ပန်းယွန်း
ဘီစီ ၁၅၇ဝ မှ ဘီစီ ၁၀၄၅ အထိ တရုတ်ပြည် မြစ်ဝါမြစ်ဝှမ်းမာ ဘုရင်နိုင်ငံတခု တည်ထားစိုးစံခရေ ရှမ်းမင်းဆက်တခုထိတောင် ယွန်းထည်သမိုင်းကို နောက်ကြောင်းပြန် ခြီရာခံနှိုင်ရေ။ တရုတ်ပြည်ကို သူရို့ အုပ်စိုးစဉ်ကစပနာ ရှေးဟောင်းပစ္စည်း ရုပ်ကြွင်းအစအနရို့အဖြစ် အစောဆုံး ဥပမာရို့မာ သူရို့ ပထမ စတင်လုပ်ခရေ ယွန်းထည်တိကပင် ဖြစ်ကတ်တေ။

ယွန်းထည်နန့် ယွန်းလုပ်နည်းစွာ အလှအပဆင်သဖို့ရော ကြာကြာထားနိုင်၊ ခံနိုင်ရည်ဟိဖို့ ပစ္စည်းတခုခုဧ့ မျက်နှာပြင်ကို သုတ်ဆီးတခုခုတင်သခြင်း (ဝါ) တင်သထားရေ ပစ္စည်းဖြစ်တေ။ ယွန်းဆိုစွာမာ သဘာဝအတိုင်းပါ ပြင်ဆင်ရောစပ်လို့ပါ ဖြစ်ပေါ်လှာရေအစီးတမျိုးဖြစ်ပနာ ပူဖောင်းပိုင် ကော်တမျိုးမှ ဆင်းသက်လာရေ ပစ္စည်းနန့် အခြားပစ္စည်းရို့ ပေါင်းစပ်ထားရေ အရာတခုဖြစ်တေ။ မာကြောပြီး အလှဆင်ခြယ်သပြီး တချိန်တည်းမာ အစွန်းအခြစ်ရို့မှလည်း အကာအကွယ် ပြုနှိုင်ရေ မျက်နှာပြင်တခုခုအပေါ် လူးသုတ်ရရေ အယင်လည်း သွိခြောက်လွယ်ရေ ယွန်းဆီးကို ပြင်ညီတခုခုပေါ် လူးသုတ်ရရေ။ ယွန်းဆီးကိုပြင်ညီတခုခုပေါ် သုတ်လူးပြီးစွာနန့် ယင်းပျစ်ပျစ်အရည်မာ အငွိပျံခါ ဗူကောင်းအစများပါ ကော်ရည်ဆန်ဆန်အရည်မာ ခြောက်သွိလားကာ ဓာတုတုံ့ပြန်ချက်တိဖြင့် ယင်းပြင်ညီကို မာကျစ် ပြောင်ချောရေအဖြစ်နန့် ကျန်ခစီပါလီရေ။ ယွန်းဧ့ ထူးခြားချက်နှစ်ခုမာ ယင်းသုတ်လူးထားရေ ပစ္စည်းတခုခုစွာ အပူဟိန် တဟုန်တည်းဖောက်လို့ မဝင်နိုင်ခြင်းနန့် ယင်းနည်းပိုင် အရည်နန့် အစိုသိပ်သည်းမှု တခုခုလည်း မစိမ့်ဝင်နိုင်တော့ခြင်းဖြစ်ရာ ယင်းစွာ အလွယ်ချေပင် ဆိုးဆီးတခုခုနန့်လည်းကောင်း အရာ ယင်းဆီးဧ့ ဟိရင်းသတ္တိ တိကို ပိုပြီးကေအစွမ်းပြလာစီနှိုင်ရေ အခြင်းအရာတခုဟိခြင်းပင်ဖြစ်တေ။
ဒေနိအခေါ် ယူနမ် တချိန်က နန်ချောင်းအင်ပါယာကိုဖြတ်ပနာ အေဒီပထမရာစုနှစ်မာ တချိန်က (ဒေနိမြန်မာခေါ်ရေ) နိုင်ငံကို ယင်းယွန်းရောက်လှာခဲ့ကပင် ယွန်းမာ ပိုပြီးကေသိမ်မွေ့ရေ အရည်အသွီး အနုပစ္စည်းတခုအဖြစ် တိုးတက်ဖြစ်ပေါ်လှာခဲ့ရေ တပြိုင်တည်းပင် ရှီးရိုးစိုင်လာ အနုအလှ ပစ္စည်းပစ္စယရို့၏ ဟန်ပန်လက်ရာတမျိုး အဖြစ် ရခိုင်ပိုင်ဖြစ်လာခရေ။ ရခိုင်အခေါ် ယွန်းထည်ဆိုလိုစွာက ယူနန်လူမျိုးရို့ ဝတ်ဆင်သုံးဆောင်ရာဟူလို။ ယွန်းထည်အမျိုးမျိုးမာ
- ကျောက္ကာထည် (ရိုးရိုးစင်းစင်းပြောင်ချောယွန်းထည်များ)
- ယွန်းထည်ရိုးရိုး (ဆီးသွင်းယွန်းထည်)
- ရွှီဇဝါးထည် (ရွှီသွင်းယွန်းထည်)
- သရိုး (ရုပ်ကြွပုံသွင်းယွန်းထည်)
- မှန်စီရွှီချယွန်းထည် (စလင်းမှန်ရောင်စုံနန့်ရွှီချယွန်းထည်)
- မှန်ဖရာ့ သို့မဟုတ် နှီးဖရာ့ (ယွန်းချောက်ထည်)
အတိတ်က ထုပ်လုပ်ခရေ ယွန်းထည်ရို့မာ သာမန်ထက်ထူးကဲရေ နုနယ်နူးညံ့လှရေ အရည်အသွီးများဟိပြီးကေ နည်းပညာတခုကရာကေ ယွန်းချောက်ထည်နည်းကို သုံးထားရေ။ နမူနာဆိုရကေ ယွန်းထည်အိုးခွက်ရို့မာ ဝါးနန့် မြင်းမွှီးရို့ ပါဝင်ရာ တနားတခါ မြင်းဆံဖုတ်မွှီးကိုပင် သုံးကတ်သေးဟု ဆိုကတ်ရေ။ ထွက်လှာရေ အာနိသင်မာ ယင်းယွန်းထည်စွာ ဖိလျှင်မပိ၊ ချိုးလျင်မကျိုး၊ သွင်းထားရေ ယွန်းသားလည်း ကြီပျက်မထွက်ခြင်း ဖြစ်တေ။ ဒေနိဆိုလျင် အရာယွန်းထည် ခွီနည်းနှစ်နည်းလည်း ဟိပြန်သေးရာ အထင်အရှားပင် ကျော်ကြားဗျာယ် ဟိလီရေ။ အညံ့စား ယွန်းထည်ရို့ကား အထဲအမာခံသစ်ထည့်ထားပနာ အကောင်းစားယွန်းထည်ရို့ကမှု ဝါးအထဲသား နန်းဆွဲကြိုးလိန်ရို့သက်သက်နန့် ပိုပြီးကေလည်း အကြမ်းခံရေအပြင် သွယ်နောင်းပျော့ပျောင်းမှုလည်း ဟိကတ်ရေ။

(က)ကျောက္ကာထည်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကျောက္ကာထည်ယွန်းပစ္စည်းဆိုရေရို့က ပဓာနအားဖြင့် အိမ်မားသုံး အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြီးကေ နမူနာ လင်ပန်း ခွက် ပန်းချင်း ပန်းခံ ရီခွက်နန့် ကွမ်းကြုတ်များ ဖြစ်ကတ်၏။ ဒေရိုးရိုးယွန်းထည်မျိုးကား အဝမာ အနက်အမိုက်ရောင်နန့် အထဲသားက အရဲသားဖြစ်တေ။ ဇာတန်ဘိုးဟိရေ အနုပညာလက်ရာမှ ထည့်သွင်းအသုံးချထားခြင်းမဟိ။ ကျောက္ကာဆိုရေ နာမည်ကိုယ်မာက ယင်းစခရေ ဇာတိရပ်မြေ ကျောက္ကာရွာမြီကို အကြောင်းပြုထားခြင်းဖြစ်တေ။ ယင်းရွာစွာ ချင်းမားမြစ်ဖီး မုံရွေးမုံရွာ သလ္လာဝတီနံချင်းပြိုင် မဝီးလှရေအရပ်မာ ဟိ၏။ ကျောက္ကာထည်ရို့ကို သိပ်မတဗျင်းများလွန်းရေ ဈီးနှုန်းနန့် ရနှိုင်ရေ။
(ခ)ယွန်းထည်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယွန်းထည်ရို့ကို တန်ဆာဆင်ရီးနန့် အဆောင်ယောင်ရို့အဖြစ် ပဓာနထုတ်လုပ်ကတ်ရေ။ နမူနာ ပရိဘောဂများဖြစ်ပနာ စားပွဲ စင် ထိုင်ခုံမာ ဥပမာပါ အိုးခွက် ပန်းချင်း ပန်းတင်ဘန်း နံရံအလှဆင် ရတနာကြုတ် သို့မဟုတ် ဘူး ရှေးစောင်းပစ္စည်း ဆောင်းဒူ လက်သုတ်ပုဝါစည်း အဆင့်မြင့်ထမင်းဘူး ဝါးတူနန့် လက်ကောက်ရို့လေ့ ပါပါရေ။ ယွန်းထည်ရို့မာ အကြီးအကျယ် အဆင်အပြင်ရို့ ဖြစ်ကတ်ဗျာယ် ဆီးသွင်းခြယ်သမှု့ရို့ကို မျက်နှာပြင်အမဲအမိုက်ထက်မာ သိမ်မွေ့လှရေ အရီးအကြောင်း ပုံသဏ္ဍန်ကို ပန်းဆွဲနန့် အထူးအဆန်း တိရစ္ဆာန်နန့် လူသားပုံရို့နန့် ဖြည့်ဆည်းရာမာအရဲ အဝါ လိမ္မော် အပြာ အစိမ်း နန့် အဖြူရောင်ရို့ ချယ်မှုန်းကတ်ရေ။
(ဂ)ရွှီဇဝါထည်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တကူးတကတင့်ရေခန်းနားဖို့တွက် အခြီခံအားဖြင့် ဇာအရာဝထုမဆိုဖြစ်နှိုင်ရေ ရွှီဇဝါယွန်းခေါ် ရွှီရီးယွန်းထည်ရို့မာ မြင်ရသမျှရို့မာ တတူမဟိသလောက် ဖြစ်တေ။ သက်ဆိုင်ရေအသီးသီးရေအရာဝထုရို့၏ ဟန်ကျပန်ကျသားသားနားနား ရီးသွင်းထားရေ အရာအားနုန်း ရွှီရီးယွန်းထည်ရို့မာ အပါအဝင်ဖြစ်တေ။ ယင်းရို့မာ ရွှီပြားခပ်သွင်းထားရေပိုင် စစ်စေးသုတ်ပစ္စည်းကို အထင်းသားလှပတင့်ရေ ရှုစဖွယ်ဖြစ်ကတ်တေ။ (စက္ကူမက ပါးလှအောင်ခသပ်ထားရေရွှီပြား) အသုံးပြုထားပနာ ပြောင်မြောက်လှရေအနုပညာလက်ရာရို့ အသုံးပြုထားခြင်းကြောင့်ရွှီဇဝါယွန်းထည်ရို့မာ အရာနန့်နိူင်းလျင် အလွန်စျီးခက်တတ်ရေ။
(ဃ) သယိုးယွန်းထည်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သယိုး ဆိုလိုစွာက ပုံသွင်းယွန်းပုံနန့် အထည်သတ္ထုရို့ ဖြစ်ပနာ ဇာအရာကိုမဆို သယိုးကိုင်နှိုင်ရေ။ ယင်းအတွက်နန့် ယွန်း ဘူးအစ်ငယ်လေး ရို့မှ အစ ဆောင်းဒူ နန့် ပရိဘောက တိအဖြစ်ထိ ယင်း သယိုယွန်းထည်ပြုလုပ်ပနာရရေ။ နာမည်ကဆိုရေ အတိုင်း သတ္တဝါရို့၏ ပြာချ အရိုးကို သယိုးဟုခေါ်ပနာ ယင်းကို စပါးခွံနန့် ရောပြီး လွှစာမှုန့်လည်းထည့် တခါတရီ နွားချီးတောင်ပါ လိုက်သိမ့်ရေအပြင် စစ်စည်းနန့် သမလိုက်ရေအခါ ချောမွိ့ပြီး လိုရာပုံသွင်း ရေ ပလာစတာခေါ် ပျော့ပြောင်းပုံလုပ်ကိုင် နှိုင်ရေ အပျော့ထည်ရလာရေနန့် လိုအပ်ရေ သက်ဆိုင်ရေ ပစ္စည်းဧ့ စစ်ဆီးသုတ်ထားမျက်နှာ ပြင်အနှံ့ ဖုံးအုပ်ဖိသွင်းလိုက် စွာနန့် ယင်းဆင်ယင်ခြယ်သဖို့ ပစ္စည်း ရို့ကလည်း ရွီးချယ်ထားရေ ပုံအတိုင်းဖြစ်ပေါ်လာရေ။ သွပ်သွင်းလိုက်ရေ ဖော်ပြပါ ပလာစတာ ကို ယွင်းသရိုးကိုကြိုက်သလောက် အထုအလုံးစသဖြင့် ရယောင်ကြိုးပိုင်ဖြစ်ရီး တတ်နိုင်သလောက် တငြိမ့်ငြိမ့် လှိမ့်ပီးရရေ။ ယင်းပိုင် ယိုးသွင်းပြီးစွာနန့် ဝတ္တုမျက်နှာပြင်ပေါ် ဝယ်အခိုင်အမာစွဲနိန်ပြီးကေ ဖြစ်ရေ လိုရာပုံကို ဂန်ဒူးခံလို့ စစ်စည်းလည်း အထပ်ထပ်သုတ်ရရေ။ နောက်ဆုံးအဆင့် မာ သွင်းထားရေ ပုံရို့ကို ရွှိချသင့်ရာချ အရာအရောင် သွင်းသင့်ရာသွင်းပြီး လိုရာပုံရုပ်သွင်းထားရေအတိုင်း ထွင်းထားရေ နှယ့် ပုံပန်းအရုပ်ဝတ္တုပစ္စည်းများဖြစ်လှာလီဖိရေ။
(င) မှန်စီရွှီချယွန်းထည်။
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မှန်စီရွှီချ ယွန်းထည်ကား စင်စစ် ရွှီဇဝါး နန့် သရိုးယွန်းထည်ပစ္စည်းဖြစ်ပနာ ဖာလ်မှန်စကျောက်စလင်း နန့် ခရုသင်း ပုလဲ ဘော်ကြယ်သွင်း ပစ္စည်းတိပင်ဖြစ်တေ။ ယင်းဝတ္တုပစ္စည်းရို့ကို အထင်အရှား အကျော် ဒေးယျ ဝတ္တုများ အဖြစ် အဆောင် အယောင်အခြယ်အသ တန်ဆာပလာ အသုံးခံစရာ ရာမက ပရိဘောဂ ဘမ်းတင်ဖို့လည်းအသုံးပြုကတ်ရေ။ တဖက်မာမူ ယင်း ပစ္စည်း ရို့မာ လူ့အသုံးအဆောင်ပုံသွင်း ပစ္စည်းအဖြစ်တော့ သုံးလို့မသင့်လှ တန်ဖိုးကြီးယှားပါးလင့် ကစပ် အရာတဖက်မာမူ လက်တွိတခု ခုအသုံးချဖို့အတွက်လေ့ အတိုင်းအတာအကန့်အသတ်လည်း ဟိရေ။ ယင်း ယွန်းသရိုးနန့် မှန်စီရွှီချထားရေ အထည်တစုံ တခုမာ မလွဲမယှောင်သာမလွဲမရှောင်သာဘဲ အရွယ်အရောင် အမျိုးမျိုး နန့်ဖာလ်စမှန်စသတင်း ဘော်ကြယ်ခရုယင်း ပုလဲ အစအနရို့ မှုပ်သွင်းထားခြင်းကြောင့် သို့ အနုစိပ်လုပ်ဖို့မှ ညလည်းအထူးပျောင်းလှရေ စစ်စေးရို့ကို ပင် သုံးထားရရေကြောင့် ဖြစ်တေ။ နောက်အဆင့်မာ မူ ရွှီပြားခပ် အချပ်ရို့ကို ဖယ်လိုက်ရေအခါ ရွှီသားရွှီထည်ပကတိလို ဖြစ်ဟိလားခြင်းဖြစ်တေ။ ဖယ်ယှားပုံလည်း ယင်းအပေါ် ရေနန့် ဆီးချလိုက်ရုံသာဖြစ်တေ။ စစ်စည်းထိရောက်ထားရာနီရာတိုင်းမှ ထိအုပ်ရေ ရွှီစရို့ မာမယိုယွင်းအမြဲက ပဗျာယ်ခရေ။ သုံးရရေ ပစ္စည်း နန့် အနုလက်ပညာအရပ်ရပ်သွင်းထားအပ်ရေ အရာခြင်းခြင်း ကြောင့်ထို့အပြီး ဖြစ်ဟိခသမျှ ပစ္စည်းအလှရို့ကလည်း အလွန်အဖိုးတန် ရတနာတခုလိုဖြစ်ပနာ မှန်စီရွှီချယွန်းထည် ဟူသလှောက်မာ စရိတ်စကကြီးလှရေ။
(စ)မှန်ဖရား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပြကတေ့စာအဆိုက စစ်စည်စချောက်ပစ္စည်းထယ်ဖြစ်ပနာ မြန်မာနိုင်ငံမာ ယင်းယွန်းပစ္စည်း ရို့ကို အထူးအနိန်နန့် ဗုဒ္ဓရုပ်ပွားတော်များ နန့် ဇာတီပုထိုး ရို့အတွက်ခြယ်သပူဇော်ရန် အသုံးပြုခြင်း ကြောင့်ယွန်းဂန်ဒူးထည်များဖြစ်လှာရရေ။ ယင်းနာမည်ကိုယ်မာက ပစ္စည်းထုတ်လုပ်ယင့်နည်းပညာနန့် သက်ဆိုင်လှရေမဟုတ်။ သစ်သား ခေါင်းပွပစ္စည်းမျက်နှာပြင် အပေါ်စစ်စည်းသုတ်ဖို့ မာ(မံ) ရေလို့ မြန်မာလိုဆိုကတ်လို့ ဖရာ့ဆိုလိုစွာကတော့ (ဘုရား) ပင်ဖြစ်တေ။ နှောင်းပိုင်းအရောက်မာ ဘုရားတဆူအတွက် ခေါင်းပါစစ်စေး သုတ်ပစ္စည်း ဖြစ်လှာလီဖိရေ။ ဝါးခေါင်းပွနှီး စရို့နန့်အမာခံလုပ်ထားရေ ဗုဒ္ဓဆင်းတု ဘောင်ခံပစ္စည်းမာ (နှီး) ဟုခေါ်ပနာ ယင်းဘုရားရို့ကို နှီးဘုရားဟုခေါ်ရေ။ ယကေလေ့ အထက်မာဖော်ပြခရေအတိုင်း လက်တွိကျကျနညး်ပညာ နည်းပညာဆန်ဆန်မှည့်ခေါ်နှိုင်ရေက စစ်စည်းဂန်ဒူးခံပစ္စည်းဖြစ်တေ။ စစ်စည်းဂန်ဒူးခံပစ္စည်းလုပ်ဖို့မာ လချီကြာရေ အလုပ်စဉ်တခုဖြစ်ပနာ ကုန်ထုတ် ၁၂ ခု ဟိဗျာယ် အခြီခံပစ္စည်းက လောင်းဖို့ အီးမြကြာသာရေ ရာသီ လိတဖြောက်ဖြောက် နန့်မြူးဖို့ကလေ့ လို၊ ဖုန်အညှက်ဆိုးကင်းရာ ဂန်ဒူးခန်းရို့အပြင် အဂယင့်အဆင့်မြင့်ရေ အနုပညာလက်ရာမြောက်ရီး အခရာပါရေ။ ဘကာစုံ ပြည့်စုံပါက ထွက်လှာရရေ ရလဒ်မာ ရိုးရိုးနန့် မတူ အဆင့်မြင့်တင့်ရေလှပရေ ယွန်းထည်တခုဖြစ်ပေါ်ရဟိလာနှိုင်ရေ။
အောက်မာဆက်ဖော်ပြထားရေအတိုင်း ကုန်ထုတ်အလုပ်စဉ်တခုလုံးမာ စစ်စည်းစုဆောင်းရာမှ စရာပါဖို့။ စစ်စည်း ပြုလုပ်နည်းမာ သန့်စင်လို့ ရေဖယ်ယှားပြီးသား (ရပ်စ်ဝါနီစီဖီရာ) ခေါ် အရှိတောင်အာသျှမာ သာအတွိတိစွာ။ အစီးထွက်ခြုံပင်တမျိုးမာ အစီးများ ဖြင့်လုပ်ယူရရေ။ ယင်းစွာ သာ အာသျှနိုင်ငံရို့မာ ယွန်းလက်ရာရို့ကို အစိုင်အလာထားလုပ်ခကတ်ရေ အခြီခံပစ္စည်း ဖြစ်တေ။ သီရည်တမျိုးဖြစ်ရေ ရှယ်လက်ဆိုရေ ပစ္စည်းမာ ဥရောပ နန့် အမေရိကတိုက်ရို့မာ ယင်းနည်းပိုင် ယွန်းထည်းရို့အတွက် အစိုင်အလာထားသုံးစွဲကတ်ရေမာ (လက်စီဖာလက်ကာ ခေါ် အကြီးခွံ ပါရေပိုးကောင်ငယ်များထွက်ရေ အရည်အစီးရို့မာ ထုတ်ယူနိုင်ရာဖြစ်တေ။) ပထမအဆင့်မာ မြန်မာနိုင်ငံမာ ကော်ပတ်ပင်မှ ခြစ်လို့ အစီးထုတ်ပိုင် ပိုင် တူနည်းနန့် အပင်မှ ရယူရရေ။ စစ်စည်းပင် စွာ ရုက္ခဗေဒအခေါ် (မှလာနိုရိုဆာ ယူစီတာတဆီမ) သျှမ်းပြည်တလွှားအရိုင်းအပေါက်များ သို့မဟုတ် စိုက်ပျိုးထားပင်ရို့မှ ရယူရရေ။ စေးထန်းထန်းအညိုမဲ အရောင်ထွက်လှာရေ အစီးရို့မာ လေနန့်တွိရေနန့် ပိုခဲလို့ ခဲလာရေ သဘောဟိရေ။
နောက် ဝါး ခေါင်းပွ သို့မဟုတ် နှီးဝတ္တုခပ်ပေါ့ပေါ့ ရို့အပေါ် မြင်းမွှီးသို့မဟုတ် ဗူဗေါင်းများရေ ပိုစားထားရေပိုင် ခပ်ပွပွသစ်ပစ္စည်းရို့ ဖြင့် အထူးအဖြင့် လုပ်ကတ်ရေ။ ပဓာန ပစ္စည်း ၂ ခုအနက် ဒုတိယပစ္စည်းက အဆင့်မြင့်ရရေ ယင်းအတွက်နန့် စရိတ်စကကြီးရေ။ ပထမ ပစ္စည်းက အဆင့်နိမ့်ပနာရ၏။(အကြောင်း က ပေါပေါ ရနှိုင်ရေအပြင် ကကောင်းလေ့ ကောင်းဖို့မလို ကိုင်တွယ်ရလည်း လွယ်ကူရေ။) ထိုနှစ်မျိုး ပေါင်းလုပ်ရရေ အရာဝတ္တုပစ္စည်းအစုစုမာ သိပ်မကြီးလှရေ ဈီးနန့် ရနှိုင်လာရေ။ အရာတွင်ပြီဆိုကေ အမြုတေအမာခံ အထည်ကြမ်းကို စစ်စည်း နန့် ရွှံစေး ခကြကြားရော စပ်ထားသမျှဖြင့် သုတ်လူးရရေ။
နောက်ယင်း ပထမအချောအဆင့်ထည်ကိုလီဝင်ထွက်ကောင်းခြောက်သွိကေလေ့ အီးမြရရေ အခန်းမာတဆတ်ဆတ် သွိခြောက်လားယောင် ၃ ရက်မှ ၄ ရက် ထိဂန်ဒူးလှန်းရရေ။ အောက်ပါကုန်ထုတ်အလုပ်ချိန်ခါ အထည်ပစ္စည်းကို စစ်စည်းနန့် ပြာထပ်ရောခါ သုတ်ရပြန်ရေ။ အရာအထောက်အကူပစ္စည်းရို့ မာအထည်ကို ကောင်းမကောင်း အဆင့်မီမမှီ သတ်မှတ်ပီးဖို့ အရေးပါရာရို့ဖြစ်တေ။ အရာဝတ္တုဧ့မျက်နှာမာ အနှံ့ ချောမွတ်အောင်သရစွာမှာ အထည်ခြောက်ပြိးမှဖြစ်ရပြီးကေ ယင်းပိုင် ချောကိုင်ဆီးသုတ်ပိုင်သုတ်ရခြင်းကာ အထပ်ထပ်အခေါက်ခေါက် ဖြစ်တေ။ ယေမှသာ ပါးပါးချေဆုံးပုံမမှန်သမျှ ပြေပျောက်လားဖို့ဖြစ်တေ။ အဂုဆိုကေ အထည်မာ အပမာ အမည်းထဲမာ လည်း နည်းတူဖြစ်နီပါယာ။ ထိုစဉ်ဆီးသွင်းဖို့ ထွင်းမလား ရွှီရည်ချဖို့လား ပန်းရို့ခြယ်သအလှဆင်မလား ဘော်ကြယ်အစ ဖလာန်မှန်စလင်း စရို့ဖြန့်ကျက်မလား သို့မဟုတ် ယင့်ထဲကတမျိုးထက် ၂ မျိုး ၃ မျိုး စပ်လို့ပြုလုပ်ဖို့လား စရေဆုံးဖြတ်ချက်ကို ချမှတ်ကတ်မြဲ ဖြစ်တေ။