Jump to content

ပန်းဆယ်မျိုး

ဝီကီးပီးဒီးယား က

တမ်းပလိတ်:Wiktionary ပန်းဆယ်မျိုးဆိုစွာမာ ရခိုင့်သုခုမ အနုပညာရပ်တိဖြစ်ရေ

  1. ပန်းဖဲ
  2. ပန်းထိမ်
  3. ပန်းပု
  4. ပဂျီ
  5. ပန်းယွန်း
  6. ပန်းပွတ်
  7. ပန်းတော့
  8. ပန်းတမော့
  9. ပန်းရန်
  10. ပန်းတဉ်း ကိုဆိုလိုရေ။

ဘုရားမတင်၊ နတ်မဝင်၊ လူမာ ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မဝင်၊ လူမာ ပန်းဆယ်မျိုး လို့လေ့ ခေါ်စမှတ်ပြုရေ။

ရာဇောဝါဒကျမ်းမာ ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဆိုပနာ ဖွဲ့ဆိုထားရေ။

ပဲ = ပန်းဖဲ(သံထည်ထုလုပ်ခြင်း အတတ်ပညာ)
ထိမ် = ပန်းထိမ်(ရွှီဖေသာ စရေလက်ဝတ်တန်ဆာမှစပြီးကေ အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းထု ခတ်လုပ်ရေပညာ)
တဉ်း = ပန်းတဉ်း(ကြီးထည် ပုံစံအမျိုးမျိုး သွန်းလုပ်ရေပညာ)
တော့ = ပန်းတော့(ဇမ်းပွတ်၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်းတင်တန်ဆာ ပြုလုပ်ရေပညာ)
ရန် = ပန်းရန်(အုတ်၊ ဇမ်းပွတ်ရို့နန့် အဆောက်အဦ တည်လုပ်ရေပညာ)
ပု = ပပု(သစ်သား၊ ဆင်စွယ်၊ ဖယောင်း အစဟိရေဝတ္တုပစ္စည်းတိကို ရုပ်လုံးရုပ်ကြွ ထွင်းထုရေပညာ)
မော့ = ပန်းတမော့(ကျောက်သားကို ထုဆစ်ရေပညာ)
ပွတ် = ပန်းပွတ်(သစ်သား၊ ဆင်စွယ် ပစ္စည်းတိကို လိုရာပုံစံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်ရေပညာ)
ချီ = ပဂျီ(ဆီးရီး၊ ခဲရီး ရုပ်ပုံ ရီးခြယ်ရေပညာ)
ယွန်း = ပန်းယွန်း(သရိုးဖြင့် ပန်းနန့် ရုပ်ကြွတင်ပနာ ပြုလုပ်ရေပညာ။ ယွန်းထည်ပညာ၊ ပန်းထိုးယွန်း လို့လေ့ခေါ်ရေ။)

ပန်းဆယ်မျိုးစွာ ရခိုင့်ယိုင်ကျေးမှုအနုပညာမာ အဓိကအကျုံးဝင်သော ပညာရပ်တိဖြစ်တေ။ ပန်းဆယ်မျိုးမာ အနုပညာဧ့ လီးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲရေ သဖောကို ဆောင်ရေ။ []

ပန်းဆိုရေ ဝေါဟာရ၏ မူလဘူတ အရင်းအမြစ်မာ "ပန်"ဖြစ်ကြောင်း စာပီပညာသျှင်တိက ဖော်ထုတ်ထားကတ်တေ။ "ပန်"ဧ့ အနက်အဓိပ္ပာယ်စွာ ဖန်တီးရေ။ ဖန်တီးချက်လက်ရာ၊ ဖန်တီးသူ ဆိုပနာ သိရရေ။ အနုပညာလက်ရာတခု ဖြစ်ပေါ်လှာရန် တွေးခေါ်ကြံစည်ရခြင်း ကဏ္ဍစွာ လုပ်ငန်းပိုင်းဆိုင်ရေ ပန်းအလုပ် ဖြစ်တေ ဟုဆိုရေ။ "ပန်း"ဟု ပညတ်ခေါ်ဆိုကတ်ပြီး မွမ်းမံခြယ်လှယ် စီမံရရေ သုခုမအနုပညာ ပါရေ လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စားပနာ ခေါ်ကြောင်း တချို့ပညာဟိတိက ယူဆကတ်ရေ။ သုတေသီတချို့က "ပန်"ဟု ရှီးကခေါ်ဆိုရေစကားမာ ပညာလုပ်ငန်း ဟု အဓိပ္ပာယ်ဖြစ်ကြောင်းတိဗက်ဘာသာ၊ တရုတ်ဘာသာ၊ ချင်းဘာသာ စစွာတိနန့် ကိုးကားတင်ပြကတ်ရေ။


  1. ရာမညကိုကိုနိုင်“မြန်မာ့ရိုးရာပပုပညာ”

တမ်းပလိတ်:ပန်းဆယ်မျိုး