Jump to content

ပရိတ်ကြီး နိဒါန်း

ဝီကီးပီးဒီးယား က
(ပရိတ်ကြီး ၁၁-သုတ် မှ ပြန်ညွှန်းထားရေ)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။


နိဒါန်း

၁။ သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေ၀တာ။ သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

(၁။ လူတိနေထိုင်ပနာဟိရေ ဒေစကြဝဠာနန့်အတူ တွဲဖက်တည်ဟိနီရေ ပတ်ဝန်းကျင် စကြဝဠာတစ်သောင်းက သောင်းလောကဓာတ် နတ်မြတ်အပေါင်းရို့ ရဟန်းရို့ဧ့ မင်းဖြစ်တော်မူရေ မြတ်စွာဘုရားဧ့ နတ်ရွာနိဗ္ဗာန် ချမ်းသာအမှန်ကို ပီးစွမ်းနိုင်ရေ သူတော်ကောင်းတရားကို ကြားနာဖို့အတွက် ဒေနေရာ‌ ဒေဒေသသို့ လာရောက်ကက်ပါလော့၊ လာရောက်ပနာ ရိုသေစွာ နာယူကက်ပါ‌လော့။)

၂။ ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။

(၂။ အို သောင်းလောကဓာတ် နတ်မြတ်အပေါင်းရို့ အဂုအခါစွာ မြတ်စွာဘုရားသျှင်ဧ့ တရားတော်ကို နာကြားရဖို့ မင်္ဂလာအခါတော် ဖြစ်ပါရေ။)

၃။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

(၃။ အကျွန်ရို့စွာ ပစ္စည်းလေးပါးအလှူကို ခံယူတော်မူထိုက်တေ, လူသူလေးပါး မသိမမြင်နိုင်ရေ ဆိတ်ကွယ်ရာနီရာ ဖြစ်စီကေလေ့ မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ခြင်း လုံး၀မဟိရေ , ဘဝသံသရာစက်သီးဧ့အကန့်အထောက်ပိုင် ဖြစ်စီတတ်တေ အလုပ်တိအားလုံးကို ပြုလုပ်ခြင်းမဟိရေ, ကိလေသာတိကို အပြီးသတ်ဖယ်ရှားပနာ မိမိအလိုလိုကိုယ်တော်တိုင် သစ္စာလေးရပ်တရားမြတ်ကို ထိုးထွင်းသိမြင်တော်မူပြီးရေ ဘုန်းတော်အနန္တဧ့အသျှင် ဘုရားသျှင်ကို ဦးညွတ်ရှိခိုး ကန်တော့ကက်ပါ‌ကုန်ဧ့။)

၄။ ယေ သန္တာ သန္တစိတ္တာ, တိသရဏသရဏာ, ဧတ္ထ လောကန္တရေ ဝါ၊ ဘုမ္မာ ဘုမ္မာ စ ဒေဝါ, ဂုဏ ဂဏ ဂဟဏ, ဗျာဝဋာ သဗ္ဗကာလံ။ ဧတေ အာယန္တု ဒေဝါ, ဝရ ကနကမယေ, မေရုရာဇေ ဝသန္တော၊ သန္တော သန္တောသဟေတုံ, မုနိဝရဝစနံ, သောတု မဂ္ဂံ သမဂ္ဂါ။

(၄။ ဒေစကြဝဠာမှာဖြစ်စီ၊ ပြင်ပစကြဝဠာတိမှာ ဖြစ်စီ၊ နီထိုင်ပြီးဟိကက်တေ ကိုယ်ဣန္ဒြေလေ့ ငြိမ်သက်၊ စိတ်ဓာတ်လည်း ငြိမ်သက်ပနာ ဟိကက်တေ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး လောကီကျေးဇူး လောကုတ္တရာကျေးဇူးရို့ကို ရဟိနိုင်ဖို့ အမြဲတမ်းလုံ့လ စိုက်ပြီးကက်‌တေ ဘုမ္မစိုးနတ် (မြေမှီနတ်)၊ အာကာသစိုးနတ် (ကောင်းကင်နီရေနတ်) အပေါင်းရို့နန့်အတူ မြတ်တေ ရွှီစိုင်အတိပြီးရေ မြင်းမိုရ်တောင်မင်းကို မှီပနာ နီထိုင်ကက်‌တေ နတ်သူတော်ကောင်း အပေါင်းရို့စွာ သောကကင်းဝီး နီထိုင်ရီးအတွက် ရောင့်ရဲလွယ်ခြင်းဧ့အကြောင်းဖြစ်တေ ဘုရားစကားတော်မြတ်ကို နာယူပန်ဆင်ဖို့အတွက် တညီတညွတ်တည်း စုဝီး ရောက်လာကက်ပါကုန်လော့။)

၅။ သဗ္ဗေသု စက္ကဝါဠေသု၊ ယက္ခာ ဒေဝါ စ ဗြဟ္မနော။ ယံ အမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိသာဓကံ။

၆။ သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ။ ပမာဒရဟိတာ ဟောန္တု၊ အာရက္ခာသု ဝိသေသတော။

(၅-၆။ စကြဝဠာအားလုံးက ဘီလူးတိ၊ နတ်တိနန့် ဗြဟ္မာတိ ဟိကက်စွာပင် ဖြစ်ပါ‌ရေ။ အကျွန်ရို့စွာ စီးစိမ်ချမ်းသာဟူသမျှကို ဖြစ်ပေါ်လာစီနိုင်ရေ ကောင်းမှုကုသိုလ်ကို ပြုလုပ်ခကက်ပြီး ဖြစ်ပါရေ။ အသင် ဘီလူး နတ် ဗြဟ္မာရို့စွာ အကျွန်ရို့ပြုလုပ်တေ ကုသိုလ်ကောင်းမှုကို ဝမ်းမြောက်ကြည်နူးကက်ပါ။ အကျွန်ရို့နန့် တစ်စိတ်တစ်ဝမ်းတည်းထားပနာ မြတ်စွာဘုရားဧ့ အဆုံးအမ သာသနာတော်မှာ မွိ့လျော်‌ပျော်ရွှင်ကက်ပါ။ စောင့်ရှောက်ထိုက်သူတိကိုလေ့ စောင့်ရှောက်ကြည့်ရှုရရေ သင်တို့ဧ့ လုပ်ငန်းရို့ကို မမိန့်မလျော့ အထူးဆောင်ရွက်တော်မူကက်ပါ။)

၇။ သာသနဿ စ လောကဿ၊ ဝုဍ္ဎ ဘဝတု သဗ္ဗဒါ။ သာသနမ္ပိ စ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။

(၇။ မြတ်စွာဘုရားဧ့ အဆုံးအမ သာသနာတော်မြတ်ကြီးပင်ဖြစ်ပစီ၊ လူရို့ဧ့ ကမ္ဘာလောကကြီးပင်ဖြစ်ပစီ ထာဝရ တိုးတက်ကြီးမြင့်ပါစီ၊ သာသနာတော်နန့် လူ့လောကကို နတ်အပေါင်းရို့က အမြဲမပြတ် ကြေ့ရှုစောင့်ရှောက်ကက်ပါစီ။)

၈။ သဒ္ဓိ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာ သုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။

(၈။ ဇာသူမဆို သူဧ့အသိုင်းအဝိုင်းနန့် အတူတကွ ချမ်းသာပါစီ၊ ဝမ်းမြောက်ရွှင်ပြုံး နှလုံးချမ်းမြေ့ကက်ပါစီ။)

၉ ။ ရာဇတော ဝါ စောရတော ဝါ မနုဿတော ဝါ အမနုဿတော ဝါ အဂ္ဂိတော ဝါ ဥဒကတော ဝါ ပိသာစတော ဝါ ခါဏုကတော ဝါ ကဏ္ဍကတော ဝါ နက္ခတ္တတော ဝါဇနပဒရောဂတော ဝါ အသဒ္ဓမ္မတော ဝါ အသန္ဒိဋ္ဌိတော ဝါ အသပ္ပုရိသတော ဝါ စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိဝိစ္ဆိက မဏိသပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံသ ယက္ခ ရုက္ခသာဒီဟိ နာနာဘယတော ဝါ နာနာရောဂတော ဝါ နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။

(၉။ မင်းဘေး၊ သခိုးဘေး၊ လူဘေး၊ ဘီလူးဘေး၊ မီးဘေး၊ ရီဘေး၊ မြေဘုတ် ဘီလူးဘေး၊ သစ်ငုတ်ဘေး၊ စူးငြောင့်ဘေး၊ မကောင်းရေ နက္ခတ်ဘေး၊ ဇနပုဒ် ရောဂါဘေး၊ မမှန်ကန်ရေ တရားဘေး၊ မှားရေအယူဝါဒဘေး၊ လူယုတ်မာရို့ဧ့ဘေး၊ ဒေပိုင် ဘေးဆိုး အန္တရာယ်ဆိုးရို့မှ ပင်ဖြစ်ပစီ၊ ဆင်ဆိုး၊ မြင်းဆိုး၊ သားကောင်ဆိုး၊ နွားဆိုး၊ ခွီးဆိုး၊ မြွီဆိုး၊ ကင်းဆိုး၊ မြွီစိမ်းဆိုး၊ သစ်ဆိုး၊ ဝံဆိုး၊ အောင်းဆိုး၊ ဝက်ဆိုး၊ ကျွဲဆိုး၊ ဘီလူးဆိုး၊ ရီစောင့်ဘီလူးဆိုး စစွာတိကြောင့် ဖြစ်တတ်တေ ဘေးအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဥပဒ်အမျိုး မျိုးရို့မှ ပင်ဖြစ်ပစီ "လူတိကင်းဝေးအောင် မမြင်ရအောင် နတ်အပေါင်းရို့က" အစောင့်အရှောက် တာဝန်ယူကက်ပါ။)

             ပရိတ်ကြီးနိဒါန်း ပြီးပါဗျာလ်။