ပထမ ဓညဝတီခေတ်
ဓညဝတီခေတ် (ဘီစီ ၃၃၂၅-အေဒီ ၃၂၇)ဘီစီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်အစ ဓညဝတီကဟူ၍ ဆိုရိုးစကား ဟိခကြရေ။ ဓညဝတီမင်းဆက်စတင်တည်ထောင်ရေမှစ၍ ရခိုင်ယဉ်ကျေးမှု ကို စတင်ပျိုးထောင်လာကြရေဟု ယူဆကြရေ။ ရခိုင်သမိုင်းမှတ်တမ်းတိအရ ဓညဝတီခေတ်ရေ ၃၃၂၅:မှ အေဒီ ၃၂၇ ထိ ရှည်ကြာခရေ။ ဒေခေတ်ဧရုပ်ကြွင်းအဖြစ် ဓညဝတီမြို့တော်ဟောင်းရေ ဂနိတိုင် ထင်ရှားဟိနီသိမ်းရေ။ ယကေလည်း သုသေသနပြုခြင်းမဟိသိမ်းသဖြင့် ယင်းခေတ်၏ လူနီမှုအခြေအနီကို ရခိုင်သမိုင်း မှတ်တမ်းတိမှတဆင့်သာ သိဟိနီရသိမ်းရေ။
ဓညဝတီမြို့တော်ကိုတည်ထောင်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဝါသုဒေဝညီနောင်တစ်ကျိပ်ရို့
တည်ထောင်ရေ ဒွါရာဝတီ(သံတွဲ)ရေ
ပျက်သုဉ်းလားပြီးနောက်ပိုင်းမာ
ကုလားတန်မြစ်ဝှမ်းဟိ ဝေသာလီမြို့ကြီးရေ အင်အားကောင်းလာခပါရေ။
ဗြမ္မဏမင်းဆက်ကို တည်ထောင်ပြီး
တိုင်းပြည်စည်ပင် ဝပြောလာလီခပါရေ။
ယင်းအချိန်မာ
မြိုလူမျိုးနန့် သက်လူမျိုးရို့ရေ
ကုလားတန်မြစ်ညာမာအခြေချလို့ဟိလီပါရေ။
အခါတစ်ပါး အိန္ဒိယပြည် ကပိလဝတ်ဒေသမှ သတ္တ(အနွယ်ဝင်အဇ္ဇုနမင်းကြီးရေ လူ့ဘောင်ကို ငြီးငွေ့ပြီး ရသေ့ ရဟန်းပြုလီပါရေ။
သျှင်ရသေ့ရေ တောတောင်ကိုခိုမှီလို့အရှေ့ဘက်သို့ ခရီးထွက်လာပါရေ။
ကုလား တန်မြစ်ဖျားသို့ ရောက်လာလီရေခါ။
သျှင်ရသေ့ရေ သက်လူမျိုးရို့ဧ ဒေသသို့ရောက်လာရာ သက်မင်းကြီးသမီး ဣန္ဒမာယုနန့် ချစ်ကျွမ်းဝင်ပြီး သားတစ်ယောက်ထွန်းကားလီရေ။
သျှင်ရသေ့ဧသား မာရယုရေ လေးအတတ်၊ သံလျှက်အတတ်နန့် လှံအတတ်ရို့ကို ကျွမ်းကျင်တတ်မြောက်လာပြီးနောက် မြို့သင်းကြီးငအောင်လာသမီးမဘီနန့် ထိမ်းမြား၍ 'မြိုလူမျိုးရို့ဧ ခေါင်းဆောင်တစ်ဦး အဖြစ် တင်မြှောက်ခံရလီပါရေ။
ထိုအချိန်ဘီစီ ၃၃၃၇ တွင် “ ဝေသာလီရေပြည်ရေ မတည်မငြိမ်ဖြစ်လာရေ။
ဖြစ်ရခြင်းမာ ရက္ခိုက်ဟုခေါ် ရေ မျိုးနွယ်စုရို့ရေ ကျောက်တော်တောင်(သေလာဂီရိ)ပတ်ဝန်းကျင်ကို ခြေကုတ်ယူ၍ ဝေသာလီကို နှောင့်ယှက်ရေကြောင့် ဖြစ်ရလီရေ။
မကြာခင်မာ ဝေသာလီမင်းကြီး ဗြဟ္မသိဒ္ဓိရေ ရက္ခိုက်ရို့ဧ သတ်ဖြတ်ခြင်းကို့ ခံရလီရေ။
ရက္ခိုက်ရို့လည်း တိုင်းပြည်ကို အကြိမ်ကြိမ်ဖျက်ဆီးလီတော့ရေ။
ဒေအချိန်တွင် မာရယုမင်းရေ အလုံး အရင်းနန့်ဆင်းလာပြီး ဝေသာလီကို ကယ်တင်ခလီရေ။
ယင်းချင့်ကြောင့် ဘီစီ ၃၃၂၅ တွင် ရက္ခိုက်ရို့ဧ ဆူပူရေင်းကျန်းမှု ရေချုပ်ငြိမ်းလားလီရေ။
မာရယုကိုဘုရင်အဖြစ်တင်မြှောက်ခံရပြီးနောက် ဝေသာလီကို စွန့်ခွာ၍ ဓညဝတီကို တည်ထောင်လီရေ။
သမိုင်းစဉ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မာရယုမင်းကြီးရေ ဓညဝတီမြို့တော်ကို လုံခြုံရီးအတွက် စနစ်တကျတည်ထောင်လီရေ။
ယင်းမင်းလွန်ကေ သားမာရဇေတုက နန်းဆက်ခံရေ။ မာရယုမင်းဆက်ကို ဘီစီ ၃၀၂၀ တွင် ဘဏ္ဍာစိုးအမတ် ဆတ်အိုက ပုန်ကန်ပြီး နန်းလုလီရေ။
မင်းဆွေမင်းမျိုးရို့ရေ နန်းလုမင်းအား ဖြုတ်မချနိုင်ခပါ။ ယင်းလွန်ပြီးဗျာယ် ဘီစီ ၂၉၉၉တွင် မာရယုမင်းဆက်ပြန်လည်နန်းရလာရေ။
၁၇-ဆက်မြောက် ဂုတ္တစန္ဒရားလက်ထက်၊ ဘီစီ ၂၇၁၉ တွင် မြိုအမတ်(၃)ဦးရို့ဧ သတ်ဖြတ်နန်းလုမှုကို ခံရလီ ရေ။
မြိုအမတ်ရို့လည်း အချင်းချင်းမသင့်မမြတ်ဖြစ်လာဗျာယ် တနှစ်သာတည်တံ့ ခလီရေ။
ထိုနောက်နန်းရိုးမင်းတိ နန်တက်လာရေ။ ဆက်ခံရေ မင်းတိမှာ သာမန်မျှသာဖြစ် ေ။
ဘီစီ ၁၅၁၅ ́ တွင် နန်းတက်ရေ မင်းငယ်ကျော်လှစည်သူရေ အရည်အချင်းညံ့ရေ။ ၎င်းနန်းသက် ၆နှစ်တွင်း မြို့တော်ကို ကန်သုံးဆင့်သို့ ရွှေ့လီရေ။
ထိုစဉ် အမတ်(၃)ဦးက ပုန်ကန်နန်းလုတတ်တေ။ မင်းဆွေမင်းမျိုး ရို့မှာ နီလာပန်းတောင်းသို့ တိမ်းရှောင်လားရံလီရေ။
ဒေမာပင်မာရယုမင်းဆက်ညပြတ်လီရေ။
မာရယုမင်းဆက် ေ၅၇ ဆက်စိုးစံအုပ်ချုပ်နိုင်ခဗျာယ် နန်းသက်နှစ်ပေါင်း ၁၈၁၈ နှစ်ရှည်ကြာခလီပါရေ။ [၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ရခိုင်ရိုးရာဓလေ့ထုံးစံများ(ပထမတွဲ)၊ ရခိုင်သားကြီးစာပေ၊ ၂၀၀၉ခုနှစ်
မှီငြမ်းကိုးကားသောစာအုပ်တိ
- ၁။ ရခိုင်(လမ်းစဉ်ပါတီထုတ်)
- ၂။ ပြည်နယ်ဖြစ်စဉ်သမိုင်း (ရခိုင်ပြည်နယ်ကောင်စီ)
- ၃။ ရခိုင်ရာဇဝင်ကျမ်းတိ
- ၄။ ရခိုင်ယဉ်ကျေးမှု (၁မှ ၈ထိ)(ဦးစက္ကိန္ဒ)
- ၅။ ရခိုင်ဂုဏ်ရည် (ဦးနာရဒ မေဃဝတီ) ဓညဝတီမဂ္ဂဇင်းအတွဲ(၁) အမှတ်(၁)
- ၆။ ဦးမင်းနိုင်၊
- ၇။ မကြန် ရခိုင်ပြည် ပညာရေးအခြေအနေ (သမိုင်းတံခွန်အတွဲ(၁) စာစောင်(၁)
- ၈။ ဦးကျော်ရင် ရက္ခိုင်အက္ခရာနှင့် ရခိုင်သင်ပုန်းကြီး (မြဝတီမဂ္ဂဇင်း ၁၉၆၇ ခုနှစ်)