ပန်းဖဲ
အသွင်ပြင်
ပန်းဆယ်မျိုးထဲက တခု ဖြစ်ရေ ပန်းဖဲစွာ သံ၊ ကြီးနီ စရေ သတ္တုတိကို အရည်ကျိုကာ ပုံသွင်းလို့ မာကျောရေ အသုံးအဆောင်များ ပြုလုပ်ရေ အသုံးချ အနုပညာ ဖြစ်တေ။
သတ္တုဒြပ်စင်ရို့ကို မီးအပူရှိန်ဖြင့် ပျော့ပျောင်းစီပနာ လိုရာပုံရရန် ပုံသွင်းထုရိုက်ရရေ လုပ်ငန်းဖြစ်တေ။ ရခိုင်သမိုင်းတလျှောက်မာ ပန်းဖဲလုပ်ငန်းစွာ အရေးကြီးရေ အခန်းကဏ္ဍမှ ပါဝင်ခရေ။ ရခိုင်ဘုရင်တိ၊ စစ်သူကြီးတိ၊ စစ်သားတိ ကိုင်ဆောင်ရန် ဓား၊ လှံ၊ လက်နက်တိ ထုတ်လုပ်ပီးရေ အတတ်ပညာ လုပ်ငန်းဖြစ်တေ။ ပန်းဖဲဆိုစွာ သံကို မီးအားကကောင်းနန့် ရဲနီအောင်ဖုတ်ပြီးလိုရာပစ္စည်းတိကို ထုခတ်ရရေ လုပ်ငန်းဖြစ်တေ။ ပန်းဖဲရို့စွာ ဓား၊ လှံ၊ ကတ်ကိုက်၊ ပေါက်တူး၊ ဂေါ်ပြား၊ တူ၊ တန်းစဉ်း၊ သံတူရွင်းစသည်ရို့ကိုပြုလုပ်ရေ။