက်ကိုအသုံးပြုနိုင်ခြင်းရို့သည် ကိုယ်တိုင်ရှာ ပညာရီး သို့မဟုတ် သက်ကြီးပညာရီးကို များစွာအထောက်အကူပြုရေ စနစ်များဖြစ်လာရေ။

နည်းပညာနန့်ပညာရီး

နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာရေနန့်တတူ ပညာရီးကို များစွာလွှမ်းမိုးရေအကြောင်းတရားတခုဖြစ်လာရေ။ ကွန်ပျူတာနန့် အရာဆက်စပ်နီရေနည်းပညာရပ်တိကို ဖွံ့ဖြိုးတိုး တက်ရေနိုင်ငံတိုင်းပိုင် မာ ကျယ်ပြန့်စွာသုံးစွဲလှာကတ်တေ။ ပညာရီးလက်တွိဖွံ့ဖြိုးမှုမာ အွန်လိုင်းပညာရီး (Online Education) ဟုခေါ်ရေ အဝီးသင် ပညာရီးစနစ်သည် တိုးတက်ထွန်း ကားလာရေ။ အဝီးသင်ပညာရီးစနစ် ဆိုစွာမာ ကွန်ပျူတာ အိန်တာနက်ရို့ကိုအသုံးပြုပြီးကေ ပညာရှာမှီးခြင်း၊ သင်ကြားခြင်းတိကို ဆိုလိုရေ။ စာသင်ခန်းမာထိုင်ရား ပညာသင်ကြား ရေစနစ်ကို တော်လှန်ကာ စာသင်ခန်းမလို၊ ကိုယ်တိုင်ရှာပညာစနစ်ကိုအလီး ပီးရား ကိုယ်သင်ကိုယ်တတ်စနစ်ကိုဦးစားပီးထားသဖြင့် မူရင်း ရည်ရွယ်ချက်သည် တဗျင်းကောင်းမွန်လှလီရေ။

အသျှင်းဆုံးဖွင့်ဆိုရကေ ပညာရီးဆိုစွာမာ စိတ်ကူးများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများစသည်ရို့ကို သင်ကြား ပေးခြင်းဖြစ်တေ။ နမူနာ ကြောင်တကောင်သည် သူ့အချေကို ကြွက်ခုတ်တတ်စီရန် သင်ကြားပီးနှိုင်ခြင်း သည် မွီးရာပါဗီဇစိတ် ကြောင့်ဖြစ်တေ။ လူနန့်တိရစ္ဆာန် ထိုနမူနာအတိုင်း ကကောင်းကောင်းလဲကွာခြား မှုမဟိနှိုင်ပါ၊၊ .

ယကေလေ့ လူရို့သည် လက်နက်ပစ္စည်းကိရိယာတိကို တီထွင်နိုင်ခြင်း၊ အသိဉာဏ်ကိုအသုံးချနိုင်ခြင်းရို့ကြောင့် အရာ သောတိရစ္ဆာန်တိထက် ကျော်လွန်လားနှိုင်ခရေ။ ယင်းအတူ ပညာရီးနန့်ပတ်သက်ပနာ "အသိဉာဏ်ဟိခြင်း၊ အသိဉာဏ်ကိုအသုံးချတတ်ခြင်း" ရို့စွာ အရာတိရစ္ဆာန်များလူကို ခွဲခြားသတ်မှတ် လိုက်ပိုင်ဖြစ်လားရရေ။ ပညာရီးဆိုစွာမာ လူသားဧ့ "ယိုင်ကျေးမှုဖြစ်စိုင်" ဟုဆိုကေလည်း မှားအံ့မထင်ပါ၊၊

၁၉၉၄ ခုနှစ်မာ ဘာလင်ဟိ Freie တက္ကသိုလ်ကျောင်း အုပ်ကြီး Dieter Lenzen ကပြောသွားရေစကားတခွန်းမာ "ပညာရီးသည် လွန်ခရေ နှစ်သန်းပေါင်းများစွာက စတင်ခပြီးကေ ၁၇၇၀ ပြည့်နှစ်မာ ပြီးဆုံးလားသည်" ဟုဆိုခရေ။ ဇာကြောင့် ဆိုကေ ၁၇၇၀ ပြည့်နှစ်မာ ဂျာမနီနိုင်ငံ Halle တက္ကသိုလ်မာ သင်ကြားနည်းဆိုင်ရေပါမောက္ခရာထူးကို စတင်ပီးအပ်လိုက်သော ကြောင့်ဖြစ်တေ။ Lenzen ကယင်းပိုင်ဆိုရခြင်းကာ ပညာရီးဆိုစွာမာ သိပ္ပံပညာရပ်တခုဖြစ်ပြီးကေ အယင်ဟိပြီးသားသတ်မှတ်ချက်တိထက် နောက်ထပ် မချဲ့ကားနိုင်ဆိုရေသဘောကြောင့်ဖြစ်တေ။ ဒေနိခေတ် အသုံးပြုနီကတ်ရေ အခြီခံပညာရီးစနစ်သည် လူ့ဘောင်နန့် ကင်းကွာလို့မရရေ လိုအပ်ချက်တိကို ဖြည့်ဆည်းပေးနိန်ရရေ ပညာရီးဖြစ်စီရန် တတ်ကျွမ်းတတ်မြောက်မှုကို အခြီခံရေပညာရီးစနစ်ဖြစ်တေလို့လေ့ဆိုနှိုင်ရေ။

အနောက်တိုင်းမာ ပညာရီးဧ့မူလသည် ဘာသာရီးနန့် များစွာ ပေါင်းစပ်နီကြောင်း တွိရရေ။ ခရစ်ယန်ဘုန်းတော်ကြီးများ နန့် ရဟန်းရို့စွာ လူငယ်တိအား ပုံစံသွင်းရန်၊ ပြုပျင်ရန်၊ ကျောင်းစနစ်ကို ထိန်းသိမ်းရန်ဆိုရေ ကောင်းမြတ်သောစိတ် သဖောထားဖြင့် စတင်ဆောင်ရွက်ခခြင်းဖြစ်တေ။ ဥရောပဟိ ပထမ ဦးဆုံးသော တက္ကသိုလ်တိစွာ ကက်သလစ်ဘာသာမာအခြီခံ ရေကျောင်းတိဖြစ်တေ။ နောက်ပိုင်း ပညာရီးမာ ဆင်းရဲသား တိအတွက် အခမဲ့ပညာရီးစနစ်များ စတင်လာခရာမှ ရဟန်းမဟုတ် ရေ လူဆရာရို့ကို ခန့်အပ်ရေ တော်လှန်ပြောင်းလဲမှုတိ ၁၅၆၁ ခုနှစ်မှစတင်ကာ စံဂိုး့တလန်နိုင်ငံမာ ပေါ်ထွန်းလာရေ။ ၁၆၃၃ ခုနှစ်မာ စံဂိုး့တလန်ပါလီမန်သည် ပညာရီးအတွက်အခကြီး ဖေသာပီးရဖို့ အက်ဥပဒေကို စတင်ထုတ်ပြန်ခရေ။ ၁၇ ရာစုအားလုံး မာ စံဂိုး့တလန်ပညာရီးသည် လူတိုင်းစာတတ်မြောက်ရီးကို ဦးတည်လှာခရုံမျှမကာ မြင့်မြတ်ရေလူတန်းစားကလွဲပြီးကေ သင်ကြား ရေ သီးသန့်ပညာရီးစနစ်ကို စတင်ဆောင်ရွက်လာနိုင်ခရေ။

အသိပညာခေတ် (Age of Enlightment) ဆိုပနာ သမိုင်းမာဟိခဖူးပါရေ။ ထိုခေတ်သည် ဘာသာရီးနန့်ပညာရီးကြားမာ ပြဿနာပွားစီခရေ ကာလလည်းဖြစ်တေ။ ရူးဆိုး (Jean-jacques Rousseau) သည် အစိုင်အလာ ဘာသာရီး အခြီခံပညာရီးစနစ်ဧ့ လွှမ်းမိုးမှုကိုတွန်းလှန်ပြီး အချေသူငယ်များ ကို ဖွံ့ဖြိုးတိုးတက်စီရန် လူသားအခြီခံ အသိတရားတိနန့်သာ သင်ကြား ပီးသင့်ကြောင်း တော်လှန်ရေအတွေးအမြင်များ ချမှတ် လမ်းဖွင့်ပီးခရေ။

ပိုလန်-လစ်သူနီးယန်း ဓနသဟာယကော်မသျှင်က အမျိုးသားပညာရီးစနစ်ကို ၁၇၇၃ ခုနှစ်မာစတင်ပြဋ္ဌာန်းပြီး လူ့သမိုင်း မာ ပထမဆုံးအနိန်နန့်သော ပညာရီးဝန်ကြီးဆိုပနာ စတင်ခန့်အပ်ခီရေ။

၁၉ ရာစုမာဖြစ်ပွားခရေ စက်မှုတော်လှန်ရီးက လူထုကို စည်းကမ်းလိုက်နာ တတ်မှုဧ့အရေးပါပုံကိုရာမက အလုပ်သမှား တိစွာ အခြီခံပညာအနည်းဆုံး ဟိသင့်သည်ဆိုရေသဘောတရား တိကိုပါပေးလားခီရေ။ ဒေအခြီအနီမာ လူတိုင်းဖြစ်ပေါ်လှာ ရေဆန္ဒနန့်တောင်းဆိုမှုတိက နိုင်ငံတော်အနိန်နန့် ကျောင်းဆိုပနာ သတ်မှတ်ပီးရီး၊ သတ်မှတ်ပီးရေကျောင်းတိမာ သင်ရိုး ညွှန်းတမ်းတိကို သတ်မှတ်ပြဋ္ဌာန်းသင်ကြားပီးရေးရို့ဖြစ်တေ။ ၂၀ ရာစုမာ အသက်မွီးဝမ်းကြောင်းပညာရီးက နောက်ဆက်တွဲ အဖြစ်လိုက်ပါဖွံ့ဖြိုးလာပြန် ရေ။ စီးပွားရီးဖွံ့ဖြိုးတိုးတက်လာရေ နန့်တတူ လုပ်ငန်းခွင်တတ်ကျွမ်းသူတိ ပေါ်ထွန်းရီးရေ အစိုင်အလာ ပညာရီးထက် လူသားရို့ဧ့ဆန္ဒအရ ထပ်မံတောင်းဆိုလှာရေ ပညာရီးစနစ်ဖြစ်လာခရေ။ လုပ်ခွင်ပညာရီး၊ အလုပ်လုပ်ကေး ပညာသင်ရီး၊ လုပ်သားပညာရီးသည် နောက်ဆက်တွဲပေါ်ထွန်း လာရေစနစ်များဖြစ်လာခရေ။

တရုတ်ပညာရီးသည် တရုတ်ဂန္ထဝင်စာတိက စတင်ခရေ။ ဘာသာရီးအသွင် လည်းမဆောင် သူ့သဘောနန့်သူ ပေါ်ထွန်း ပါလတ်တေဟုဆိုနှိုင်ရေ။ အစောပိုင်းတရုတ်ပြည်နယ်အတော်များ တိစွာ ပညာတတ်၊ စာတတ် မင်းမှုထမ်းအရာဟိတိထက်မာ အနည်းသျှေမှီခိုအားထားခကတ်ရရေ။ ၂၀၆ ဘီစီမှ ၂၂၀ အထဲ ဟန်မင်းဆက်ခေတ်မာ နိုင်ငံတော်ဧကရာဇ်က စာမိန်းပွဲစနစ်ကို စတင်ပြဋ္ဌာန်းခရေ။ ထိုစာမိန်းပွဲစနစ်ဖြင့် အရာဟိတိကိုရွီးချယ် ခန့်အပ်ခြင်းဖြစ်တေ။ တော်သူတတ်သူတိကိုသာ ချီးမြှောက်ရေ စနစ်ဖြစ်သဖြင့် တော်အောင်တတ်အောင်သင်ကြားရေ စာသင် ကျောင်းစနစ်သည် တရုတ်မာ နှစ်ပေါင်း ၂၀၀၀ ခန့် ချင်မင်းဆက် ကာလအထိ လက်ခံကျင့်သုံး လားကတ်ောင်းတွိရရေ။ ၁၉၁၁ ခုနှစ် ရောက်မှ အနောက်နိုင်ငံပညာရီးစနစ်ကို လက်ခံပြီး စနစ်ဟောင်း ပညာရီးကိုစွန့်လွှတ်လိုက်ကတ်တေ။

ဂျပန်ဧ့မူလပညာရီးစနစ်သည် ဘာသာရီးနန့် အတော် လေး ဆက်စပ်နိန်ရေ။ ကျောင်းသင်ပညာရီးစနစ်ကို ဘုရားကျောင်း တိကတဆင့်ချုပ်ကိုင်ထားပြီးသား ဗုဒ္ဓစာပီတိကို ဘုန်းတော်ကြီးများ ကတဆင့် သင်ကြားလိ့လာကတ်ရရေ။ နောက်ပိုင်းမာ ပညာရှာ လိုရေသားသမီးသည် ရေရကိုယ (Tera-koya) ဟုခေါ်ရေ နီရာတွင်စုဝေးကတ်ရပြီး ဂျပန်စာအရီးအဖတ်ကို သင်ကြားကတ်ရ ရေ။ ရေရကိုယဆိုစွာမာ "တဲကျောင်းလေး" ဆိုပနာ အဓိပ္ပာယ်ရရေ။

အိန္ဒိယပညာရီးသမိုင်းကြောင်းသည် အနည်းသျှေရှည် လျားလှရေ။ Gurukul စနစ်သည် ပညာရီးသမိုင်းမာ အစော ဆုံးပညာရီးစနစ်ဖြစ်လိမ့်မေဟု လှောက်မှန်းရရေ။ ထိုပညာရီးစနစ် မာ ကာယ၊ ဉာဏ၊ စာရိတ္တဆိုရေသဘောတရားတိနန့် လူသား ရို့၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရီးကို ဗွေယူသည်ဆိုခြင်းက ခေတ် သစ်ပညာရီးကို စိန်ခေါ်နီရေ သဘောတရားများဖြစ်နီရေ။ Gurukuls ပညာရီးစနစ်သည် အစိုင်အလာဟိန္ဒူကျောင်းသင်ပညာ ရီးစနစ်လည်းဖြစ်တေ။ များရေအားဖြင့် အိမ်မာပင်ဖြစ်ဖြစ် ဘုန်းကြီးကျောင်းတိမာပင်ဖြစ်ဖြစ် ပညာသင်ပီးကတ်တေ။ အခမဲ့ပညာရီးစနစ်ဖြစ်ပြီးကေ တတ်နှိုင်ရေ မိဘတိကသာအခကြီး ဖေသာပီးဆောင်ကတ်တေ။ ပညာတတ်မြောက်သွားသူတိ အနိန်နန့် ကိုယ့် သင်ယူခရေကျောင်းမာ ပညာပြန်ပနာဖြန့်ဝီပီးနှိုင်ရေစနစ် သည် စိတ်ပါဖွယ်ဖြစ်တေ။ ကျောင်းမာ ဂုရုဆရာတိ Gurukuls သည် ဘာသာရီး၊ စာရိတ္တ၊ ဒဿန၊ စာပီ၊ စစ်ပညာ၊ နိုင်ငံရီးပရိယာယ်၊ ဆီးဝါးနန့် နက္ခတ်ပညာတိကို သင်ကြားပေး ကတ်တေ။ အံ့ဩစရာကောင်းရေမာ ရာဇဝင်ကို မသင်ကြားခြင်း ဖြစ်တေ။ အိန္ဒိယပညာရီးသမိုင်းမာ အစောဆုံးအဆင့်မြင့်ပညာရီး နန့် Nalanda, Takshila, Ujjain, Vikramshila စရေ တက္ကသိုလ်တိစွာ ပထမထောင်စုနှစ်ကပင် ပေါ်ထွန်းခပြီး ဖြစ်နီရေ။ ပဂျီ၊ ဗိသုကာ၊ အနုပညာ၊ ယုတ္တိဗေဒ၊ သဒ္ဒါ၊ ဒဿန၊ နက္ခတ်ပညာ၊ စာပီ၊ ဗုဒ္ဓဝါဒ၊ ဟိန္ဒူဝါဒ၊ စီးပွားရီးနန့် နိုင်ငံရီးပညာရို့ကို သက်ဆိုင်ရေတက္ကသိုလ်ကြီးများမာ ဘာသာရပ် အလိုက် တက်ရောက်သင်ကြားနိုင်ဖို့ စီစိုင်ပီးထားရေ။ Takshila တက္ကသိုလ်သည် ဆီးပညာကိုအဓိကထားသင်ပြီး၊ Ujjain က နက္ခတ်ပညာကိုအဓိကထားသင်ရေ။ Nalanda တက္ကသိုလ်သည် ဗဟိုအချက်အချာကျရေကျောင်းတော်ကြီးဖြစ်ပြီးကေ ကျောင်းသားဦးရေ ၁၀၀၀ လှောက်အထိဟိရေဟုသိရရေ။ ဗြိတိသျှ ရို့၏မှတ်တမ်းအရ ၁၈ ရာစုမာ ပညာရီးစနစ်သည် အိန္ဒိယမာ ဘုရားကျောင်းတိ၊ ကုလားမသိတ်တိနန့် ကျေးရွာအနှံ့ ပြန့်နှံ့ဗျာယ် ဟိပြီးး အထွန်းကားဆုံးဖြစ်တေဟုဆိုရေ။ သင်ကြားပေးရေဘာသာရပ် တိမာလေ့ အရီး၊ အဖတ်၊ အတွက်၊ ဘာသာရီး၊ ဥပဒေ၊ နက္ခတ်ပညာ၊ သစ္စဝါဒ၊ ကိုယ်ကျင့်ပညာ၊ ဆီးဝါးနန့် ဘာသာရီး ရို့ဖြစ်ကတ်တေ။ ထူးခြားချက်တရပ်မာ လူတန်းစား အဆင့်အတန်း မရွီး တက်ရောက်ပညာသင်ကြားနိုင်ခြင်းဖြစ်တေ။ အဂုသင်ကြား နီကတ်ရေ အနောက်တိုင်းစတိုင်ပညာရီးစနစ်သည် ၂၀ ရာစုကျမှ ဗြိတိသျှရို့ကြောင့် ထွန်းကားလာရရေဟုဆိုနှိုင်ရေ။ ဗြိတိသျှ ရို့စွာ အစိုင်အလာအိန္ဒိယပညာရီးစနစ်ကို ယဉ်ယိုင်ကျေးကျေး ညင်းပယ်ပြီး အသိအမှတ်မပြုဘဲထားခရေ။ ဂန္ဓီက အစိုင်အလာ ပညာရီးနန့်ပတ်သက်ပြီး လှပရေအပင်လေးတတပင်သည် ဗြိတိသျှရို့စိုးမိုးမှုအောက်မာ ပျက်စီးလားခရရေဟုဆိုခရေ။

လက်ဟိကမ္ဘာ့ပညာရီးလမ်းကြောင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ခြုံလို့ပြောရကေ စာမတတ်သူတိ ကျဆင်းသွားရေနှစ် များဆိုပနာ သုံးသပ်လာကတ်တေ။ စာမတတ်သူဦးရေနန့် ပညာမသင် ကြားနှိုင်ရေအချိုးသည် တရိပ်ရိပ်လျော့လားရေဟုဆိုရေ။ နမူနာ ကျောင်းမနီနှိုင်ရေဦးရေသည် ၁၉၆၀ မာ ၃၆ ရာခိုင်နှုန်း ဟိခ ရာမှ ၂၀၀၀ ပြည့်နှစ်မာ ၂၅ ရာခိုင်နှုန်းသာဟိလီရေ။ ဖွံ့ဖြိုးဆဲနိုင်ငံများမာ ၂၀၀၀ ပြည့်နှစ်မာ စာမတတ်သူနန့်ကျောင်း မနီနှိုင်သူဦးရေသည် ၁၉၇၀ ခုနှစ်ကထက် ထက်ဝက်လျှော့နည်း လားရေ။

ဖွံ့ဖြိုးဆဲနိုင်ငံတိကြားမာ စာမတတ်သူနန့် ကျောင်းမနေ နိုင်သူဦးရေသည် ၁၉၇၀ ပြည့်နှစ်ထက် ၂၀၀၀ ပြည့်နှစ်မာ ထက်ဝက် ကျဆင်းလားရေ။ ဖွံ့ဖြိုးတိုးတက်ရေနိုင်ငံများမာ စာမတတ် သူဦးရေသည် ၆ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းအထိသာဟိဖို့ရား ကျောင်းမနီနှိုင်သူဦးရေသည် ၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသာဟိ လီရေ။

ပညာရီးစိန်ခေါ်မှုတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပညာရီးဧ့ပန်းတိုင်သည် တဦးတယောက်ဧ့ အကြံ ဉာဏ်စိတ်ကူးတိကို အရာတဦးတယောက်သို့ လွှဲပြောင်းပီးရန် သို့မဟုတ် တယောက်မှ တစုသို့လွှဲပြောင်းပီးရန်ဖြစ်တေ။ လက်ဟိပညာရီးကိုပိုင်းဖြတ်ရာမာ အရီးအကြီးဆုံးအချက်သည် နည်းစနစ် (Method) ဖြစ်တေ။ ဇာနည်းစနစ်ကိုသုံးခြင်းက အထိရောက်ဆုံးဖြစ်လီဖို့နည်း၊ ဇာအသိပညာများရဟိစီရန် သင်ကြားပီးသင့်သနည်း၊ ဇာအသိပညာရေ အဆီလျော်ဆုံး ဖြစ်လီဖို့နည်း၊ ကျောင်းသား ကျောင်းသူတိအနိန်နန့် ရဟိထားပြီးသားသား အသိပညာကို ဇာပိုင်ဆက်ပနာထိန်းသိမ်းထားအောင်ကြံဆောင် ဖို့လဲစရေအချက်တိသည် ပညာရီးနန့်ပတ်သက်ပနာ အလီး ထားစဉ်းစားရဖို့အချက်တိဖြစ်တေ။ ဂျော့ခ်ကောင့်စ်နန့် ပေါ်လို ဖရေရီအစဟိရေ ပညာသျှင်တိက ပညာရီးဆိုစွာမာ ပင်ကိုဟိပြီးး သားနိုင်ငံရီးဖြစ်စိုင်တခုကို နိုင်ငံရီးရလဒ်တခုအဖြစ်ဖော်ထုတ် နိုင်ဖို့ကြိုးစားခြင်းဖြစ်တေဟုဆိုခရေ။ အစိုင်အလာပညာရီးနန့် အစိုင်အလာမဟုတ်ရေပညာရီးစနစ်နှစ်ခုစလုံးမာ ဇာသူဧ့ စိတ်ကူးအိုင်ဒီယာကိုအသုံးပြုမည်၊ သူရို့ပန်းတိုင်ကဇာဖြစ်စွာကို သိရန်ကိစ္အစဟိစွာပင် စိန်ခေါ်မှုကြီးတခုပိုင်ဖြစ်နီရေ။

အရီး၊ အဖတ်၊ အတွက်ဟုဆိုကတ်ရေ အသုံးလုံးစနစ် သည် အနောက်တိုင်းမူလတန်းနန့် အလယ်တန်းဆင့်များမာ အခြီခံ အဖြစ်သင်ကြားကတ်ရရေ ပညာရီးဖြစ်တေ။ အသုံးလုံးနန့်ပတ် သက်ပြီး သမိုင်းပထဝီသင်္ချာရူပဗေဒဓာတုဗေဒနန့် တခါ တရံနိုင်ငံရီးကိုပါသင်ကြားကတ်ရရေ။ အသက်အရွယ်အပိုင်းအရာ အလိုက် သင်ကြားကတ်ရရေပညာရီးဖြစ်ပြီးကေ စာမတတ်သူတိ အတွက်ရည်စူးရေပညာရီးမျိုးမဟုတ်လီ။ လက်ဟိပညာရီးစနစ် သည် တတ်မြောက်မှုအရည်အခြင်းကိုတိုင်းတာစစ်ဆီးရေ ပညာ မျိုးသာဖြစ်နီသိရေ။ စမ်းသပ်စစ်ဆီးမှုကို အဆင့်တိနန့် သတ်မှတ်ရေပညာရီးလည်းဖြစ်တေ။ အဆင့်ဆိုစွာမာ ရာခိုင် နှုန်းနန့်ဖြစ်စီ ကိန်းဂဏန်းနန့်ဖြစ်စီထုတ်ပြန်ခြင်းဖြစ်ပြီးကေ စာသင် ခန်းတခန်း သို့မဟုတ် ကျောင်းသားအားလုံးက လက်ခံထားရေ သတ်မှတ်ချက်တခုလည်းဖြစ်တေ။ ပညာဧ့ဦးတည်ချက်သည် ကျောင်းသား ကျောင်းသူတိဧ့ အားသာချက် သို့မဟုတ် အား နည်းချက်ကို ဖော်ထုတ်ဖွင့်ချဖို့မဟုတ်ပါ၊၊ သင်ကြားမှု သင်ယူမှု ဖြစ်စိုင်တခုမာ ကျောင်းသားတဦးဧ့ လစ်ဟင်းချက်သည် ကျောင်းသင်ပညာရီးကို ဇာလောက်အတိုင်းအတာအထိ သက်ရောက်မှု ဟိရေကို ဆန်းစစ်ရန်ဖြစ်တေ။ လက်ဟိအဆင့်သတ်မှတ်ရေ ပညာရီးစနစ်သည် ကိုယ့်ကိုယ်ကိုယ့်ယုံကြည်စိတ်၊ အထင်ကြီးစိတ်တိကို လျှော့ပါးစီရား အန္တရာယ်တဗျင်းများလွန်းရေလို့ဆိုကတ်ရေ။ အဆင့်နိမ့်သူ သို့မဟုတ် အမှတ်နည်းသူစွာ စိတ်ဓာတ်ကျတတ်စွာကတော့ အမှန်ရာဖြစ်တေ။ ပညာရီးမာ အရာထည့်သွင်းစဉ်းစားသင့်ရေ အချက်တိမာ ဆင်းရဲတွင်းနက်ခြင်းနန့် အချေသူငယ်ဆိုင်ရေ နှိပ်စက်ညှဉ်းပန်းမှုတိဖြစ်တေ။ ဆရာတိဧ့ မလိုမုန်းထားစိတ်နန့် အရည်အသွီးညံ့ဖျင်းခြင်းရို့စွာလေ့ အရေးကြီးရေအချက်တိ ဖြစ်တေ။

အဲလ်ဘတ် အိုင်းစတိုင်းသည် နာမည်ကျော် ရူပဗေဒပညာသျှင် ကြီးတဦးဖြစ်တေ။ စကြဝဠာကို လူပြိန်းနားလည်စီရန် ကြံဆောင် ပီခရေပုဂ္ဂိုလ်ကြီးဖြစ်သဖြင့် လူတိုင်းလေးစားခြင်းခံခရရေ။ ယကေလေ့ အိုင်စတိုင်းကိုယ်တိုင် ကျောင်းမာ ကျောင်းစာအလွန် တော်ရေ စံပြလူရည်ချွန်ကျောင်းသားတဦးမဟုတ်ခပါ၊၊ ဆရာက ဘာသင်သင် သူကစိတ်ပါသူမဟုတ်။ ကျောင်းတက်လည်းမမှန် ပါ၊၊ သူ့အသိဉာဏ်မာ ကိန်းတိကို ပေါင်းခြင်း၊ နုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်းတိနန့် အသိတရားကိုတည်ဆောက်ကာ ပါရမီရှင် ဘဝကိုရောက်သွားခြင်းဖြစ်တေ။

အချေတိုင်းသည် ပါရမီရှင်များ၊ စွမ်းရည်ဟိသူတိဖြစ် ရေ။ သားသမီးဧ့ဉာဏ်ရည် စောစွာဖွံ့ဖြိုးခြင်း သို့မဟုတ် နောက် ကျမှဖွံ့ဖြိုးခြင်းများဖြစ်လှာစီရန် အကူအညီတော့အမှန်ရာလိုအပ် ရေ။ ပင်ကိုကလေ့ဟိ အထောက်အပံ့ကလေ့ကောင်းကေ ထူးသူစွာ ချွန်ထွက်လားစွာမာသေချာရေ။ ပင်ကိုမဟိသူကို ဇာလောက်တွန်းအားပီးနီစီ ဖြစ်လှာမည်မဟုတ်လီ။

ဘာသာရပ်တခုကို သင်ကြားခြင်းနန့် စစ်ဆီးခြင်းစွာ ဟိကိုဟိနီရဖို့ရာဖြစ်တေ။ ယကေလေ့သိပျားသားတိကိုတော့ခါ ပြန် လည်းသင်ကြားခြင်းပြုလုပ်နီရန်မလို။ သင်ကြားမှုကို အကောင်း ဆုံးနန့် စည်းကမ်းအဟိဆုံး အလိုက်နာနိုင်ဆုံးသူစွာ အတော်ဆုံး ဖြစ်လိမ့်မေဟူရေသီအိုရီသည် မမှန်ဟုဇာပိုင်ပင်ဆိုစေ လက်ခံ လိုက်နာကျင့်သုံးနီကတ်တေသာဖြစ်တေ။ အိုင်းစတိုင်းလိုလူမျိုး တထောင်မာတယောက်၊ တသောင်းမာတယောက် မဟိ နိုင်ပါ၊၊

အသိပညာသင်ကြားမှုမာ ဆုပ်စူး၊ စားရူးဖြစ်နီရရေ အချက်တိဟိနီရေ။ အသိပညာကို မိထားလိုက်ရဖို့တော့။ ဇာတိကိုသင်သင့်လဲ။ နျူကလီးယားဗုံးများလုပ်နည်းကို သင်ပီးရ ဖို့လား။ တတ်ထားပြီးသားသားတိကို မိထားလိုက်ရဖို့တော့။

ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတိ၏ပညာရီး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဖွံ့ဖြိုးပြီးနိုင်ငံများမာလည်း ပညာရီးလုပ်ငန်းစဉ်နန့် ပတ်သက်ပြီး စိုးရိမ်သောကပွားနီကတ်ရရေသာဖြစ်တေ။ ချမှတ် ထားရေ လမ်းညွှန်ချက်တိနန့်အညီ နောက်ခါလိုက်လုပ်နိုင်ခြင်း ဟိ မဟိဆိုရေဖေါင်းကားရေ။ နောက်ဆက်တွဲပြဿနာက သားသမီးကို ဇာလောက်အထိ အာရုံစူးစိုက်နိုင်စွမ်းဟိစီရန် ထိန်းထား နိုင်သနည်းနန့် ဘဝတသက်တာ ဇာလောက်ကြာအောင် ခံဖို့လဲဖြစ် ရေ။ သင်ကြားမှုဖြစ်စိုင်ကို အကဲဖြတ်ခြင်း၊ မီးခွန်းတိကို ဖြေစေ ခြင်းရို့သည် ပညာရီးဧ့အရာနည်းစနစ်တိဖြစ်တေ။ သင်ယူ တတ်မြောက်လားရေဆိုရေပညာရေ ဇာလောက်အတိုင်းအတာ အထိ ပြည့်စုံလောက်ငှမှုဟိလားပါသနည်း။ နမူနာ လုပ်ငန်းခွင်အထိ လက်တွိအသုံးချနှိုင်ရေအဆင့်မာဟိလားရာလား။

သားသမီးကို ဇာပိုင်ပညာပီးမည်ဆိုပနာ ဆုံးဖြတ်ချက် ချရခြင်းစွာ အနည်းသျှေခက်ခဲရေကိစ္စတရပ်ဖြစ်တေ။ ဇာကြောင့်ဆိုကေ မလုပ်မနီရလုပ်ဆောင်စီရေပညာရီး စနစ်နန့် လွတ်လပ်စွာ သဘာ၀အတိုင်းပညာရှာစီရေပညာရီးစနစ် နှစ်ခုသည် အနောက်နိုင်ငံများမာ အနည်းသျှေသဘောထားကွဲလွဲစွာ အားစမ်းလှုပ်ရှားလာပြီးကေဖြစ်တေ။ လွတ်လပ်စွာပညာရှာခွင့်ကို ခွင့်ပြု ထားရေကြောင့် အနောက်နိုင်ငံများမာ အိမ်မှားပညာရီးစနစ် ကို အကောင်အထည်ဖော်လာကတ်တေ။ ကျောင်းသို့ရားသမီးတိကို မလွှတ်တော့ဘဲ ကိုယ့်သားသမီးတိ၏ကြမ္မာကိုယ်ဖန်တီးခွင့်များ ပိုပြီးကေရဟိလာကတ်ခြင်း၊ အိမ်မှားကျောင်းပညာသင်ကြားရီးစနစ်ကိုခွင့် ပြုလာကတ်ခြင်းစွာ ပညာရီးတခေတ်ပြောင်းမှုကို ဦးတည်နီလေ လားဟုထင်မှားစရာဖြစ်တေ။ အိမ်မာပညာသင်ကြားရီးစနစ် သည် စိတ်ကြိုက်တတ်လိုရေကိုရွီးချယ်ခွင့်အပြင် စာမိန်းပွဲဆို ရေ သတ်မှတ်ချက်တခုကို ကိုယ့်စိတ်ကြိုက်ပြင်ဆင်ခွင့်လည်းရဟိ နှိုင်ကတ်မည်ဖြစ်တေ။ ယင်းအပြင် ကိုယ်တိုင်အားထုတ်လိ့လာခွင့်၊ တီထွင်စဉ်းစားခွင့်တိကိုလည်း ပိုပြီးကေရဟိနိုင်စီရေဟု အကြောင်းပြ လာကတ်တေ။ ပညာရီးဆိုင်ရေစိတ်ပညာသျှင်တိက ယင်းပိုင်အိမ်မှား ပညာသင်ကြားရီးစနစ်ကိုခွင့်ပြုလိုက်ကေ "ပုန်းကွယ်နီရေ သင်ရိုးညွှန်းတမ်းများ" လည်းဟိလာနှိုင်ရား သီးသန့်ပညာရီးနန့် သီးသန့်ပညာတတ်လူတန်းစားတရပ် ပေါ်ထွန်းလားနှိုင်ရေလို့ သုံးသပ်ကတ်တေ။ အိမ်မှားပညာသင်ကြားရီးစနစ်သည် ကျောင်း များ အနိုင်ကျင့်ဗိုလ်ကျလှာမှုတိလာရေကြောင့် ယှောင်လွှဲရေအနေ ဖြင့် တီထွင်လှာကတ်ခြင်းစွာ အကြောင်းတချက်ဖြစ်တေ။ ယကေလေ့ တချို့ကလေ့ယင်းစနစ်သည် အမေရိကန်လူ့ဘောင်အဖွဲ့အစည်းဧ့ လက်ဟိနိုင်ငံရီးနန့် လူမှုရီးလမ်းကြောင်းကို ရောင်ပြန်ဟပ်မှုဖြစ် ရေလို့ သုံးသပ်ကတ်တေ။

ဖွံ့ဖြိုးဆဲနိုင်ငံတိ၏ပညာရီး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဖွံ့ဖြိုးဆဲနိုင်ငံများမာ ပညာရီးဆိုင်ရေပြဿနာတိနန့် ရှိဆိုင်နိန်ရမှုသည် ပိုပြီးကေကြီးမှားရေလို့ဆိုနှိုင်ရေ။ စီးပွားရီး ဖိအားကြောင့် ပညာရီးကို အလီးမမူသောသူတိသဖြင့် ကိုယ်ရို့ သားသမီးတိကို ဖေ့သာရှာသူတိဘဝသို့ တွန်းပို့ကတ်တေကတိစွာ။ ရေရှည်ပညာသင်ကြားရီးထက် ရေတိုစားဝတ်နီရီးပြဿနာတိကို ဖြီယှင်းရန် အဓိကထားနီကတ်ရသဖြင့် ပညာရီးကိုယှောင်လွှဲနီကတ် ရစော်ကတိစွာ။ အကယ်တန္တိ လက်ဟိစားဝတ်နီရီးပြဿနာ တိရာ ပြေလည်ကြမည်ဆိုကေ ဇာမိဘမဆို ကိုယ့်သားသမီး တိအား ကျောင်းလာပြန်ထားကြစွာမာ ဧကန်ဖြစ်တေ။ ယင်းအတွက်နန့် ဆင်းရဲမှားနက်ခြင်းနန့် ပညာမသင်ကြားနိုင်ခြင်းရို့သည် များစွာ ဆက်စပ်နိန်ရေ။

ယင်းအပြင်ဆရာမလောက်ငှမှု၊ ဆရာတိလစာသည် အရာ လစာတိထက်နည်းပါးမှု၊ အရည်အခြင်းပြည့်ဝရေဆရာရှားပါးမှု ရို့စွာလည်း ရှိဆိုင်ရဖွယ်ဟိရေပြဿနာတိဖြစ်တေ။

ဆရာပြဿနာနန့် ကျောင်းနီချင်သူတိုင်း ကျောင်းမနေ နှိုင်ရေပြဿနာကို ကောင်းဘီယက်ဖြီယှင်းယင့်နည်းသည် "သူရို့က ပညာဗားကိုမလာကေ ပညာက သူရို့ပါးကိုလားပါ" ဆိုရေ စကားဖြစ်တေ။ အိန္ဒိယနိုင်ငံမာ ပညာပြဿနာကိုသူရို့နည်းသူ ရို့ဟန်ဖြင့်ဖြီယှင်းပုံသည် စိတ်ပါဖွယ်ဖြစ်တေ။

အိန္ဒိယသည် အိုင်တီနန့်နည်းပညာကို အနည်းသျှေစိတ် ဝင်စားရေနိုင်ငံတနိုင်ငံဖြစ်တေ။ နိုင်ငံမှားအိန်တာနက်ကိုအသုံးပြုနိုင်ဖို့ ရေလီဖုန်းလိုင်းတိကို အားထားနီကတ်ရသဖြင့် ရေရှည် စီမံကိန်းကို သူရို့စွန့်လွှတ်လိုက်ကတ်တေ။ လူတိုင်းအိန်တာနက်နန့် ထိတွိနိုင်ရီး အိန်တာနက်ကတဆင့် ပညာရှာရေးနန့် အိန်တာနက် ဖြင့်လူမှုဘဝမြှင့်တင်ရီးရို့စွာ အမျိုးသားရီးတာဝန်တရပ်အနေ ဖြင့် ရှုမြင်သုံးသပ်လုပ်ဆောင်လာကတ်တေ။ သို့တွက်နန့် အထူးပညာ ရီးအတွက် ဂြိုဟ်တုစလောင်းများ ကျေးလက်ကျွန်းရွာတိအရောက် လိုက်လံတပ်ဆင်ပြီး အိန်တာနက်ကိုရဟိအသုံးပြုနိုင်ရီး ကြိုးပမ်း နိကတ်ရေ။ AMD နန့် အရာကုမ္ပဏီတိကလည်း ၂၀၀၆ ခုနှစ်မာ ဒေါ်လာ ၁၀၀ တန်ကွန်ပျူတာများ အိန္ဒိယနိုင်ငံတဝန်းမာ ရဟိ စီရေဖို့လို့ အာမခံချက်တွေရဲရဲပီးရား ဆောင်ရွက်နိကတ်ရေ။ ပထမအဆင့်အနိန်နန့် ကွန်ပျူတာတသန်းကို ကျေးရွာတိအရောက် တပ်ဆင်ဖို့ရာဟုဆိုရေ။ ကွန်ပျူတာနောက်မာ အရေးကြီး ယပြီးနောက်ဆက်တွဲပြဿနာတိကိုလည်း သူရို့မေ့မထားကတ်လီ။ ယင်းသည် လျှပ်စစ်မီးပြဿနာတိဖြစ်တေ။ ကျေးရွာတိုင်း လျှပ်စစ် မီးမဟိကြသဖြင့် မီးစက်တိကိုပါပူးတွဲစီမံချက်မာထည့်ထားရေကို တွိလိုက်ရရေ။ အိန္ဒိယသည် ဒစ်ဂျစ်ရေပညာရီးဆိုပြီး ကျေးရွာ အရောက် အိန်တာနက်နန့် သားသမီးကိုထိတွိစီရေဖို့လို့ ကြွီး ကြော်ထားရေ။

အာဖရိကတိုက်မာ NEPAD သည် "e-school program" ကို အကောင်အထည်ဖော်ဗျာယ် ဟိရေ။ မူလတန်း နန့် အထက်တန်းကျောင်းပေါင်း ၆ သိန်းမာ ကွန်ပျူစွာတိကို တပ်ဆင်ပီးရား ၁၀ နှစ်အထဲ အိန်တာနက်ဖြင့် သင်ကြားမှု သင်ယူမှုတိကိုပြုလုပ်ကတ်တော့ဖို့လို့ဆိုရေ။

အိမ်တွင်းသင်ယူမှုကိုဗွေယူလာကတ်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၂၀၀၃ ခုနှစ်ကောက်ကခံရဟိသောစာရင်းအရ အမေရိကန် နိုင်ငံမာ အဆင့် K-12 ကျောင်းသားကျောင်းသူ ၁၀၉၆၀၀၀ လှောက်အထိ ကိုယ်ရို့အိမ်မာ ပညာသင်ကြားရေစနစ်ကို ကျင့်သုံးလာ ကတ်ကြောင်းသိရရေ။ ပညာရီးဌာနဧ့စစ်တမ်းအရ အိမ်တွင်းအချိန် ပြည့်သင်ယူမှုသည် ၈၂ ရာခိုင်နှုန်းအထိ တိုးတက်လားရာလို့ဆိုရေ။ အိမ်မာပညာဇာကြောင့်သင်ရသနည်းဆိုရေစစ်တမ်းကို အမေရကန် ပညာရီးဌာနကကောက်ယူကြည့်ရာမာ ကျောင်းပတ်ဝန်း ကျင်စနစ်ကိုမကြိုက်အတွက်နန့်လို့အဖြီထွက်လှာကေလေ့ လုံခြုံမှု၊ ယစ်မူးဆီးဝါး၊ အပေါင်းအသင်းကိစ္စများကြောင့်ဆိုရေ သူတိက ၃၁.၂ ရာခိုင်နှုန်း၊ ဘာသာရီးနန့် ကိုယ်ကျင့်တရာဆိုင်ရေ ပြဿနာကြောင့်ဆိုရေသူတိ ၂၉.၈ ရာခိုင်နှုန်း၊ ကျောင်းဟိသင်ကြား မှုတိကို မကြိုက်အတွက်နန့်ဆိုရေသူတိက ၁၆.၅ ရာခိုင်နှုန်း၊ ရုပ်ပိုင်းနန့်စိတ်ပိုင်းဆိုင်ရေပြဿနာတိနန့် အရာလိုအပ်ချက်တိ ကြောင့်ဆိုရေသူတိက ၁၃.၇ ရာခိုင်နှုန်းအထိဟိကြောင်းသိရရေ။ အားလုံးခြုံလို့ဆိုရကေ ကျောင်းနန့်ဝန်းကျင်ကိုမကြိုက်သူတိက ၈၅.၄ ရာခိုင်နှုန်း၊ ဘာသာရီးနန့်ကိုယ်ကျင့်တရားဆိုင်ရေမကြိုက် သူတိက ၇၂.၃ ရာခိုင်နှုန်း၊ ပညာသင်ကြားမှုစနစ်ကိုမကြိုက်သူက ၆၈.၂ ရာခိုင်နှုန်းအထိဟိကြောင်းတွိရရေ။ တက္ကသိုလ်ဝင်အဆင့် မာ ပညာရီးနန့် သင်ကြားရေကျောင်းကို မကြိုက်သူတိ လာခြင်းကြောင့် အိမ်တွင်းပညာသင်ကြားရီးစနစ် ထွန်းကားလာရာ စာသင်ကျောင်းစနစ်ဧ့အနာဂတ်လေ့ မှေးမှိန်ဖို့ရာ လားလို့ သောကပွားစရာဖြစ်လာရေ။