ပနမ်းလူမျိုး
ပနမ်းလူမျိုးရို့စွာ အရှိဖက်မှ ခမီအမျိုးသားရို့နန့် တတူ ဆင်းသက်လာကတ်ရေ အုပ်စုတစု ဖြစ်တေဟုဆိုရေ။ ယပြီးနောက် ခမီရို့နန့် ခွဲပြီးကေ အနောက်မြောက်စူးစူးသို့ ထွက်လားကတ်ရာ ကလင်ကော့ (လူရှေ)ရို့နန့် အိန္ဒိယနိုင်ငံထဲမာ တွိပနာ နှစ်ပေါင်းများစွာ တတူနီထိုင်ခကတ်တေ။
နောင်အခါ ကလင်ကော့(လူရှေ)ရို့နန့် မသင့်မတင့်ဖြစ်ပနာ ကုလားတန်မြစ်ဖျားခံရာအရပ်မှ တောင်ဘက်အရပ်သို့ ဆင်းလှာခကတ်တေ။ ယင်းပိုင် ရွှိပြောင်းလှာကတ်တေမာ လွန်ခရေ အနှစ် ၂၀၀ ကျော်လောက်က ဖြစ်တေ။
ပနမ်းယောက်ျားတိစွာ ကလင်ကော့ရို့ကဲ့သို့ ဆံပင်ကို နောက်ထုံးထုံးကတ်တေ။ စကား ၁၀-လုံးမာ ကလင်ကော့ စကားနှစ်လုံးလောက် ပါနိန်ရေ။ တမာကူသောက်ရေ အလိအထစွာ ယင်းရို့ပါးမှ ရလာရေ ယိုင်ကျေးမှုပင် ဖြစ်တေ။
ကုလားတန်မြစ်အတိုင်း တောင်ဘက်ကို ဆင်းလှာခကတ်ရာ ချင်းလက်ချောင်း အထက်နားဟိ ကွဲကုန်းဆန်းလမွေးတောင် အရောက်မာ နှစ်ပေါင်းများစွာက ကွဲကွာလားခကတ်ရေ ခမီအမျိုးသားရို့နန့် ပထမဆုံးပြန်ပနာတွိရရေဟု ဆိုရေ။ ခမီရို့နန့် တွိပနာ တတူနီထိုင်လှာကတ်ရာမှ ခမီစကားကို လူတိုင်းလောက် ပြောတတ်လာရေ။ ခမီရို့နန့် အပြန်အလှန် လက်ဆက်မှုတိလည်း ဟိရေ။
ပနမ်း၊ ခမီ၊ မြို၊ အနူး၊ ခေါင်စိုရို့၏ အရပ်အမောင်း အသွင်ပြင်မာ ရခိုင်ရို့နန့် တူဧ့။ အရပ်ဒေသကို လိုက်ပြီးကေ အသားအရောင်၊ အဖြူ၊ အညို ကွဲလားရေ။ ဆံပင်မည်းရေ။ မျက်ဆန်နက်ရေ။ ပနမ်းအမျိုးသားရို့စွာ ခမီရို့ထက် အရပ်စိကေချေ မြင့်စွာကို တွိရရေ။
ပနမ်းအမျိုးသမီးတိစွာ ရင်တဖက်ကို မဖုံးကတ်လီ၊ အပျိုအအို ခွဲခြားသိနှိုင်ရေ အချက်တိမာ လိုင်ဆွဲပုတီးများ ဖြစ်ကတ်တေ။ အပျိုနန့် ကောင်မချေရသိမ့်ရေအိမ်ထောင်စွာ အမျိုးသမီးတိစွာ လိုင်ဆွဲပုတီးရှည်ကြီးတိကို ခါးအထိ အရှည်ချပနာ ဝတ်ဆင်ကတ်တေ။ အချေရရေ အခါမှ လိုင်ဖင်းပတ် ပုတီးတိကိုရာ ဝတ်ဆင်ကတ်လီရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မောင်ပုဆိုးကြမ်း. တိုင်းရင်းသားလူမျိုးများ အဘိဓာန်.