ပရိဏတသိက္ခာပုဒ်
၁၀-ပရိဏတသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၅၇။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့၌ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူသော အခါ သာဝတ္ထိမြို့၌ အသင်းတစ်သင်းစွာ သံဃာအား"ကျွေးမွီးပနာ သင်္ကန်းနန့် ဖုံးလွှမ်းအံ့"ဟု သင်္ကန်းနန့်တကွ ဆွမ်းကို စီရင်၏။ ယင်းခါ ဆဗ္ဗဂ္ဂီရဟန်းရို့စွာ ထိုအသင်းသို့ ချိုင်းကပ်ပနာ "ဒါယကာရို့ ဒေသင်္ကန်းရို့ကို ငါရို့အား ပီးကုန်လော့"ဟုဆိုကတ်ကုန်၏။
အသျှင်ဘုရားရို့ အငရို့တိစွာ မလှူနှိုင်ကတ်ပါ၊ အငရို့တိစွာ သံဃာအား 'နှစ်စိုင်' နှစ်တိုင်းသင်္ကန်းနန့်တကွ ဆွမ်းကို ဝတ်တည်ကတ်ပါရေဟု (ပြန်ပနာ ပြောဆိုကတ်ကုန်၏)။
ဒါယကာရို့ သံဃာအား အလှူသျှင်ရို့စွာ ပေါတိပါကုန်၏၊ သံဃာအား ဆွမ်းရို့စွာ ပေါတိပါကုန်၏၊ ငါရို့စွာ သင်ရို့ကို မှီပြီးကေ သင်ရို့ကို ကကောင်း မြင်ပြီးကေ ဒေအရပ်၌ နေကတ်ပါရေ၊ အဂယင့်လို့ သင်ရို့စွာ ငါရို့အား မလှူကုန်အံ့၊ ယင်းပိုင် မလှူသော် အဇာသူစော် ငါရို့အားလှူလိမေနည်း၊ ဒါယကာရို့ ဒေသင်္ကန်းရို့ကို ငါရို့အား လှူကုန်လော့ဟု (ဆိုကတ်ကုန်၏)။
ယင်းခါ ထိုအသင်းစွာ ဆဗ္ဗဂ္ဂီရဟန်းရို့က အားဒမ ပြောအပ်ရေ ဖြိုက်ပနာ စီရင်အပ်တိုင်း သောသင်္ကန်းကို ဆဗ္ဗဂ္ဂီရဟန်းရို့အား လှူပြီးနောက် သံဃာကို ဆွမ်းနန့် လုပ်ကျွေး၏။
အကြင် ရဟန်းရို့စွာ သံဃာအား သင်္ကန်းနန့်တကွ ဆွမ်းကို စီရင်အပ်ရေဟု သိကုန်၏၊ "ဆဗ္ဗဂ္ဂီရဟန်းရို့အား လှူအပ်ပြီး"ဟုကား မသိကုန်၊ ထိုရဟန်းရို့စွာ "ဒါယကာရို့ သံဃာအားသင်္ကန်းကို လှူဒါန်းကတ်ဖိ"ဟု ဆိုကတ်ကုန်၏။
အသျှင်ဘုရားရို့ မဟိတော့ပါ၊ အသျှင်ဆဗ္ဗဂ္ဂီရို့စွာ စီရင်အပ်တိုင်းသော သင်္ကန်းကို မိမိရို့အားညွတ်စီကတ်ပါရေဟု (လျှောက်ကတ်ကုန်၏)။
အလိုနည်းသော ရဟန်းရို့စွာ "ဆဗ္ဗဂ္ဂီရဟန်းရို့စွာ သိပျားကေ ညွတ်ပြီးရေ သံဃိကလာဘ်ကိုမိမိရို့အား အဇာကြောင့် ညွတ်စီကုန်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကတ် ကုန်၏၊ ယင်းခါ ထိုရဟန်းရို့စွာ ဆဗ္ဗဂ္ဂီရဟန်းရို့ကို အများကြီးသော အကြောင်းနန့်သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေ အကြောင်းကို လျှောက်ထားကတ်ကုန်၏။ပ။
"ရဟန်းရို့ သင်ရို့စွာ သိပျားကေ ညွတ်ပြီးရေ သံဃိကလာဘ်ကို မိမိရို့အား ညွတ်စီကတ်ကုန်၏ဟူစွာ မှန်သလော"ဟု စိစစ် မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်ကတ်ကုန်၏)။
ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သရော်တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေယောက်ျားရို့ အဇာကြောင့် သင်ရို့စွာ သိပျားကေ ညွတ်ပြီးရေ သံဃိကလာဘ်ကို မိမိရို့အားညွတ်စီကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျားရို့ ဒေ (သင်ရို့ပြုမိသောအမှု) စွာမကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၅၈။ "အကြင် ရဟန်းစွာ သိပျားကေ ညွတ်ပြီးရေ သံဃိကလာဘ်ကို မိမိအားညွတ်စီငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏" ဧပိုင် (ပြကတ်ကုန်လော့ဟုမိန့်တော်မူ၏)။
၁၀-ပရိဏတသိက္ခာပုဒ်အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၅၉။ အကြင်ဟူစွာ အကြင်သို့သဘောဟိရေ။ပ။
ရဟန်းဆိုရေ။ပ။ ဒေအရာမာ ဒေဉတ္တိစတုတ္ထကံနန့် ရဟန်းအဖြိုက်သို့ ရောက်သူကို "ရဟန်း"ဟုအလိုရှိအပ်၏။
သိ၏ ဆိုစွာ ကိုယ်တိုင်ကေလေ့ သိ၏၊ အခြားသူရို့ကကေလေ့ ထိုရဟန်းအား ပြော ကုန်၏၊ ယင့်သူကကေလေ့ ပြောရေ။
သံဃိက ဆိုစွာ သံဃာအား လှူအပ် စွန့်အပ်ပြီး ဖြိုက် ၏။
လာဘ် ဆိုစွာ သင်္ကန်း ဆွမ်း အိပ်ရာနီရာကျောင်း သူနာ၏ အထောက်အပံ့ ဆေးဝန်ရို့တည်း၊ အယုတ်အနိန်နန့် အမှုန့်ခဲစွာလိ့ကောင်း၊ ဒန်ပူစွာလိ့ကောင်း၊ မြိတ်ဆာချ ည်စွာလိ့ကောင်းတည်း။
ညွတ်ပြီး ဆိုစွာ "လှူကုန်အံ့ ပြုကုန်အံ့"ဟု နှုတ်မြွက်အပ်၏။
မိမိအား ညွတ်စီအံ့၊ အားထုတ်မှု ပယောဂကြောင့် ဒုက္ကဋ်အာပတ် သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏။ သံဃာအားသော်လိ့ကောင်း၊ ဂိုဏ်းအားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ အကျွန်ုပ်စွာ သိပျားကေ ဒေညွတ်ပြီးရေ သံဃိကလာဘ်ကို မိမိအားညွတ်စီအပ်အနိန်နန့် စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေလာဘ်ကို သံဃာအားစွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီး ရဖို့)။
၆၆၀။ ညွတ်ပြီး၌ ညွတ်ပြီးဟု ထင်မှတ်ခြင်းဟိပြီးကေ မိမိအား ညွတ်စီအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ညွတ်ပြီး၌ ယုံမှားဟိပြီးကေ မိမိအား ညွတ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ညွတ်ပြီး၌ မညွတ်အပ် သေးဟုထင်မှတ်ခြင်း ဟိပြီးကေ မိမိအား ညွတ်စီအံ့၊ အာပတ်မသင့်။
သံဃာအား ညွတ်ပြီးကို အခြားသံဃာအားသော်လိ့ကောင်း၊ စာတီအားသော်လိ့ကောင်း ညွတ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ စာတီအား ညွတ်ပြီးကို အခြားစာတီအား သော်လိ့ကောင်း၊ သံဃာ အားသော်လိ့ကောင်း၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း ညွတ်စီအံ့ ဒုက္ကဋ်အာပတ် သင့်၏။ ပုဂ္ဂိုလ်အား ညွတ်ပြီးကို အခြားပုဂ္ဂိုလ်အားသော်လိ့ကောင်း ၊ သံဃာအားသော်လိ့ကောင်း ၊ စာတီအားသော်လိ့ကောင်း ညွတ်စီအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
မညွတ်အပ်သိမ့်ရေ၌ ညွတ်ပြီးဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မညွတ်အပ်သိမ့်ရေ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ မညွတ်အပ်သိမ့်ရေ၌ မညွတ်အပ်သေးဟု ထင်မှတ်ခြင်း ရှိအံ့၊ အာပတ် မသင့်။
၆၆၁။ "အဇာ၌ လှူရကုန်အံ့နည်း"ဟု မေးအပ်ရေ် "အကြင်အရပ်၌ သင်ရို့၏ လှူဖွယ်ဝထုစွာ သုံးဆောင်ခြင်းကိုသော်လိ့ကောင်း၊ ပြုခြင်းစီရင်ခြင်းကိုသော်လိ့ကောင်း ရရာ၏၊ ကြာမြင့်စွာတည်စွာလည်း ဖြိုက် ရာ၏၊ ထိုအရပ်၌ လှူကုန်လော့ဟုသော်လိ့ကောင်း၊ သို့မဟုတ် အကြင်အရပ်၌သင်ရို့၏ စိတ်စွာ ကြိုင်လင်၏၊ ထိုအရပ်၌ လှူကုန်လော့"ဟု ကေလေ့ကာင်း ဆိုအံ့၊ အာပတ်မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းအား အာပတ် မသင့်။
ဒသမ ပရိဏတသိက္ခာပုဒ် ပြီး၏။
တတိယ ပတ္တဝဂ် ပြီး၏။
ထိုဝဂ်၏ အကျိုင်းချုပ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပတ္တသိက္ခာပုဒ်နှစ်ခု၊ ဘေသဇ္ဇသိက္ခာပုဒ်၊ မိုးရီခံ ဝဿိကသိက္ခာပုဒ်၊ လုယူခြင်း ပဉ္စမ သိက္ခာပုဒ်၊ ကိုယ်တိုင်ရက်စီခြင်း သုတ္တဝိညတ္တိသိက္ခာပုဒ်၊ မဟာပေသာကာရသိက္ခာပုဒ်၊ အစ္စီကသိက္ခာပုဒ်၊ သာသင်္ကသိက္ခာပုဒ်၊ သံဃိကပရိဏတသိက္ခာပုဒ်။ ဒေကားအကျိုင်းချူပ်တည်း။
၆၆၂။ အသျှင်ရို့ သုံးဆယ်သော နိဿဂ္ဂိပါစိတ်အာပတ်ရို့ကို သရုပ်အနိန်နန့် ပြဆိုအပ်ပြီးပါ ကုန်ရာ၊ ထိုနိဿဂ္ဂိပါစိတ်အာပတ်ရို့မာ အသျှင်ရို့ကို မိန်းပါ၏၊ အာပတ်မှ စင်ကြယ်ကတ်ပါကုန်၏လော၊ နှစ်ကြိမ်မြောက်လည်း မိန်းပါ၏၊ အာပတ်မှ စင်ကြယ်ကတ်ပါကုန်၏လော၊ သုံးကြိမ်မြောက်လည်း မိန်းပါ၏၊ အာပတ်မှ စင်ကြယ်ကတ်ပါကုန်၏လော။ အသျှင်ရို့စွာ ဒေနိဿဂ္ဂိရို့မာ အာပတ်မှ စင်ကြယ်ကတ်ပါ၏၊ ယင်းအတွက်နန့် ဆိတ်ဆိတ် နေကတ်ကုန်၏၊ ဧပိုင် ဆိတ်ဆိတ်နေအနိန်နန့် ဒေအာပတ်မှ စင်ကြယ်ရေအဖြိုက်ကို သိမှတ်ရပါရေ။
နိဿဂ္ဂိယအခန်း ပြီး၏။
ပါရာဇိကဏ်ပါဠိတော် မြန်မာပြန် ပြီးရာ။