Jump to content

ပန်းထိမ်

ဝီကီးပီးဒီးယား က

ပန်းဆယ်မျိုးထဲအနက် တခု ဖြစ်ရေ ပန်းထိမ်စွာ ရွှီဖေသာ စရေ ပျော့ပျောင်းရေ သတ္တုတိကို အရည်ကြိုကာ ပုံသွင်းရေ အတတ် ဖြစ်တေ။ လက်ဝတ်ရတနာ၊ အသုံးအဆောင် အမျိုးမျိုးရို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံ ရို့နန့် တွဲဖက်လို့ ပြုလုပ်ရေ အတတ်ပညာဖြစ်တေ။ အရောင်တင်ခြင်းစွာ ရွှီပန်းထိမ်လုပ်ငန်းမာ အရေးပါရေ အခန်းကဏ္ဍတရပ်ဖြစ်တေ။

ရွှီရည်ကောင်းလက်စွပ်၊ ဆွဲကြိုး၊ ဆွဲသီး၊ နားဆွဲနန့် ဟန်းချိန်းပိုင်ယှောင် ရွှီထည်လက်ဝတ်လက်စားများ ပြုလုပ်ပြီးကေစမာဖြစ်စီ၊ ဝတ်ဆင်ဖန်များတွက်နန့် ညစ်ပေလာကေဖြစ်စီ အရောင်စိုပြည်လှပစီရန် အရောင်တင်ကတ်ပါရေ။ လက်ဖြစ်အရောင်တင်ခြင်းနန့် စက်ဖြင့်အရောင်တင်ခြင်းဆိုပနာ ရွှီထည်အရောင်တင်နည်း နှစ်မျိုးဟိ၏။ လက်ဖြစ်အရောင်တင်ရန် အယင်ဦးဆုံး ရွှီထည်ကို နီရောင်လာရေအထိ မီးပီး၊ မီးဖုတ်ပြီးကေ ဇာဂနာဖြင့် ရွှီထည်ကိုညှပ်ယူကာ သွပ်စားလောင်ဆီး ထည့်ထားရေခွက်မာ ဆွတ်ရရေ။ မီးဖုတ်ခြင်းနန့် ရွှီမာကပ်နိန်ရေ အညစ်အကြီးများ မီးစားကုန်ပြီး ရွှီဧ့မူလအရောင်အသွီးကို ရဟိစီရေ။ လောင်ဆီးဆွတ်မှုကြောင့် ရွှီထည်ပေါ် တင်ကျန်နီရေ မကောင်းရေ အနံ့အသက်များ ကင်းစင်လားပြီးကေ သတံကြိတ်ရ လွယ်ကူစီပါရေ။ သွပ်စားလောင်ဆီးထဲ ဆွတ်ပြီးကေ ရေထည့်ထားရေ ကြွီခွက်ထဲကို ရွှီထည်ကို နစ်ထည့်၊ ပြန်ထုတ်ပြီးကေ သတံခေါ် စတီးလ် သို့မဟုတ် ဖန်ဖြင့်ပြုလုပ်ထားရေ အရာဖြင့် ရွှီထည်မျက်နှာပြင်ကို ချောမွတ်ပြောင်လက်အောင် တိုက်၊ကြိတ်ပီးရရေ။

(ပြောင်လက်လားပါက ကြီးမှုံပိုင် သတံတိုက်သူ၏ ရုပ်သွင် ရွှီထည်ထက်မာ ပေါ်လာရေကို သတိပြုမိရာရေ ဂျူနီယာတိက သတံမကြိတ်မီ "ခွီးရုပ်ပေါ်ယောင်တိုက်" ဟု စ နောက်ခြင်းဖြစ်တေ။) ပြီးကေ သပုံသီးခေါ် ကင်ပွန်းသီးအလုံးတချို့ကို မီးမြိုက်၊ ချေမွပြီး ရီစိမ်ထားရေ ရေအင်တုံထဲကို ရွှီထည်ကိုနစ်လိုက် ပြန်ဆယ်ယူကာ ကြီးဘရပ်ခတ်လိုက် ပြန်နစ်လိုက်လုပ်ပြီး သန့်စင်အောင်ပြုရ၏။

ထိုနောက် ဒုတ္ထာ ရွေးစိလောက်ကို စကျင်ကျောက်ဆုံမာ ရေပါရေဆိုရုံ ထည့်ကြိတ်ချေ၊ ဆား ထမင်းစားဇွန်းနှစ်ဇွန်းနန့် ယမ်းစိမ်း ထမင်းစားဇွန်း လေးဇွန်းလောက်ကို ကြေညှက်အောင်ထောင်းပြီး ရေထည့်ကာ ခပ်ပျစ်ပျစ်ဖြစ်ယောင် ပြုထားရေ အရောအနှောမာ ရွှီထည်ကို နစ်ပြီးကေ ပြန်ဆယ်၊ မီးအပူပီးထားရေ ဒယ်ထဲကိုထည့်လို့ မြီချဉ်ပစ်ရရေ။ မြီချဉ်ပစ်ပြီးကေ ရေထည့်ထားရေ ကြွီခွက်ထဲကို ရွှီထည်အား ထည့်ပြီး အအီးခံပါရေ။ နောက်ဆုံးအဆင့်မာ မြီအိုး သို့မဟုတ် ကြွီရည်သုတ် သံဇရုံထဲ ဆီးတင်ဖြုတ်ဖြည့်ကာ ပွတ်ပွတ်ဆူအောင် မီးဖိုပေါ်တည်ထားလျှက် သန့်စင်ထားရေ ကြီးနီချောင်းပါ ထည့်သွင်းထားရေ အိုးထဲမာ ရွှီထည်ကို နစ်ထည့်လိုက်၊ ပြန်ထုတ်လိုက်နန့် လိုချင်ရေအရောင်ရရေအထိ ပြုပါရေ။

ဆီးတင်ဖြုတ်ဆိုစွာမာ ထန်းရည်ခံရေ ဇီးအိုးအရွယ်ဟိ အိုးထဲကို ဆား လက်ဖက်စားဇွန်း တဇွန်း၊ ကန့်မှုန့် လက်ဖက်စားဇွန်း ထက်ဝက်လှောက်နန့် အချေလက်သီးဆုပ်ပမာဏဟိ မှင်းကျိုးသီးမှည့်လက်တဆုပ်ကို ရေဖျော်ထားရေ အရည်အား အိုးပက်ခုံးစောင်းအထိဖြည့်ပြီး ဖျော်စပ်ထားရေ အရည်ကို ခေါ်ခြင်းဖြစ်တေ။ မှင်းကျိုးသီးမှည့်ကို ရေမဖျော်ပဲ အဝတ်ချာ ပါးပါးဖြင့် ထုပ်ပြီး ထည့်ကေလေ့ ဖြစ်ပါရေ။ ကြီးနီချောင်းအတွက် လျပ်စစ်ဝါယာကြိုးအဟောင်းကို မီးတိုက်ပြီး ထုတ်ယူထားရေ ကြီးနီကြိုးကို ဖြတ်ကာ ကော်ပတ်ဖြင့် သန့်စင်လျှက် ခွေထည့်လို့ ကေလည်းကောင်း၊ သင့်တော်ရာ ကြီးနီချောင်းကို သန့်စင်ပြီးပင်ဖြစ်ဖြစ် ပြုကတ်ပါရေ။ တချို့က မြီအိုး သို့မဟုတ် ကြွီရည်သုတ် ဇရုံအစား ကြီးအိုးကို သန့်စင်ပြီး ဆီးတင်ဖြုတ်ထည့် အရောင်တင်ကတ်ရေ၊ ထိုအတွက် ကြီးနီထည့်ပီးရန် မလိုတော့ပါ။

တချို့မာ မြီချဉ်မပစ်မီ ရွှီထည်ကို ပြုတ်ရည်ဖြင့် ပြုတ်ပြီးမှ ကြီးဘရတ်ခတ်ကာ မြီချဉ်ပစ်ပါရေ။ ယမ်းစိမ်း ၁ိ၊ ကျောက်ချိုင် ၈ဲ၊ ဆား ၄ဲ၊ ဒုတ္ထာ ၁ဲ အချိုးဖြင့် ရေဖြည့်ထားရေ အိုးထဲထည့်လို့ ဖော်စပ်ထားရေ အရည်ကို ပြုတ်ရည်ဟု ခေါ်ခြင်းဖြစ်တေ။


တမ်းပလိတ်:ပန်းဆယ်မျိုး