Jump to content

ပဌမ အနိယတသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၁-ပဌမ အနိယတသိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အသျှင်ရို့ ဒေနှစ်ပါးကုန်သော အနိယတအာပတ်ရို့စွာ သရုပ်အနိန်နန့် ပြဆိုအပ်ရေ၏ အဖြိုက်သို့ ရောက်ကုန်၏။

၄၄၃။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေ ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူရေအခါ အသျှင်ဥဒါယီစွာ သာဝတ္ထိမြို့၌ အိမ်သို့ ကပ်တတ်ရေ ရဟန်း ဖြိုက်၏၊ အများကြီးသော အိမ်ရို့သို့ ချိုင်းကပ်၏၊ ယင်းခါ အသျှင်ဥဒါယီ၏ အလုပ်အကျွေးအမျိုး၏ သမီးသျှင်ကို အခြားသော အမျိုး၏ သမက်သျှင်အား ပီးရေ၊ ယင်းခါ အသျှင်ဥဒါယီစွာစောစောသား၌ သင်္ကန်းကို ပြင်ဝတ်ပနာ သပိတ်သင်္ကန်းကို ယူဆောင်ကာ ထိုအမျိုးသို့ ချိုင်းကပ်ပြီးနောက် လူရို့ကို "ဒေပိုင်သော သမီးသျှင်စွာ အဇာမာနည်း"ဟု မေး၏။ ဟိုလူရို့စွာ "အသျှင်ဘုရားဒေပိုင်သော အမျိုး၏ သတိုးသားအား ပီးအပ်လိုက်ပါ၏"ဟု ဆိုကုန်၏၊ ထိုအမျိုးစော်လည်း အသျှင်ဥဒါယီ၏ အလုပ်အကျွေးပင် ဖြိုက်၏၊ ယင်းခါ အသျှင်ဥဒါယီစွာ ထိုအမျိုးသို့ ချိုင်းကပ်ပြီးနောက် လူရို့ကို "ဒေပိုင်သော သမီးသျှင်စွာ အဇာမာနည်း"ဟု မေး၏။ ဟိုလူရို့စွာ "အသျှင်ဘုရားထိုသမီးသျှင်စွာ တိုက်ခန်း၌ ထိုင်နီပါရေ"ဟု ဆိုကုန်၏။

ယင်းခါ အသျှင်ဥဒါယီစွာ ထိုသမီးသျှင် အပါးကို ချိုင်းကပ်ပြီးနောက် ထိုသမီးသျှင်နန့် အတူတစ်ယောက်ချင်းချင်း မေထုန်ကို ပြုခြင်းငှါ အသင့်ဖြိုက်ရေ အကာအရံဟိရေ ဆိတ်ကွယ်ရာမာအခါအား လျော်စွာ စကားပြော တရားဟောလျက် ထိုင်နီ၏။

ယင်းခါ မိဂါရမာတာမည်သော ဝိသာခါစွာ၁ များရေ သားသမီးဟိ၏၊ များရေ မြီးမြစ်ဟိ၏၊ ရောဂါကင်းသော သားသမီးဟိ၏၊ ရောဂါကင်းသော မြေးဟိ၏၊ ကကောင်းမဂင်္လာဟိရေ မိမဟု သမုတ်အပ်၏၊ လူရို့စွာ ယဇ်ပွဲ ပျော်ပွဲ အခါပွဲရို့မာ မိဂါရမာတာမည်သော ဝိသာခါကို ရှီးဦးစွာ ကျွေးမွီးကတ်ကုန်၏၊ ယင်းခါ မိဂါရမာတာမည်သော ဝိသာခါစွာ ဖိတ်အပ်ရေဖြိုက်ပနာ ထိုအမျိုးအိမ်သို့ လားရေ။

မိဂါရမာတာမည်သော ဝိသာခါစွာ ထိုသမီးသျှင်နန့်အတူ တစ်ယောက်ချင်းချင်း မေထုန်ကို ပြုခြင်းငှါ အသင့်ဖြိုက်ရေ အကာအရံဟိရေ ဆိတ်ကွယ်ရာမာ ထိုင်နီသော အသျှင်ဥဒါယီကိုမြင်ပြီးကေ-

"အသျှင်စွာ မာတုဂါမနန့်အတူ တစ်ယောက်ချင်းချင်း မေထုန်ကို ပြုခြင်းငှါ အသင့် ဖြိုက်ရေအကာအရံဟိရေ ဆိတ်ကွယ်ရာမာ ထိုင်နီ၏၊ အသျှင်ဘုရား ဒေအပြုအမူစွာ မလျော်ပါ၊ မသင့်တင့်ပါ၊ အသျှင်ဘုရား အသျှင်ရို့စွာ ထိုမေထုန်အကျင့်ကို အလိုဟိဖို့ မဟုတ်၊ ယေကေလေ့သော မကြည်ညိုသူလူရို့ကို ယုံကြေစီရန် ခဲယဉ်းပါကုန်၏"ဟု ဆို၏။

အသျှင်ဥဒါယီစွာ မိဂါရမာတာမည်သော ဝိသာခါက ဧပိုင်ဆိုအပ်လျက် မနာယူလီ၊ ယင်းခါမိဂါရမာတာမည်သော ဝိသာခါစွာ ထွက်လှားပနာ ရဟန်းရို့အား ဒေအကြောင်းကို လျှောက်၏။

အလိုနည်းသော ရဟန်းရို့စွာ "အသျှင်ဥဒါယီစွာ မာတုဂါမနန့်အတူ တစ်ယောက်ချင်းချင်းမေထုန်ကို ပြုခြင်းငှါ အသင့်ဖြိုက်ရေ အကာအရံဟိရေ ဆိတ်ကွယ်ရာမာ အဇာကြောင့်ထိုင်နီဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကတ်ကုန်၏။


ယင်းခါ ထိုရဟန်းရို့စွာ အသျှင်ဥဒါယီကို အများကြီးသော အကြောင်းဖြင့် သရော်ပြစ်တင် ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကုန်၏။ပ။

"ဥဒါယီ သင်ရေ မာတုဂါမနန့်အတူ တစ်ယောက်ချင်းချင်း မေထုန်ကို ပြုခြင်းငှါ အသင့် ဖြိုက်ရေအကာအရံဟိရေ ဆိတ်ကွယ်ရာမာ ထိုင်နီခြင်းကို ပြုရေဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျား သင်ရေ မာတုဂါမနန့်အတူ တစ်ယောက်ချင်းချင်း မေထုန်ကို ပြုခြင်းငှါ အသင့်ဖြိုက်ရေအကာအရံဟိရေ ဆိတ်ကွယ်ရာအရပ်၌ အဇာကြောင့် ထိုင်နီဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၁။ မိဂါရမာတာ - မိဂါရသဌီး၏ အမိပိုင်ဖြိုက်ရေ။


၄၄၄။ "အကြင် ရဟန်းစွာ မာတုဂါမနန့် အတူ တစ်ယောက်ချင်းချင်း မေထုန်ကို ပြုခြင်းငှါ အသင့်ဖြိုက်ရေ အကာအရံဟိရေ ဆိတ်ကွယ်ရာမာ ထိုင်နီ ငြားအံ့၊ ထိုရဟန်းကို ယုံကြေထိုက်သောစကားဟိရေ ဥပါသိကာမစွာ မြင်ပြီးကေ ပါရာဇိကနန့်ကေလိ့ကောင်း၊ သံဃာဒိသိသ်နန့်ကေလိ့ကောင်း၊ ပါစိတ်ဖြင့်ကေလိ့ကောင်း သုံးပါးသော အာပတ်ရို့တွင်တပါးပါးဖြင့် စွဲဆိုငြားအံ့၊ ထိုင်နီခြင်းကို ဝန်ခံသော ရဟန်းကို ပါရာဇိကနန့်ကေလိ့ကောင်း၊ သံဃာဒိသိသ် နန့်ကေလိ့ကောင်း၊ ပါစိတ်နန့်ကေလိ့ကောင်း သုံးပါးသော အာပတ် ရို့တွင်တပါးပါးဖြင့် ဆုံးဖြတ်ရဖို့၊ ယုံကြေထိုက်သော စကားဟိရေ ထိုဥပါသိကာမ စွဲဆိုရေ အာပတ်ဖြင့်ထိုရဟန်းကို ဆုံးဖြတ်ရဖို့၊ ဒေ အာပတ်ကား အမြဲမဟိ" ဧပိုင် (ပြကက်ကုန်လော့ဟု မိန့်တော်မူ၏)။


၁-ပဌမ အနိယတသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၄၄၅။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။

ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။

မာတုဂါမ ဆိုစွာ လူမိမတည်း၊ ဘီးလူးမ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ အယုတ်ဆုံးအနိန်နန့် ထိုနိမွီးဖွားသော သူငယ်မတည်း၊ အရွယ်ကြီးရေ မိမ၌ ဆိုဖွယ်မဟိရေသာတည်း။

အတူဟူစွာ အတူတကွတည်း။

တစ်ယောက်ချင်းချင်းဟူစွာ ရဟန်းတပါး မာတုဂါမလုံးချင်းတည်း။

ဆိတ်ကွယ်ရာ ဆိုစွာ မျက်စိဆိတ်ကွယ်ရာ နားဆိတ်ကွယ်ရာတည်း။

မျက်စိဆိတ်ကွယ်ရာ ဆိုစွာ မျက်စိမှိတ်ပြခြင်းကိုလိ့ကောင်း၊ မျက်ခုံးချီပြခြင်းကိုလိ့ကောင်း၊ အဂေါင်းညိတ်ပြခြင်းကိုလိ့ကောင်း မြင်ခြင်းငှါ မစွမ်းနှိုင်ရေ နီရာတည်း။

နားဆိတ်ကွယ်ရာ ဆိုစွာ ပကတိစကားကို ကြားခြင်းငှါ မစွမ်းနှိုင်ရေ နီရာတည်း။

အကာအရံဟိရေနီရာ ဆိုစွာ နံရံနန့်ကေလိ့ကောင်း၊ တန်းခါးရွက်နန့်ကေလိ့ကောင်း၊ ဖျာနန့်ကေလိ့ကောင်း၊ တင်းတိမ် 'လန့်ဆန့်ကာ' နန့်ကေလိ့ကောင်း၊ အပင်နန့်ကေလိ့ကောင်း၊ တိုင်နန့်ကေလိ့ကောင်း၊ ရိုင်နန့်ကေလိ့ကောင်း တခုတစ်ရီဖြင့် ဖုံးကွယ်အပ်ရေနီရာတည်း။

မေထုန်ကို ပြုခြင်းငှါ အသင့်ဖြိုက်ရေဟူစွာ မေထုန်အကျင့်ကို မှီဝဲခြင်းငှါ စွမ်းနှိုင်ရေ နီရာတည်း။

ထိုင်နီငြားအံ့ဟူစွာ မာတုဂါမစွာ ထိုင်လတ်သော် ရဟန်းစွာ ကပ်ပနာကေလေ့ ထိုင်ရေ၊ ကပ်ပနာကေလေ့ အိပ်ရေ၊ ရဟန်းစွာ ထိုင်လတ်သော် မာတုဂါမစွာ ကပ်ပနာကေလေ့ ထိုင်ရေ၊ ကပ်ပနာကေလေ့ အိပ်ရေ၊ နှယောက်စလုံးကေလေ့ ထိုင်ကတ်ကုန်၏၊ နှယောက်စလုံးကေလေ့အိပ်ကတ် ကုန်၏။

ယုံကြေထိုက်သော စကားဟိရေ ဆိုစွာ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်ရားသော သစ္စာလေးပါးကို ထိုးထွင်းပနာ သိပြီးရေ သိက္ခာသုံးပါးကို ကျင့်သုံးပြီးသော။

ဥပါသိကာမ ဆိုစွာ ဘုရား တရား သံဃာကို ဆည်းကပ်သော ဒါယိကာမတည်း။

မြင်ပြီးကေဟူစွာ ကြေ့မြင်ပြီးကေ။

ပါရာဇိကဖြင့်သော် လိ့ကောင်း၊ သံဃာဒိသိသ်ဖြင့်ကေလိ့ကောင်း၊ ပါစိတ်ဖြင့်ကေလိ့ကောင်း သုံးပါးသော အာပတ်ရို့တွင် တပါးပါးဖြင့် စွဲဆိုငြားအံ့၊ ထိုင်နီခြင်းကို ဝန်ခံသော ရဟန်းကို ပါရာဇိကဖြင့်ကေလိ့ကောင်း၊ သံဃာဒိသိသ်ဖြင့်ကေလိ့ကောင်း၊ ပါစိတ်ဖြင့်ကေလိ့ကောင်း သုံးပါးသော အာပတ်ရို့တွင် တပါးပါးဖြင့် ဆုံးဖြတ်ရဖို့။ ယုံကြေထိုက်သော စကားဟိရေ ထိုဥပါသိကာမ စွဲဆိုရေ အာပတ်ဖြင့် ထိုရဟန်းကို ဆုံးဖြတ်ရဖို့။

၄၄၆။ ထိုဥပါသိကာမစွာ "အသျှင့်ကို မာတုဂါမအား ထိုင်လျက် မေထုန်မှီဝဲစွာကို အကျွန်ုပ်မြင်အပ်ပြီ"ဟု စွဲဆိုငြားအံ့၊ ထိုရဟန်းကလည်း ထိုထိုင်နီခြင်းကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ်ရဖို့။


ထိုဥပါသိကာမစွာ "အသျှင့်ကို မာတုဂါမအား ထိုင်လျက် မေထုန်မှီဝဲစွာကို အကျွန်ုပ် မြင်အပ်ပြီ"ဟုစွဲဆိုငြားအံ့၊ ထိုရဟန်းက မှန်၏ ငါစွာ ထိုင်နီ၏၊ ယေကေလေ့သော မေထုန်ကိုကား မမှီဝဲဟု ဆိုငြားအံ့၊ ထိုင်နီခြင်းနန့် ဆုံးဖြတ်ရဖို့။

ထိုဥပါသိကာမစွာ "အသျှင့်ကို မာတုဂါမအား ထိုင်လျက် မေတုန်မှီဝဲစွာကို အကျွန်ုပ် မြင်အပ်ပြီ"ဟုစွဲဆိုငြားအံ့၊ ထိုရဟန်းက ငါစွာ မထိုင် စင်စစ်သော်ကား လျောင်း၏"ဟု ဆိုငြားအံ့၊ လျောင်းခြင်းနန့်ဆုံးဖြတ်ရဖို့။

ထိုဥပါသိကာမစွာ "အသျှင့်ကို မာတုဂါမအား ထိုင်လျက် မေထုန်မှီဝဲစွာကို အကျွန်ုပ် မြင်အပ်ပြီ"ဟုစွဲဆိုငြားအံ့၊ ထိုရဟန်းက "ငါစွာ မထိုင် စင်စစ်သော်ကား ရပ်ရေ"ဟု ဆိုငြားအံ့၊ မဆုံးဖြတ်ရ။

၄၄၇။ ထိုဥပါသိကာမစွာ "အသျှင့်ကို မာတုဂါမအား လျောင်းလျက် မေထုန်မှီဝဲစွာကို အကျွန်ုပ်မြင်အပ်ပြီ"ဟု စွဲဆိုငြားအံ့၊ ထိုရဟန်းကလည်း ထိုလျောင်းခြင်းကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ်ရဖို့။

ထိုဥပါသိကာမစွာ "အသျှင့်ကို မာတုဂါမအား လျောင်းလျက် မေထုန်မှီဝဲစွာကို အကျွန်ုပ်မြင်အပ်ပြီ"ဟု စွဲဆိုငြားအံ့၊ ထိုရဟန်းက မှန်၏ ငါစွာ လျောင်း၏၊ ယေကေလေ့သော မေထုန်ကိုကားမမှီဝဲ"ဟု ဆိုငြားအံ့၊ လျောင်းခြင်းနန့် ဆုံးဖြတ်ရဖို့။

ထိုဥပါသိကာမစွာ "အသျှင့်ကို မာတုဂါမအား လျောင်းလျက် မေထုန်မှီဝဲစွာကို အကျွန်ုပ်မြင်အပ်ပြီ"ဟု စွဲဆိုငြားအံ့၊ ထိုရဟန်းက "ငါစွာ မလျောင်း စင်စစ်သော်ကား ထိုင်ရေ"ဟု ဆိုငြားအံ့၊ ထိုင်ခြင်းနန့် ဆုံးဖြတ်ရဖို့။

ထိုဥပါသိကာမစွာ "အသျှင်ကို မာတုဂါမအား လျောင်းလျက် မေထုန်မှီဝဲစွာကို အကျွန်ုပ်မြင်အပ်ပြီ"ဟု စွဲဆိုငြားအံ့၊ ထိုရဟန်းက "ငါစွာ မလျောင်း စင်စစ်သော်ကား ရပ်ရေ"ဟု ဆိုငြားအံ့၊ မဆုံးဖြတ်ရ။

၄၄၈။ ထိုဥပါသိကာမစွာ "အသျှင့်ကို ထိုင်လျက် မာတုဂါမနန့်အတူ ကိုယ်လက်နှီးနှောခြင်းသို့ရောက်လျက်နေစွာကို အကျွန်ုပ် မြင်အပ်ပြီ"ဟု စွဲဆိုငြားအံ့၊ ထိုရဟန်းကလည်း ထိုအကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ်ရဖို့။ပ။ "မှန်၏ ငါစွာ ထိုင်ရေ ယေကေလေ့သော ကိုယ်လက်နှီးနှောခြင်းသို့ကားမရောက်"ဟု ဆိုငြားအံ့၊ ထိုင်ခြင်းနန့် ဆုံးဖြတ်ရဖို့။ပ။ "ငါစွာ မထိုင် စင်စစ်သော်ကားလျောင်း၏"ဟု ဆိုငြားအံ့၊ လျောင်းခြင်းနန့် ဆုံးဖြတ်ရဖို့။ပ။ "ငါစွာ မထိုင် ရပ်ရေ"ဟု ဆိုငြားအံ့၊ မဆုံးဖြတ်ရ။

ထိုဥပါသိကာမစွာ "အသျှင့်ကို လျောင်းလျက် မာတုဂါမနန့် အတူ ကိုယ်လက်နှီးနှောခြင်းသို့ရောက်ရီကို အကျွန်ုပ် မြင်အပ်ပြီ"ဟု စွဲဆိုငြားအံ့၊ ထိုရဟန်းကလည်း ထိုအကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ်ရဖို့။ပ။ "ငါစွာ လျောင်း၏၊ ယေကေလေ့သော ကိုယ်လက်နှီးနှောခြင်းသို့ကား မရောက်"ဟု ဆိုငြားအံ့၊ လျောင်းခြင်းနန့် ဆုံးဖြတ်ရဖို့။ပ။ "ငါစွာ မလျောင်း စင်စစ်သော်ကား ထိုင်ရေ"ဟုဆိုငြားအံ့၊ ထိုင်ခြင်းနန့် ဆုံးဖြတ်ရဖို့။ပ။ "ငါစွာ မလျောင်း စင်စစ်သော်ကား ရပ်ရေ"ဟု ဆိုငြားအံ့၊ မဆုံးဖြတ်ရ။

၄၄၉။ ထိုဥပါသိကာမစွာ "အသျှင့်ကို မာတုဂါမနန့် တစ်ယောက်ချင်းချင်း မေထုန်ကို ပြုခြင်းငှါ အသင့်ဖြိုက်ရေ အကာအရံဟိရေ ဆိတ်ကွယ်ရာမာ ထိုင်နီစွာကို အငါစွာ မြင်အပ်ပြီ"ဟု ဆိုငြားအံ့၊ ထိုရဟန်းကလည်း ထိုအကို ဝန်ခံအံ့၊ ထိုင်နီခြင်းနန့် ဆုံးဖြတ်ရဖို့။ပ။ "ငါစွာ မထိုင် စင်စစ်သော်ကား လျောင်း၏"ဟု ဆိုငြားအံ့၊ လျောင်းခြင်းနန့် ဆုံးဖြတ်ရဖို့။ပ။ "ငါစွာ မထိုင် စင်စစ်သော်ကား ရပ်ရေ"ဟု ဆိုငြားအံ့၊ မဆုံးဖြတ်ရ။


၄၅၀။ ထိုဥပါသိကာမစွာ "အသျှင်ကို မာတုဂါမနန့် တစ်ယောက်ချင်းချင်း မေထုန်ကို ပြုခြင်းငှါ အသင့်ဖြိုက်ရေ အကာအရံဟိရေ ဆိတ်ကွယ်ရာမာ လျောင်းစွာကို အကျွန်ုပ် မြင်အပ်ပြီ"ဟု ဆိုငြားအံ့၊ ထိုရဟန်းကလည်း ထိုအကို ဝန်ခံအံ့၊ လျောင်းခြင်းနန့် ဆုံးဖြတ်ရဖို့။ပ။ "ငါစွာ မလျောင်းစင်စစ်သော်ကား ထိုင်ရေ"ဟု ဆိုငြားအံ့၊ ထိုင်ခြင်းနန့် ဆုံးဖြတ်ရမည ်။ပ။ "ငါစွာ မလျောင်း စင်စစ်သော်ကား ရပ်ရေ"ဟု ဆိုငြားအံ့၊ မဆုံးဖြတ်ရ။

အမြဲမဟိဟူစွာ ပါရာဇိကဟုလိ့ကောင်း၊ သံဃာဒိသိသ်ဟုလိ့ကောင်း၊ ပါစိတ်ဟုလိ့ကောင်းမမြဲ။

၄၅၁။ လားခြင်းကို ဝန်ခံအံ့၊ ထိုင်ခြင်းကို ဝန်ခံအံ့၊ အာပတ်ကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ် ရဖို့။

လားခြင်းကို ဝန်ခံအံ့၊ ထိုင်ခြင်းကို ဝန်မခံအံ့၊ အာပတ်ကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ်ရဖို့။

လားခြင်းကို ဝန်ခံအံ့၊ ထိုင်ခြင်းကို ဝန်ခံအံ့၊ အာပတ်ကို ဝန်မခံအံ့၊ ထိုင်ခြင်းနန့် ဆုံးဖြတ်ရဖို့။

လားခြင်းကို ဝန်ခံအံ့၊ ထိုင်ခြင်းကို ဝန်မခံအံ့၊ အာပတ်ကို ဝန်မခံအံ့၊ မဆုံးဖြတ်ရ။

လားခြင်းကို ဝန်မခံအံ့၊ ထိုင်ခြင်းကို ဝန်ခံအံ့၊ အာပတ်ကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ်ရဖို့။

လားခြင်းကို ဝန်မခံအံ့၊ ထိုင်ခြင်းကို ဝန်မခံအံ့၊ အာပတ်ကို ဝန်ခံအံ့၊ အာပတ်ဖြင့် ဆုံးဖြတ်ရဖို့။

လားခြင်းကို ဝန်မခံအံ့၊ ထိုင်ခြင်းကို ဝန်ခံအံ့၊ အာပတ်ကို ဝန်မခံအံ့၊ ထိုင်ခြင်းနန့် ဆုံးဖြတ်ရဖို့။

လားခြင်းကို ဝန်မခံအံ့၊ ထိုင်ခြင်းကို ဝန်မခံအံ့၊ အာပတ်ကို ဝန်မခံအံ့၊ မဆုံးဖြတ်ရ။

ပဌမ အနိယတသိက္ခာပုဒ် ပြီး၏။