ပန်းပု
ပန်းဆယ်မျိုးထဲက တခု ဖြစ်ရေ ပန်းပု (သို့) ပန်းပုပညာ ဆိုစွာမာ သစ်သား၊ ကျောက်သား၊ ပလတ်စတစ် စရေ ပစ္စည်းသားတိကို ထုထွင်းပုံဖော်ပနာ တိုင်းကြောင်း-၃ခုလုံးစာ ပုံပေါ်ရေ သုခုမအနုပညာပစ္စည်းများ ဖန်တီးရေ အတတ် ဖြစ်တေ။ ပုံမှန်ဆိုလို့ဟိကေ ကျောက်တုံး (ကျောက်သား သို့မဟုတ် စကျင်ကျောက်)၊ သတ္တုနန့် သစ်သားရို့ကို အသုံးပြုကတ်ရေ။ အချို့ ပန်းပုရုပ်ရို့ကို ကျောက်သားမှ တိုက်ရိုက်ဖဲ့ထုတ်ခြင်းက ရဟိပြီး တချို့ကိုမူ တစစီတပ်ဆင်ပြီး အပူပီးခြင်း၊ ဂဟေဆော်ခြင်း၊ ပုံစံခွက်မာ ထည့်သွင်းခြင်း သို့မဟုတ် မိုဖြင့် ပုံဖော်ခြင်းရို့မှ တဆင့် ပြုလုပ်ကတ်ရေ။ ပန်းပု ကိုဖန်တီးသူကို ပန်းပုဆရာ လို့ ခေါ်ရေ။
လက်မှုပညာ ပန်းဆယ်မျိုးထဲမာ ပပုလုပ်ငန်းလည်းပါဝင်ရေ။[၁] [၂]သစ်သား၊ တိရစ္ဆာန်အရိုး၊အစွယ်၊ ကျုတ်နစ်၊ ဖယောင်း စစွာတိနန့် ရုပ်လုံးရုပ်ကြွပေါ်ယောင် ထွင်းထုရရေ ပညာရပ်အမျိုးအစားဖြစ်တေ။[၃]
ပန်းပုပညာမာ အကြမ်းထည်ပစ္စည်းတိကို ပုံသွင်းခြင်း ပုံစံပြောင်းလဲခြင်းပြု နိုင်သဖြင့် ပန်းပုပညာကို ပလတ်စတစ် အနုပညာလို့လေ့ ခေါ်ကတ်တေ။ အများပြည်သူပိုင်ရေ နီရာတိမာ အများအားဖြင့် ဟိတတ်တေ အနုပညာမာ ပန်းပုပင်ဖြစ်တေ။ ပန်းပုရုပ်မကန်မဝှန်ကို ပန်းခြံထဲမာ ခင်းကျင်းပြသထားခြင်းကို ပန်းပုဥယျာဉ်လို့ ခေါ်ကတ်တေ။
ပပု ပညာရပ်နှစ်မျိုးဟိရေ။ အပေါင်းပညာ နန့် အနှုတ်ပညာ ဖြစ်ပြီးကေ ပေါင်းပညာရေကား ဘိတ်၊ ဖယောင်းနန့်ပြုလုပ်ဗျာယ် အနှုတ်ပညာကိုမူ သစ်သား၊ဆင်စွယ်၊ ကျောက်စိမ်း စစွာတိနန့် ဆောင်ရွက်ရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ "မိရိုးဖလာ မြန်မာ့ရိုးရာ လက်မှု ပပုပညာသျှင်တိဧ့ ဘဝတိုးတက်လာစီဖို့အတွက် စျီးကွက်ကောင်းများ ရဟိရန် လိုအပ်နေ". Myanmar Digital News. ၂၉ သြဂတ် ၂၀၂၀. Archived from the original on 12 August 2023. Retrieved ၁၁ သြဂတ် ၂၀၂၃.
{{cite web}}: Check date values in:|access-date=and|date=(help) - ↑ "မြန်မာ့သစ်သားပပုစျီးကွက်". VOA. ၂၉ သြဂတ် ၂၀၁၄. Retrieved ၁၁ သြဂတ် ၂၀၂၃.
{{cite web}}: Check date values in:|access-date=and|date=(help) - ↑ "သစ်သားပပုလုပ်ငန်း". RFA Burmese. ၂၄ မေ ၂၀၂၂. Retrieved ၁၁ သြဂတ် ၂၀၂၃.
{{cite web}}: Check date values in:|access-date=and|date=(help)
တမ်းပလိတ်:ပန်းဆယ်မျိုး [[Category:ရခိုင့်အနုပညာ]