Jump to content

ပန်းတမော့

ဝီကီးပီးဒီးယား က
ကုသိုလ်တော်ဘုရားဝင်းအထဲဟိ ပိဋကတ်တော်များ ထွင်းထုထားရေ ကျောက်စာတချပ်

ကျောက်များ၊ သဲကျောက်များ၊ စကျင်ကျောက်တိကို အရုပ်သဏ္ဍန်ပေါ်ယောင် ထုလုပ်ရေ ပညာရပ်ဖြစ်တေ။ အေဒီ ၂ ရာစုလောက်မှစပြီးကေ ဒေနိထိ ခေတ်အဆက်ဆက်မှ လက်ရာအမျိုးမျိုးကို လိ့လာတွိနှိုင်ရေ။ ထိုပန်းတမော့ပညာရေ ကျောက်ဆစ် အတတ်ပညာရပ်တခုဖြစ်တေ။ ရှိးခေတ်မှ ဒေနိခေတ်ထိအောင် ထွန်းကား ဗျာယ်ဟိရေ။ ရှီးရခိုင်ရို့၏ နန်းတော်၊ အိမ်တော်၊ ကျောင်း၊ ကန်၊ သာလယံ စရေအဆောက်အဦး ကြီးကြီးမားမားတည်ဆောက်ရာမာ ပန်းတမော့ပညာကို အသုံးပြု လာခကတ်တေ။ ပုဂံခေတ်မာ ပန်းတမော့ပညာ ထွန်းကားခကြောင်း သမိုင်းအထောက်အထားမှ ရာဇကုမာရ်မင်းသားမှ ဖခင် ကျန်စစ်သားမင်းကြီး ဖျားနာဖြစ်ချိန် ကုသိုကောင်းမှုပြုခရေ ပါဠိ၊ မွန်၊ မြန်မာ နန့် ပျူ ဘာသာတိရို့နန့် ရီးထိုးခရေ မြစာတီကျောက်စာ(ရာဇကုမာရ်ကျောက်စာ) မာ ခိုင်လုံရေ သမိုင်းအထောက်အထား အဖြစ် ယူဆနှိုင်ရေ။

မြစာတီမာ မှတ်တမ်းအဖြစ် ရီးထိုးခရေ မြစာတီကျောက်စာ (ရာဇကုမာရ် ကျောက်စာ) ပျူစာဖက်မှတွိမြင်ရပုံ

တမ်းပလိတ်:မြစာတီကျောက်စာ တမ်းပလိတ်:ပန်းဆယ်မျိုး