Jump to content

ပတ္တသိက္ခာပုဒ်

ဝီကီးပီးဒီးယား က

၅၉၈။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေ ဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အများကြီးသော သပိတ်ရို့ကိုစုဆောင်းကတ်ကုန်၏၊ ကျောင်းစိုင် ဒေသစာရီလှည့်လည်ကတ်ရေ လူရို့စွာ မြင်ကြပနာ့"သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ အများကြီးသော သပိတ်ရို့ကိုအဇာကြောင့် စုဆောင်းကြ ကုန်ဘိသနည်း၊ သာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေရဟန်းရို့စွာ သပိတ်ကုန်သွယ်ခြင်း ကိုကေလေ့ ပြု ကတ်ကုန်အံ့၊ အိုးခွက်ဈေးဆိုင်ကိုကေလေ့တည်ခင်းကတ်ကုန်အံ့"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကတ်ကုန်၏။

ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြ ပြောဆိုကတ်သော ဟိုလူရို့၏ စကားကို ကြားကတ်ရေသာတည်း၊ အလိုနည်းသော ရဟန်းရို့စွာ "ဆဗ္ဗဂ္ဂီရဟန်းရို့စွာ အပိုသပိတ်ကို အဇာကြောင့် ဆောင်ကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။ ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့် သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။

"ရဟန်းရို့ သင်ရို့စွာ အပိုသပိတ်ကို ဆောင်ကတ်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ်မီးမြန်းတော်မူ၏။

မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။

ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ သင်ရို့စွာ အပိုသပိတ်ကို အဇာကြောင့် ဆောင်ကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။

၅၉၉။ "အကြင်ရဟန်းစွာ အပိုသပိတ်ကို ဆောင်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။

ဒေပိုင်ဆိုကေ မြတ်စွာဘုရားစွာ ရဟန်းရို့အား ဒေသိက္ခာပုဒ်ကို ပညတ်တော်မူ၏။


ဒုတိယအနပညတ်သိက္ခာပုဒ်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၆၀၀။ ယင်းခါ အသျှင်အာနန္ဒာအား အပိုသပိတ် ဖြိုက်ပေါ်လှာ၏၊ အသျှင်အာနန္ဒာကလည်း ထိုသပိတ်ကိုအသျှင်သာရိပုတြာအား လှူလို၏၊ အသျှင်သာရိပုတြာစွာလည်း သာကေတမြို့၌ နီ၏၊ ယင်းခါ "မြတ်စွာဘုရားစွာ 'အပိုသပိတ်ကို မဆောင်ရ'ဟု သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ငါ့အားလည်းဒေအပိုသပိတ်ရေ ဖြိုက် ပေါ်၏၊ ငါကလည်း ဒေအပိုသပိတ်ကို အသျှင်သာရိပုတြာအား လှူလို၏၊ အသျှင်သာရိပုတြာစွာလည်း သာကေတမြို့၌ နီ၏၊ ငါစွာ အဇာသို့ကေ ကျင့်ရပါဖို့လဲ"ဟုအသျှင်အာနန္ဒာအား အကြံဖြိုက်ပေါ်၏၊ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်၏။

အာနန္ဒာ သာရိပုတြာစွာ မည်လှောက်ကြာရေခါ ပြန်လာဖို့လဲဟု (မေးတော်မူ၏)။

မြတ်စွာဘုရား ကိုးရက်မြောက်နိ၌သော်လိ့ကောင်း၊ ဆယ်ရက်မြောက်နိ၌သော်လိ့ကောင်း (ပြန်လာပါလိမေ)ဟု (လျှောက်၏)။

ယင်းခါ မြတ်စွာဘုရားစွာ ဒေအကြောင်းအရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးကေရဟန်းရို့ကို ရဟန်းရို့ ဆယ်ရက်အပိုင်းအခြားဟိရေ ကာလလုံးလုံး အပိုသပိတ်ကို ဆောင်ခြင်းငှါခွင့်ပြုရေလို့ မိန့်တော်မူ၏။

ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တောာ်ကို ပြကတ်ကုန်လော့။

၆၀၁။ "ဆယ်ရက် အပိုင်းအခြားဟိရေ ကာလလုံးလုံး အပို သပိတ်ကို ဆောင်ရဖို့၊ ထို (ဆယ်ရက်အပိုင်းအခြားဟိရေ ကာလ) ကို လွန်စီရေ ရဟန်းအား နိဿဂ္ဂိ ပါစိတ်အာပတ်သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)။


၁-ပတ္တသိက္ခာပုဒ် အဖွင့်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၆၀၂။ ဆယ်ရက်အပိုင်းအခြားဟိရေ ကာလလုံးလုံးဟူစွာ ဆယ်ရက် အပိုင်းအခြားနန့် ဆောင်နှိုင်ရေ။

အပိုသပိတ် ဆိုစွာ အဓိဋ္ဌာန်မတင် ဝိကပ္ပနာမပြုအပ်ရေ သပိတ်တည်း။

သပိတ် ဆိုစွာ သံသပိတ် မြေသပိတ်ဟု သပိတ်နှစ်မျိုးရို့တည်း။

သပိတ်အရွယ် ပိုင်ဏရို့စွာ-

အကြီးစား ဥက္ကဋ္ဌသပိတ်

အလတ်စား မဇ္ဈိမသပိတ်

အသျှေစား ဩမကသပိတ်ဟု သုံးစားရို့တည်း။

အကြီးစား ဥက္ကဋ္ဌသပိတ် ဆိုစွာ ဆန်တစ်ခွက်ချက်ထမင်း၊ ယင်း၏ တစ်ပွာအာဒီ ခဲဖွယ်နန့် ၎င်းအားလျော်သော ဟင်းလျာကို ယူနိုင်၏။

အလတ်စား မဇ္ဈိမသပိတ် ဆိုစွာ ဆန်တစ်စလယ်ချက်ထမင်း၊ ယင်း၏ တစ်ပွာအာဒီ ခဲဖွယ်နန့်၎င်းအားလျော်သော ဟင်းလျာကို ယူနိုင်၏။

အသျှေစား ဩမကသပိတ် ဆိုစွာ ဆန်တစ်လမေချက်ထမင်း၊ ယင်း၏ တစ်ပွာအာဒီ ခဲဖွယ်နန့်၎င်းအားလျော်သော ဟင်းလျာကို ယူနိုင်၏။

ယင်းထက် ကြီးမူ သပိတ်မဟုတ်၊ ထို့အောက် ငယ်မူ သပိတ်မဟုတ်။

ထို (ဆယ်ရက်အပိုင်းအခြား) ကို လွန်စီရေ ရဟန်းအား စွန့်ခြင်း (ဝိနည်းကံ) ဟိ၏ဟူစွာတစ်ဆယ့်တစ်ရက် အာရုဏ်တက်လတ်သော် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း ၊ ဂိုဏ်းအားသော်လိ့ကောင်း ၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။

ရဟန်းရို့ ဧပိုင် စွန့်ရဖို့။

ထိုရဟန်းစွာ သံဃာသို့ ချိုင်းကပ်ပနာ လက်ဝဲတစ်ဖက် ပက်ခုံးထက်၌ ဧကသီကို စံပယ်တင်လျက်ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုးပြီးကေ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီပနာ-

"အသျှင်ဘုရားရို့ ဒေအကျွန်ုပ်၏ သပိတ်ရေ ဆယ်ရက်လွန်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသပိတ်ကို သံဃာအား စွန့်ပါ၏"ဟု ဆိုရာ၏။

စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရဖို့၊ ကျွမ်းကျင်လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ စွန့်ပြီး သပိတ်ကို ပြန်ပီးရဖို့။

၆၀၃။ "အသျှင်ဘုရားရို့ သံဃာစွာ အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဒေပိုင်သောရဟန်း၏ ဒေသပိတ်ရေ စွန့်ခြင်း (ဝိနည်းကံ) ဟိပြီးကေ သံဃာအား စွန့်အပ်၏၊ သံဃာအား လျောက်ပတ်သောအခါဟိရေကံစွာ ဖြိုက်ငြားအံ့၊ သံဃာစွာ ဒေသပိတ်ကို ဒေပိုင်သော ရဟန်းအား ပီးရာ၏"ဟု (ပြန်ပီးရဖို့)။

၆၀၄။ ထိုရဟန်းစွာ အများကြီးသော ရဟန်းရို့ပါးကို ချိုင်းကပ်ပနာ လက်ဝဲတစ်ဖက် ပက်ခုံးထက်၌ ဧကသီကိုစံပယ်တင်ပနာ ကြီးကုန်သော ရဟန်းရို့၏ ခြီရို့ကို ယှိခိုးပြီးကေ ဆောင့်ကြောင့်ထိုင်ကာလက်အုပ်ချီလျက်-


"အသျှင်ဘုရားရို့ ဒေအကျွန်ုပ်၏ သပိတ်ရေ ဆယ်ရက်လွန်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသပိတ်ကို အသျှင်ရို့အား စွန့်ပါ၏"ဟု ဆိုအပ်၏၊ စွန့်ပြီးနောက် အာပတ်ကို ဒေသနာ ကြားရဖို့၊ ကျွမ်းကျင်လိမ္မာပနာ စွမ်းရည်ဟိရေ ရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ စွန့်ပြီးသပိတ်ကို ပြန်ပီးရဖို့။

၆၀၅။ "အသျှင်ရို့စွာ အကျွန်ုပ်၏ (စကားကို) နာကုန်လော့၊ ဒေပိုင်သော ရဟန်း၏ ဒေသပိတ်ရေ စွန့်ခြင်း (ဝိနည်းကံ) ရှိအနိန်နန့် အသျှင်ရို့အား စွန့်အပ်ပါရေ၊ အသျှင်ရို့အား လျောက်ပတ်သောအခါဟိရေကံစွာ ဖြိုက်ငြားအံ့၊ အသျှင်ရို့စွာ ဒေ သပိတ်ကို ဒေ မည်သော ရဟန်းအားပီးကုန်ရာ၏"ဟု (ပြန်ပီးရဖို့)။

၆၀၆။ ထိုရဟန်းစွာ တပါးသောရဟန်းသို့ ချိုင်းကပ်ပနာ လက်ဝဲတစ်ဖက် ပက်ခုံးထက်၌ ဧကသီကိုစံပယ်တင်ပြီးကေ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-

"ငါ့သျှင် ဒေအကျွန်ုပ်၏ သပိတ်ရေ ဆယ်ရက်လွန်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသပိတ်ကို အသျှင့်အား စွန့်ပါရေ"ဟု ဆိုရာ၏။

စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရဖို့၊ ထိုရဟန်းစွာ အာပတ်ကို ခံယူရဖို့၊ စွန့်ပြီးသပိတ်ကို "ဒေ သပိတ်ကို အသျှင့်အား ပီးပါ၏"ဟု ပြန်ပီးရဖို့။

၆၀၇။ ဆယ်ရက်လွန်ပြီးစွာ၌ လွန်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ ဆယ်ရက်လွန်ပြီးစွာ၌ ယုံမှားရှိအံ့၊ နိဿဂ္ဂိပါစိတ် အာပတ် သင့်၏။ ဆယ်ရက်လွန်ပြီးစွာ၌ မလွန်သေးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အဓိဋ္ဌာန်မတင်အပ်သိမ့်ရေ၌ အဓိဋ္ဌာန်တင်အပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဝိကပ္ပနာ မပြုအပ်သိမ့်ရေ၌ ဝိကပ္ပနာပြုအပ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ မစွန့်အပ်သိမ့်ရေ၌ စွန့်အပ်ပြီးဟု ထင်မှတ်ခြင်း ရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ မပျောက် စွာ၌ပျောက်ရေလို့ ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ မပျက်စွာ၌ ပျက်ရေလို့ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိနိပါစိတ်အာပတ် သင့်၏၊ မကွဲရေ၌ ကွဲရေဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ မလုယက်အပ်ရေ၌ လုယက်အပ်ရေဟု ထင်မှတ်ခြင်းရှိအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

စွန့်ခြင်း (ဝိနည်းကံ) ဟိရေ သပိတ်ကို မစွန့်ဘဲ သုံးဆောင်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆယ်ရက်မလွန်သိမ့်ရေ၌ လွန်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆယ်ရက်မလွန်သိမ့်ရေ၌ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ဆယ်ရက်မလွန်သိမ့်ရေ၌ မလွန်သေးဟု ထင်မှတ်ခြင်းရှိအံ့၊ အာပတ် မသင့်။

၆၀၈။ ဆယ်ရက်အတွင်းမာ အဓိဋ္ဌာန်တင်အံ့၊ ဝိကပ္ပနာပြုအံ့၊ စွန့်အံ့၊ ပျောက်အံ့၊ ပျက်အံ့၊ ကွဲအံ့၊ လုယက်ပနာ ယူကုန်အံ့၊ အကျွမ်းဝင်ပြီးကေ ယူကုန်အံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစ လက်ဦး လွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

ယင်းခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ စွန့်အပ်ပြီး သပိတ်ကို မပီးကုန်၊ မြတ်စွာဘုရားအား ဒေ အကြောင်းကိုလျှောက်ကတ်ကုန်၏။

ရဟန်းရို့ စွန့်အပ်ပြီးသပိတ်ကို ပြန်ပီးရဖို့၊ အကြင်ရဟန်းစွာ မပီးငြားအံ့၊ (ထိုရဟန်းအား) ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။

ပဌမ ပတ္တသိက္ခာပုဒ် ပြီး၏။