ပန်းပွတ်
အသွင်ပြင်

ယွန်းသစ်သားဖြင့် အသုံးအဆောင်များ၊ အလှအပတိကို ပြုလုပ်ရေ ပညာဖြစ်တေ။ ပန်းပွတ်ပညာကို ကလပ်အမျိုးမျိုး၊ လက်ဖက်အစ်၊ ဆွမ်းအုပ်၊ နွားဂါရီဘီးတိက သစ်သားပွတ်လုံးများ၊ ထီးဖြူ၊ ရွှီထီး လက်ရိုးလက်ကိုင်များမာ တွိဟိနှိုင်ရေ။ ယင်းချင့်အပြင် ပန်းပု ပညာဖြင့် ရုပ်လုံးဖော်ထားရေ အကြမ်းထည်တိကို ချောမွိတောက်ပြောင်စီရန် ပန်းပွတ်ပညာဖြင့် ပြုလုပ်ရရေ။