ပဌမ ပါရာဇိက
ပဌမ ပါရာဇိက
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သုဒိန် ရဟန်းအကြောင်း ပြဆိုရာ အခန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၄။ ထိုစိုင်အခါ ဝေသာလီမြို့ဧ့ အနီးမာ ကလန္ဒမည်ရေ ရွာစွာ ဟိဧ့၊ ထို (ကလန္ဒရွာ) မာ သုဒိန်မည်ရေ ကလန္ဒသူဌေးသားစွာ ဟိဧ့၊ ယင်းခါ ကလန္ဒသူဌေးသား သုဒိန်စွာ သူငယ်ချင်းများစွာရို့နန့် အတူ တစ်စုံတစ်ခုသော လုပ်ဖွယ်ကိစ္စနန့် ဝေသာလီမြို့သို့ လားဧ့၊ ယင်းခါ မြတ်စွာဘုရားစွာ ပရိသတ် အများကြီး ခြံရံပြီးကေ တရားဟောပနာ ထိုင်နိန်တော်မူဧ့၊ ကလန္ဒသူဌေးသားသုဒိန်စွာ ပရိသတ်အများကြီး ခြံရံပြီးကေ တရား ဟောပနာ ထိုင်နိန်တော်မူရေ မြတ်စွာဘုရားကိုမြင်ပြီးနောက် 'ငါလည်း တရားနာရမူ ကောင်းလီစွ'လို့ သုဒိန်အား အကြံစီဖြစ်ဧ့၊ ထိုအကြံစီဖြစ်ခနောက် ကလန္ဒသူဌေးသား သုဒိန်စွာ ပရိသတ်ဟိရာသို့ ချဉ်းကပ်ပြီးကေ တစ်ခုသော နိန်ရာမာထိုင်ပြီးကေ ကလန္ဒသူဌေးသား သုဒိန်အား- 'ငါစွာ မြတ်စွာဘုရား ဟောတော်မူအပ်တေ တရားတော်ကို ထိုက်ရေအနိန်နန့် သိရဧ့၊ (ယင်းပိုင်သိရရေပိုင်) လူ့ဘောင်မာ နိန်သူစော် စင်စစ် ပြည့်စုံစင်ကြယ်ပြီးကေ ခရုသင်း ပွတ်သစ်နန့်တူရေ ဒေမြတ်ရေ အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူချေ၊ ငါစွာ ဆံ မုတ်ဆိတ်ကို ပယ်ပြီးကေ ဖန်ရည်ဆိုးအဝတ်တိကို ဝတ်ရုံပြီးကေ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရပါမူ ကောင်းလီစွ'လို့အကြံစီဖြစ်ပြန်ဧ့။
ယင်းခါ မြတ်စွာဘုရားစွာ တရားနန့် လျော်ရေ စကားနန့် (အကျိုးစီးပွားကို) သိမြင်စီပနာ (တရားကို) ဆောက်တည်စီပနာ (တရားကျင့်သုံးဖို့) ထက်သန်စီပြီးကေ ရွှင်လန်းစီပြီးကေ ထိုပရိသတ်စွာ နိန်ရာမှ ထပြီးကေ မြတ်စွာဘုရားကို ယှိခိုးပြီးကေ အရိုအသီလုပ်ပနာ ဖဲခွါလားဧ့။
၂၅။ ယပြီးနောက် ကလန္ဒသူဌေးသား သုဒိန်စွာ ပရိသတ် ထလားပြီးကေ မကြာခင် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ယှိခိုးပြီးကေ တစ်ခုသောနိန်ရာမာ ထိုင်ပြီးကေ ကလန္ဒသူဌေးသား သုဒိန်စွာ မြတ်စွာဘုရားအား-
'အသျှင်ဘုရား အကျွန်ုပ်စွာ မြတ်စွာဘုရား ဟောတော်မူအပ်တေ တရားတော်ကို ထိုက်ရေအနိန်နန့် သိရပါဧ့၊ (ယင်းပိုင်သိရရေပိုင်) လူ့ဘောင်မာ နိန်သူစော် စင်စစ် ပြည့်စုံ စင်ကြယ်ပြီးကေ ခရုသင်းပွတ်သစ်နန့်တူရေ ဒေမြတ်ရေ အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အသျှင်ဘုရား အကျွန်ုပ်စွာ ဆံ မုတ်ဆိတ်ကို ပယ်ပြီးကေ ဖန်ရည်ဆိုးအဝတ်တိကို ဝတ်ရုံပြီးကေ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါရေ၊ မြတ်စွာဘုရားစွာ အကျွန်ုပ်ကို ရဟန်းလုပ်ခွင့် ပီးတော်မူပါ'လို့ လျှောက်ထားဧ့။
သုဒိန် သင့်ကို အမိအဖရို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက် ခွင့်လွှတ်ပြီးဖြစ်သလောလို့ (မီးတော်မူဧ့)။
အသျှင်ဘုရား အကျွန်ုပ်ကို အမိအဖရို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့အတွက်ခွင့်မပြုသီးပါလို့ (လျှောက်ဧ့)။
သုဒိန် မြတ်စွာဘုရားရို့စွာ အမိအဖရို့က ခွင့်မပြုရေ သားကို ရဟန်းလုပ်ပီးတော်မမူကုန်လို့ (မိန့်တော်မူဧ့)။
အသျှင်ဘုရား အကျွန်ုပ်စွာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက် မိဘရို့ကခွင့်ပီးအောင် လုပ်ပါဖို့လို့ (လျှောက်ဧ့)။
၂၆။ ယပြီးနောက် ကလန္ဒသူဌေးသား သုဒိန်စွာ ဝေသာလီမြို့မာ ထိုလုပ်ဖွယ်ကိစ္စကို ပြီးဆုံးစီပြီးကေ ကလန္ဒရွာ မိဘရို့ထံသို့ ချဉ်းကပ်ပြီးကေ မိဘရို့အား-
'မိခင် ဖခင်ရို့ အကျွန်ုပ်စွာ မြတ်စွာဘုရား ဟောတော်မူအပ်တေ တရားတော်ကို ထိုက်ရေအနိန်နန့် သိရပါဧ့၊ (ယင်းပိုင်သိရရေပိုင်) လူ့ဘောင်မာ နိန်သူစော် စင်စစ် ပြည့်စုံ စင်ကြယ်ပြီးကေ ခရုသင်းပွတ်သစ်နန့်တူရေ ဒေမြတ်ရေ အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်စွာ ဆံ မုတ်ဆိတ်ကို ပယ်ပြီးကေ ဖန်ရည်ဆိုး အဝတ်တိကို ဝတ်ရုံပြီးကေ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါရေ၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက် ခွင့်ပြုပါကုန်'လို့ပြောဧ့။
အေပိုင် ပြောကေ ကလန္ဒသူဌေးသား သုဒိန်ဧ့ မိဘရို့စွာ ကလန္ဒသူဌေးသား သုဒိန်အား-
'ချစ်သား သုဒိန် သင်စွာ ငရို့ဧ့ တစ်ဦးတဲးဖြစ်တေ သားဖြစ်ပြီးကေ ချစ်ခင်အပ်ဧ့၊ နှစ်သက် အပ်ဧ့၊ ချမ်းသာစွာ ကြီးပွါးစီအပ်ဧ့၊ ချမ်းသာစွာ မွီးမြူလာရသူဖြစ်ဧ့၊ ချစ်သား သုဒိန် သင်စွာ ဇာမည်ရေဆင်းရဲကိုမျှ မသိ၊ သင် သီအနိန်နန့်လည်း ငရို့စွာ အလိုမဟိကုန်ဘဲပနာ သင် နန့် ခွဲခွါကက်ရကုန်အံ့၊ အသက်ရှင်နိန်ရေ သင်ကိုကား ငရို့စွာ ဒေလူ့ဘောင်မှ ရဟန်းဘောင် သို့ဝင်ရောက်ဖို့ အတွက် အဇာမှာကေ ခွင့်လွှတ်နိုင်ပါကုန်အံ့လဲ'လို့ ပြောကက်ကုန်ဧ့။
နှစ်ကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်စွာ မိဘရို့အား-
'မိခင် ဖခင်ရို့ အကျွန်ုပ်စွာ မြတ်စွာဘုရား ဟောတော်မူအပ်တေ တရားတော်ကို ထိုက်ရေအနိန်နန့် သိရပါဧ့၊ (ယင်းပိုင် သိရရေပိုင်) လူ့ဘောင်မာ နိန်သူစော် စင်စစ် ပြည့်စုံ စင်ကြယ်ပြီးကေ ခရုသင်းပွတ်သစ်နန့်တူရေ ဒေမြတ်ရေ အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်စွာ ဆံ မုတ်ဆိတ်ကို ပယ်ပြီးကေ ဖန်ရည်ဆိုး အဝတ်တိကို ဝတ်ရုံပြီးကေ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်လိုပါရေ၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက် ခွင့်ပြုပါကုန်'လို့ ပြောဧ့။
နှစ်ကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်ဧ့ မိဘရို့စွာ ကလန္ဒသူဌေးသား သုဒိန်အား-
'ချစ်သား သုဒိန် သင်စွာ ငရို့ဧ့ တစ်ဦးတဲးသော သားဖြစ်ပြီးကေ ချစ်ခင်အပ်ဧ့၊ နှစ်သက်အပ်ဧ့၊ ချမ်းသာစွာ ကြီးပွားစီအပ်ဧ့၊ ချမ်းသာစွာ မွီးမြူလာရသူဖြစ်ဧ့၊ ချစ်သားသုဒိန် သင်ရေဇာ ဆင်းရဲကိုမျှ မသိ၊ သင် သီအနိန်နန့်လည်း ငရို့စွာ အလိုမဟိကုန်ဘဲပနာ သင်နန့် ခွဲခွါကက်ရကုန်အံ့၊ အသက်သျှင်နိန်ရေ သင့်ကိုကား ငရို့စွာ ဒေလူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ဖို့ အတွက် အဇာမှာကေ ခွင့်လွှတ်နိုင်ပါကုန်အံ့လဲ'လို့ ပြောကက်ကုန်ဧ့။
သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်စွာ မိဘရို့အား-
'မိခင် ဖခင်ရို့ အကျွန်ုပ်စွာ မြတ်စွာဘုရား ဟောတော်မူအပ်တေ တရားတော်ကို ထိုက်ရေအနိန်နန့် သိရပါဧ့၊ (ယင်းပိုင်သိရရေပိုင်) လူ့ဘောင်မာ နိန်သူစော် စင်စစ် ပြည့်စုံ စင်ကြယ်ပြီးကေ ခရုသင်းပွတ်သစ်နန့်တူရေ ဒေမြတ်ရေ အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်စွာ ဆံ မုတ်ဆိတ်ကို ပယ်ပြီးကေ ဖန်ရည်ဆိုး အဝတ်တိကို ဝတ်ရုံပြီးကေ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါရေ၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက် ခွင့်လွှတ်ပါကုန်'လို့ပြောဧ့။
သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်ဧ့ မိဘရို့စွာ ကလန္ဒသူဌေးသား သုဒိန်အား-
'ချစ်သား သုဒိန် သင်စွာ ငရို့ဧ့ တစ်ဦးတဲးသော သားဖြစ်ပြီးကေ ချစ်ခင်အပ်ဧ့ နှစ်သက် အပ်ဧ့၊ ချမ်းသာစွာ ကြီးပွားစီအပ်ဧ့၊ ချမ်းသာစွာ မွီးမြူလာရသူ ဖြစ်ဧ့၊ ချစ်သား သုဒိန် သင် စွာ ဇာဆင်းရဲကိုမျှ မသိ၊ သင် သီအနိန်နန့်လည်း ငရို့စွာ အလိုမဟိကုန်ဘဲပနာ သင်နန့် ခွဲခွါကက်ရကုန်အံ့၊ အသက်သျှင်နိန်ရေ သင့်ကိုကား ငရို့စွာ ဒေလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက် အဇာမှာကေ ခွင့်လွှတ်နိုင်ပါကုန်အံ့လဲ'လို့ ပြောကက်ကုန်ဧ့။
၂၇။ ယပြီးနောက် ကလန္ဒသူဌေးသား သုဒိန်စွာ ငါ့ကို မိဘရို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ဖို့ အတွက် ခွင့်မပြုကက်ကုန်လို့ (သိပြီးကေ) အခင်းမဟိရေ မြီထက်မာ 'ဒေနိန်ရာမာနိန်ပြီးကေ ငါ့အားသီခြင်းစော်ဖြစ်စီ၊ ရဟန်းအဖြိုက်စော်ဖြစ်စီ ဖြစ်လိ့ဖို့လို့' (ဆိုပြီးကေ) ထိုအရပ်မာပင်အိပ်ဧ့။
ယပြီးနောက် ကလန္ဒသူဌေးသား သုဒိန်စွာ ထမင်းတစ်နပ်ကိုလည်း မစား၊ ထမင်းနှစ်နပ်တိကိုလည်း မစား၊ ထမင်းသုံးနပ်တိကိုလည်း မစား၊ ထမင်းလေးနပ်တိကိုလည်း မစား၊ ထမင်းငါးနပ်တိကိုလည်း မစား၊ ထမင်းခြောက်နပ်တိကိုလည်း မစား၊ ထမင်းခုနစ်နပ်တိကိုလည်း မစား။
၂၈။ ယင်းခါ ကလန္ဒသူဌေးသား သုဒိန်ဧ့ မိဘရို့စွာ ကလန္ဒသူဌေးသား သုဒိန်အား-
'ချစ်သား သုဒိန် သင်စွာ ငရို့ဧ့ တစ်ဦးတဲးသော သားဖြစ်ပြီးကေ ချစ်ခင်အပ်ဧ့၊ နှစ်သက် အပ်ဧ့၊ ချမ်းသာစွာ ကောင်းစားစီအပ်ဧ့၊ ချမ်းသာစွာ မွီးမြူလာရသူ ဖြစ်ဧ့၊ ချစ်သား သုဒိန် သင် စွာ ဇာဆင်းရဲကိုမျှ မသိ၊ သင် သီအနိန်နန့်လည်း ငရို့စွာ အလိုမဟိကုန်ဘဲပနာ သင် နန့်ခွဲခွါကက်ရကုန်အံ့၊ အသက်ရှင်နိန်ရေ သင့်ကိုကား ငရို့စွာ ဒေလူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ဖို့အတွက် အဇာမှာ ခွင့်လွှတ်နိုင်ပါကုန်အံ့လဲ၊ ချစ်သားသုဒိန် ထဖိ၊ စားလည်း စားဖိ၊ သောက်လည်းသောက်ဖိ၊ ပျော်လည်း ပျော်ပါးဖိ၊ စား သောက် ပျော်ပါးပနာ ကာမဂုဏ်တိကိုခံစားပြီးကေ ကောင်းမှုတိကို လုပ်ပနာ မွိ့လျော်ဖိ၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့အတွက်ကား ငရို့ ခွင့်မပြုနိုင်ကုန်'လို့ ပြောကက်ကုန်ဧ့။
အေပိုင် ပြောကက်ကုန်ကေလေ့ ကလန္ဒသူဌေးသား သုဒိန်စွာ ဆိတ်ဆိတ် နိန်ဧ့။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်ဧ့ မိဘရို့စွာ ကလန္ဒသူဌေးသား သုဒိန်အား-
'ချစ်သား သုဒိန် သင်စွာ ငရို့ဧ့ တစ်ဦးတဲးသော သားဖြစ်ပြီးကေ ချစ်ခင်အပ်ဧ့၊ နှစ်သက် အပ်ဧ့၊ ချမ်းသာစွာ ကြီးပွားစီအပ်ဧ့၊ ချမ်းသာစွာ မွီးမြူလာရသူဖြစ်ဧ့၊ ချစ်သား သုဒိန် သင် စွာ ဇာဆင်းရဲကိုမျှ မသိ၊ သင် သီအနိန်နန့်လည်း ငရို့စွာ အလိုမဟိကုန်ဘဲပနာ သင် နန့် ခွဲခွါကက်ရကုန်အံ့၊ အသက်ရှင်နိန်ရေ သင့်ကိုကား ငရို့စွာ ဒေလူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်ရောက်ဖို့အတွက် အဇာမှာကေ ခွင့်လွှတ်နိုင်ပါကုန်အံ့လဲ၊ ချစ်သားသုဒိန် ထဖိ၊ စားလည်း စားဖိ၊ သောက်လည်း သောက်ဖိ၊ ပျော်လည်း ပျော်ပါးဖိ။ စားသောက်ပျော်ပါးပနာ ကာမဂုဏ်တိကိုခံစားပြီးကေ ကောင်းမှုတိကို လုပ်ပနာ မွိ့လျော်ဖိ၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့အတွက်ကား ငရို့ ခွင့်မပြုနိုင်ကုန်'လို့ ပြောကက် ကုန်ဧ့။ သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်စွာ ဆိတ်ဆိတ် နိန်ဧ့။ ယပြီးနောက် ကလန္ဒသူဌေးသား သုဒိန်ဧ့ သူငယ်ချင်းရို့စွာ ကလန္ဒသူဌေးသားသုဒိန်ထံ ချဉ်းကပ်ပြီးကေ ကလန္ဒသူဌေးသားသုဒိန်အား-
'အဆွီသုဒိန် သင်စွာ မိဘရို့ဧ့ တစ်ဦးတဲးသော သားဖြစ်ပြီးကေ ချစ်ခင်အပ်ဧ့၊ နှစ်သက်အပ်ဧ့၊ ချမ်းသာစွာ ကြီးပွားစီအပ်ဧ့၊ ချမ်းသာစွာ မွီးမြူလာရသူဖြစ်ဧ့၊ အဆွီသုဒိန် သင်စွာ ဇာဆင်းရဲကိုမျှ မသိ၊ သင်ဧ့ မိဘရို့စွာ သင် သီအနိန်နန့်လည်း (မိဘရို့) အလိုမဟိကုန်ဘဲ သင်နန့်ခွဲခွါကက်ရလိ့မည်၊ အသက်ရှင်နိန်ရေ သင့်ကိုကား လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက်အဇာမှာကေ ခွင့်လွှတ်နိုင်ပါကုန်အံ့လဲ၊ အဆွီ သုဒိန် ထဖိ၊ စားလည်း စားဖိ၊ သောက်လည်းသောက်ဖိ၊ ပျော်လည်း ပျော်ပါးဖိ၊ စားသောက်ပျော်ပါးပနာ ကာမဂုဏ်တိကို ခံစားပြီးကေ ကောင်းမှုတိကို လုပ်ပနာ မွိ့လျော်ဖိ၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက်ကားမိဘရို့ ခွင့်လွှတ်နိုင်လီဖို့ မဟုတ်ကုန်'လို့ ပြောကက်ကုန်ဧ့။
အေပိုင် ပြောကက်ကုန်ကေလေ့ ကလန္ဒသူဌေးသား သုဒိန်စွာ ဆိတ်ဆိတ် နိန်ဧ့။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်ဧ့ သူငယ်ချင်းရို့စွာကလန္ဒသူဌေးသား သုဒိန်အား ဒေစကားကို ပြောကက်ကုန်ဧ့။ အဆွေသုဒိန်။ပ။ သုံးကြိမ်မြောက်လည်းကလန္ဒသူဌေးသား သုဒိန်စွာ ဆိတ်ဆိတ်နိန်ဧ့။
၂၉။ ယင်းခါ ကလန္ဒသူဌေးသား သုဒိန်ဧ့ သူငယ်ချင်းရို့စွာ ကလန္ဒသူဌေးသား သုဒိန်ဧ့ မိဘရို့ထံသို့ ချဉ်းကပ်ကတ်ရားကေ ကလန္ဒသူဌေးသား သုဒိန်ဧ့ မိဘရို့အား-
'မိခင် ဖခင်ရို့ ဒေသုဒိန်စွာ အခင်းမဟိရေ မြီထက်မာ 'ဒေနိန်ရာမာနိန်ပြီးကေ ငါ့အားသီခြင်းစော်ဖြစ်စီ၊ ရဟန်းအဖြိုက်စော်ဖြစ်စီ ဖြစ်လီဖို့'လို့ အိပ်ဧ့။ သင်ရို့ စွာသုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့အတွက် ခွင့်မပြုကတ်ပါမူ ထိုနိန်ရာမာပင် သီခြင်းသို့ရောက်အံ့၊ အကယ်ပြီးကေ သင်ရို့စွာ ရဟန်းလုပ်ဖို့ ခွင့်လွှတ်ကတ်ပါမူ ရဟန်းအဖြစ်နန့် နိန်ရေ သုဒိန်ကိုမြင်ကက်ရဦးမည်၊ သုဒိန်စွာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ပြီးကေ ရဟန်းလုပ် ပြီးမှ အကယ်ပြီးကေ မပျော်ပိုက်ခပါမူ သူ့အား မိဘရို့ အိမ်မှတစ်ပါး လားဖို့အဇာမှာ ဟိအံ့လဲ၊ ဒေ (အိမ်) သို့နိန်ပြီးကေ တစ်ဖန် ပြန်လာပါလီဖို့၊ သုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ဖို့အတွက် ခွင့်လွှတ်ကတ်ပါကုန်'လို့ ပြောကက်ကုန်ဧ့။
(ယင်းခါ သုဒိန်ဧ့ မိဘရို့စွာ) အမောင်ရို့ သုဒိန်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက် ငရို့ ခွင့်လွှတ်ပါကုန်ဧ့လို့ (ပြောကက်ကုန်ဧ့)။
ယင်းခါ ကလန္ဒသူဌေးသား သုဒိန်ဧ့ သူငယ်ချင်းရို့စွာ ကလန္ဒသူဌေးသား သုဒိန်ထံ ချဉ်းကပ်ပြီးကေ အဆွီသုဒိန် ထဖိ၊ သင့်ကို မိဘရို့စွာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့အတွက် ခွင့်လွှတ်ကတ်ရာလို့ ပြောကုန်ဧ့။
၃၀။ ယင်းခါ ကလန္ဒသူဌေးသား သုဒိန်စွာ 'မိဘရို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့အတွက် ခွင့်ပီးပြီ'လို့ ရွှင်လန်း တတက်ကကက်ွရေ စိတ်ဟိစွာဖြစ်ပြီးကေ ကိုယ်ကို လက်နန့် ပွတ်သပ်ပနာ ထဧ့။
ယပြီးနောက် ကလန္ဒသူဌေးသား သုဒိန်စွာ တစ်ရက် နှစ်ရက် အားယူပြီးကေ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို ယှိခိုးပြီးကေ တစ်ခုသော နိန်ရာမာ ထိုင်ပြီးကေ ကလန္ဒသူဌေးသား သုဒိန်စွာမြတ်စွာဘုရားအား-
'အသျှင်ဘုရား အကျွန်ုပ်ကို မိဘရို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ဖို့ အတွက်ခွင့်ပီးကတ်ပါယာ၊ မြတ်စွာဘုရားစွာ အကျွန်ုပ်ကို ရဟန်းလုပ်ပီးတော်မူပါ'လို့ လျှောက်ဧ့။
ကလန္ဒသူဌေးသား သုဒိန်စွာ မြတ်စွာဘုရားဧ့ အထံမာ မောင်ရှင်အဖြစ်ကို ရဧ့၊ ရဟန်းအဖြစ်ကိုလည်း ရဧ့။
ရဟန်းဖြစ်ပြီးကေ မကြာခင် အသျှင်သုဒိန်စွာ အေပိုင်သဘောဟိရေ ကိလေသာကို ခါထုတ်ကြောင်း 'ဓုတင်' ဂုဏ်တိကို ဆောက်တည်ပြီးကေ ကျင့်ဧ့၊ တောကျောင်းနိန်ခြင်း 'အာရညိက' ဓုတင်ကိုဆောင်ဧ့၊ ဆွမ်းခံစားခြင်း 'ပိဏ္ဍပါတိက' ဓုတင်ကို ဆောင်ဧ့၊ ပံသုကူသင်္ကန်းကို ဝတ်ခြင်း 'ပံသုကူလိက'ဓုတင်ကို ဆောင်ဧ့၊ အိမ်စဉ်ပိုင် ဆွမ်းရပ်ခြင်း 'သပဒါနစာရိက' ဓုတင်ကို ဆောင်ဧ့၊ ဝဇ္ဇီတိုင်း ရွာတစ်ရွာကို အမှီလုပ်ပနာ နိန်ဧ့။
ယင်းခါ ဝဇ္ဇီတိုင်းစွာ အစာခေါင်းပါးဧ့၊ အသက်မွီးဖို့ ခဲယိုင်းဧ့၊ ဆဆွတ်ဖြူရေ အရိုးဟိဧ့၊ စာရီးတံ လက်မှတ်နန့် အသက်မွီးရဧ့၊ သပိတ်လက်စွဲပြီးကေ ဆွမ်းခံခြင်းနန့် မျှတဖို့ မလွယ်ကူချေ၊ ယင်းခါ အသျှင်သုဒိန်အား-
'အဂုအခါ ဝဇ္ဇီတိုင်းစွာ အစာခေါင်းပါးဧ့၊ အသက်မွီးဖို့ ခဲယိုင်းဧ့၊ ဆဆွတ်ဖြူရေ အရိုးဟိဧ့၊ စာရီးတံ လက်မှတ်နန့် အသက်မွီးရဧ့၊ သပိတ်လက်စွဲပြီးကေ ဆွမ်းခံခြင်းနန့် မျှတဖို့ မလွယ်ကူချေ၊ ဝေသာလီမြို့မာ (စီးပွါးဥစ္စာ) ကြွယ်၀ရေ (မြှုပ်နှံထားရေ) ဥစ္စာပွားများရေ (နိစိုင်သုံးစွဲဖို့) များရေ စီးစိမ် ဘဏ္ဍာဟိရေ များရေ ရွှေဖေသာဟိရေ နှစ်သက်ဖွယ်ရာ များရေ အသုံးအဆောင်ရတနာဟိရေ (ကူးသန်းရောင်းဝယ် ဖလှယ်ရေ) များရေ ဥစ္စာ စပါးဟိရေ ငါဧ့ ဆွီမျိုးရို့စွာ ပေါများကုန်ဧ့၊ ငါစွာ ဆွီမျိုးတိကို အမှီလုပ်နိန်ရမူ ကောင်း လေစွ၊ ဆွီမျိုးရို့စွာ ငါ့ကို အမှီလုပ်ပနာ လှူဖွယ်တိကို ပီးလှူကက်လီဖို့၊ ကောင်းမှုတိကို လုပ်ကက် လီဖို့၊ ရဟန်းရို့စွာလည်း လာဘ်ကိုရဟိကက်လီဖို့၊ ငါစွာ ဆွမ်းနန့် မပင်ပန်းဘဲ ဟိလီဖို့'လို့ အကြံစီဖြစ်ပေါ်ဧ့။
ယပြီးနောက် အသျှင်သုဒိန်စွာ အိပ်ရာနိန်ရာကို သိမ်းဆီးပြီးကေ သပိတ်သင်္ကန်းကို ယူပြီးကေ ဝေသာလီမြို့သို့ဖဲခွါခရာ အစိုင်တိုင်း ဝေသာလီမြို့သို့ ရောက်ဧ့၊ ထိုဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်ရေ ကျောင်းကြီးမာ နိန်ဧ့။
အသျှင်သုဒိန်ဧ့ ဆွီမျိုးရို့စွာ 'ကလန္ဒသူဌေးသား သုဒိန်စွာ ဝေသာလီမြို့သို့ ရောက်လာယာ'လို့ ကြားကုန်ဧ့၊ ထိုသူရို့စွာ အသျှင်သုဒိန်အား ဆွမ်းအိုး ခြောက်ဆယ်တိကို ပို့ကက်ကုန်ဧ့။
ယင်းခါ အသျှင်သုဒိန်စွာ ထိုဆွမ်းအိုး ခြောက်ဆယ်တိကို ရဟန်းရို့အား စွန့်လှူပြီးကေ (မိမိမူကား) စစောအချိန် (သင်္ကန်းကို) ပြင်ဝတ်ပြီးကေ သပိတ်သင်္ကန်းကို ဆောင်ယူပနာ ကလန္ဒရွာသို့ ဆွမ်းခံဝင်ဧ့၊ ကလန္ဒရွာမာ အိမ်စိုင်အတိုင်း ဆွမ်းခံလှည့်လည်ကေ မိမိဧ့ အဖအိမ်သို့ ချဉ်းကပ်မိဧ့။
၃၁။ ယင်းခါ အသျှင်သုဒိန်ဧ့ ဆွီမျိုးရို့ဧ့ ကျွန်စွာ တစ်ညဉ့်လွန် 'သိုးလီ' ပြီးရေ မုယောမုံ့ကို စွန့်ပစ်လိုဧ့၊ ယင်းခါ အသျှင်သုဒိန်စွာ ထိုဆွီမျိုးရို့ဧ့ ကျွန်ကို 'နှမ ထို (မုန့်) ကို အကယ်ပြီးကေ စွန့်ပစ်ရဖို့ ဖြစ်အံ့၊ ငါဧ့ ဒေသပိတ်မာလောင်းဖိလို့ ပြောဧ့။
ယင်းခါ အသျှင်သုဒိန်ဧ့ ဆွီမျိုးရို့ဧ့ ကျွန်စွာ တစ်ညဉ့်လွန် 'သိုးလီ' ပြီးရေ ထိုမုယောမုန့်ကို အသျှင်သုဒိန်ဧ့ သပိတ်မာလောင်းစိုင် လက် ခြီ အသံရို့ဧ့ အမှတ်အသားကို မှတ်ယူပြီးနောက် အသျှင်သုဒိန်ဧ့ မိခင်ထံသို့ ချဉ်းကပ်ပြီးကေ 'အို အသျှင်မ သိပါဖိ၊ အသျှင့်သား သုဒိန်စွာ ရောက်လာရာ'လို့ အသျှင်သုဒိန်ဧ့ အမိကို ပြောဧ့၊ အို ကျွန် အကယ်ပြီးကေ သင် အမှန်ပြောမူ သင့်ကို ကျွန်အဖြစ်မှလွှတ်ဖို့လို့ ဆိုဧ့။
၃၂။ ယင်းခါ အသျှင်သုဒိန်စွာ နံရံခြေတစ်ခုကို မှီပြီးကေ တစ်ညဉ့်လွန် 'သိုးလီ' ပြီးရေ ထိုမုယောမုန့်ကို သုံးဆောင်နိန်ဧ့၊ အသျှင်သုဒိန်ဧ့ အဖလည်း အလုပ် လုပ်ရာမှ ပြန်လာကေ နံရံခြေတစ်ခုကို မှီပြီးကေတစ်ညဉ့် လွန် 'သိုးလီ' ပြီးရေ မုယောမုန့်ကို သုံးဆောင်နိန်ရေ အသျှင်သုဒိန်ကို မြင်အတွက်နန့် အသျှင်သုဒိန်ထံသို့ ချဉ်းကပ်ပြီးကေ အသျှင်သုဒိန်အား 'ချစ်သားသုဒိန် တစ်ညဉ့်လွန် 'သိုးလီ' ပြီးရေမုယောမုန့်ကို စားမှ စားလီရေ၊ အကယ်စင်စစ် မိမိအိမ်သို့ လားသင့်စွာ မဟုတ်လီလော'လို့ ပြောဧ့။ ဒါယကာ သင့်အိမ်သို့ ရောက်ခယာ၊ ဒေ တစ်ညဉ့်လွန် 'သိုးလီ' ပြီးရေ မုယောမုန့်စွာ ထို (သင့်အိမ်) မှဖြစ်ဧ့လို့ (ပြန်ပြောဧ့)။
ယင်းခါ အသျှင်သုဒိန်ဧ့ အဖစွာ အသျှင်သုဒိန်ဧ့ လက်မောင်းကို ကိုင်ပြီးကေ 'ချစ်သားသုဒိန် လာဖိ၊ အိမ်သို့ လားကုန်အံ့'လို့ အသျှင်သုဒိန်အား ပြောဧ့၊ ယပြီးနောက် အသျှင်သုဒိန်စွာ မိမိဧ့ အဖအိမ်သို့ချဉ်းကပ်ပြီးကေ ပြင်ထားရေ နိန်ရာမာ ထိုင်ဧ့၊ ယင်းခါ အသျှင်သုဒိန်ဧ့ အဖစွာ အသျှင် သုဒိန်အား-
'ချစ်သားသုဒိန် စားဖိ'လို့ ပြောဧ့။ ဒါယကာ တန်ရာ၊ ဒေနိန့် အကျွန်ုပ်အား ဆွမ်းကိစ္စပြီးရာလို့ (ပြန်ပြောဧ့)၊ ချစ်သားသုဒိန် နက်ဖြန်အတွက် ဆွမ်းကို လက်ခံပါဖိလို့ (ပြောပြန်ရေအခါ) - အသျှင်သုဒိန်စွာ ဆိတ်ဆိတ်နိန်ခြင်းနန့် လက်ခံပြီးပနာ နိန်ရာမှထပနာ ဖဲခွါလားလီဧ့။
၃၃။ ယပြီးနောက် အသျှင်သုဒိန်ဧ့ မိခင်စွာ ထိုညဉ့်လွန်ရေ အခါမာ မြီကြီးကို နွားချေးစိုနန့်လိမ်းကျံစီပြီးကေ ရွှေတစ်ပုံ ဖေသာတစ်ပုံအနီနန့် အပုံနှစ်ပုံကို လုပ်စီဧ့၊ အပုံရို့စွာ ကကောင်းစူးကုန်ဧ့၊ ဒေမှာဘက်မာ ရပ်ရေယောက်ျားစွာ ယင်းကနိန်တစ်ဘက်မာ ရပ်ရေ ယောက်ျားကို မမြင်နိုင်၊ ယင်းကနိန်တစ်ဘက်မာရပ်ရေ ယောက်ျားစော်လည်း ဒေမှာဘက်မာ ရပ်ရေ ယောက်ျားကို မမြင်နိုင်၊ ထိုအပုံတိကို ဖျာရို့နန့်ဖုံးလွှမ်းစီပြီးကေ အလယ်မာ နိန်ရာခင်းစီပြီးကေ ကန့်လန့်ကာကို ကာရံပြီးကေ အသျှင်သုဒိန်ဧ့ မယားဟောင်းကို '(ချစ်သမီး) ချွေးမ ငါ တိုက်တွန်းဧ့၊ ငါ့သား သုဒိန်အား ကြိုက်နှစ်သက်စီတက်ရေ အဝတ်တန်ဆာကို ဝတ်ဆင်ဖိ'လို့ ခေါပြီးကေ ပြောဧ့။
'အသျှင်မ ကောင်းပါယာ'လို့ အသျှင်သုဒိန်ဧ့ မယားဟောင်းစွာ အသျှင်သုဒိန်ဧ့ အမိအား ဝန်ခံဧ့။
၃၄။ ယင်းခါ အသျှင်သုဒိန်စွာ စစောအချိန် (သင်္ကန်းကို) ပြင်ဝတ်ပြီးကေ သပိတ်သင်္ကန်းကို ယူပနာမိမိဧ့ အဖအိမ်သို့ ချဉ်းကပ်ပြီးကေ ပြင်ထားရေ နိန်ရာမာ ထိုင်ဧ့။
အသျှင်သုဒိန်ဧ့ အဖစွာ အသျှင်သုဒိန်ထံသို့ ချဉ်းကပ်ပြီးကေ ထို (ရွှေ ဖေသာ) အပုံတိကို ဖွင့်လှစ်စီပြီးကေ အသျှင်သုဒိန်အား-
'ချစ်သားသုဒိန် ဒေ (ရွှေ ဖေသာ) စွာ သင့်အမိဧ့ အမိဘက်မှ ပါလာရေ ဥစ္စာတဲး၊ မိမ သားဧ့ (အသုံး အဆောင်အတွက် ရအပ်တေ) မိမသုံး ဥစ္စာတဲး၊၂ အဖဘက်မှ ပါလာရေ ဥစ္စာစွာတစ်ခြား ဟိသီးဧ့၊ အဖိုးသျှင်အဘေးဘက်မှ (ဆင်းသက်) လာရေ ဥစ္စာလည်း တစ်ခြား ဟိသီးဧ့၊ ချစ်သားသုဒိန် လူထွက်ပြီးကေ စီးစိမ်တိကိုလည်း ခံစားဖို့ ကောင်းမှုတိကိုလည်း လုပ်လုပ်ဖို့ ရနိုင်ဧ့၊ ချစ်သား သုဒိန် လာဖိ၊ လူထွက်ပြီးကေ စီးစိမ်တိကိုလည်း ခံစားဖိ၊ ကောင်းမှုတိကိုလည်းလုပ်ဖိ'လို့ ပြောဧ့။
ဖခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်စွာ ကကောင်းပျော်ရွှင်စွာ မြတ်ရေ အကျင့်ကို ကျင့်နိန်ပါရေလို့ (ပြန်ပြီးကေ ပြောဧ့)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်ဧ့အဖစွာ အသျှင်သုဒိန်အား-
'ချစ်သားသုဒိန် ဒေ (ရွှေ ဖေသာ) စွာ သင့်အမိဧ့ အမိဘက်မှ ပါလာရေ ဥစ္စာတဲး၊ မိမသားဧ့ (အသုံး အဆောင်အတွက် ရအပ်တေ) မိမသုံးဥစ္စာတဲး၊ အဖဘက်မှ ပါလာရေ ဥစ္စာစွာတခြား ဟိသီးဧ့၊ အဖိုးသျှင်အဘေးဘက်မှ (ဆင်းသက်) လာရေ ဥစ္စာလည်း တခြားဟိသီးဧ့၊ ချစ်သားသုဒိန် လူထွက်ပြီးကေ စီးစိမ်တိကိုလည်း ခံစားဖို့ ကောင်းမှုတိကိုလည်း လုပ်လုပ်ဖို့ ရနိုင်ဧ့၊ ချစ်သားသုဒိန် လာဖိ၊ လူထွက်ပြီးကေ စီးစိမ်တိကိုလည်း ခံစားဖိ၊ ကောင်းမှုတိကိုလည်း လုပ်ဖိ'လို့ပြောဧ့။
'ဒါယကာ အကယ်ပြီးကေ သင် အမျက်မထွက်ကေ သင့်ကို ပြောလိုဧ့'လို့ (ပြောရေအခါ) ချစ်သားသုဒိန် ပြောဖိလို့ (ပြန်ပြီးကေ ပြောဧ့)။
'ဒါယကာ သို့ဖြစ်ကေ သင်စွာ ဖေသာလျှော်အိတ် ကြီးကြီးတိကို ချုပ်စီပြီးကေ ရွှေဖေသာ အပြည့်ထည့်ပြီးကေ ဂါရီရို့နန့် ထုတ်ဆောင်ကာ ဂင်္ဂါမြစ်လယ် ီအယိုင်မာ ပစ်ချလိုက်ဖိ၊ ယင်းပိုင်ဇာကြောင့် လုပ်စီရရေလဲ ဆိုကေ- ဒါယကာ ထို (ဥစ္စာဟိနိန်ခြင်းဆိုရေ) အကြာင်းကြောင့် သင့်အား ကြောင့်ကြခြင်းစော်ဖြစ်စီ၊ တုန်လှုပ်ခြင်းစော်ဖြစ်စီ၊ ကြက်သီးမွီးညင်းထခြင်းစော်ဖြစ်စီ၊ စောင့်ရှောက်ရခြင်းစော်ဖြစ်စီ ဖြစ်ရလီဖို့၊ (မဟိခမူ) သင့်အား ထို (ကြောက်ခြင်းစရေ) အန္တရာယ်စွာ မဖြစ်နိုင်တော့ပြီ၊ ယင်းချင့်ကြောင့်ပင်ဖြစ်စွာ'လို့ (ပြောဧ့)။
အေပိုင်ပြောကေ အသျှင်သုဒိန်ဧ့ အဖစွာ 'သားသုဒိန်စွာ အဇာကြောင့် အေပိုင် ပြောလေဘိသလဲ'လို့ နှလုံးမသာ ဖြစ်လေဧ့။
၃၅။ ယပြီးနောက် အသျှင်သုဒိန်ဧ့ အဖစွာ အသျှင်သုဒိန်ဧ့ မယားဟောင်းကို '(ချစ်သမီး) ချွေးမ ငါတိုက်တွန်းပါဧ့၊ သားသုဒိန်စွာ သင့်ကို ချစ်လည်း ချစ်ဧ့၊ နှစ်သက်လည်း နှစ်သက်ဧ့၊ သားသုဒိန်စွာ သင့်စကားကို လိုက်နာကောင်း လိုက်နာပေမည်'လို့ ခေါ်ပြီးကေ ပြောဧ့။
ယင်းခါ အသျှင်သုဒိန်ဧ့ မယားဟောင်းစွာ အသျှင်သုဒိန်ဧ့ ခြီတိကို ကိုင်ပြီးကေ အသျှင်သုဒိန်အား-
'အရှင့်သား အကြင် (နတ်သမီး) တိကို (ရလိုမှုဆိုရေ) အကြောင်းကြောင့် အရှင့်သားစွာ မြတ်ရေအကျင့်ကို ကျင့်ဧ့၊ ထိုနတ်သမီးရို့ကား ဇာပိုင်သဘော ဟိပါကုန်သလဲ'လို့ မီးဧ့။
'နှမ ငါစွာ နတ်သမီးဆိုရေ အကြောင်းကြောင့် မြတ်ရေ အကျင့်ကို ကျင့်စွာ မဟုတ်ပါ'လို့ (ပြန်ပြီးကေပြောဧ့)။
ယင်းခါ အသျှင်သုဒိန်ဧ့ မယားဟောင်းစွာ 'ဒေနိန့်မှစပြီးကေ ငါ့ကို အရှင့်သားသုဒိန်စွာ နှမဆိုရေ ခေါ်ဝေါ်ပြောဆိုခြင်းနန့် ခေါ်ဝေါ်ပြောဆိုနိန်ရေကား'လို့ (ဝမ်းလဲ ပူဆွီးပနာ) ထိုနိန်ရာမာပင်ကေ မိမောတွီဝေပြီးကေ လဲလီဧ့။
ယင်းခါ အသျှင်သုဒိန်စွာ အဖဖြစ်သူအား-
'ဒါယကာ ဆွမ်းဘောဇဉ်တိကို ပီးလှူဖို့ဖြစ်ကေ ပီးလှူဖိ၊ အကျွန်ုပ်ရို့ကို (ဥစ္စာ မိမအထွေထွေကို ပြပနာ) မညှဉ်းဆဲပါကေ့'လို့ ပြောဧ့၊ ချစ်သားသုဒိန် သုံးဆောင်ဖိလို့ (ပြန်ပြောဧ့)။
ယပြီးနောက် အသျှင်သုဒိန်ဧ့ အမိအဖရို့စွာ အသျှင်သုဒိန်အား မွန်မြတ်ရေ ခဲဖွယ် ဘောဇဉ်နန့် ရောင့်ရဲရေအထိ တားမြစ်ရေအထိ မိမိတိကိုယ်တိုင် လုပ်ကျွေးကုန်ဧ့။
ယင်းခါ အသျှင်သုဒိန်ဧ့ မိခင်စွာ ဆွမ်းစားပြီးပြီးကေ သပိတ်မှ လက်ကိုဖယ်ပြီးရေ အသျှင်သုဒိန်အား-
'ချစ်သား သုဒိန် ဒေ (ငရို့) အမျိုးစွာ (စီးပွါးဥစ္စာ)ကြွယ်၀ဧ့၊ (မြှုပ်နှံထားရေ) ဥစ္စာ ပေါများဧ့၊ (နိစိုင်သုံးစွဲဖို့) များရေ စီးစိမ် ဘဏ္ဍာ ဟိဧ့၊ များရေ ရွှေဖေသာ ဟိဧ့၊ နှစ်သက် ဖွယ်ရာ များရေအသုံးအဆောင်ရတနာ ဟိဧ့၊ (ကူးသန်းရောင်းဝယ် ဖလှယ်ရေ) များရေ ဥစ္စာစပါး ဟိဧ့၊ ချစ်သား သုဒိန် လူထွက်ပြီးကေ စီးစိမ်တိကိုလည်း ခံစားဖို့ ကောင်းမှုတိကိုလည်း လုပ်လုပ်ဖို့ ရနိုင်ဧ့၊ ချစ်သားသုဒိန် လာဖိ၊ လူထွက်ပြီးကေ စီးစိမ်တိကိုလည်း ခံစားဖိ၊ ကောင်းမှုတိကိုလည်းလုပ်ဖိ'လို့ ပြောဧ့။
မိခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်စွာ ကကောင်းပျော်ရွှင်စွာ မြတ်ရေ အကျင့်ကိုကျင့်နိန်ပါရေလို့ (ပြန်ပြီးကေပြောဧ့)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်ဧ့အမိစွာ အသျှင်သုဒိန်အား-
'ချစ်သားသုဒိန် ဒေ (ငရို့) အမျိုးစွာ (စီးပွါးဥစ္စာ)ကြွယ်၀ဧ့၊ (မြှုပ်နှံထားရေ) ဥစ္စာ ပေါများဧ့၊ (နိစိုင်သုံးစွဲဖို့) များရေ စီးစိမ် ဘဏ္ဍာဟိဧ့၊ များရေ ရွှေဖေသာ ဟိဧ့၊ နှစ်သက် ဖွယ်ရာ များရေအသုံးအဆောင်ရတနာ ဟိဧ့၊ (ကူးသန်းရောင်းဝယ် ဖလှယ်ရေ) များရေ ဥစ္စာစပါး ဟိဧ့၊ ချစ်သားသုဒိန် သို့ဖြစ်ကေ (သား) မျိုးကိုကေလည်း ပီးပါဖိ၊ အမွီခံသား မဟိရေ ငရို့ဧ့ဝန်ဥစ္စာကို လိစ္ဆဝီ (မင်း) ရို့စွာ (မင်းဘဏ္ဍာတော်အဖြစ်နန့်) မယူဆောင် ကတ်ပါစီလင့်'လို့ (ပြောရေခါ) -
မိခင် ဒေ (သားမျိုးပီးခြင်းကိစ္စ) ကိုမူကား ပြုလုပ်နိုင်ပါရေလို့ (ပြန်ပြောဧ့)။
ချစ်သားသုဒိန် အဂုအခါ (သင်) အဇာမှာ နိန်ပါရေလဲလို့ (မီးရေအခါ) -
မိခင် မဟာဝုန်တောမှာ (နိန်ပါရေလို့ ပြောဧ့)။
ယပြီးနောက် အသျှင်သုဒိန်စွာ နိန်ရာမှ ထပနာ ဖဲခွါလားလီဧ့။
၃၆။ ယင်းခါ အသျှင်သုဒိန်ဧ့ မိခင်စွာ အသျှင်သုဒိန်ဧ့ မယားဟောင်းကို '(ချစ်သမီး) ချွေးမ (သားရဖို့ အကြောင်း တောင်းပန်ဦးမေ) ဥတုလာပြီးကေ (မိမရို့ဓမ္မတာ) ပန်းပွင့်ရေ အခါမာ ငါ့အားပြောပါဖိ'လို့ ခေါပြီးကေ ပြောဧ့၊ အသျှင်မ ကောင်းပါယာလို့ အသျှင်သုဒိန်ဧ့ မယားဟောင်းစွာ အသျှင်သုဒိန်ဧ့ မိခင်အား ပြန်ကြားဧ့။
ယပြီးနောက် မကြာခင်ပင် အသျှင်သုဒိန်ဧ့ မယားဟောင်းအား ဥတုလာပြီးကေ (မိမရို့ ဓမ္မတာ) ပန်း ပွင့်ခဧ့၊ ယင်းခါ အသျှင်သုဒိန်ဧ့ မယားဟောင်းစွာ အသျှင်သုဒိန်ဧ့ မိခင်အား 'အသျှင်မ အကျွန်ုပ်အားဥတုလာပြီးကေ (မိမရို့ဓမ္မတာ) ပန်း ပွင့်ပါယာ'လို့ ပြောဧ့။ (ချစ်သမီး) ချွေးမ သို့ဖြစ်ကေ ငါ့သားသုဒိန်အား ကက်ိုက်နှစ်သက်စေတတ်ရေ အဝတ်တန်ဆာကို ဝတ်ဆင်ဖိလို့ (ပြောဧ့)။ အသျှင်မ ကောင်းပါယာလို့ အသျှင်သုဒိန်ဧ့ မယားဟောင်းစွာ အသျှင်သုဒိန်ဧ့ မိခင်အား ပြန်ကြားဧ့။
ယပြီးနောက် အသျှင်သုဒိန်ဧ့ မိခင်စွာ အသျှင်သုဒိန်ဧ့ မယားဟောင်းကို ခေါ်ယူပြီးကေ မဟာဝုန်တော အသျှင်သုဒိန်ထံသို့ ချဉ်းကပ်ပြီးလျင် အသျှင်သုဒိန်အား-
'ချစ်သားသုဒိန် ဒေ (ငရို့) အမျိုးစွာ (စီးပွါးဥစ္စာ)ကြွယ်၀ဧ့၊ (မြှုပ်နှံထားရေ) ဥစ္စာ ပေါများဧ့၊ (နိစိုင် သုံးစွဲဖို့) များရေ စီးစိမ် ဘဏ္ဍာ ဟိဧ့၊ များရေ ရွှေ ဖေသာ ဟိဧ့၊ နှစ်သက်ဖွယ်ရာ များရေအသုံးအဆောင်ရတနာ ဟိဧ့၊ (ကူးသန်းရောင်းဝယ် ဖလှယ်ရေ) များရေ ဥစ္စာစပါး ဟိဧ့၊ ချစ်သားသုဒိန် လာဖိ၊ လူထွက်ပြီးကေ စီးစိမ်တိကိုလည်း ခံစားဖို့ ကောင်းမှုတိကိုလည်း လုပ်လုပ်ဖို့ရနိုင်ဧ့၊ ချစ်သား သုဒိန် လာဖိ၊ လူထွက်ပြီးကေ စီးစိမ်ရို့ ကိုလည်း ခံစားဖိ၊ ကောင်းမှုတိကိုလည်း လုပ်ဖိ'လို့ ပြောဆိုပြန်ဧ့။
မိခင် လူမထွက်နိုင်ပါ၊ လူမထွက်ရဲပါ၊ အကျွန်ုပ်စွာ ကကောင်းပျော်ရွှင်စွာ မြတ်ရေ အကျင့်ကိုကျင့်နိန်ပါရေလို့ (ပြန်ပြီးကေ ပြောဧ့)။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သုဒိန်ဧ့အမိစွာ အသျှင်သုဒိန်အား-
'ချစ်သားသုဒိန် ဒေ (ငရို့) အမျိုးစွာ (စီးပွါးဥစ္စာ)ကြွယ်၀ဧ့၊ (မြှုပ်နှံထားရေ) ဥစ္စာ ပေါများဧ့၊ (နိစိုင် သုံးစွဲဖို့) များရေ စီးစိမ် ဘဏ္ဍာ ဟိဧ့၊ များရေ ရွှေဖေသာ ဟိဧ့၊ နှစ်သက်ဖွယ်ရာ များရေအသုံးအဆောင်ရတနာ ဟိဧ့၊ (ကူးသန်းရောင်းဝယ် ဖလှယ်ရေ) များ ရေဥစ္စာစပါး ဟိဧ့၊ ချစ်သားသုဒိန် သို့ဖြစ်ကေ (သား) မျိုးကိုကေလည်း ပီးပါဖိ၊ အမွီခံသားမဟိရေ ငရို့ဧ့ဝန်ဥစ္စာကို လိစ္ဆဝီ (မင်း) ရို့စွာ (မင်းဘဏ္ဍာတော်အဖြစ်နန့်) မယူဆောင်ကတ်ပါစီလင့်'လို့ပြောဆိုပြန်ဧ့။
မိခင် ဒေ (သားမျိုးပီးခြင်းကိစ္စ) ကိုမူကား ငါစွာ လုပ်လုပ်နိုင်ပါရေလို့ ပြောပြီးကေ မယားဟောင်းဧ့ လက်မောင်းကိုဆွဲကိုင်ပြီးကေ မစွာဝုန်တောထဲသို့ ဝင်ပြီးကေ (ပဌမပါရာဇိက) သိက္ခာပုဒ်တော်ကို မပညတ်ရသီးမီ (မေထုန်မှီဝဲခြင်းမာ) အပြစ်မမြင်စွာဖြစ်ပြီးကေ မယားဟောင်းမာ မေထုန်အကျင့်ကို သုံးကြိမ်အထိ ပြုကျင့်မိလီဧ့၊ ထို (မယားဟောင်း) စွာ ထို (မေထုန်အကျင့်ကို ပြုကျင့်ခြင်း) မျှနန့် ကိုယ်ဝန် ရယူလီဧ့၊ ဘုမ္မစိုးနတ်ရို့စွာ-
'အချင်းရို့ ရဟန်းသံဃာစွာ (ဒုဿီလဆိုရေ) အမြှုပ်မှ ကင်းပေစွတကား၊ အပြစ်မှကင်းပေစွတကား၊ ကလန္ဒသူဌေးသား သုဒိန်စွာ (ဒုဿီလဆိုရေ) အမြှုပ်ကို ဖြိုက်စီခလီယာ၊ အပြစ်ကိုဖြိုက်စီခလီယာ'လို့ အဆင့်ဆင့် ကြွေးကြော်ကက်ကုန်ဧ့။
ဘုမ္မစိုးနတ်ရို့ဧ့ အသံကို ကြားပြီးကေ စာတုမစွာရာဇ် နတ်ရို့စွာ။ပ။ တာဝတိံသာ နတ်ရို့စွာ။ပ။ ယာမာနတ်ရို့စွာ။ပ။ တုတိရာ နတ်ရို့စွာ။ပ။ နိမ္မာနရတိ နတ်ရို့စွာ။ပ။ ပရနိမ္မိတ ဝသဝတ္တီ နတ်ရို့စွာ။ပ။ ဗြဟ္မာအပေါင်းရို့စွာ-
'အချင်းရို့ ရဟန်းသံဃာစွာ (ဒုဿီလဆိုရေ) အမြှုပ်မှ ကင်းပေစွတကား၊ အပြစ်မှကင်းပေစွတကား၊ ကလန္ဒသူဌေးသား သုဒိန်စွာ (ဒုဿီလဆိုရေ) အမြှုပ်ကို ဖြိုက်စီခလီယာ၊ အပြစ်ကိုဖြိုက်စီခလီယာ'လို့ အဆင့်ဆင့် ကြွေးကြော်ကက်ကုန်ဧ့။
အေပိုင်ကေ ထိုတစ်ခဏချင်းနန့် ထိုတစ်မုလို့တ်ချင်းနန့် ဗြဟ္မာ့ပြည်အထိ ကြွေးကြော်သံစွာ လွှမ်းပြီးကေ တက်ဧ့။
ယပြီးနောက် အသျှင်သုဒိန်ဧ့ မယားဟောင်းစွာ ထိုကိုယ်ဝန် (ပဋိသန္ဓီ)ဧ့ ကြီးရင့်ခြင်းကို အစွဲလုပ်ပနာ သား (ယောက်ျား) ကိုဖွားမြင်ဧ့၊ ယင်းခါ အသျှင်သုဒိန်ဧ့ သူငယ်ချင်းရို့စွာ ထိုသူငယ်အား 'ဗီဇက'လို့နာမည်မှည့်ကုန်ဧ့၊ အသျှင်သုဒိန်ဧ့ မယားဟောင်းအား 'ဗီဇကမာတာ'လို့ နာမည်မှည့်ကုန်ဧ့၊ အသျှင်သုဒိန်အား 'ဗီဇကပိတာ'လို့ နာမည်မှည့်ကုန်ဧ့၊ ထို (သားအမိ) နှစ်ယောက်ရို့စွာ (ခုနစ်နှစ် ရှစ်နှစ်လောက်ကြာပြီး) နောက်အခါမာ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပနာ ရဟန်းလုပ်ကက်ပြီးကေအရဟတ္တဖိုလ်ကို မျက်မှောက်ပြုကုန်ဧ့။
၃၇။ ယင်းခါ အသျှင်သုဒိန်အား 'ငါ့အား (ဈာန်စရေ ကျေးဇူးတရားကို) မရစွတကား၊ ငါ့အား (သျှင် ရဟန်းအဖြိုက်ကို) အရ မတော်လီစွတကား၊ ငါစွာ (သာသနာတော်ကို) မကောင်းအနိန်နန့်ရအပ်ပေစွတကား၊ ငါစွာ (သာသနာတော်ကို) ကောင်းစွာ ရခြင်း မဟုတ်လီစွတကား၊ အကြင်ငါစွာအေပိုင် ကောင်းစွာ ဟောတော်မူအပ်တေ သာသနာတော် 'ဓမ္မဝိနယ' မာ ရဟန်းလုပ်ပြီးပြီးကေ မြတ်ရေအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ဖို့ မတတ်နိုင်ခပေစွတကား'လို့ နောင်တ တစ်ဖန်ပူပန်ခြင်း နှလုံးမသာခြင်း ဖြစ်ဧ့၊ ထို (အသျှင်သုဒိန်) စွာ ထိုနောင်တတစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်းကြောင့် ပိန်ကြုံခလီယာ၊ အသွီးအသား ခေါင်းပါးခလီယာ၊ ရုပ်အဆင်းပျက်ခလီယာ၊ (ဖက်ရွက်ရော်ပိုင်) ဖြော့တော့ရေ အဆင်းဟိခလီယာ၊ (ကွန်ယက်ကို ဖြန့်ခင်းသပိုင်) အကြောပြိုင်းပြိုင်းထရေကိုယ် ဟိခလီယာ၊ အတွင်း (ဆွီး ဆွီးရေ) စိတ်ဟိစွာ ဖြစ်ပြီးကေ တွန့်ဆုတ်ရေ စိတ်ဟိစွာ ဖြစ်ပြီးကေ ဆင်းရဲခြင်းဟိစွာ ဖြစ်ပြီးကေ စိတ်မကောင်းစွာ ဖြစ်ပြီးကေ နှလုံးမသာစွာ ဖြစ်ပြီးကေ မှိုင်တွေနီလေဧ့။
၃၈။ ယင်းခါ အသျှင်သုဒိန်ဧ့ သူငယ်ချင်းရဟန်းရို့စွာ အသျှင်သုဒိန်အား-
'ငါ့သျှင်သုဒိန် သင်စွာ ရှီးအခါမာ အဆင်းလှဧ့၊ ဣန္ဒြေပြည့်ဖြိုးဧ့၊ မျက်နှာအဆင်း ကြည်လင်ဧ့ ၊ ကိုယ်ရေအဆင်း အထူးကြည်လင်ဧ့ ၊ သင်စွာ အဂုအခါမာ ပိန်ကုန်ဧ့ ၊ အသွီး အသား ခေါင်းပါးဧ့၊ ရုပ်အဆင်းပျက်ဧ့၊ (ဖက်ရွက်ရော်ပိုင်) ဖြော့တော့ရေ အဆင်းဟိဧ့၊ (ကွန်ယက်ကို ဖြန့်ခင်းသပိုင်) အကကြောပြိုင်းပြိုင်းထရေ ကိုယ်ဟိဧ့၊ အတွင်း (ဆွေး ဆွေးရေ) စိတ်ဟိစွာ ဖြစ်ပြီးကေ တွန့်ဆုတ်ရေစိတ်ဟိစွာ ဖြစ်ပြီးကေ ဆင်းရဲခြင်းဟိစွာ ဖြစ်ပြီးကေ စိတ်မကောင်းစွာ ဖြစ်ပြီးကေ နှလုံးမသာစွာ ဖြစ်ပြီးကေ မှိုင်တွေနိန်ဧ့၊ ငါ့သျှင်သုဒိန် ဇာပိုင်လဲ၊ သင်စွာ မြတ်ရေ အကျင့်ကို မမွေ့လျော်ဘဲ့ကျင့်နိန်သလော'လို့ ပြောဆိုကက်ကုန်ဧ့။
ငါ့သျှင်ရို့ ကျွန်ုပ်စွာ မြတ်ရေ အကျင့်ကို မမွေ့လျော်ဘဲ ကျင့်နိန်စွာ မဟုတ်ပါ၊ အကျွန်ုပ်လုပ်လုပ်မိရေ မကောင်းမှု ဟိပါရေ၊ မယားဟောင်းမာ မေထုန်အကျင့်ကို ပြုကျင့်မိပါရေ၊ ငါ့သျှင်ရို့အကျွန်ုပ်အား 'ငါ့အား (ဈာန်စရေ ကျေးဇူးတရားကို) မရစွတကား၊ ငါ့အား (သျှင်ရဟန်းဖြိုက်စွာ) အရ မတော်လီစွတကား၊ ငါစွာ (သာသနာတော်ကို) မကောင်းအနိန်နန့် ရအပ်ပေစွတကား၊ ငါစွာ (သာသနာတော်ကို) ကောင်းစွာ ရခြင်း မဟုတ်လီစွတကား၊ အကြင်ငါစွာ အေပိုင် ကောင်းစွာ ဟောတော်မူအပ်တေ သာသနာတော် 'ဓမ္မဝိနယ' မာ ရဟန်းလုပ်ပြီးပြီးကေ မြတ်ရေ အကျင့်ကို အသက်ထက်ဆုံးပြည့်စုံ စင်ကြယ်စွာ ကျင့်ဖို့ မတတ်နိုင်ခပေစွတကား'လို့ နောင်တတစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်းဖြစ်နိန်ပါရေလို့ (ပြန်ပြောဧ့)။
ငါ့သျှင်သုဒိန် သင်အား နောင်တတစ်ဖန် ပူပန်ခြင်း နှလုံးမသာခြင်း ဖြစ်ထိုက်ပါပေဧ့၊ အကြင်သင်စွာ အေပိုင် ကောင်းစွာဟောတော်မူအပ်တေ သာသနာတော် 'ဓမ္မဝိနယ' မာ ရဟန်းလုပ်ပြီးပြီးကေ မြတ်ရေ အကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်နိုင်ဖို့ မတတ်နိုင်ဖြစ်တုံဘိဧ့၊ ငါ့သျှင်မြတ်စွာဘုရားစွာ အများဖြစ်တေ အကြောင်းနန့် ရာဂနန့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းဖို့ ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်နန့် စပ်ယှဉ်ခြင်းငှါ တရားတော်ကိုဟောတော်မမူဘဲ ကာမဂုဏ်နန့် မစပ်ယှဉ်ဖို့ ဟောတော်မူစွာ မဟုတ်ပါလော၊ (တဏှာဒိဋ္ဌိနန့်) စွဲလမ်းခြင်းနန့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ (တဏှာဒိဋ္ဌိနန့်) မစွဲလမ်းဖို့ ဟောတော်မူစွာ မဟုတ်ပါလော။
ငါ့သျှင် မြတ်စွာဘုရားစွာ ယင်းပိုင် ရာဂကင်းဖို့ တရားတော်ကို ဟောတော်မူအပ်ပါကေလေ့ သင်စွာရာဂနန့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိဧ့၊ ကာမဂုဏ်နန့် မစပ်ယှဉ်ဖို့ တရားတော်ကို ဟောတော်မူအပ်ပါကေလေ့ ကာမဂုဏ်နန့် စပ်ယှဉ်ခြင်းငှါ အားထုတ်ဘိဧ့၊ (တဏှာဒိဋ္ဌိနန့်) မစွဲလမ်းဖို့ တရားတော်ကို ဟောတော်မူအပ်ပါကေလေ့ (တဏှာဒိဋ္ဌိနန့်) စွဲလမ်းခြင်းနန့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိဧ့။
ငါ့သျှင် မြတ်စွာဘုရားစွာ အများဖြစ်တေ အကြောင်းနန့် ရာဂကင်းခြင်းငှါ တရားတော်ကို ဟောတော်မူစွာ မဟုတ်ပါလော၊ မာန်မယစ်ခြင်းငှါ (ကိလေသာဆိုရေ) ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အတာအတွယ်ကို ပယ်ဖြတ်ခြင်းငှါ ဝဋ် (မြစ်) ကို ဖြတ်ခြင်းငှါ တဏှာကုန်ခြင်းငှါ မတပ်မက်ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအီးခြင်းငှါ တရားတော်ကို ဟောတော်မူစွာ မဟုတ်ပါလော။
ငါ့သျှင် မြတ်စွာဘုရားစွာ အများဖြစ်တေ အကြောင်းနန့် ကာမဂုဏ်ပယ်မှုကို ဟောတော်မူစွာမဟုတ်ပါလော၊ ကာမဂုဏ် သညာ (စိတ်) တိကို ပိုင်းခြားပြီးကေ သိမှုကို ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ် မွတ်သိပ်ခြင်း ပယ်ဖျောက်မှုကို ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်မာ ကက်ံစည်ခြင်း 'ကာမဝိတက်' ပယ်သတ်မှုကို ဟောတော်မှုစွာ မဟုတ်ပါလော၊ ကာမဂုဏ် အပူအအိုက်ရို့ဧ့ငြိမ်းအီးမှုကို ဟောတော်မူစွာ မဟုတ်ပါလော။
ငါ့သျှင် ဒေ (သင်လုပ်မိရေ ယုတ်မာမှု) စွာ မကြည်ညိုသီးရေ သူရို့အား ကြည်ညိုစီခြင်းငှါဖြစ်စီ ကြည်ညိုပြီးရေ သူရို့အား တိုးပြီးကေ ကြည်ညိုစီခြင်းငှါဖြစ်စီ မဖြစ်နိုင်ပေ။
ငါ့သျှင် အမှန်စင်စစ် ဒေ (သင်လုပ်မိရေ ယုတ်မာမှု) စွာ မကြည်ညိုသီးရေ သူရို့အားမကြည်ညိုစီခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေ အချို့သူရို့အား အကြည်ညို ပျက်စီခြင်းငှါဖြစ်စီ ဖြစ်လီဧ့လို့ (ပြောဆိုကက်ကုန်ဧ့)။
၃၉။ ယပြီးနောက် ရဟန်းရို့စွာ အသျှင်သုဒိန်ကို အများဖြစ်တေ အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကုန်ဧ့၊ ယင်းခါ မြတ်စွာဘုရားစွာ ဒေ (အသျှင်သုဒိန်ဧ့ မေထုန်လွန်ကျူးမှုဆိုရေ) အကြောင်းအရာကြောင့် ရဟန်းသံဃာကို စီးဝီးစေပြီးကေ အသျှင်သုဒိန်ကို 'သုဒိန် သင်စွာ မယားဟောင်းမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့ဆိုစော်မှန်သလော'လို့ စိစစ် မီးမြန်းတော်မူဧ့။
မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)။
ဘုန်းတော်ဖြစ်တေ မြတ်စွာဘုရားစွာ သရော်တော်မူဧ့၊ '(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား (သင်ဧ့အမှုစွာ) ရဟန်းရို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့ အပြုအမူမဟုတ်၊ မအပ်၊ မလုပ်သင့်။ (မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ဇာကြောင့် သင်စွာအေပိုင် ကောင်းစွာ ဟောတော်မူအပ်တေ သာသနာတော် 'ဓမ္မဝိနယ' မာ ရဟန်းလုပ်ပြီးပြီးကေ မြတ်ရေအကျင့် ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ဖို့ မတတ်နိုင်ဘိသလဲ။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများဖြစ်တေ အကြောင်းနန့် ရာဂနန့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းဖို့ ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်နန့် စပ်ယှဉ်ခြင်းငါှ တရားတော်ကို ဟောတော်မမူဘဲ ကာမဂုဏ်နန့် မစပ်ယှဉ်ဖို့ ဟောတော်မူစွာ မဟုတ်ပါလော၊ (တဏှာ ဒိဋ္ဌိနန့်) စွဲလမ်းခြင်းနန့်တကွ ဖြစ်ခြင်းငှါ တရားတော်ကိုဟောတော်မမူဘဲ (တဏှာဒိဋ္ဌိနန့်) မစွဲလမ်းဖို့ ဟောတော်မူစွာ မဟုတ်ပါလော။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ငါစွာ ယင်းပိုင် ရာဂကင်းဖို့ တရားတော်ကို ဟောအပ်ပါပနာ သင်စွာ ဇာကြောင့် ရာဂနန့်တကွ ဖြစ်ခြင်းငှါ အားထုတ်ဘိသလဲ၊ ကာမဂုဏ်နန့် မစပ်ယှဉ်ဖို့ တရားတော်ကို ဟောအပ်ပါပနာ ကာမဂုဏ်နန့် စပ်ယှဉ်ခြင်းငှါ အားထုတ်ဘိသလဲ၊ (တဏှာဒိဋ္ဌိနန့်) မစွဲလမ်းဖို့ တရားတော်ကို ဟောအပ်ပါပနာ (တဏှာဒိဋ္ဌိနန့်) စွဲလမ်းခြင်းနန့်တကွဖြစ်ခြင်းငှါ အားထုတ်ဘိသလဲ။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများဖြစ်တေ အကြောင်းနန့် ရာဂကင်းခြင်းငှါတရားတော်ကို ဟောတော်မူစွာ မဟုတ်ပါလော၊ မာန်မယစ်ခြင်းငှါ (ကိလေသာဆိုရေ) ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ခြင်းငှါ အတာအတွယ်ကို ပယ်ဖြတ်ခြင်းငှါ ဝဋ် (မြစ်) ကို ဖြတ်ခြင်းငှါတဏှာကုန်ခြင်းငှါ မတပ်မက်ခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ငြိမ်းအီးခြင်းငှါ တရားတော်ကို ဟောတော်မူစွာမဟုတ်ပါလော။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများဖြစ်တေ အကြောင်းနန့် ကာမဂုဏ်ပယ်မှုကို ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ် သညာ (စိတ်) တိကို ပိုင်းခြားပြီးကေ သိမှုကို ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ် မွတ်သိပ်ခြင်း ပယ်ဖျောက်မှုကို ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်မာ ကက်ံစည်ခြင်း 'ကာမဝိတက်' ပယ်သတ်မှုကို ဟောတော်မူစွာ မဟုတ်ပါလော၊ ကာမဂုဏ်အပူအအိုက်ရို့ဧ့ ငြိမ်းအီးမှုကို ဟောတော်မူစွာ မဟုတ်ပါလော။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား လျင်ရေအဆိပ် ကြမ်းရေအဆိပ်ဟိရေ မြွီဧ့ခံတွင်းမာ သင်ဧ့ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာ မြတ်သီးဧ့၊ မိမဧ့ အင်္ဂါဇာတ်မာ (သင်ဧ့) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာကား မမြတ်စွာသာတဲး။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား မြွီဧ့ခံတွင်းမာ သင်ဧ့ အင်္ဂါဇာတ်ကိုထည့်သွင်းရခြင်းစွာ မြတ်သီးဧ့၊ မိမဧ့ အင်္ဂါဇာတ်မာ (သင်ဧ့) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာကား မမြတ်စွာသာတဲး။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ရဲရဲညီးပြီးကေ ထက်ဝန်းကျင် မီးတောက်မီးလျှံ မီးရောင် နန့်တကွ ဖြိုက်ရေ မီးကျီးခဲ အစုအပုံမာ သင်ဧ့ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာ မြတ်သီးဧ့၊ မိမဧ့အင်္ဂါဇာတ်မာ (သင်ဧ့) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာကား မမြတ်စွာသာတဲး။
ယင်းပိုင်ဖြစ်ခြင်းစွာ ဇာကြောင့်လဲဆိုကေ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ထို (မြွီဧ့ခံတွင်း မီးကျီးခဲ အစုအပုံမာ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဆိုရေ) အကြောင်းကြောင့် သီခြင်းသော်ဖြစ်စီ၊ သီလောက်နီးပါး ဆင်းရဲဒုက္ခသော်ဖြစ်စီ ရောက်ရာဧ့၊ ထို (မြွီဧ့ခံတွင်း မီးကျီးခဲ အစုအပုံမာ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဆိုရေ) အကြောင်းကြောင့်ခန္ဓာကိုယ်ပျက်စီးပြီးကေ သီပြီးစွာမှ နောက်မာ ချမ်းသာ ကင်းရေ မကောင်းရေ သူရို့လားရာဖောလီဖောလော ကျရောက်ရာဖြိုက်ရေ ငရဲသို့ကား မရောက်နိုင်စွာသာတဲး။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ဒေ (မိမဧ့ အင်္ဂါဇာတ်မာ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဆိုရေ) အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီးပြီးကေ သီပြီးစွာမှ နောက်မာ ချမ်းသာကင်းရေ မကောင်းရေ သူရို့လားရာ ဖောလီဖောလော ကျရောက်ရာ ဖြိုက်ရေ ငရဲသို့ ရောက်လေရာဧ့။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ယင်းပိုင်ဖြစ်ပါပနာ သင်စွာ သူတော်ကောင်း အကျင့်မဟုတ်၊ ရပ်ရွာနိန်သူ လူယုတ်ရို့ဧ့ အကျင့်ဖြိုက်ရေ ရုန့်ရင်းကြမ်းတမ်းရေ ရေဆီးခြင်းစွာ အဆုံးဟိရေ (လူမြင်ကေ မတင့်ရေ ပြီးကေ) ဆိတ်ကွယ်ရာမာရာ လုပ်ကျင့်ရရေ ယောက်ျားမိမ အစုံအစုံတွဲပြီးကေ လုပ်ကျင့်ရရေ မေထုန်အကျင့်ကို လုပ်ကျင့်တုံဘိဧ့။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား သင်စွာ အများဖြစ်တေ အကုသိုလ်တရားတိကို (သူခပ်သိမ်းရို့ဧ့) ရှီးဦးစွာ လုပ်ကျင့်သူဖြစ်ပြီးကေ ရှီးလား (ဂေါင်းဆောင်) ဖြစ်လီဧ့။
(မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေသူရို့အား ကြည်ညိုစီခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေသူရို့အား တိုးပြီးကေ ကြည်ညိုစီခြင်းငှါဖြစ်စီ မဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းအနှီးဖြိုက်ရေ ယောက်ျား အမှန်စင်စစ် ဒေ (သင်လုပ်မိရေအမှု) စွာ မကြည်ညိုသီးရေ သူရို့အား မကြည်ညိုစေခြင်းငှါဖြစ်စီ၊ ကြည်ညိုပြီးရေ အချို့သူရို့အား အကြည်ညိုပျက်စီခြင်းငှါဖြစ်စီ ဖြစ်လီဧ့'လို့ (သရော်တော်မူဧ့)။
ယပြီးနောက် မြတ်စွာဘုရားစွာ အသျှင်သုဒိန်ကို အများဖြစ်တေ အကြောင်းနန့် သရော်ပြစ်တင်တော်မူပြီးကေ ကိုယ်တိုင် ပြုစုမွီးမြူဖို့ ခက်ခဲခြင်း သူတစ်ပါးရို့က ပြုစုမွီးမြူဖို့ ခက်ခဲခြင်း အလိုကြီးခြင်းမရောင့်ရဲနိုင်ခြင်း အပေါင်းအဖာ်မာ မက်မောခြင်း ပျင်းရိခြင်းရို့ဧ့ ကျေးဇူးမိန့် (စကား) ကို မိန့်တော်မူပြီးပြီးကေ အများဖြစ်တေ အကြောင်းနန့် ကိုယ်တိုင် ပြုစုမွီးမြူလွယ်ခြင်း သူတစ်ပါးရို့က ပြုစုမွီးမြူလွယ်ခြင်းအလိုလဲခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာကို ခေါင်းပါးစီခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ်ဟိခြင်း ကိလေသာကို မဆည်းပူးခြင်း ဝီရိယနန့် အားထုတ်ခြင်းရို့ဧ့ ဂုဏ်ကျေးဇူးကို မိန့်တော်မူပြီးကေ ရဟန်းရို့အား ထိုအဖြစ်အပျက်နန့် လျောက်ပတ်လျော်ညီရေ တရားစကားကိုဟောကြားတော်မူပြီးနောက် ရဟန်းရို့ကို-
၁။ ဆွမ်းတစ်အိုးကေ ဆယ်ပါးစာ ဟိစွာဟူဧ့ (အဋ္ဌကထာ)
၂။ ဥစ္စာတဲး= သနပ်ခါးပန်းဘိုးမျှဟိသီးဧ့ ဆိုလိုရေ
ဝိလဲ ပညတ်ကြောင်း ၁၀-ပါး
'ရဟန်းရို့ , အေပိုင်ပင်လျှင်
(၁) သံဃာတော်ဧ့ ကောင်းပါယာလို့ ဝန်ခံကျင့်သုံးဖို့
(၂) သံဃာတော်ရို့ ချမ်းသာစီဖို့
(၃) အကျင့်သီလ ဖောက်ဖျက်သူတိကို နှိမ်နင်းဖို့
(၄) အကျင့်သီလကို ချစ်မြတ်နိုးရေ ရဟန်းရို့ ချမ်းသာစွာ နိန်နိုင်ဖို့
(၅) မျက်မှောက်မာ ဖြိုက်ကေုန်ရေ ဆင်းရဲအထူးတိကိုစောင့်စီးဖို့
(၆) နောင်ဖြစ်အံ့ကုန်ရေ ဆင်းရဲအထူးတိကို ပယ်ယှားဖို့
(၇) မကြည်ည်ညိုသီးရေ သူရို့ကို ကြည်ညိုစီဖို့
(၈) ကြည်ညိုပြီးရေ သူရို့ကို တိုးပြီးကေ ကြည်ညိုစီဖို့
(၉) သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်တံ့ဖို့
(၁၀) ဝိလဲ 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ဖို့ဆိုရေ
အကျိုးထူး ဆယ်ပါးတိကို အစွဲလုပ်ပနာ ရဟန်းရို့အား သိက္ခာပုဒ်ကို ပညတ်တော်မူဖို့'လို့ မိန့်တော်မူဧ့။
ရဟန်းရို့ အေပိုင်ပင်လျှင် ဒေသိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။
(က) 'အကြင် ရဟန်းစွာ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲငြားအံ၊ ထိုရဟန်း စွာ သာသနာတော်မှဆုံးရှုံးခြင်းသို့ ရောက်ဧ့၊ ရဟန်းကောင်းရို့နန့် အတူတကွ ပေါင်းသင်းရခြင်း မဟိ' အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)။
အေပိုင်လျှင် မြတ်စွာဘုရားစွာ ရဟန်းရို့အား ဒေသိက္ခာပုဒ်ကို ပညတ်တော်မူဧ့။
သုဒိန်ရဟန်းအကြောင်း ပြဆိုရာအခန်း ရခိုင်ဘာသာပြန် ပြီးပါဗျာလ်။
မျောက်မဝထု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၄၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးစွာ ဝေသာလီမြို့ မစွာဝုန်တောမာ မျောက်မကို အစာနန့်ဖြားယောင်းပြီးကေ ထိုမျောက်မမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ ယပြီးနောက် ထိုရဟန်းစွာ စစီာအချိန် (သင်္ကန်း) ကို ပြင်ဝတ်ပြီးကေ သပိတ် သင်္ကန်းကိုယူပနာ ဝေသာလီမြို့သို့ ဆွမ်းခံဝင်ဧ့၊ ယင်းခါ ရဟန်းအများကြီးရို့စွာ ကျောင်းစဉ် လှည့်လည်ကုန်သော် ထိုရဟန်းဧ့ ကျောင်းသို့ ချဉ်းကပ်ကက်ကုန်ဧ့၊ ထိုမျောက်မစွာ အဝီးမှ လာကုန်ရေ ထို (အာဂန္တု) ရဟန်းတိကို မြင်ပြီးကေ ထိုရဟန်းရို့ထံသို့ချဉ်းကပ်ပြီးကေ ထိုရဟန်းရို့ဧ့ ရှီးမာ ခါးကိုလည်း လှုပ်ပြဧ့၊ အမြီးကိုလည်း လှုပ်ပြဧ့၊ ခါးကိုလည်းကွပြဧ့၊ (မေထုန်အကျင့်ကို ပြုကျင့်ဖို့) အရိပ်နိမိတ်ကိုလည်း လုပ်ဧ့၊ ယင်းခါ ယုံမှားဖွယ်မဟိ 'မချွတ်ဧကန်' ထိုရဟန်းစွာ ဒေမျောက်မမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့လို့ ထို (အာဂန္တု) ရဟန်းရို့အား အကြံစီဖြစ်ဧ့၊ (အကြံစီဖြစ်ခကေ) တစ်ခုရေ နိန်ရာမာ ပုန်းအောင်း (ကာ ချောင်းပြီးကေ နီကတ်) ကုန်ဧ့။ ယင်းခါ ထို (ကျောင်းနိန်) ရဟန်းစွာ ဝေသာလီမြို့မှ ဆွမ်းခံလှည့်လည်ပြီးနောက် ဆွမ်းကို ယူပြီးကေ ပြန်လာဧ့။
၄၁။ ယင်းခါ ထိုမျောက်မစွာ (ကျောင်းနိန်) ရဟန်းထံသို့ ချဉ်းကပ်လာဧ့၊ ယင်းခါ ထိုရဟန်းစွာ ဆွမ်းအချို့ကို စားပြီးကေ အချို့ကို မျောက်မအား ပီးဧ့၊ ထိုနောက် ထိုမျောက်မစွာ ဆွမ်းကို စားပြီးကေ ထိုရဟန်းအား ခါးကို ကွပီးဧ့၊ ယင်းခါ ထိုရဟန်းစွာ ထိုမျောက်မမာ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲဧ့။
ယင်းခါ ထို (အာဂန္တု) ရဟန်းရို့စွာ ထို (ကျောင်းနိန်) ရဟန်းကို 'ငါ့သျှင် မြတ်စွာဘုရားစွာ သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်ပြီး မဟုတ်ပါလော၊ ငါ့သျှင် သင်စွာ အဇာကြောင့် မျောက်မမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဘိသလဲ'လို့ ပြောဆိုကက်ကုန်ဧ့။
ငါ့သျှင်ရို့ မြတ်စွာဘုရားစွာ သိက္ခာပုဒ်တော်ကို ပညတ်တော်မူအပ်စွာကား မှန်ပါရေ၊ ယေကေလဲ ထိုသိက္ခာပုဒ်ကို လူမိမမာရာ ပညတ်တော်မူအပ်ပါရေ၊ တိရစ္ဆာန်မမာ ပညတ်တော်မူအပ်စွာ မဟုတ်ပါလို့ (ပြန်ပနာ လျှောက်ဧ့)၊
ငါ့သျှင် ထို (တိရစ္ဆာန်မမာ မေထုန်အကျင့်ကို ပြုကျင့်မှီဝဲခြင်း) စွာ လူမိမမာ (ပြုကျင့်) မှီဝဲခြင်းနန့် တတူတူပင် မဟုတ်ပါလော၊ ငါ့သျှင် (သင်ဧ့ အမှုစွာ) ရဟန်းရို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့အလုပ်အမူ မဟုတ်၊ မအပ်၊ မလုပ်သင့်။ ငါ့သျှင် အဇာကြောင့် သင်စွာ အေပိုင်ကောင်းစွာ ဟောတော်မူအပ်တေ သာသနာတော် 'ဓမ္မဝိနယ' မာ ရဟန်းလုပ်ပြီးကေ မြတ်ရေ အကျင့်ကိုအသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ဖို့ မတတ်နိုင်ဘိသလဲ၊ ငါ့သျှင် မြတ်စွာဘုရားစွာ အများကြီးရေ အကြောင်းနန့် ရာဂနန့်တကွ ဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူစွာ မဟုတ်ပါလော။ပ။ ကာမဂုဏ် အပူအအိုက်ရို့ဧ့ ငြိမ်းအီးမှုကို ဟောတော်မူစွာမဟုတ်ပါလော၊ ငါ့သျှင် ဒေ (သင်လုပ်မိရေ ယုတ်မာမှု) စွာ မကြည်ညိုသီးရေ သူရို့အားကြည်ညိုစီခြင်းငှါ ဖြစ်စီ၊ ကြည်ညိုပြီးရေ သူရို့အား တိုးပြီးကေကြည်ညိုစီခြင်းငှါဖြစ်စီ မဖြစ်နိုင်ပေ၊ ငါသျှင် အမှန်စင်စစ် ဒေ (သင်လုပ်မိရေ ယုတ်မာမှု) စွာမကြည်ညိုသီးရေ သူရို့အား မကြည်ညိုစီခြင်းငှါ ဖြစ်စီ၊ ကြည်ညိုပြီးရေအချို့သူရို့အား အကြည်ညိုပျက်စီခြင်းငှါဖြစ်စီ ဖြစ်လီဧ့လို့ (ပြောဆိုကက်ကုန်ဧ့)။
ယပြီးနောက် ထိုရဟန်းရို့စွာ ထို (မျောက်မမာ မေထုန်အကျင့်ကို ပြုကျင့်ရေ) ရဟန်းကို အများကြီးဖြစ်တေ အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေမြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့။
၄၂။ ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် ရဟန်းသံဃာကိုစီးဝီးစီပြီးကေ ထိုရဟန်းကို 'ရဟန်း သင်စွာ မျောက်မမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့ဆိုစော်မှန်သလော'လို့စိစစ် မီးမြန်းတော်မူဧ့။
မှန်ပါရေ မြတ်စွာဘုရားလို့ (လျှောက်ဧ့)၊
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူဧ့၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား (သင်ဧ့ အမှုစွာ) ရဟန်းရို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းရို့အလုပ်အမူ မဟုတ်၊ မအပ်၊ မလုပ်သင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား အဘယ့်ကြောင့် သင်စွာအေပိုင် ကောင်းစွာ ဟောတော်မူအပ်တေ သာသနာတော် 'ဓမ္မဝိနယ' မာ ရဟန်းပြုလုပ်ပြီးကေမြတ်ရေအကျင့်ကို အသက်ထက်ဆုံး ပြည့်စုံ စင်ကြယ်စွာ ကျင့်ဖို့ မတတ်နိုင်ဘိလဲ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ငါစွာ အများကြီးရေ အကြောင်းနန့် ရာဂနန့်တကွဖြစ်ခြင်းငှါ တရားတော်ကို ဟောတော်မမူဘဲ ရာဂကင်းရန် ဟောတော်မူစွာ မဟုတ်ပါလော။ပ။ ကာမဂုဏ် အပူအအိုက်ရို့ဧ့ ငြိမ်းအီးခြင်းငှါ တရားတော်ကို ဟောတော်မူစွာ မဟုတ်ပါလော။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား လျင်ရေအဆိပ် ကြမ်းရေ အဆိပ်ဟိရေ မြွီဧ့ခံတွင်းမာ သင်ဧ့ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာ မြတ်သီးဧ့၊ မျောက်မဧ့ အင်္ဂါဇာတ်မာ သင်ဧ့အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာကား မမြတ်စွာသာတဲး။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား မြွီဟောက်ဧ့ ခံတွင်းမာ သင်ဧ့ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာ မြတ်သီးဧ့၊ မျောက်မဧ့ အင်္ဂါဇာတ်မာ (သင်ဧ့) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာကား မမြတ်စွာသာတဲး။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ရဲရဲညီးပြီးကေ တက်ဝန်းကျင် မီးတောက် မီးလျှံ မီးရောင်နန့်တကွ ဖြိုက်ရေ မီးကျီးခဲ အစုအပုံမာ (သင်ဧ့) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာ မြတ်သီးဧ့၊ မျောက်မဧ့ အင်္ဂါဇာတ်မာ (သင်ဧ့) အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းစွာကား မမြတ်စွာသာတဲး။
ထို့သို့ ဖြစ်ခြင်းစွာ အဇာကြောင့်လဲ ဆိုကေ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ထို (မြွီဧ့ခံတွင်း မီးကျီးခဲအစုအပုံမာ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဆိုရေ) အကြောင်းကြောင့် သီခြင်း စော်ဖြစ်စီ သီလောက်နီးပါး ဆင်းရဲဒုက္ခစော်ဖြစ်စီ ရောက်ရာဧ့၊ ထို (မြွီဧ့ ခံတွင်း မီးကျီးခဲအစုအပုံမာ အင်္ဂါဇာတ်ကို ထည့်သွင်းရခြင်းဆိုရေ) အကြောင်းကြောင့် ခန္ဓာကိုယ်ပျက်စီးပြီးကေ သီပြီးစွာမှ နောက်မာ ချမ်းသာကင်းရေ မကောင်းရေသူရို့လားရာ ဖောလီဖောလော ကျရောက်ရာ ဖြိုက်ရေ ငရဲသို့ကား မရောက်နိုင်စွာသာတဲး။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (မျောက်မဧ့ အင်္ဂါဇာတ်မာ အင်္ဂါဇာတ်ကို ထည့်သွင်းခြင်းဆိုရေ) အကြောင်းကြောင့်ကား ခန္ဓာကိုယ်ပျက်စီးပြီးကေ သီပြီးစွာမှ နောက်မာ ချမ်းသာကင်းရေ မကောင်းရေသူရို့လားရာ ဖောလီဖောလော ကျရောက်ရာ ဖြိုက်ရေ ငရဲသို့ ရောက်လရောဧ့။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ယင်းပိုင်ဖြစ်ပါပနာ သင်စွာ သူတော်ကောင်းအကျင့်မဟုတ် ရပ်ရွာနိန်သူ လူယုတ်ရို့ဧ့ အကျင့်ဖြိုက်ရေ ရုန်းရင်းကြမ်းတမ်းရေ ရေဆေးခြင်းကေ အဆုံးဟိရေ (လူမြင်ကေ မတင့်တယ်ပနာ) ဆိတ်ကွယ်ရာမာသာ လုပ်ကျင့်ရရေ ယောက်ျား မိမ အစုံအစုံ တွဲပြီးကေ လုပ်ကျင့်ရရေ မေထုန်အကျင့်ကို လုပ်ကျင့်တုံဘိဧ့၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်လုပ်မိရေ ယုတ်မာမှု) စွာ မကြည်ညိုသီးရေ သူရို့အား ကြည်ညိုစီခြင်းငှါဖြစ်စီ။ပ။ ရဟန်းရို့ အေပိုင်ကေ ဒေသိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။
ပဌမ ပါရာဇိက ပဌမအနုပညတ် သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ](ခ) 'အကြင် ရဟန်းစွာ မေထုန်အကျင့်ကို အယုတ်ဆုံးအားနန့် တိရစ္ဆာန်မမာ ကေလည်း (ပြုကျင့်) မှီဝဲငြားအံ့၊ ထိုရဟန်းစွာ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ဧ့၊ ရဟန်းကောင်းရို့နန့် အတူတကွပေါင်းသင်းရခြင်း မဟိ' အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)။
အေပိုင်ကေ မြတ်စွာဘုရားစွာ ရဟန်းရို့အား ဒေသိက္ခာပုဒ်ကို ပညတ်တော်မူဧ့။
မျောက်မဝတ္တု ရခိုင်ဘာသာပြန် ပြီးပါဗျာလ်။
အနှီးဝတ်အကြောင်း ပြဆိုရာ အခန်း
၄၃။ တစ်ရံရောအခါ ဝေသာလီမြို့နိန် ဝဇ္ဇီတိုင်းသား ရဟန်းအများကြီးရို့စွာ အလိုဟိတိုင်းစားပြီးကေ အလိုဟိတိုင်း အိပ်ပနာ အလိုဟိတိုင်း ရေချိုးကတ်ရားကေ မသင့်မတင့် နှလုံးသွင်းကက်ကုန်ပြီးကေ သိက္ခာမချ အားလဲမှုကို ထင်စွာ မပြုကက်ပြီးကေ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲကုန်ဧ့။ ထိုရဟန်းရို့စွာ နောက်အခါမာ ဆွေးမျိုးရို့ဧ့ပျက်စီးခြင်း စည်းစိမ်ရို့ဧ့ပျက်စီးခြင်း ရောဂါဆိုရေ ပျက်စီးခြင်းရို့နန့် တွိကြုံကုန်စွာဖြစ်ပြီးကေ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကတ်ပနာ -
'အသျှင်ဘုရား အာနန္ဒာ တပည့်တော်ရို့စွာ မြတ်စွာဘုရားကို မသရော်ကတ်ပါကုန်၊ တရား တော်ကိုမသရော်ကတ်ပါကုန်၊ သံဃာတော်ကို မသရော်ကတ်ပါကုန်၊ အသျှင်ဘုရား အာနန္ဒာ တပည့်တော် ရို့စွာ မိမိတိကိုယ်ကိုသာ သရော်ပါကုန်ဧ့၊ သူတစ်ပါးကို မသရော်ပါကုန်၊ အေပိုင် ကောင်းစွာ ဟော တော်မူအပ်တေသာသနာတော် 'ဓမ္မဝိနယ' မာ ရဟန်းပြုကုန်ပြီးပြီးကေ အသက်ထက်ဆုံး ပြည့်စုံ စင်ကြည်စွာ ကျင့်ဖို့ရာမတတ်နိုင်ခကက်တေ တပည့်တော်ရို့စော် ကျက်သရေမဲ့သူတိ ဘုန်းကံ လဲပါးသူတိ ဖြစ်ပါကုန်ဧ့။
အသျှင်ဘုရား အာနန္ဒာ အဂုအခါမာ တပည့်တော်ရို့စွာ မြတ်စွာဘုရား အထံတော်မာ သျှင်အဖြိုက်ကိုရကတ်ပါကုန်မူ ရဟန်းအဖြိုက်ကို ရကတ်ပါကုန်မူ အဂုအခါမာပင် ကုသိုလ်တရားတိကို အထူးအနိန်နန့် ရှုကုန်ပြီးကေ ညဉ့်ဦး 'ပဌမ' ယာမ် မိုဃ်းသောက် 'ပစ္ဆိမ' ယာမ်လုံးလုံး မဂ်ဉာဏ်ဧ့ အပင်းအသင်းဖြိုက်ကက်တေ 'ဗောဓိပက္ခိယ' တရားတိကို အဖန်ဖန် ပွါးတိအားထုတ်မှုကို အစိုင် ကြိုးစားပနာနိန်ကတ်ပါဖို့။
အသျှင်ဘုရား အာနန္ဒာ တောင်းပန်ပါကုန်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားပါဖိ'လို့ လျှောက်ကက်ကုန်ဧ့။
ငါ့သျှင်ရို့ ကောင်းပါယာလို့ အသျှင်အာနန္ဒာစွာ ဝေသာလီမြို့နိန် ဝဇ္ဇီတိုင်းသား 'ရဟန်း' ရို့အားဝန်ခံပြီးကေ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ဧ့။
အာနန္ဒာ ဝဇ္ဇီတိုင်းသူ ဝဇ္ဇီတိုင်းသားရို့ဧ့ အကြောင်းကြောင့် မြတ်စွာဘုရားစွာ တပည့် 'သာဝက'ရို့အား ပညတ်အပ်ပြီးတေ သိက္ခာပုဒ်ကို နုတ်ပယ်ရာဧ့၊ အေပိုင် နုတ်ပယ်ခြင်းစွာ အကြောင်းမလို့တ် အခွင့်မလို့တ်လို့ မိန့်တော်မူဧ့၊ ယပြီးနောက် မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေ ရဟန်းရို့ကို မိန့်တော်မူဧ့။
ပဌမ ပါရာဇိက ဒုတိယအနုပညတ် သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရဟန်းရို့ အကြင်ရဟန်းစွာ သိက္ခာမချ အားလဲမှုကို ထင်စွာ မလုပ်မူပြီးကေ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ ထိုသူလာကေ ရဟန်းပဉ္စင်း လုပ်မပီးရ၊ အကြင်ရဟန်းမူကား သိက္ခာချပြီးကေ အားလဲမှုကို ထင်စွာလုပ်ပြီး မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ ထိုသူ လာကေ ရဟန်းပဉ္စင်း လုပ်ပီးရဖို့၊ ရဟန်းရို့ အေပိုင်ရာ ဒေ သိက္ခာပုဒ်တော်ကို ပြကက်ကုန်ဖိ။ (၁) (ဂ)
၄၄။ 'အကြင် ရဟန်းစွာ (အဓိသီလဆိုရေ) ရဟန်းရို့ဧ့ သိက္ခာ, (သိက္ခာပုဒ်တော်ဆိုရေ) သာဇီဝသို့ ရောက်ပနာ သိက္ခာမချ အားလဲမှုကို ထင်စွာ မလုပ်မူပြီးကေ အယုတ်ဆုံးအနိန်နန့် တိရစ္ဆာန်မမာကေလည်း မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲငြားအံ့၊ ထိုရဟန်းစွာ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ဧ့၊ ရဟန်းကောင်းရို့နန့် အတူတကွ ပေါင်းသင်းရခြင်း မဟိ'အေပိုင် (ပြကက်ကုန်ဖိလို့ မိန့်တော်မူဧ့)။
၁-ပဌမပါရာဇိက သိက္ခာပုဒ်အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၄၅။ အကြင်ဆိုစော်အကြင်သို့သော အသွင် ပုံသဏ္ဌာန် သဘော အမှုကိစ္စ အမျိုး ဇာတ် နာမည်အနွယ် အလိ့အကျင့် အနိန်အထိုင် ကျက်စားရာဟိရေ မထေရ်ကြီးဖြိုက်စီ ရဟန်းငယ်ဖြိုက်စီ မထေရ်လတ်ဖြိုက်စီ ဒေပုဂ္ဂိုလ်မျိုးကို အကြင်လို့ ဆိုဧ့။ ရဟန်း ခေါ်နိုင်ခြင်း ၁၂-ပါးရဟန်းဆိုစော်(၁) (အာရိယာသူတော်ကောင်းရို့ဧ့ တောင်းခြင်းနန့်) တောင်းတတ်အတွက်နန့် ရဟန်း၊ (၂) ဆွမ်းခံခြင်း အကျင့်သို့ ကပ်ရောက်တတ်အတွက်နန့် ရဟန်း၊ (၃) ဆုတ်ဖြတ်ပြီးရေ အဝတ်ကို ဝတ်ရုံတတ်အတွက်နန့် ရဟန်း၊ (၄) ရဟန်းလို့ သမုတ်ခြင်းကြောင့် ရဟန်း (၅) ရဟန်းလို့ ဝန်ခံခြင်းကြောင့် ရဟန်း၊ (၆) ရဟန်း လာဖိ 'ဧဟိ ဘိက္ခု'ဆိုရေ ဘုရားစကားတော်နန့် ဖြိုက်ရေအတွက်ကြောင့်ရဟန်း၊ (၇) သရဏဂုံသုံးပါးရို့နန့် ပဉ္စင်းဖြိုက်ရေအတွက်ကြောင့်ရဟန်း၊ (၈) ကောင်းရေ (သီလအစဟိစီာ်နန့် ပြည့်စုံရေ) ကြောင့် ရဟန်း၊ (၉) (သီလ စရေ) အနှစ်သာရဟိအတွက်နန့် ရဟန်း၊ (၁၀) (သိက္ခာကို) ကျင့်ဆဲ ဖြိုက်ရေအတွက်ကြောင့်ရဟန်း၊ (၁၁) (သိက္ခာကို) ကျင့်ပြီး ဖြိုက်ရေအတွက်ကြောင့်ရဟန်း၊ (၁၂) ညီညွတ်ရေ သံဃာစွာ သိစီခြင်း 'ဉတ်'ရာ လေးကြိမ်မြောက်ရေ ကံနန့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာ ပဉ္စင်းဖြိုက်စီအပ်အတွက်နန့် ရဟန်း မည်ဧ့။
ထိုတစ်ဆယ့်နှစ်မျိုးရေ ရဟန်းရို့တွင် အကြင် ရဟန်းစွာ ညီညွတ်ရေ သံဃာစွာ သိစီခြင်း'ဉတ်'ကေ လေးကြိမ်မြောက်ရေ ကံနန့် မပျက်မကွက် မြတ်စွာဘုရား အဆုံးအမအား ထိုက်တန်စွာပဉ္စင်းဖြိုက်စီအပ်ဧ့၊ ဒေရဟန်းကို ဒေ (ပါရာဇိက) အရာမာ ရဟန်းဆိုပနာ အလိုဟိအပ်ဧ့။
သိက္ခာဆိုစော်အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာဆိုပနာ သိက္ခာသုံးမျိုးဟိဧ့၊ ထိုသုံးမျိုးရို့တွင် ဒေအရာမာ အဓိသီလသိက္ခာကို အလိုဟိအပ်ဧ့။
သာဇီဝ မည်စွာ အကြင်သိက္ခာပုဒ်ကို မြတ်စွာဘုရားစွာ ပညတ်တော်မူအပ်ဧ့၊ ထိုသိက္ခာပုဒ်တော်စွာ သာဇီဝ မည်ဧ့။ ထိုသိက္ခာပုဒ်တော်ဆိုရေ သာဇီဝမာ ကျင့်တတ်ဧ့၊ ထိုကြောင့် သာဇီဝ 'သိက္ခာပုဒ်တော်' သို့ ရောက်ပနာဆိုပနာ ဆိုအပ်ဧ့။
သိက္ခာမချ အားလဲမှုကို ထင်စွာ မလုပ်မူပြီးကေဟူရာမာ ရဟန်းရို့ အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်း သာဖြစ်ပြီးကေ သိက္ခာမကျစီာ်လည်း ဟိဧ့၊ အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းလည်း ဖြစ်ပြီးကေ သိက္ခာကျစီာ်လည်း ဟိဧ့၊ ရဟန်းရို့ ဇာပိုင် အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းရာ ဖြစ်ပြီးကေ သိက္ခာမကျသလဲ။ ဒေသာသနာတော်မာ ရဟန်းစွာ (ရဟန်းအဖြစ်မာ) ဆန့်ကျင်ပျင်းရိပနာ မပျော်ပိုက်စွာဖြစ်ပြီးကေ ရဟန်းအဖြစ်မှ ရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာဖြစ်ပြီးကေ လူ့အဖြိုက်ကို တောင့်တပနာ ဥပါသကာအဖြစ်၊ အရံစောင့်အဖြစ်၊ မောင်သျှင်အဖြစ်၊ တိတ္ထိအဖြစ်၊ တိတ္ထိဧ့ တပည့်အဖြစ်၊ ရဟန်းမဟုတ်စွာဧ့ အဖြစ်၊ သာဝကီဝင်မင်းသား ဘုရားအနွယ်တော်မဟုတ်စွာဧ့ အဖြိုက်ကို တောင့်တပနာ ငါစွာ မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်ဖို့လို့ပြောဧ့၊ သိစီဧ့။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေလည်း အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းသာဖြစ်ပြီးကေ သိက္ခာကား မကျသီး။
တစ်လဲကေကား (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာ မပျော်ပိုက်စွာဖြစ်ပြီးကေ ရဟန်းအဖြစ်မှရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာဖြစ်ပြီးကေ လူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်စွာဧ့ အဖြိုက်ကို တောင့်တပနာ ငါစွာ တရားတော်ကို စွန့်ပယ်ရမူ ကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ပ။ ငါစွာ သံဃာတော်ကို၊ သိက္ခာကို၊ ဝိလဲကို၊ ပါတိမောက်ကို၊ ပါတိမောက်ရွတ်ခြင်းကို၊ ဥပဇ္ဈာယ်ဆရာကို၊ ဆရာငါးပါးကို၊ အတူနိန် တပည့်ကို၊ အနီးနိန်တပည့်ကို၊ ဥပဇ္ဈာယ်ဆရာတူ ဖြစ်သူကို၊ နိဿရည်းဆရာတူဖြစ်သူကို၊ သီတင်းသုံးဖော်ကို စွန့်ပယ်ရမူ ကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ ငါစွာ လူဖြစ်ရမူ၊ ဥပါသကာ ဖြစ်ရမူ၊ အရံစောင့်ဖြစ်ရမူ၊ မောင်သျှင်ဖြစ်ရမူ၊ တိတ္ထိဖြစ်ရမူ၊ တိတ္ထိဧ့တပည့်ဖြစ်ရမူ၊ ရဟန်း မဟုတ်ရေသူ ဖြစ်ရမူ၊ ငါစွာ သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေလည်း အားလဲမှုကိုထင်ယှားစွာ လုပ်ခြင်းသာ ဖြစ်ပြီးကေ သိက္ခာကား မကျသီး။
၄၆။ တစ်လဲကေကား (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာ မပျော်ပိုက်စွာဖြစ်ပြီးကေ ရဟန်းအဖြစ်မှ ရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာဖြစ်ပြီးကေလူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်စွာဧ့ အဖြိုက်ကို တောင့်တပနာ။ပ။ ငါစွာ အကယ်ပြီးကေ မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ပ။ အကယ်ပြီးကေ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ပ။ ငါစွာ စင်စစ် မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ပ။ ငါစွာ စင်စစ် သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ပ။ ငါစွာ အဂု မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ပ။ ငါစွာ အဂု သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ပ။ ငါအား မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်ဖို့လို့ အကြံစီဖြစ်ဧ့လို့ ပြောဧ့၊ သိစီဧ့။ပ။ ငါအား သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူဖြစ်ရမူ ကောင်းလိမ့်ဖို့လို့ အကြံစီဖြစ်ဧ့လို့ပြောဧ့၊ သိစီဧ့။ပ။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေလည်း အားလဲမှုကို ထင်ယှားစွာလုပ်ခြင်းသာ ဖြစ်ပြီးကေ သိက္ခာကား မကျသီး။
၄၇။ တစ်လဲကေကား (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာ မပျော်ပိုက်စွာဖြစ်ပြီးကေ ရဟန်းအဖြစ်မှ ရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာဖြစ်ပြီးကေလူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်စွာဧ့ အဖြိုက်ကိုတောင့်တပနာ အမိကို အောက်မိန့်ဧ့လို့ ပြောဧ့၊ သိစီဧ့။ အဖကို၊ ညီ-ဂိုးချေကို၊ နှမ-မမကို၊ သားကို၊ သမီးကို၊ ဇနီးကို၊ ဆွီမျိုးတိကို၊ မိတ်ဆွီတိကို၊ ရွာကို၊ နိဂုံးကို၊ လယ်ကို၊ ယာကို၊ ဖေသာကို၊ ရွှီကို၊ အတတ်ပညာကို၊ ရှီးက ပြုံးရွှင်ပြောဆိုမြူးထူး ကစပ်ခဖူးစော်ကို အောက်မိန့်ဧ့လို့ ပြောဧ့၊ သိစီဧ့။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေလည်း အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းသာ ဖြစ်ပြီးကေသိက္ခာကား မကျသီး။
၄၈။ တစ်လဲကေကား (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာ မပျော်ပိုက်စွာ ဖြစ်ပြီးကေ ရဟန်းအဖြစ်မှ ရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာဖြစ်ပြီးကေ လူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်စွာဧ့အဖြိုက်ကို တောင့်တပနာ ငါ့အား အမိဟိစွာ၊ ထိုအမိကို ငါလုပ်ကျွေး မွီးမြူထိုက်ရေ ငါ့အားအဖဟိစွာ၊ ထိုအဖကို ငါလုပ်ကျွေး မွီးမြူထိုက်ရေ ငါ့အား ညီ ဂိုးချေဟိစွာ၊ ထို ညီ ဂိုးချေကိုငါလုပ်ကျွေး မွီးမြူထိုက်ရေ ငါ့အား နှမ မမဟိစွာ၊ ထိုနှမ မမကို ငါလုပ်ကျွေးမွီးမြူထိုက်ရေ ငါ့အား သားဟိစွာ၊ ထိုသားကို ငါလုပ်ကျွေး မွီးမြူထိုက်ရေ ငါ့အား သမီးဟိစွာ၊ ထိုသမီးကို ငါလုပ်ကျွေး မွီးမြူထိုက်ရေ ငါ့အား ဇနီးဟိစွာ၊ ထိုဇနီးကို ငါလုပ်ကျွေးမွီးမြူထိုက်ရေ ငါ့အား ဆွီမျိုးတိ ဟိကတ်ရေ၊ ထိုဆွီမျိုးတိကို ငါလုပ်ကျွေး မွီးမြူထိုက်ရေ ငါ့အား မိတ်ဆွီများဟိကတ်ရေ၊ ထိုမိတ်ဆွီ တိကို ငါလုပ်ကျွေး မွီးမြူထိုက်ရေလို့ ပြောဧ့၊ သိစီဧ့။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေလည်း အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းသာဖြစ်ပြီးကေ သိက္ခာကား မကျသီး။
၄၉။ တစ်လဲကေကား (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာ မပျော်ပိုက်စွာဖြစ်ပြီးကေ ရဟန်းအဖြစ်မှ ရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာဖြစ်ပြီးကေလူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်စွာဧ့ အဖြိုက်ကိုတောင့်တပနာ ငါ့အား အမိဟိစွာ၊ ထိုအမိစွာ ငါ့ကို လုပ်ကျွေးမွီးမြူလီဖို့။ ငါ့အား အဖဟိစွာ၊ ထိုအဖစွာ ငါ့ကို လုပ်ကျွေးမွီးမြူလီဖို့။ ငါ့အား ညီ ဂိုးချေဟိစွာ၊ ထို ညီ ဂိုးချေစွာ ငါ့ကိုလုပ်ကျွေးမွီးမြူလီဖို့။ ငါ့အား နှမ မမဟိစွာ၊ ထို နှမ မမစွာ ငါ့ကို လုပ်ကျွေးမွီးမြူလီဖို့။ ငါ့အား သားဟိစွာ၊ ထိုသားစွာ ငါ့ကို လုပ်ကျွေးမွီးမြူလီဖို့။ ငါ့အား သမီးဟိစွာ၊ ထိုသမီးစွာငါ့ကို လုပ်ကျွေးမွီးမြူလီဖို့။ ငါ့အား ဇနီးဟိစွာ၊ ထိုဇနီးစွာ ငါ့ကို လုပ်ကျွေးမွီးမြူလီဖို့။ ငါ့အား ဆွီမျိုးတိ ဟိကတ်ရေ၊ ထိုဆွီမျိုးတိစွာ ငါ့ကို လုပ်ကျွေးမွီးမြူကက်လီဖို့။ ငါ့အားမိတ်ဆွီများဟိကတ်ရေ၊ ထိုမိတ်ဆွီများစွာ ငါ့ကို လုပ်ကျွေးမွီးမြူ ကက်လိမ့်ဖို့လို့ ပြောဧ့၊ သိစီဧ့။ ငါ့အား ရွာဟိစွာ၊ ထိုရွာနန့် ငါ အသက်မွီးဖို့။ ငါ့အား နိဂုံးဟိစွာ၊ ထိုနိဂုံးနန့် ငါ အသက်မွီးဖို့။ ငါ့အား လယ်ဟိစွာ၊ ထိုလယ်နန့် ငါ အသက်မွီးဖို့။ ငါ့အား ယာဟိစွာ၊ ထိုယာနန့် ငါ အသက်မွီးဖို့။ ငါ့အား ဖေသာဟိစွာ၊ ထိုဖေသာနန့် ငါ အသက်မွီးဖို့။ ငါ့အား ရွှေဟိစွာ၊ ထိုရွှေနန့် ငါ အသက်မွီးဖို့။ ငါ့အား အတတ်ဟိစွာ၊ ထိုအတတ်နန့် ငါ အသက်မွီးဖို့လို့ ပြောဧ့၊ သိစီဧ့။ ရဟန်းရို့ ဒေ့သို့ ပြောဆို သိစီကေလည်း အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းသာ ဖြစ်ပြီးကေ သိက္ခာကား မကျသီး။
၅၀။ တစ်လဲကေကား (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာ မပျော်ပိုက်စွာဖြစ်ပြီးကေ ရဟန်းအဖြစ်မှ ရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာ ဖြစ်ပြီးကေလူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်စွာဧ့ အဖြိုက်ကိုတောင့်တပနာ (မြတ်ရေ အကျင့်စွာ) ခဲယိုင်းဧ့လို့ ပြောဧ့၊ သိစီဧ့။ မလွယ်ကူလို့ ပြောဧ့၊ သိစီဧ့။ ကျင့်နိုင်ခဲဧ့လို့ ပြောဧ့၊ သိစီဧ့။ ကျင့်ဖို့ရာ မလွယ်ကူလို့ ပြောဧ့၊ သိစီဧ့။ မစွမ်းဆောင်နိုင်လို့ ပြောဧ့၊ သိစီဧ့။ မရဲဝံ့လို့ ပြောဧ့၊ သိစီဧ့။ မမွေ့လျော်လို့ ပြောဧ့၊ သိစီဧ့။ ကကောင်းမမွေ့ လျော်လို့ ပြောဧ့၊ သိစီဧ့။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေလည်း အားလဲမှုကိုထင်ယှားစွာ လုပ်ခြင်းသာ ဖြစ်ပြီးကေ သိက္ခာကား မကျသီး။
၅၁။ ရဟန်းရို့ ဇာပိုင်ကေ အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းလည်း ဖြစ်ပြီးကေ သိက္ခာလည်းကျသလဲ။ ရဟန်းရို့ ဒေသာသနာတော်မာ ရဟန်းစွာ (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာမပျော်ပိုက်စွာ ဖြစ်ပြီးကေ ရဟန်းအဖြစ်မှ ရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာဖြစ်ပြီးကေ လူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော်မဟုတ်စွာဧ့ အဖြိုက်ကို တောင့်တပနာ 'မြတ်စွာဘုရားကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ ရဟန်းရို့အေပိုင် ပြောဆို သိစီကေကား အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းလည်း ဖြစ်ပြီးကေ သိက္ခာလည်း ကျဧ့။
တစ်လဲကေကား (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာ မပျော်ပိုက်စွာဖြစ်ပြီးကေ ရဟန်းအဖြစ်မှရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာ ဖြစ်ပြီးကေ ရှက်နိုးစွာ ဖြစ်ပြီးကေ စက်ဆုပ်စွာ ဖြစ်ပြီးကေလူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်စွာဧ့ အဖြိုက်ကိုတောင့်တပနာ 'တရားတော်ကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'သံဃာတော်ကို စွန့်ပါဧ့'လို့ပြောဧ့၊ သိစီဧ့။ 'သိက္ခာကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'ဝိလဲကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'ပါတိမောက်ကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'ပါတိမောက်ရွတ်ခြင်းကို စွန့်ပါဧ့'လို့ပြောဧ့၊ သိစီဧ့။ 'ဥပဇ္ဈာယ်ဆရာကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'ဆရာငါးပါးကို စွန့်ပါဧ့'လို့ပြောဧ့၊ သိစီဧ့။ 'အတူနိန်တပည့်ကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'အနီးနိန်တပည့်ကိုစွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'ဥပဇ္ဈာယ်ဆရာတူ ဖြစ်သူကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'နိဿရည်းဆရာတူ ဖြစ်သူကို စွန့်ပါဧ့'လို့ ပြောဧ့၊ သိစီဧ့။ 'သီတင်းသုံးဖော်ကို စွန့်ပါဧ့'လို့ပြောဧ့၊ သိစီဧ့။ 'ငါ့ကို လူဆိုပနာ မှတ်ပါ'လို့ ပြောဧ့၊ သိစီဧ့။ 'ငါ့ကို ဥပါသကာဆိုပနာ မှတ်ပါ'လို့ပြောဧ့၊ သိစီဧ့။ 'ငါ့ကို အရံစောင့်ဆိုပနာ မှတ်ပါ'လို့ ပြောဧ့၊ သိစီဧ့။ 'ငါ့ကို မောင်သျှင်ဆိုပနာမှတ်ပါ'လို့ ပြောဧ့၊ သိစီဧ့။ 'ငါ့ကို တိတ္ထိဆိုပနာ မှတ်ပါ'လို့ ပြောဧ့၊ သိစီဧ့။ 'ငါ့ကို တိတ္ထိဧ့တပည့်ဆိုပနာ မှတ်ပါ' လို့ ပြောဧ့၊ သိစီဧ့။ 'ငါ့ကို ရဟန်း မဟုတ်သူဆိုပနာ မှတ်ပါ'လို့ ပြောဧ့၊ သိစီဧ့။ 'ငါ့ကို သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူဆိုပနာ မှတ်ပါ'လို့ ပြောဧ့၊ သိစီဧ့။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေကား အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းလည်း ဖြစ်ပြီးကေသိက္ခာလည်း ကျဧ့။
၅၂။ တစ်လဲကေကား (ရဟန်းအဖြစ်မာ) ဆန့်ကျင် ပျင်းရိပနာ မပျော်ပိုက်စွာဖြစ်ပြီးကေ ရဟန်းအဖြစ်မှ ရွီ့လျှောချင်ကေ ရဟန်းအဖြိုက်ကို ငြီးငွိ့ပနာဖြစ်ပြီးကေ ရှက်နိုးစွာဖြစ်ပြီးကေ စက်ဆုပ်စွာဖြစ်ပြီးကေလူ့အဖြိုက်ကို တောင့်တပနာ။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်စွာဧ့ အဖြိုက်ကိုတောင့်တပနာ 'ငါ့အား မြတ်စွာဘုရားနန့် အကျိုးမဟိ'လို့ ပြောဧ့၊ သိစီဧ့။ပ။ 'ငါ့အား သီတင်းသုံးဖော်ရို့နန့် အကျိုးမဟိ'လို့ ပြောဧ့၊ သိစီဧ့။ပ။ အေပိုင် ပြောဆိုသိစီကေ ။ပ။ တစ်လဲကေကား။ပ။ 'ငါ့အား မြတ်စွာဘုရားနန့် ဇာအကျိုးဟိအံ့လဲ'လို့ ပြောဧ့၊ သိစီဧ့။ပ။ 'ငါ့အား သီတင်းသုံးဖော် ရို့နန့် ဇာအကျိုးဟိအံ့လဲ'လို့ ပြောဧ့၊ သိစီဧ့။ပ။ 'ငါ့အားမြတ်စွာဘုရားနန့် အကျိုးမဖြစ်'လို့ ပြောဧ့၊ သိစီဧ့။ပ။ 'ငါ့အား သီတင်းသုံးဖော်ရို့နန့်အကျိုးမဖြစ်'လို့ ပြောဧ့၊ သိစီဧ့။ပ။ 'ငါစွာ မြတ်စွာဘုရားမှ ကောင်းစွာ လွတ်မြီာက်ရပေပြီ'လို့ပြောဧ့၊ သိစီဧ့။ပ။ 'ငါစွာ သီတင်းသုံးဖော်ရို့မှ ကောင်းစွာ လွတ်မြောက်ရပေပြီ'လို့ ပြောဧ့၊ သိစီဧ့။ပ။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေကား အားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းလည်း ဖြစ်ပြီးကေသိက္ခာလည်း ကျဧ့။
၅၃။ ပြဆိုခယားမှ တစ်ပါး အခြားဖြိုက်ကုန်ရေ အကြင် မြတ်စွာဘုရား 'ဗုဒ္ဓ'ဧ့ ဝေဝုစ် 'စကား လှယ်'၊ တရားတော် 'ဓမ္မ'ဧ့ ဝေဝုစ်၊ သံဃာတော် 'သံဃ'ဧ့ ဝေဝုစ်၊ သိက္ခာဧ့ ဝေဝုစ်၊ ဝိလဲဧ့ ဝေဝုစ်၊ ပါတိမောက်ဧ့ ဝေဝုစ်၊ ပါတိမောက္ခုဒ္ဒေသဧ့ ဝေဝုစ်၊ ဥပဇ္ဈာယ်ဆရာဧ့ ဝေဝုစ်၊ ဆရာငါးပါးဧ့ ဝေဝုစ်၊ အတူနိန်တပည့်ဧ့ ဝေဝုစ်၊ အနီးနိန်တပည့်ဧ့ ဝေဝုစ်၊ ဥပဇ္ဈာယ်ဆရာတူဧ့ ဝေဝုစ်၊ နိဿရည်း ဆရာဧ့ဝေဝုစ်၊ သီတင်းသုံးဖော်ဧ့ ဝေဝုစ်၊ လူဧ့ ဝေဝုစ်၊ ဥပါသကာဧ့ ဝေဝုစ်၊ အရံစောင့်ဧ့ ဝေဝုစ်၊ မောင်သျှင်ဧ့ဝေဝုစ်၊ တိတ္ထိဧ့ ဝေဝုစ်၊ တိတ္ထိတပည့်ဧ့ ဝေဝုစ်၊ ရဟန်းမဟုတ်သူဧ့ ဝေဝုစ်၊ သာကီဝင် မင်းသားဘုရားအနွယ်တော် မဟုတ်သူဧ့ ဝေဝုစ် 'စကားလှယ်' ရို့စွာ ဟိကုန်ဧ့၊ ထိုအခြင်းအရာ ထိုအသွင်သဏ္ဌန် ထိုအကြောင်း ထိုနိမိတ်ရို့နန့် ပြောဧ့၊ သိစီဧ့။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေကားအားလဲမှုကို ထင်ယှားစွာ လုပ်ခြင်းလည်း ဖြစ်ပြီးကေ သိက္ခာလည်း ကျဧ့။
၅၄။ ရဟန်းရို့ ဇာပိုင်ကေ သိက္ခာမကျရေလဲ။ ရဟန်းရို့ ဒေသာသနာတော်မာ အကြင်အခြင်းအရာ အကြင်အသွင်သဏ္ဌန် အကြင်အကြောင်း နိမိတ်ရို့နန့် သိက္ခာချဧ့၊ ထိုအခြင်းအရာထိုအသွင်သဏ္ဌန် ထိုအကြောင်း နိမိတ်ရို့နန့် လရူးစွာ သိက္ခာချဧ့၊ သိက္ခာမကျ။ လရူးဧ့ အထံမာသိက္ခာချဧ့၊ သိက္ခာမကျ။ စိတ်ပျံ့လွင့်သူစွာ သိက္ခာချဧ့၊ သိက္ခာမကျ။ စိတ်ပျံ့လွင့်သူဧ့ အထံမာ သိက္ခာချဧ့၊ သိက္ခာမကျ။ ဝေဒနာ ဖိစီးသူစွာ သိက္ခာချဧ့၊ သိက္ခာမကျ။ ဝေဒနာဖိစီးသူဧ့ အထံမာသိက္ခာချဧ့၊ သိက္ခာမကျ။ နတ်ဧ့ အထံမာ သိက္ခာချဧ့၊ သိက္ခာမကျ။ တိရစ္ဆာန်ဧ့ အထံမာ သိက္ခာချဧ့၊ သိက္ခာမကျ။ အရိယာရို့ဧ့ ဝေါစွာရ 'မာဂဓဘာသာ' နန့် လူရိုင်းအထံမာ သိက္ခာချဧ့၊ ထိုသူစွာနားမလည်၊ သိက္ခာ မကျ။ လူရိုင်းဘာသာနန့် အရိယာဧ့ အထံမာ သိက္ခာချဧ့၊ ထိုအရိယာစွာနားမလည်၊ သိက္ခာမကျ။ အရိယာဘာသာနန့် အရိယာဧ့ အထံမာ သိက္ခာချဧ့၊ ထိုအရိယာစွာနားမလည်၊ သိက္ခာမကျ။ လူရိုင်း ဘာသာနန့် လူရိုင်းဧ့ အထံမာ သိက္ခာချဧ့၊ ထိုလူရိုင်းစွာ နားမလည်၊ သိက္ခာမကျ။ အဆောတလျင် 'အလျင်စလို' ဆိုမိအနိန်နန့် သိက္ခာချဧ့၊ သိက္ခာမကျ။ ချွတ်ယွင်းဖောက်ပြန် 'မမှန်မကန်' ဆိုမိအနိန်နန့် သိက္ခာချဧ့၊ သိက္ခာမကျ။ မကြားစီလိုဘဲ ပြောကြားဧ့ 'မကြားအောင် ပြောဧ့'၊ သိက္ခာမကျ။ ကြားစီ လိုပနာ မပြောကြား 'ကြားအောင် မပြော'၊ သိက္ခာမကျ။ နားမလည်သူအား ပြောကြားဧ့၊ သိက္ခာမကျ။ နားလည် သူအား မပြောကြား၊ သိက္ခာမကျ။ လုံးလုံးကေလည်း မပြောကြား၊ သိက္ခာ မကျ။ ရဟန်းရို့ အေပိုင် ပြောဆို သိစီကေလည်း သိက္ခာစွာ မကျပေ။
၅၅။ မေထုန်အကျင့် မည်စွာ အကြင် အကျင့်စွာ မသူတော်ရို့ဧ့ အကျင့်ဖြစ်ဧ့၊ ရပ်ရွာနိန်သူ လူရို့ဧ့ အကျင့်ဖြစ်ဧ့၊ သူယုတ်ရို့ဧ့ အကျင့်ဖြစ်ဧ့၊ ရုန့်ရင်းကက်မ်းတမ်းဧ့၊ ရေဆေးခြင်းကိစ္စကေ အဆုံးဟိဧ့၊ (လူမြင်ကေ မတင့်တယ်ပနာ) မမြင်ကွယ်ရာမာ လုပ်အပ်ဧ့၊ အစုံအစုံတွဲပြီးကေ လုပ်ကျင့်ရဧ့၊ ဒေအကျင့်စွာ မေထုန်အကျင့် မည်ဧ့။
(လုပ်ကျင့်) မှီဝဲဧ့ ဆိုစွာ အကြင်ရဟန်းစွာ မိမိဧ့ နိမိတ်နန့် မိမဧ့ နိမိတ်သို့၊ မိမိဧ့ အင်္ဂါဇာတ်နန့် မိမဧ့ အင်္ဂါဇာတ်သို့ အယုတ်ဆုံးအနိန်နန့် နှမ်းတစ်လုံးမျှ ဝင်စီဧ့ 'သွင်းဧ့'၊ ဒေရဟန်းစွာ (လုပ်ကျင့်) မှီဝဲဧ့ မည်ဧ့။
အယုတ်ဆုံးအနိန်နန့် တိရစ္ဆာန်မမာဆိုကေေလ့ တိရစ္ဆာန်မမာ ဖြစ်စီကာမူ (နှစ်ဦးစုံ ပျော်မြူးရေအကျင့်လို့ ဆိုအပ်တေ) မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲအတွက်နန့် ရဟန်း မဟုတ်တော့ ပေ၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ လူမိမမာ ဆိုဖွယ်ရာမဟိရာ၊ ယင်းချင့်ကြောင့်'အယုတ်ဆုံးအနိန်နန့် တိရစ္ဆာန်မမာ ကေလည်း'လို့ ဆိုရဧ့။
သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ဧ့ဟူရာမာ ဥပမာကေကား အဂေါင်းပြတ်ပြီးသူစွာ ထိုအဂေါင်းနန့် ခန္ဓာကိုယ်ကို ပြန်ပြီးကေ ဆက်စပ်ကေလည်း အသက်သျှင်ဖို့ရာ မဖြစ်နိုင်သပိုင် ဒေအတူ ရဟန်းစွာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲခြင်းကြောင့် ရဟန်းမဟုတ်တော့ပေ၊ သာကီဝင်မင်းသားဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ယင်းချင့်ကြောင့် သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ဧ့လို့ ဆိုရဧ့။
ရဟန်းကောင်းရို့နန့် အတူတကွ ပေါင်းသင်းရခြင်း မဟိဟူရာမာ ပေါင်းသင်းခြင်းဆိုစွာ အတူတကွ ဝိလဲကံလုပ်မှု၊ အတူတကွ ပါတိမောက်ရွတ် (ပြ) မှု၊ တူမျှရေ ကျင့်ကြံနီထိုင်မှုတဲး၊ ဒေအလုံးစုံ စွာပေါင်းသင်းခြင်း ဆိုဧ့၊ ထိုပေါင်းသင်းခြင်းစွာ ထို (ပါရာဇိကကျရေ) ရဟန်းနန့် အတူတကွ မဟိတော့ပေ၊ ယင်းချင့်ကြောင့် 'ရဟန်းကောင်းရို့နန့် အတူတကွ ပေါင်းသင်းရခြင်း မဟိလို့ ဆိုရဧ့။
၅၆။ လူမိမ နတ်မိမ တိရစ္ဆာန်မိမ အားနန့် မိမသုံးမျိုး၊ လူဥဘတောဗျည်း 'လိင် နှစ်မျိုး ဟိသူ' နတ်ဥဘတောဗျည်း တိရစ္ဆာန်ဥဘတောဗျည်း အားနန့် ဥဘတောဗျည်းသုံးမျိုး၊ လူပဏ္ဍုက် 'လိင်ချို့ ငဲ့သူ'နတ်ပဏ္ဍုက် တိရစ္ဆာန်ပဏ္ဍုက်အားနန့် ပဏ္ဍုက်သုံးမျိုး၊ လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျားအနိန်နန့် ယောက်ျားသုံးမျိုး။
လူမိမဧ့ ဝစ္စမဂ်၂ ပဿာဝမဂ်၃ မုခမဂ်၄ဆိုရေ မဂ်သုံးမျိုးမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
နတ်မိမ တိရစ္ဆာန်မိမဧ့ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်ဆိုရေ မဂ်သုံးမျိုးမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
လူဥဘတောဗျည်း နတ်ဥဘတောဗျည်း တိရစ္ဆာန်ဥဘတောဗျည်းဧ့ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်ဆိုရေမဂ်သုံးမျိုးမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
လူပဏ္ဍုက်ဧ့ ဝစ္စမဂ် မုခမဂ်ဆိုရေ မဂ်နှစ်မျိုးမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲရေရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
နတ်ပဏ္ဍုက် တိရစ္ဆာန်ပဏ္ဍုက် လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျားဧ့ ဝစ္စမဂ်မုခမဂ်ဆိုရေ မဂ်နှစ်မျိုးမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲရေ ရဟန်းအား ပါရာဇိကအာပတ်သင့်ဧ့။
၅၇။ ရဟန်းဧ့ (မေထုန်လုပ်ကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်ကေ 'ဖြစ်ပေါ်လာရေအခါ' လူမိမဧ့ဝစ္စမဂ်သို့ မိမိဧ့ အင်္ဂါဇာတ်ကို သွင်းရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းဧ့ (မေထုန်လုပ်ကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်ကေ 'ဖြစ်ပေါ်လာရေအခါ' လူမိမဧ့ပဿာဝမဂ် မုခမဂ်သို့ မိမိဧ့ အင်္ဂါဇာတ်ကို သွင်းရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းဧ့ (မေထုန်လုပ်ကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်ကေ 'ဖြစ်ပေါ်လာရေအခါ' နတ်မိမဧ့ တိရစ္ဆာန်မိမဧ့ လူဥဘတောဗျည်းဧ့ နတ်ဥဘတောဗျည်းဧ့ တိရစ္ဆာန်ဥဘတောဗျည်းဧ့ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်သို့ မိမိဧ့ အင်္ဂါဇာတ်ကို သွင်းရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းဧ့ (မေထုန်လုပ်ကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်ကေ 'ဖြစ်ပေါ်လာရေအခါ' လူပဏ္ဍုက်ဧ့ ဝစ္စမဂ်မုခမဂ်သို့ မိမိဧ့ အင်္ဂါဇာတ်ကို သွင်းရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
ရဟန်းဧ့ (မေထုန်လုပ်ကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်ကေ 'ဖြစ်ပေါ်လာရေအခါ' နတ်ပဏ္ဍုက်ဧ့တိရစ္ဆာန်ပဏ္ဍုက်ဧ့ လူယောက်ျားဧ့ နတ်ယောက်ျားဧ့ တိရစ္ဆာန်ယောက်ျားဧ့ ဝစ္စမဂ် မုခမဂ်သို့ မိမိဧ့အင်္ဂါဇာတ်ကို သွင်းရေ ရဟန်းအား ပါရာဇိကအာပတ် သင့်ဧ့။
၅၈။ ရန်သူရဟန်းရို့စွာ လူမိမကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ ဝစ္စမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ရန်သူရဟန်းရို့စွာ လူမိမကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ ဝစ္စမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ မသာယာမူပြီးကေ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ရန်သူရဟန်းရို့စွာ လူမိမကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ ဝစ္စမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ မသာယာမူပြီးကေ ဝင်ဆဲခဏမာ မသာယာမူပြီးကေ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ရန်သူရဟန်းရို့စွာ လူမိမကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ ဝစ္စမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ မသာယာမူပြီးကေ ဝင်ဆဲခဏမာ မသာယာမူပြီးကေတည်ဆဲခဏမာ မသာယာမူပြီးကေ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။
ရန်သူရဟန်းရို့စွာ လူမိမကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ ဝစ္စမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ မသာယာအံ့၊ ဝင်ဆဲခဏမာ မသာယာအံ့၊ တည်ဆဲခဏမာ မသာယာအံ့၊ နုတ်ဆဲခဏမာ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ လူမိမကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ ပဿာဝမဂ်နန့် မုခမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာသာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
၅၉။ ရန်သူရဟန်းရို့စွာ နိုးရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေ လူ မိမကို သီပြီးကေ ခွီးမစားသီးရေ သီပြီးကေအများအားဖြင့်က ခွီးမစားသီးရေ 'စိကေ စားပြီး ရေ' (အသီကောင်) လူမိမကို။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ အများအားဖြင့်က ခွီးစားပြီး ရေ (အသီကောင်) လူမိမကို ရဟန်းဧ့ အထံသို့ ယူဆောင်ပြီးကေ ဝစ္စမဂ်နန့် ပဿာဝမဂ်နန့် မုခမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာသာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္ထစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ နတ်မိမကို တိရစ္ဆာန်မိမကို လူဥဘတောဗျည်းကို နတ်ဥဘတောဗျည်းကိုတိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ ဝစ္စမဂ်နန့် ပဿာဝမဂ်နန့် မုခမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာသာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေတိရစ္ဆာန်ဥဘတောဗျည်းကို သီပြီးကေခွီးမစားသီးရေ သီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ(အသီကောင်) တိရစ္ဆာန် ဥဘတောဗျည်းကို။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ အများအားဖြင့်ကခွီးစားပြီးရေ (အသီကောင်) တိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်းဧ့ အထံသို့ ယူဆောင်ပြီးကေ ဝစ္စမဂ်နန့်ပဿာဝမဂ်နန့် မုခမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည် ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ လူပဏ္ဍုက်ကို နတ်ပဏ္ဍုက်ကို တိရစ္ဆာန်ပဏ္ဍုက်ကို ရဟန်းဧ့ အထံသို့ခေါ်ဆောင်ပြီးကေ ဝစ္စမဂ်နန့် မုခမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာသာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေတိရစ္ဆာန်ပဏ္ဍုက်ကို သီပြီးကေခွီးမစားသီးရေသီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ'စိကေ စားပြီးရေ' (အသီကောင်) တိရစ္ဆာန်ပဏ္ဍုက်ကို။ပ။ ပါရာဇိက အာပတ်သင့်ဧ့။ သီပြီးကေ အများအားဖြင့်က ခွီးစားပြီးရေ (အသီကောင်) တိရစ္ဆာန်ပဏ္ဍုက်ကို ရဟန်းဧ့ အထံသို့ ယူဆောင်ပြီးကေဝစ္စမဂ်နန့် မုခမဂ်နန့် (ရဟန်းဧ့) အင်္ဂါ ဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲ ခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
၆၀။ ရန်သူရဟန်းရို့စွာ လူယောက်ျားကို နတ်ယောက်ျားကို တိရစ္ဆာန်ယောက်ျားကို ရဟန်းဧ့အထံသို့ ခေါ်ဆောင်ပြီးကေ ဝစ္စမဂ်နန့် မုခမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲ ခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာသာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေတိရစ္ဆာန်ယောက်ျားကို သီပြီးကေခွီးမစားသီးရေ သီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ'စိကေ စားပြီးရေ' (အသီကောင်) တိရစ္ဆာန်ယောက်ျားကို။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေအများအားဖြင့်က ခွီးစားပြီးရေ (အသီကောင်) တိရစ္ဆာန်ယောက်ျားကို ရဟန်းဧ့ အထံသို့ ယူဆောင်ပြီးကေ ဝစ္စမဂ်နန့် မုခမဂ်နန့် (ရဟန်းဧ့) အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
၆၁။ ရန်သူရဟန်းရို့စွာ လူမိမကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ အနှီးဝတ်ခံရေ မိမဧ့ဝစ္စမဂ်နန့် ပဿာဝမဂ်နန့် မုခမဂ်နန့် အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မခံရေ မိမဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်ခံရေ မိမဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်မခံရေ မိမဧ့နန့်
အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲ ခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေ လူ မိမကို သီပြီးကေခွီးမစားသီးရေသီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ(အသီကောင်) လူမိမကို။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ အများအားဖြင့်က ခွီးစားပြီးရေ (အသီကောင်) လူမိမကို ရဟန်းဧ့ အထံသို့ ယူဆောင်ပြီးကေ အနှီးဝတ်ခံရေ မိမဧ့ ဝစ္စမဂ်နန့်ပဿာဝမဂ်နန့် မုခမဂ်နန့် အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မခံရေ မိမဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်ခံရေ မိမဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်မခံရေ မိမဧ့နန့်
အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ နတ်မိမကို တိရစ္ဆာန်မိမကို လူဥဘတောဗျည်းကို နတ်ဥဘတောဗျည်းကိုတိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်းဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ အနှီးဝတ်ခံရေ တိရစ္ဆာန်ဥဘတောဗျည်းဧ့ဝစ္စမဂ်နန့် ပဿာဝမဂ်နန့် မုခမဂ်နန့် အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မခံရေ တိရစ္ဆာန်ဥဘတောဗျည်းဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်ခံရေ တိရစ္ဆာန်ဥဘတောဗျည်းဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်မခံရေ တိရစ္ဆာန်ဥဘတောဗျည်းဧ့နန့်
အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲ ခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေ တိရစ္ဆာန်ဥဘတောဗျည်းကို သီပြီးကေခွီးမစားသီးရေသီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ(အသီကောင်) တိရစ္ဆာန်ဥဘတောဗျည်းကို။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ အများအားဖြင့်ကခွီးစားပြီးရေ (အသီကောင်) တိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်းဧ့ အထံသို့ ယူဆောင်ပြီးကေ အနှီးဝတ်ခံရေ တိရစ္ဆာန်ဥဘတောဗျည်းဧ့ ဝစ္စမဂ်နန့် ပဿာဝမဂ်နန့် မုခမဂ်နန့် အနှီးဝတ်မပတ်ရေ ရဟန်းဧ့အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မခံရေ တိရစ္ဆာန်ဥဘတောဗျည်းဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်ခံရေ တိရစ္ဆာန်ဥဘတောဗျည်းဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်မခံရေ တိရစ္ဆာန်ဥဘတောဗျည်းဧ့နန့်
အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲ ခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
၆၂။ ရန်သူရဟန်းရို့စွာ လူပဏ္ဍုက်ကို နတ်ပဏ္ဍုက်ကို တိရစ္ဆာန်ပဏ္ဍုက်ကို လူယောက်ျားကိုနတ်ယောက်ျားကို တိရစ္ဆာန်ယောက်ျားကို ရဟန်းဧ့ အထံသို့ ယူဆောင်ပြီးကေ အနှီးဝတ်ခံရေ တိရစ္ဆာန်ယောက်ျားဧ့ ဝစ္စမဂ်နန့် မုခမဂ်နန့် အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မခံရေ တိရစ္ဆာန်ယောက်ျားဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်ခံရေ တိရစ္ဆာန်ယောက်ျားဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်မခံရေ တိရစ္ဆာန်ယောက်ျားဧ့နန့်
အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲ ခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေတိရစ္ဆာန်ယောက်ျားကို သီပြီးကေခွီးမစားသီးရေသီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ(အသီ ကောင်) တိရစ္ဆာန်ယောက်ျားကို။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ အများအားဖြင့်ကခွီးစားပြီး ရေ (အသီကောင်) တိရစ္ဆာန်ယောက်ျားကို ရဟန်းဧ့ အထံသို့ ယူဆောင်ပြီးကေအနှီးဝတ်ခံရေ တိရစ္ဆာန် ယောက်ျားဧ့ ဝစ္စမဂ်နန့် မုခမဂ်နန့် အနှီးဝတ်မပတ်ရေ ရဟန်းဧ့အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မခံရေ တိရစ္ဆာန်ယောက်ျားဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်ခံရေ တိရစ္ဆာန်ယောက်ျားဧ့နန့်
အနှီးဝတ်ပတ်ရေ ရဟန်းဧ့ကို
အနှီးဝတ်မခံရေ တိရစ္ဆာန်ယောက်ျားဧ့နန့်
အနှီးဝတ်မပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲ ခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
၆၃။ ရန်သူရဟန်းရို့စွာ ရဟန်းကို လူမိမဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ (ရဟန်းဧ့) အင်္ဂါဇာတ်နန့်ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိက အာပတ်သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ ရဟန်းကို နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေလူမိမဧ့ အထံသို့ သီပြီးကေခွီးမစားသီးရေသီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ(အသီကောင်) လူမိမဧ့ အထံသို့။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ အများအားဖြင့်က ခွီးစားပြီးရေ (အသီကောင်) လူမိမဧ့အထံသို့ ခေါ်ဆောင်ပြီးကေ (ရဟန်းဧ့) အင်္ဂါဇာတ်နန့် ဝစ္စမဂ်ကိုပဿာဝ မဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာသာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ ရဟန်းကို နတ်မိမဧ့ တိရစ္ဆာန်မိမဧ့ လူဥဘတောဗျည်းဧ့ နတ်ဥဘတောဗျည်းဧ့ တိရစ္ဆာန်ဥဘတောဗျည်းဧ့ လူပဏ္ဍုက်ဧ့ နတ်ပဏ္ဍုက်ဧ့ တိရစ္ဆာန်ပဏ္ဍုက်ဧ့ လူယောက်ျားဧ့ နတ်ယောက်ျားဧ့ တိရစ္ဆာန်ယောက်ျားဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ (ရဟန်းဧ့) အင်္ဂါဇာတ်နန့်ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာသာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ပါရာဇိကအာပတ်သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ ရဟန်းကို နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေ တိရစ္ဆာန်ယောက်ျားဧ့ အထံသို့ သီပြီးကေခွီးမစားသီးရေသီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ(အသီကောင်) တိရစ္ဆာန်ယောက်ျားဧ့ အထံသို့။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ အများအားဖြင့်က ခွီးစားပြီးရေ (အသီကောင်) တိရစ္ဆာန်ယောက်ျားဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ (ရဟန်းဧ့) အင်္ဂါဇာတ်နန့် ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာသာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲခဏမာ သာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
၆၄။ ရန်သူရဟန်းရို့စွာ ရဟန်းကို လူမိမဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ အနှီးဝတ်ပတ်ရေ ရဟန်းဧ့အင်္ဂါဇာတ်နန့် အနှီးဝတ်မခံရေ မိမဧ့ ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်ခံရေ မိမဧ့ကို
အနှီးဝတ်ပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်ခံရေ မိမဧ့ကို
အနှီးဝတ်မပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်မခံရေ မိမဧ့ ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲ ခဏမာသာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ ရဟန်းကို နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေ မိန့်လျော့ရေလူမိမဧ့ အထံသို့ သီပြီးကေခွီးမစားသီးရေသီပြီးကေ အများအားဖြင့်ကခွီးမစားသီးရေ(အသီကောင်) လူမိမဧ့ အထံသို့။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ များရေ အားနန့် ခွီးစားပြီးရေ (အသီကောင်) လူမိမဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ အနှီးဝတ်ပတ်ရေ ရဟန်းဧ့အင်္ဂါဇာတ်နန့် အနှီးဝတ်မခံရေ မိမဧ့ ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်ခံရေ မိမဧ့ကို
အနှီးဝတ်ပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်ခံရေ မိမဧ့ကို
အနှီးဝတ်မပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်မခံရေ မိမဧ့ ဝစ္စမဂ်ကို ပဿာဝမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲ ခဏမာသာယာအံ့၊ ထုလ္ထစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းရို့စွာ ရဟန်းကို နတ်မိမဧ့ တိရစ္ဆာန်မိမဧ့ လူဥဘတောဗျည်းဧ့ နတ်ဥဘတောဗျည်းဧ့ တိရစ္ဆာန်ဥဘတောဗျည်းဧ့ လူပဏ္ဍုက်ဧ့ နတ်ပဏ္ဍုက်ဧ့ တိရစ္ဆာန်ပဏ္ဍုက်ဧ့ လူယောက်ျားဧ့ နတ်ယောက်ျားဧ့ တိရစ္ဆာန်ယောက်ျားဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ အနှီးဝတ်ပတ်ရေရဟန်းဧ့ အင်္ဂါဇာတ်နန့် အနှီးဝတ်မခံရေ တိရစ္ဆာန်ယောက်ျားဧ့ ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်ခံရေ တိရစ္ဆာန်ယောက်ျားဧ့ကို
အနှီးဝတ်ပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်ခံရေ တိရစ္ဆာန်ယောက်ျားဧ့ကို
အနှီးဝတ်မပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်မခံရေ တိရစ္ဆာန်ယောက်ျားဧ့ ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲ ခဏမာသာယာအံ့၊ ပါရာဇိကအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
၆၅။ ရန်သူရဟန်းရို့စွာ ရဟန်းကို နိုးကြားရေ အိပ်ပျော်ရေ မူးယစ်ရေ ရူးရေမိန့်လျော့ရေ တိရစ္ဆာန်ယောက်ျားဧ့ အထံသို့ သီပြီးကေခွီးမစားသီးရေသီပြီးကေ အများအားဖြင့်ကခမစားသီးရေ (အသီကောင်) တိရစ္ဆာန်ယောက်ျားဧ့ အထံသို့။ပ။ ပါရာဇိကအာပတ် သင့်ဧ့။ သီပြီးကေ အများအားဖြင့်က ခွီးစားပြီးရေ (အသီကောင်) တိရစ္ဆာန်ယောက်ျားဧ့ အထံသို့ ခေါ်ဆောင်ပြီးကေ အနှီးဝတ်ပတ်ရေ ရဟန်းဧ့ အင်္ဂါဇာတ်နန့် အနှီးဝတ်မခံရေ တိရစ္ဆာန်ယောက်ျားဧ့ ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။
အနှီးဝတ်မပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်ခံရေ တိရစ္ဆာန်ယောက်ျားဧ့ကို
အနှီးဝတ်ပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်ခံရေ တိရစ္ဆာန်ယောက်ျားဧ့ကို
အနှီးဝတ်မပတ်ရေ ရဟန်းဧ့နန့်
အနှီးဝတ်မခံရေ တိရစ္ဆာန်ယောက်ျားဧ့ ဝစ္စမဂ်ကို မုခမဂ်ကို စပ်ယှက်စီကုန်ဧ့။ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာအံ့၊ ဝင်ဆဲခဏမာ သာယာအံ့၊ တည်ဆဲခဏမာ သာယာအံ့၊ နုတ်ဆဲ ခဏမာသာယာအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။ပ။ မသာယာအံ့၊ အာပတ် မသင့်။
ရန်သူရဟန်းတိကို အကျယ်ချဲ့ပြီးကေ ဆိုအပ်ကုန်သပိုင်၊ ဒေအတူ ရန်ယင်းတိုင်သှျင်မင်း ရန်သခိုးသူ ရန်သူအပျော်ကက်ူးသမား ရန်သူဒမြ လူဆိုးတိကိုလည်း အကျယ်ချဲ့ပြီးကေ ဆိုအပ်ကုန်ဧ့၊ (ဒေမာကား) အကျိုင်းချုပ်ပြီးကေ မြှုပ်လိုက်ပြီ။
၆၆။ မဂ် 'မဂ်' တစ်ခုနန့် မဂ် 'မဂ်' တစ်ခုသို့ သွင်းအံ့၊ ပါရာဇိကအာပတ် သင့်ဧ့၊ မဂ် 'မဂ်' နန့် မဂ် မဟုတ်ရာ (အမာဝ အစဟိစွဦ) သို့ သွင်းအံ့ ပါရာဇိကအာပတ်သင့်ဧ့၊ မဂ် မဟုတ်ရာ (အမာဝအစဟိစွာ) နန့် မဂ် 'မဂ်' သို့ သွင်းအံ့၊ ပါရာဇိကအာပတ်သင့်ဧ့၊ မဂ် မဟုတ်ရာ (အမာဝ အစဟိစွာ) နန့် မဂ် မဟုတ်ရာ (အမာဝ အစဟိစွာ) သို့ သွင်းအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်ဧ့။
ရဟန်းစွာ အိပ်ပျော်ရေ ရဟန်းမာ ဖောက်လွဲဖောက်ပြန် လုပ်ကျင့်ဧ့၊ နိုးရေ ရဟန်းစွာ သာယာဧ့၊ နှစ်ဦးလုံးကို ဖျက်ဆီးအပ်ကုန်ဧ့၊ နိုးရေ ရဟန်းစွာ မသာယာ၊ ပြစ်မှားရေ ရဟန်းကိုဖျက်ဆီးအပ်ဧ့၊ ရဟန်းစွာ အိပ်ပျော်ရေ မောင်သျှင်မာ ဖောက်လွဲဖောက်ပြန် လုပ်ကျင့်ဧ့၊ နိုးရေမောင်သျှင်စွာ သာယာဧ့၊ နှစ်ဦးလုံးကို ဖျက်ဆီးအပ်ကုန်ဧ့၊ နိုးရေ မောင်သျှင်စွာ မသာယာ၊ ပြစ်မှားရေ ရဟန်းကို ဖျက်ဆီးအပ်ဧ့၊ မောင်သျှင်စွာ အိပ်ပျော်ရေ ရဟန်းမာ ဖောက်လွဲဖောက်ပြန်လုပ်ကျင့်ဧ့၊ နိုးရေ ရဟန်းစွာ သာယာဧ့၊ နှစ်ဦးလုံးကို ဖျက်ဆီးအပ်ကုန်ဧ့၊ နိုးရေ ရဟန်းစွာ မသာယာ၊ ပြစ်မှားရေ မောင်သျှင်ကို ဖျက်ဆီးအပ်ဧ့၊ မောင်သျှင်စွာ အိပ်ပျော်ရေ မောင်သျှင်မာဖောက်လွဲဖောက်ပြန် လုပ်ကျင့်ဧ့၊ နိုးရေ မောင်သျှင်စွာ သာယာဧ့၊ နှစ်ဦးလုံးကို ဖျက်ဆီးအပ်ကုန်ဧ့၊ နိုးရေ မောင်သျှင်စွာ မသာယာ၊ ပြစ်မှားရေ မောင်သျှင်ကို ဖျက်ဆီးအပ်ဧ့၊
မသိရေ ရဟန်း၊ မသာယာရေ ရဟန်း၊ (သီးခြီပျက်ပြီးကေ) ရူးရေ ရဟန်း၊ (ဘီလူးဖမ်းပြီးကေ) စိတ်ပျံ့လွင့်ရေ ရဟန်း၊ ဝေဒနာဖိစီးရေ ရဟန်း၊ အစလက်ဦး လွန်ကျူးရေ ရဟန်းအား အာပတ်မသင့်။
အနှီးဝတ်အကြောင်း ပြဆိုရာ ရခိုင်ဘာသာပြန် ပြီးပါဗျာလ်။
၁။ ဆရာငါးပါး= ၁- သျှင်လုပ်ပီးရေဆရာ၊ ၂- ပဉ္စင်းခံပီးရေဆရာ၊ ၃- မှီရာနိဿရည်းဆရာ၊ ၄- စာပီပို့ချပီးရေဆရာ၊ ၅- အဆုံးအမ ဩဝါဒပီးရေဆရာ။
၂။ ဝစ္စမဂ်= ကျင်ကြီးစွန့်ရာအပေါက်၊
၃။ ပဿာဝမဂ်= ကျင်ငယ်စွန့်ရာအပေါက်၊
၄။ မုခမဂ်= ပဇာ့ပေါက်၊
ဝိနီတဝထု၁ ခေါင်းစိုင် မာတိကာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မျောက်မဝထု၊ ဝဇ္ဇီတိုင်းသား ရဟန်းများဝထု၊ လူ့အသွင်နန့် ကျူးလွန်ရေရဟန်းဝထု၊ အဝတ်မဝတ်ဘဲ ကျူးလွန်ရေရဟန်းဝထု၊ တိတ္ထိအသွင်နန့် ကျူးလွန်ရေရဟန်းများဝထု၊ သူငယ်မဝထု၊ ဥပ္ပလဝဏ်ထေရီဝထု၊ လိင်ပြန်သူ နှစ်ပါးဝထု။
အမိ သမီး နှမ မယားဝထုတိ၊ နောက်ကုန်းပျော့ရေရဟန်းဝထု၊ လိင်ရှည်ရေရဟန်းဝထု၊ အိုင်းအမာကို မှီဝဲရေရဟန်းဝထုနှစ်ခု၊ ပဂျီရုပ်ဝထု၊ သစ်သားရုပ် ဝထု။
သုန္ဒရဝထု၊ ရဟန်းလေးဦးဝထု၊ သင်းချိုင်းမာ ငါးဝထု၊ အရိုးစုဝထု၊ နဂါးမဝထု၊ ဘီလူးမဝထု၊ ပြိတ္တာမဝထု၊ ပဏ္ဍုက်ဝထု၊ ကာယပသာဒပျက်သူဝထု၊ ရို့ထိရေရဟန်းဝထု။
ဘဒ္ဒိယမြို့မာ အိပ်ပျော်ရေရဟန္တာဝထု၊ သာဝတ္ထိမြို့မာ ရဟန်းလေးပါးဝထု၊ ဝေသာလီမြို့မာရဟန်းသုံးပါးဝထု၊ ပန်းပူဇော်သူဝထု၊ အိပ်မက်မက်ေရေ ဘာရု ကစ္ဆကရဟန်းဝထု။ သုပဗ္ဗ္ဗာဝထု၊ သဒ္ဓါဝထု၊ ရဟန်းမိမဝထု၊ သိက္ခမာန်ဝထု၊ မောင်သျှင်မဝထု၊ ပြီ့တန်ဆာမဝထု၊ ပဏ္ဍုက်ဝထု၊ လူမိမဝထု၊ အချင်းချင်းမှီဝဲရေရဟန်းဝထု၊ ရဟန်းကြီးဝထု၊ သမင်မငယ်ဝထု။ ဒေကား မာတိကာခေါင်းစိုင်တဲး။
၁။ မြတ်စွာဘုရားကိုယ်တော်တိုင် မီးမြန်းစိစစ်ပြီးကေ ဆုံးဖြတ်အပ်တေဝတ္တု။
ဝိနီတ ဝထု ဖြတ်ထုံးများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၇။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မျောက်မမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ မြတ်စွာဘုရားစွာ သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီးဖြစ်ဧ့၊ ငါစွာ ပါရာဇိက ကျလီရာလောလို့ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၁)
အယင်ခေါက်ကခါ ဝေသာလီမြို့နိန် ဝဇ္ဇီတိုင်းသား ရဟန်းအများကြီးရို့စွာ သိက္ခာမချ၊ အားလဲမှုကိုထင်ယှားစွာ မလုပ်ကုန်မူပြီးကေ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲကုန်ဧ့၊ မြတ်စွာဘုရားစွာ သိက္ခာပုဒ်တော်ကိုပညတ်တော်မူပြီးဖြစ်ဧ့၊ ငရို့စွာ ပါရာဇိက ကျကုန်လေရာလောလို့ ထိုရဟန်းရို့အား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကုန်ဧ့။ပ။ ရဟန်းရို့ သင်ရို့စွာ ပါရာဇိက ကျကုန်ပြီလို့ (မိန့်တော်မူဧ့)။ (၂)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အေပိုင် လုပ်ကေ ငါ့အား အာပတ်သင့်ဖို့ မဟုတ်လို့(ကြံစည်ပြီးကေ) လူ့အသွင်နန့် မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ မြတ်စွာဘုရားစွာ သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး ဖြစ်ဧ့၊ ငါစွာ ပါရာဇိက ကျလေရာလောလို့ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိကကျရာလို့ (မိန့်တော်မူဧ့)။ (၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အေပိုင် လုပ်ကေ ငါ့အား အာပတ်သင့်ဖို့ မဟုတ်လို့အဝတ်မဆီး အချည်းနှီး 'ကိုယ်တုံးလုံး' လုပ်ပနာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယ ကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အေပိုင် လုပ်ကေ ငါ့အား အာပတ်သင့်ဖို့ မဟုတ်လို့သမန်းမြက်သင်္ကန်းကို ဝတ်ရုံပြီးကေ။ လျှော်တေသင်္ကန်းကို ဝတ်ရုံပြီးကေ။ ပျဉ်ချပ်သင်္ကန်းကို ဝတ်ရုံပြီးကေ။ ဆံပင်နန့် ရက်ရီကမ္ဗလာကို ဝတ်ရုံပြီးကေ။ သားမြီးနန့် ရက်ရီကမ္ဗလာကို ဝတ်ရုံပြီးကေ။ ခင်ပုပ်ငှက်တောင်နန့်ရက်ရီအဝတ်ကို ဝတ်ရုံပြီးကေ။ သစ်နက်ရီကို ဝတ်ရုံပြီးကေ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယ ကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၅-၁၁)
အယင်ခေါက်ကခါ ဆွမ်းခံရဟန်းတစ်ပါးစွာ အင်းပျဉ် 'ခုံရှည်' မာ အိပ်နိန်ရေ သူငယ်မကိုမြင်ပြီးကေတပ်နှစ်သက်ရီစိတ်ဖြစ်ပေါ်လာပြီးကေ ခြီမကို အင်္ဂါဇာတ်ထဲသို့ သွင်းလေရာ ထိုသူငယ်မစွာ သီလေဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၁၂)
၆၈။ အယင်ခေါက်ကခါ လုလင်ပျို တစ်ယောက်စွာ ဥပ္ပလဝဏ်ထေရီမမာ တပ်စွဲရေစိတ် ဖြစ်နိန်ဧ့၊ ထိုလုလင်ပျိုစွာ ဥပ္ပလဝဏ်ထေရီမ ဆွမ်းခံကြွစိုင် ကျောင်းငယ်သို့ ဝင်ပြီးကေ ပုန်းအောင်းနိန်ဧ့၊ ဥပ္ပလဝဏ်ထေရီမစွာ ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ထွက်ခပြီးကေ ခြီဆီးပြီးကေ ကျောင်းငယ်သို့ ဝင်ပြီးကေ ခုတင် 'ညောင်စီာင်း' ငယ်မာ ထိုင်ကားဧ့။ ယင်းခါ ထိုလုလင်ပျို စွာ ဥပ္ပလဝဏ်ထေရီမကို ဖမ်းကိုင်ပြီးကေ ဖျက်ဆီးလေဧ့၊ ဥပ္ပလဝဏ်ထေရီမစွာ ရဟန်းမိမရို့အား ဒေအကြောင်းကို လျှောက်လေဧ့၊ ရဟန်း မိမရို့စွာ ရဟန်းယောက်ျားရို့အား ဒေအကြောင်းကို လျှောက်ကုန်ဧ့၊ ရဟန်းယောက်ျားရို့စွာ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကုန်ဧ့၊ ရဟန်းရို့မသာယာရေရဟန်းမိမအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၁၃)
၆၉။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးအား ဣတ္ထိလိင် 'မိမအသွင်သဏ္ဌာန်' ထင်ယှားဖြစ်လီါ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့၊ ရဟန်းရို့ ရဟန်းမိမရို့နန့် ပေါင်းသင်းနီထိုင်ရန် ထို (ယောက်ျားလက်ထက် ယူရေ) ဥပဇ္ဈာယ်ထို (ယောက်ျားလက်ထက် ခံအပ်တေ) ပဉ္စင်းအဖြစ် ထို (ယောက်ျားလက်ထက်ရွီတွက်အပ်တေ) နှစ် 'ဝါ' တိကိုနိန်ပြီးကေ ခွင့်လွှတ်တော်မူဧ့၊ ရဟန်း ယောက်ျားရို့ဧ့ အကြင်အာပတ်ရို့စွာ ရဟန်းမိမရို့နန့် သက်ဆိုင်ကုန်ဧ့၊ ထိုအာပတ်တိကို ရဟန်းမိမရို့ဧ့အထံမာ ကုစားခြင်းငှါ ခွင့်လွှတ်တော်မူဧ့၊ ရဟန်းယောက်ျားရို့ဧ့ အကြင်အာပတ်ရို့စွာ ရဟန်းမိမရို့နန့် မသက်ဆိုင်ကုန်၊ ထိုအာပတ်ရို့နန့် အာပတ် မသင့်ပေလို့ (မိန့်တော်မူဧ့)။ (၁၄)
အယင်ခေါက်ကခါ ရဟန်းမိမ တစ်ယောက်အား ပုလ္လိင် 'ယောက်ျားအသွင်သဏ္ဌန်' ထင်ယှားဖြစ်လီါ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကုန်ဧ့၊ ရဟန်းရို့ ရဟန်းယောက်ျားရို့နန့်ပေါင်းသင်းနီထိုင်ရန် ထို (မိမလက်ထက်ယူရေ) ဥပဇ္ဈာယ် ထို (မိမလက်ထက် ခံအပ်တေ) ပဉ္စင်းအဖြစ် ထို (မိမလက်ထက် ရွီတွက်အပ်တေ) နှစ် 'ဝါ' တိကိုနိန်ပြီးကေ ခွင့်လွှတ်တော်မူဧ့၊ ရဟန်းမိမရို့ဧ့ အကြင် အာပတ်ရို့စွာ ရဟန်းယောက်ျားရို့နန့် သက်ဆိုင်ကုန်ဧ့၊ ထိုအာပတ်တိကို ရဟန်းယောက်ျားရို့ဧ့ အထံမာ ကုစားခြင်းငှါ ခွင့်လွှတ်တော်မူဧ့၊ ရဟန်းမိမရို့ဧ့ အကြင်အာပတ်ရို့ရေ ရဟန်း ယောက်ျားရို့နန့် မသက်ဆိုင်ကုန်၊ ထိုအာပတ်ရို့နန့် အာပတ် မသင့်ပေလို့ (မိန့်တော်မူဧ့)။ (၁၅)
၇၀။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ အေပိုင်လုပ်ကေ ငါ့အား အာပတ်သင့်ဖို့ မဟုတ်လို့(ကြံစည်ပြီးကေ) အမိမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့။ပ။ သမီးမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့။ပ။ မမ နှမမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ ငါစွာ ပါရာဇိက ကျလေရာလောလို့ ထိုရဟန်းအားတွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားဧ့။ပ။ ရဟန်းသင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၁၆-၁၈)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မယားဟောင်းမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၁၉)
၇၁။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ နူးညံ့ရေကျောက်ကုန်းဟိဧ့၊ ကျောပျော့ဧ့၊ ထိုရဟန်းစွာ မပျော်ပိုက်ခြင်း နှိပ်စက်ရရားကေး ပျင်းရိအနိန်နန့် မိမိဧ့ အင်္ဂါဇာတ်ကို ပဇာ့နန့် စုပ်လီဧ့၊ ထိုရဟန်းအားတွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၂၀)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ရှည်ရေအင်္ဂါဇာတ်ဟိဧ့၊ ထိုရဟန်းစွာ မပျော်ပိုက်ခြင်းနှိပ်စက်ရရားကေး မိမိဧ့ အင်္ဂါဇာတ်ကို မိမိဧ့ ဝစ္စမဂ်သို့ သွင်းလေဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၂၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လူသီကောင်ကို မြင်လေဧ့၊ ထိုလူသီကောင်မာ အင်္ဂါဇာတ်အနီးမှာ အိုင်းအမာအနာ ဟိဧ့၊ ထိုရဟန်းစွာ အေပိုင် လုပ်ကေ ငါ့အား အာပတ်သင့်ဖို့ မဟုတ်လို့(သူသီဧ့) အင်္ဂါဇာတ်မာ (မိမိဧ့) အင်္ဂါဇာတ်ကို သွင်းပြီးကေ အိုင်းအမာအနာမှ ထုတ်ဧ့၊ ထိုရဟန်းအားတွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၂၂)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ လူသီကောင်ကို မြင်လေဧ့၊ ထိုလူသီကောင်မာ အင်္ဂါဇာတ်အနီးတွင် အိုင်းအမာအနာ ဟိဧ့၊ ထိုရဟန်းစွာ အေပိုင် လုပ်ကေ ငါ့အား အာပတ်သင့်ဖို့ မဟုတ်လို့အိုင်းအမာအနာမာ (မိမိဧ့) အင်္ဂါဇာတ်ကို သွင်းပြီးကေ အင်္ဂါဇာတ်မှ ထုတ်ဧ့၊ ထိုရဟန်းအားတွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၂၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ တပ်နှစ်သက်ရီစိတ်ဖြစ်ပေါ်လာပြီးကေ ပဂျီဆီးရီးရုပ်ဧ့ နိမိတ်အင်္ဂါဇာတ်ကို (မိမိ) အင်္ဂါဇာတ်နန့် ရို့လေဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၂၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ တပ်နှစ်သက်ရီစိတ်ဖြစ်ပေါ်လာပြီးကေ သစ်သားယိုင်မင်းရုပ်ဧ့ နိမိတ်အင်္ဂါဇာတ်ကို (မိမိ) အင်္ဂါဇာတ်နန့် ရို့လေဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ'ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၂၅)
၇၂။ အယင်ခေါက်ကခါ ရာဇဂြိုဟ်မြို့မှ ရဟန်းလုပ်ရေသုန္ဒရဖို့ရေ ရဟန်းစွာ ဂါရီလမ်းခရီးနန့် လားဧ့၊ မိမတစ်ယောက်စွာ အသျှင်ဘုရား ခေတ္တ ဆိုင်းငံ့တော်မူပါ၊ ယှိခိုးဦးမေလို့ လျှောက်ထားပြီးကေ ထိုမိမစွာယှိခိုးပနာ သင်းပိုင်ကိုမပြီးကေ ပဇာ့နန့် အင်္ဂါဇာတ်ကို စုပ်လီဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ သာယာရေလောလို့ (မီးတော်မူရာ) မြတ်စွာဘုရား တပည့်တော် မသာယာပါလို့ (လျှောက်ထားဧ့)၊ ရဟန်း မသာယာသူအား အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၂၆)
အယင်ခေါက်ကခါ မိမတစ်ယောက်စွာ ရဟန်းကိုမြင်ပြီးကေ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲတော်မူပါလို့ (လျှောက်ထားဧ့)။ နှမ မသင့်တော်၊ ဒေကိစ္စစွာ မအပ်စပ်လို့ (ပြောဆိုဧ့)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ တပည့်တော်မ အားထုတ်ပါမည်၊ အသျှင်ဘုရား အားမထုတ်ပါကေ့၊ အေပိုင်လုပ်ကေ အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါလို့ (လျှောက်ထားဧ့)။ ထိုရဟန်း စွာ ထိုမိမဆိုတိုင်း လုပ်ဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယ ကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၂၇)
အယင်ခေါက်ကခါ မိမတစ်ယောက်စွာ ရဟန်းကိုမြင်ပြီးကေ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲတော်မူပါလို့ (လျှောက်ထားဧ့)။ နှမ မသင့်တော်၊ ဒေကိစ္စစွာ မအပ်စပ်လို့ (ပြောဆိုဧ့)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ အသျှင်ဘုရား အားထုတ်တော်မူပါ၊ တပည့်တော်မ အားမထုတ်ဘဲ နိန်ပါဖို့၊ အေပိုင်လုပ်ကေ အသျှင်ဘုရားအား အာပတ်သင့်ဖို့ မဟုတ်ပါလို့ (လျှောက်ထားဧ့)။ ထိုရဟန်းစွာ ထို မိမဆိုတိုင်း လုပ်ဧ့၊ ထိုရဟန်းအား တွီးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၂၈)
အယင်ခေါက်ကခါ မိမတစ်ယောက်စွာ ရဟန်းကိုမြင်ပြီးကေ အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲတော်မှုပါလို့ (လျှောက်ထားဧ့)။ နှမ မသင့်တော်၊ ဒေကိစ္စစွာ မအပ်စပ်လို့ (ပြောဆိုဧ့)၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ အတွင်းမာ စီ့ဆော်အားထုတ်ပြီးကေ အပြင်မာ သုက်ကို လွှတ်ပါ။ပ။ အပြင်မာ စီ့ဆော်အားထုတ်ပြီးကေ အတွင်းမာ သုက်ကို လွှတ်ပါ၊ အေပိုင် လုပ်ကေ အသျှင်ဘုရားအား အာပတ်သင့်ဖို့ မဟုတ်ပါလို့ (လျှောက်ထားဧ့)။ ထိုရဟန်းစွာ ထိုမိမဆိုတိုင်း လုပ်ဧ့၊ ထိုရဟန်းအားတွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၂၉-၃၀)
၇၃။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သင်းချိုင်းသို့ လားရာ ခွီးမစားသီးရေ လူသီကောင်ကိုမြင်ပြီးကေ ထိုလူသီကောင်မာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲလီဧ့။ ထိုရဟန်းအား တွီးတော့မှု 'သံသယ ကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၃၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သင်းချိုင်းသို့ လားရာ အများအားဖြင့်က ခွီးမစားသီးရေလူ သီကောင်ကိုမြင်ပြီးကေ ထိုလူသီကောင်မာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲလီဧ့။ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၃၂)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သင်းချိုင်းသို့ လားရာ အများအားဖြင့်က ခွီးစားပြီးရေ လူသီကောင်ကို မြင်ပြီးကေ ထိုလူသီကောင်မာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲလီဧ့။ ထိုရဟန်းအား တွီးတော့မှု 'သံသယကုကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်း အာပတ်သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သင်းချိုင်းသို့ လားရာ အဂေါင်းပြတ်ကို မြင်ပြီးကေ ဟင်းလင်းပွင့်ရေပဇာ့မာ (နံပါးအစောက်ကို) ထိစီပနာ အင်္ဂါဇာတ်ကို သွင်းဧ့။ ထိုရဟန်းအား တွီးတော့မှု 'သံသယကုကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၃၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သင်းချိုင်းသို့ လားရာ အဂေါင်းပြတ်ကို မြင်ပြီးကေ ဟင်းလင်းပွင့်ရေပဇာ့မာ (နံပါးအစောက်ကို) မထိစီမူပြီးကေ အင်္ဂါဇာတ်ကို သွင်းဧ့။ ထိုရဟန်းအား တွီးတော့မှု 'သံသယကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃၅)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမတစ်ယောက်မာ တပ်နှစ်သက်ရီစိတ်ဖြစ်နိန်ဧ့။ ထိုမိမသီပြီးကေ သင်းချိုင်းမာ စွန့်ပစ်ထားရာ အရိုးရို့စွာ ပြန့်ကျဲပြီးကေ နိန်ကုန်ဧ့။ ထိုရဟန်းစွာ သင်းချိုင်းသို့ လားပြီးကေ အရိုးတိကို စုရုံးပြီးကေ နိမိတ်နိန်ရာမာ အင်္ဂါဇာတ်ကို ကျစီဧ့ 'သွင်းဧ့'၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၃၆)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ နဂါးမမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့။ပ။ နတ်မိမမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့။ပ။ ပြိတ္တာမမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့။ပ။ ပဏ္ဍုက်အား (ဝစ္စမဂ် မုခမဂ်မာ) မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲဧ့။ပ။ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၃၇-၄၀)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ကာယပသာဒ ပျက်နိန်ဧ့၊ ထိုရဟန်းစွာ ငါစွာ ကောင်းမကောင်းကို မခံစားနိုင်၊ ငါ့အား အာပတ်သင့်မည် မဟုတ်လို့ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲလီဧ့။ပ။ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကက်ကုန်ဧ့၊ ရဟန်းရို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်တေ ယောက်ျားစွာ ခံစားနိုင်စွာဖြိုက်စီ၊ မခံစားနိုင်စွာဖြိုက်စီ ပါရာဇိကအာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၁)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ မိမမာ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲအံ့လို့ ဟိကာမျှမာ နှလုံးမသာ ဖြစ်ဧ့။ ထိုရဟန်းအား တွီးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ်မသင့်၊ သံဃာဒိသိသ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၄၂)
၇၄။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ဘဒ္ဒိယမြို့ မုလေး 'မြတ်လေး' တောမာ နိန့်သန့်စင်ရာသို့ ကပ်ပနာ လျောင်းစက်နိန်ဧ့၊ ထိုရဟန်းဧ့ အင်္ဂါကြီးငယ်ရို့စွာ လီကြောင့်တောင့်တင်းခိုင်မာကုန်ဧ့၊ မိမတစ်ယောက်စွာ မြင်ပြီးကေ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးကေ အလိုဟိတိုင်း 'သဘောကျ' လုပ်ပနာ ထွက်ခွါလားလီဧ့၊ ရဟန်းရို့စွာ သုက်အလိမ်းလိမ်း ကပ်စွာကို မြင်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားကုန်ဧ့။ ရဟန်းရို့ ရာဂကြောင်ဖြစ်စီ၊ ကျင်ကြီးကြောင့်ဖြစ်စီ၊ ကျင်ငယ်ကြောင့်ဖြစ်စီ၊ လီကြောင့်ဖြစ်စီ၊ သုက်ပိုး 'ဥစ္စာလိင်္ဂပါဏ' ထိုးခြင်းကြောင့်ဖြစ်စီ ဒေအကြောင်းငါးမျိုးရို့ကြောင့် အင်္ဂါဇာတ်စွာ လုပ်ခြင်းငှါ အသင့်ဖြစ်ဧ့ 'တောင့်တင်းခိုင်မာဧ့'။ ရဟန်းရို့ ထို (မုလေးတောမာ အိပ်ပျော်ရေ) ရဟန်းအား ရာဂကြောင့် အင်္ဂါဇာတ်စွာ လုပ်ခြင်းငှါ အသင့်ဖြစ်ဖို့ရန် 'တောင့်တင်းခိုင်မာဖို့' အကြောင်း မဟိနိုင်ပေ၊ ရဟန်းရို့ ထိုရဟန်းစွာ ရဟန္တာပေတဲး၊ ထို ရဟန်းအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၄၃)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သာဝတ္ထိမြို့ အန္ဓဝန်တောမာ နိန့်သန့်စင်ရာသို့ ကပ်ပနာ လျောင်းစက်နိန်ဧ့၊ နွားကျောင်းသမတစ်ယောက်စွာ မြင်ပြီးကေ အင်္ဂါဇာတ်ကို စပ်ယှက်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာဧ့၊ ဝင်ဆဲခဏမာ သာယာဧ့၊ တည်ဆဲခဏမာ သာယာဧ့၊ ထုတ်ဆဲခဏမာ သာယာဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၄၄)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ သာဝတ္ထိမြို့ အန္ဓဝန်တောမာ နိန့်သန့်စင်ရာသို့ ကပ်ပနာ လျောင်းစက်နိန်ဧ့၊ ဆိတ်ကျောင်းသမတစ်ယောက်စွာ မြင်ပြီးကေ။ပ။ ထင်းခွီသမ တစ်ယောက်စွာမြင်ပြီးကေ။ပ။ နွားချီးကောက်သမ တစ်ယောက်စွာ မြင်ပြီးကေ။ပ။ အင်္ဂါဇာတ်ကို စပ်ယှက်ဧ့၊ ထိုရဟန်းစွာ သွင်းဆဲခဏမာ သာယာဧ့၊ ဝင်ဆဲခဏမာ သာယာဧ့၊ တည်ဆဲခဏမာ သာယာဧ့၊ နုတ်ဆဲခဏမာသာယာဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိကကျရာလို့ (မိန့်တော်မူဧ့)။ (၄၅-၄၇)
၇၅။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ဝေသာလီမြို့ မစွာဝုန်တောမာ နိန့်သန့်စင်ရာသို့ ကပ်ပနာ လျောင်းစက်နိန်ဧ့၊ မိမတစ်ယောက်စွာ မြင်ပြီးကေ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးကေ အလိုဟိတိုင်း 'သဘောကျ' လုပ်ပနာ အနီးမာ ရယ်မောပနာ ရပ်နိန်ဧ့၊ ထိုရဟန်းစွာ နိုးပြီးကေ ထိုမိမအား-
ဒေအမှုစွာ သင့်အမှုလောလို့ (မီးရေအခါ)
မှန်ပါရေ၊ တပည့်တော်မ အမှုပါလို့ (လျှောက်ဧ့)။
ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ သာယာရေလောလို့ (မီးတော်မူရာ) -
မြတ်စွာဘုရား တပည့်တော် မသိရပါလို့ (လျှောက်ထားဧ့)။
ရဟန်း မသိသူအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၄၈)
၇၆။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ဝေသာလီမြို့ မဟာဝုန်တောမာ နိန့်သန့်စင်ရာသို့ ကပ်ပနာ သစ်ပင်ကို မှီပြီးကေ ကျိန်းစက်နိန်ဧ့၊ မိမတစ်ယောက်စွာ မြင်ပြီးကေ အင်္ဂါဇာတ်ကို စပ်ယှက်ဧ့၊ ထိုရဟန်းစွာ အလျင်အရင် ထလေဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း သင်စွာ သာယာ ရာလောလို့ (မီးတော်မူရာ) -
မြတ်စွာဘုရား တပည့်တော် မသာယာပါလို့ (လျှောက်ထားဧ့)။
ရဟန်း မသာယာသူအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၄၉)
အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ဝေသာလီမြို့ မစွာဝုန်တောမာ နိန့်သန့်စင်ရာသို့ ကပ်ပနာ သစ်ပင်ကို မှီပြီးကေ ကျိန်းစက်နိန်ဧ့၊ မိမတစ်ယောက်စွာ မြင်ပြီးကေ အင်္ဂါဇာတ်ကို စပ်ယှက်ဧ့၊ ထိုရဟန်းစွာ ခြီနန့် ကန်ပြီးကေ လဲစီဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်လေဧ့။ပ။ ရဟန်းသင်စွာ သာယာရေလောလို့ (မီးတော်မူရာ) -
မြတ်စွာဘုရား တပည့်တော် မသာယာပါလို့ (လျှောက်ထားဧ့)။
ရဟန်း မသာယာသူအား အာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၅၀)
၇၇။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ ဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်တေကျောင်းကြီးမာ နိန့်သန့်စင်ရာသို့ ကပ်ပနာ တန်းခါးကို ဖွင့်ပြီးကေ လျောင်းစက်နိန်ဧ့၊ ထိုရဟန်းဧ့ အင်္ဂါကြီးငယ်ရို့စွာ လီကြောင့် တောင့်တင်းခိုင်မာကုန်ဧ့၊ ယင်းခါ ကျောင်းကြေ့လာရေမိမရို့စွာ ပန်း နံ့သာကို ယူဆောင်ပနာ အရံတွင်းသို့ ဝင်လာကုန်ဧ့၊ ယင်းခါ ထိုမိမရို့စွာ ထိုရဟန်းကိုမြင်ပြီးကေ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျင် အလိုဟိတိုင်း 'သဘောကျ' လုပ်ကတ်ပြီးကေ ဒေရဟန်းကား ယောက်ျားမြတ် အာဇာနည်ပေတကားလို့ ပြောကတ်ရားနောက် ပန်းနံ့သာကို တင်ပြီးကေ ထွက်လားကုန်ဧ့၊ ရဟန်းရို့စွာ သုက်အလိမ်းလိမ်း ကပ်စွာကို မြင်ပြီးကေ မြတ်စွာဘုရားအားဒေအကြောင်းကို လျှောက်ကုန်ဧ့။ ရဟန်းရို့ ရာဂကြောင့်ဖြစ်စီ၊ ကျင်ကြီးကြောင့်ဖြစ်စီ၊ ကျင်ငယ်ကြောင့်ဖြစ်စီ၊ လီကြောင့် ဖြစ်စီ၊ သုက်ပိုး 'ဥစ္စာလိင်္ဂပါဏ' ထိုးခြင်းကြောင့်ဖြစ်စီ ဒေအကြောင်း ငါးမျိုးရို့ကြောင့် အင်္ဂါဇာတ်စွာ လုပ်ခြင်းငှါ အသင့်ဖြစ်ဧ့ 'တောင့်တင်းခိုင်မာဧ့'။ ရဟန်းရို့ ထို (တန်းခါးဖွင့်ပြီးကေကျိန်းစက်ရေ) ရဟန်းအား ရာဂကြောင့် အင်္ဂါဇာတ်စွာ လုပ်ခြင်းငှါ အသင့်ဖြစ်ဖို့ရန် 'တောင့်တင်းခိုင်မာဖို့' အကြောင်း မဟိနိုင်ပေ၊ ရဟန်းရို့ ထိုရဟန်းစွာ ရဟန္တာပေတဲး၊ ထိုရဟန်းအား အာပတ်မသင့်၊ ရဟန်းရို့ နိန့်အခါကျိန်းစက်တေရဟန်းစွာ တန်းခါးကိုပိတ်ပြီးကေ ကျိန်းစက်ခြင်းငှါ ခွင့်ပြုတော်မူဧ့လို့ (မိန့်တော်မူဧ့)။ (၅၁)
၇၈။ အယင်ခေါက်ကခါ ဘာရုကစ္ဆက ဖောင်တော်နိန် ရဟန်းတစ်ပါးစွာ အိပ်မက်ထဲမာ မယားဟောင်းအား မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲပြီးကေ ငါစွာ ရဟန်းမဟုတ်တော့ပြီ၊ လူထွက်ဖို့ယာလို့ ဘာရုကစ္ဆက ဖောင်တော်သို့ လားလတ်ကေ လမ်းခရီး အကြားမာ အသျှင်ဥပါလိနန့်တွိ့ပြီးကေ ဒေအကြောင်းကို လျှောက်ထားဧ့၊ အသျှင်ဥပါလိက ငါ့သျှင် အိပ်မက်နန့် အာပတ်မသင့်လို့ (မိန့်တော်မူဧ့)။ (၅၂)
အယင်ခေါက်ကခါ ရာဇဂြိုဟ်မြို့မာ သုပဗ္ဗာခေါ် ဥပါသိကာမ 'သီတင်းသည်မ' စွာ အကျိုးမဟိရာမာ ကြည်ညိုတတ်ဧ့၊ ထိုဥပါသိကာမစွာ မေထုန်အကျင့်ကို လှူရေမိမစွာ မြတ်ရေအလှူကို ပီးလှူစွာ မည်ဧ့လို့ အယူဟိလေဧ့၊ ထိုဥပါသိကာမ 'သီတင်းသည်မ' စွာ ရဟန်းကိုမြင်ပြီးကေ-
'အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲတော်မူပါ'လို့ (လျှောက်ထားဧ့)။
နှမ မသင့်တော်၊ ဒေကိစ္စစွာ မအပ်စပ်လို့ (ပြောဆိုဧ့)။
အသျှင်ဘုရား ကြွလာတော်မူပါ၊ ပေါင်ကြားမာ စီ့ဆော် အားထုတ်တော်မူပါ၊ အေပိုင် လုပ်ကေ အသျှင်ဘုရားအား အာပတ်သင့်ဖို့ မဟုတ်ပါ။ပ။ ချက်မာ။ပ။ ဝမ်းပျဉ်းမာ။ပ။ လက်ကတီးကြား'လက်ကတိ'မာ။ပ။ လည်မာ။ပ။ နားပေါက်မာ။ပ။ ဆံထုံးခွေမာ။ပ။ လက်ချောင်းကြားမာ စီ့ဆော် အားထုတ်တော်မူပါ၊ အသျှင်ဘုရား ကြွလာတော်မူပါ၊ လက်နန့် လုံ့လလုပ်ပနာ သုက်လွတ်စီပါဖို့၊ အေပိုင်လုပ်ကေ အသျှင်ဘုရားအား အာပတ်သင့်ဖို့ မဟုတ်ပါလို့ လျှောက်ဧ့၊ ထိုရဟန်းစွာ ထိုဥပါသိကာမ ဆိုတိုင်းလုပ်ဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုကု္ကစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ် သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၅၃-၆၁)
၇၉။ အယင်ခေါက်ကခါ သာဝတ္ထိမြို့မာ သဒ္ဓါခေါ် ဥပါသိကာမ 'သီတင်းသည်မ' စွာ အကျိုးမဟိရာမာ ကြည်ညိုတတ်ဧ့၊ ထိုဥပါသိကာမစွာ 'မေထုန်အကျင့်ကို လှူရေမိမစွာ မြတ်ရေ အလှူကို ပီးလှူစွာ မည်ဧ့'လို့ အယူဟိလေဧ့၊ ထိုဥပါသိကာမ 'သီတင်းစွာမ' စွာ ရဟန်းကိုမြင်ပြီးကေ-
'အသျှင်ဘုရား ကြွလာတော်မူပါ၊ မေထုန်အကျင့်ကို (လုပ်ကျင့်) မှီဝဲတော်မူပါ'လို့ (လျှောက်ထားဧ့။)
နှမ မသင့်တော်၊ ဒေကိစ္စစွာ မအပ်စပ်လို့ (ပြောဆိုဧ့)။
အသျှင်ဘုရား ကြွလာတော်မူပါ၊ ပေါင်ကြားမာ စီ့ဆော်အားထုတ်တော်မူပါ။ပ။ အသျှင်ဘုရား ကြွလာတော်မူပါ၊ လက်နန့် လုံ့လလုပ်ပနာ သုက်လွတ်စီပါဖို့၊ အေပိုင် လုပ်ကေ အသျှင်ဘုရားအား အာပတ်သင့်မည် မဟုတ်ပါလို့ လျှောက်ဧ့၊ ထိုရဟန်းစွာ ထိုဥပါသိကာမဆိုတိုင်း လုပ်ဧ့၊ ထိုရဟန်းအားတွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ်သင့်ဧ့လို့ (မိန့်တော်မူဧ့)။ (၆၂-၇၀)
၈၀။ အယင်ခေါက်ကခါ ဝေသာလီမြို့မာ လိစ္ဆဝီမင်းသားငယ်ရို့စွာ ရဟန်းကို ဖမ်းပြီးကေ ရဟန်းမိမမာ ဖောက်လွှဲဖောက်ပြန် 'မတော်မလျော်' လုပ်ကျင့်စီကုန်ဧ့၊ သိက္ခမာန်မမာ ဖောက်လွဲဖောက်ပြန် လုပ်ကျင့်စီကုန်ဧ့၊ မောင်သျှင်မမာ ဖောက်လွှဲဖောက်ပြန် လုပ်ကျင့်စီကုန်ဧ့၊ နှစ်ဦးလုံး သာယာကုန်အံ့၊ နှစ်ဦးလုံးတိကို ဖျက်ဆီးအပ်ကုန်ဧ့၊ နှစ်ဦးလုံး မသာယာကုန်အံ့၊ နှစ်ဦးလုံး အာပတ် မသင့်ကုန်။ (၇၃-၇၆)
၈၁။ အယင်ခေါက်ကခါ ဝေသာလီမြို့မာ လိစ္ဆဝီမင်းသားငယ်ရို့စွာ ရဟန်းကို ဖမ်းပြီးကေ ပြည့်တန်ဆာမမာ ဖောက်လွှဲဖောက်ပြန် 'မတော်မလျော်' လုပ်ကျင့်စီကုန်ဧ့၊ ပဏ္ဍုက်မာ ဖောက်လွှဲဖောက်ပြန် လုပ်ကျင့်စီကုန်ဧ့၊ လူမိမမာ ဖောက်လွှဲဖောက်ပြန် လုပ်ကျင့်စီကုန်ဧ့၊ ရဟန်းစွာ သာယာအံ့၊ ရဟန်းကိုဖျက်ဆီးအပ်ဧ့၊ ရဟန်းစွာ မသာယာအံ့၊ ရဟန်းအား အာပတ် မသင့်။ (၇၇-၈၂)
အယင်ခေါက်ကခါ ဝေသာလီမြို့မာ လိစ္ဆဝီမင်းသားငယ်ရို့စွာ ရဟန်းကို ဖမ်းပြီးကေ အချင်းချင်း ဖောက်လွှဲဖောက်ပြန် လုပ်ကျင့်စီကုန်ဧ့၊ နှစ်ဦးလုံး သာယာကုန်အံ့၊ နှစ်ဦးလုံးတိကို ဖျက်ဆီးအပ်ကုန်ဧ့၊ နှစ်ဦးလုံးမသာယာကုန်အံ့၊ နှစ်ဦးလုံး အာပတ် မသင့်ကုန်။ (၈၃-၈၄)
၈၂။ အယင်ခေါက်ကခါ ရဟန်းကြီး (ကြီးမှ ရဟန်းလုပ်သူ) တစ်ပါးစွာ မယားဟောင်းကို ကက်ည့်ရှုရန် လားလီဧ့၊ ထိုမိမစွာ 'အသျှင်ဘုရား ကြွလာတော်မူပါ၊ လူထွက်တော်မူပါ'လို့ ပြောပြီးကေ ဖမ်းထားလေဧ့၊ ထိုရဟန်းစွာ နောက်ပြန်ဆုတ်ရာ ထလန်းဂါးလန်ပြီးကေ လဲကျလီဧ့၊ ထိုမိမစွာ အဝတ်ကိုပင့်ပြီးကေ အင်္ဂါဇာတ်ကို စပ်ယှက်ဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်လီဧ့။ပ။ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားလီဧ့၊ ရဟန်း သင်စွာ သာယာရေလောလို့ (မီးတော်မူရာ) မြတ်စွာဘုရား တပည့်တော် မသာယာပါလို့ (လျှောက်ထားဧ့)၊ ရဟန်း မသာယာသူအားအာပတ် မသင့်လို့ (မိန့်တော်မူဧ့)။ (၈၅)
၈၃။ အယင်ခေါက်ကခါ ရဟန်းတစ်ပါးစွာ တောမာ နိန်ဧ့၊ သမင်ငယ်တစ်ကောင်စွာ ထိုရဟန်းကျင်ငယ် စွန့်ရာအရပ်သို့ လာပြီးကေ ကျင်ငယ်ကိုသောက်ပနာ ပဇာ့နန့် အင်္ဂါဇာတ်ကို ဖမ်းယူစုပ်လီရာ ထိုရဟန်းစွာ သာယာလီဧ့၊ ထိုရဟန်းအား တွီးတော့မှု 'သံသယကုက္ကုစ္စ' ဖြစ်ဧ့၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ထားလီဧ့။ပ။ ရဟန်း သင်စွာ ပါရာဇိက ကျရာလို့ (မိန့်တော်မူဧ့)။ (၈၆)
ဝိနီတဝထု ဖြတ်ထုံးတိ ပြီးဧ့။
ပဌမ ပါရာဇိက ရခိုင်ဘာသာပြန် ပြီးပါဗျာလ်။