Jump to content

ပရိတ်ကြီး ၁၁ သုတ်

ဝီကီးပီးဒီးယား က

မြတ်စွာဘုရားသျှင်ဟောကြားတော်မူခရေ ပိဋကတ်တော်တိထဲက အန္တရာယ်ကင်းအရံအတား ပရိတ်ကြီး ၁၁ သုတ်ကတော့ခါ -

မင်္ဂလသုတ်

ရတနသုတ်

မေတ္တသုတ်

ခန္ဓသုတ်

မောရသုတ်

ဝဋ္ဋသုတ်

ဓဇဂ္ဂသုတ်

အာဋာနာဋိယသုတ်

အင်္ဂုလိမာလသုတ်

ဗောဇ္ဈင်္ဂသုတ်

ပုဗ္ဗဏှသုတ် ရို့ဖြစ်ကက်ပါရေ။

ပရိတ်ကြီး ၁၁ သုတ်ကို ဟှိ ရဟန်းပညာဟိနန့် လူပညာဟိရို့ လောကီအန္တရာယ်အမျိုးမျိုး ကင်းစီဖို့နန့် လောကုတ္တရာအကျိုး တိုးစီဖို့အတွက် ပိဋကတ်သုံးပုံ ကျမ်းစာတိထဲက ထုတ်နုတ်ပနာ စီရင်ထားတော်မူခကက်ပါ‌ရေ ။ ရခိုင့်ဓလေ့ဧ့အစဉ်အလာတိမှာ သာရီး၊ နာရီး ကိစ္စတိဖြစ်တေ သမက်တတ်၊ သျှင်ပြု၊ အိမ်တက်မင်္ဂလာ၊ နှစ်သစ်ကူးမင်္ဂလာ၊ အသုဘရှုအခမ်းအနားတိမှာ ရဟန်းတော်ရို့က ဒေ ပရိတ်ကြီး ၁၁ သုတ် အစအဆုံးကိုဖြစ်စီ၊ သက်ဆိုင်ရာသက်ဆိုင်ရေ သုတ်တော်တချို့ကို ဖြစ်စီ ရွတ်ဖတ်သရဇ္ဈာယ်ပီးလေ့ဟိပါရေ။


ပရိတ် ဆိုရေ ဝေါဟာရစွာ ပရိတ္တ ဆိုရေ ပါဠိပုဒ်က ဆင်းသက်လာရေ ပါဠိသက်ဝေါဟာရ ဖြစ်ပါရေ။ ကာကွယ်ပီးခြင်း၊ တားဆီးပီးခြင်း လို့ အဓိပ္ပာယ်ရပါရေ။ မြတ်စွာဘုရားသျှင်စွာ တပည့်သာဝကသင်္ဃာတော်ရို့အတွက် ဘေးအန္တရာယ်တိကို ကာကွယ်ဖို့အတွက်နန့် မလိုလားအပ်တေ ရလဒ်တိကို တားဆီးမဖြစ်ပေါ်စီဖို့အတွက် အများကြီးဖြစ်တေ အန္တရာယ်ကင်း အရံအတားသုတ်တော်ရို့ကို ဟောတော်မူခပါ‌ရေ။ ယင်း ဟောတော်မူခရေ အန္တရာယ်ကင်းသုတ်တော်တိထဲက ၁၁ သုတ်ကို ပညာရှိဟိသူတော်ကောင်းရို့က ထုတ်နှုတ်ပနာ ပရိတ်ကြီး ၁၁ သုတ်လို့ သတ်မှတ်ပနာ ဗုဒ္ဓဘာသာဝင်သူတော်စင်ရို့ကို အသုံးပြုပူဇော်ရွတ်ဆိုစီပါရေ။


နိုင်ငံအလိုက် ရိုးရာဓလေ့တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပရိတ်ကြီး(၁၁)သုတ်လို့ အသိများရေ ပရိတ်တော်တိကို မြတ်စွာဘုရားသျှင်စွာ လူသားရို့ဧ့ လက်ဟိဘဝ အကာအကွယ်နန့်၊ အကျိုးစီးပွားဖြစ်စီဖို့အတွက် သီးခြားဟောတော်မူထားခစော် ဖြစ်ပါရေ၊၊

ပရိတ်ရွတ်ဖတ်ရေ အစဉ်အလာစွာ မြတ်စွာဘုရားသျှင် မပွင့်ခင်ကပင် တည်ဟိခရေလို့ လေ့လာရပါရေ၊၊ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ရေ နိုင်ငံတိတိုင်းမှာ ပရိတ်ရွတ်ဖတ် နာယူရေအစဉ်အလာဟိကက်ပနာ နိုင်ငံအလိုက် ပရိတ်ရွတ်ပုံနန့်နာယူပုံကွဲပြားမှုတိဟိစွာကိုလေ့ တွိ့ရပါရေ။

ထိုင်းနိုင်ငံမှာ ပရိတ်ရွတ်ရေအခါ တူရိယာတစ်မျိုးမျိုးနန့်တွဲပနာ စီးဝါးကျကျ ရွတ်ဖတ်‌စွာကို တွိ့ရပါရေ၊၊ အိန္ဒိယလူမျိုးရို့ဆိုကေ မန္တန်ရွတ်ရေပိုင် အသံရှည်ဆွဲပနာ ရွတ်ဖတ်ကက်ပါရေ၊၊ သီရိလင်္ကာလူမျိုးရို့ ပရိတ်ရွတ်ရေအခါ အသံရှည်ဆွဲပြီးကေ ဂီတသံပါပါနန့် ရွတ်ဆိုကက်ပါရေ၊၊

မဟာပရိတ်ပွဲကြီးတိမှာကျကေ ထထူးခခြား ရဟန်းသုံးပါးလောက်ပြိုင်တူ အသံကိုရှည်နိုင်သလောက် အရှည်ဆွဲပနာ ရွတ်ဖတ်လေ့ဟိကက်ပါရေ၊၊ ပရိတ်သုတ်အရီအတွက်မှာလေ့ သုတ်စုစုပေါင်း(၂၈) ဟိပါရေ၊၊ တခြားဗုဒ္ဓဘာသာနိုင်ငံတိမှာလေ့ ပရိတ်သုတ်အရီအတွက် အများကြီးကွာခြားကက်ပါရေ၊၊

သီရိလင်္ကာလူမျိုးရို့စွာ သံဃာတော်ရို့ဟှိနန့် ဘုရားပုထိုးဇာတီရို့မှာ ထိုင်ရေအခါ ဘုရား သင်္ဃာနန့် ဆင်းတု ဇာတီရို့ဘက်ကို “ခြီဆင်း”ပနာ ထိုင်ကက်ပါရေ၊၊ ရခိုင့်အယူအဆနန့်ကြေ့ဖို့ဆိုကေ ကကောင်းရိုင်းရေ ထိုင်ပုံထိုင်နည်းဖြစ်ပါရေ။

ပရိတ်ရွတ်ဖတ်ချိန်မှာ “ပရိတ်ကြိုး”ကို သင်္ဃာတော်ရို့က ပရိသတ်တိနန့်တတူတူကိုင်ထားကက်ပနာ ပြီးဆုံးရေအခါ သင်္ဃာ‌တော်ရို့က ပရိတ်ကြိုးကို အပိုင်းပိုင်းဖြတ်ပနာ လူအားလုံးဧ့ လက်ကောက်ဝတ်မှာ ချိုင်ပီးကက်ပါရေ ဒေချင့်က သီရိလင်္ကာရို့ဧ့ လုပ်ရိုးလုပ်စဉ်ဖြစ်ပါရ။


ပရိတ်ဧ့ အကျိုးအာနိသင်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပရိတ်တရားတော်ရို့ကို အသေးစိတ်လေ့လာကြေ့ကေ ရတနာသုံးပါးရို့ဧ့ဂုဏ်ကျေးဇူးကို တိုင်တည်ပနာ ဘေးကင်းစီဖို့ဆုတောင်းကက်ပုံ သစ္စာပြုပနာ အကျိုးကိုတောင်းတပုံနန့် လောကတစ်ခွင်လုံးမှာဟိကက်တေ သတ္တဝါတိကို ဘေးကင်းစီဖို့ မေတ္တာပို့ရေ ပါဠိစာပိုဒ်တိဖြစ်ကြောင်းကို တွိ့ရပါရေ။

ပရိတ်တရားရို့ကို ရွတ်ဖတ်ခြင်း၊ နာယူခြင်းစွာ အမှန်တကယ်ဘေးကင်းစီပြီး၊ အကျိုးတရားကို ဖြစ်ပေါ်စီပါရေ၊၊ မမြင်ရရေ သရဲဆစ္ဆီတိ၊ မြေဘုတ်ဘီလူး၊ မှင်စာ၊ စုန်းကဝေစစွာတိဧ့ အန္တရာယ်ပီးမှုကို အကာအကွယ်ပီးနိုင်ကြောင်း ခိုင်မာရေ သာဓကတိ အများကြီးဟိပါရေ။

မြတ်စွာဘုရားသျှင်စွာ လူနတ်ရို့ဧ့ လက်ဟိဘဝ ဘေးကင်းရီးနန့်၊ အကျိုးစီးပွား တိုးပွားဖြစ်ပေါ်စီရီး နှလုံးမူပနာ ပရိတ်အဖြစ်ရွတ်ဖတ်နိုင်ရေ သုတ်တိကို သီးခြားလမ်းညွှန်ထားစွာ ဖြစ်ပါရေ။


ပရိတ်တော်ကို ရည်ညွန်းထားရေ သုတ္တန်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပရိတ်(၁၁)သုတ်စွာ ကျမ်းတစ်ကျမ်းတည်းမှာ စုစီးပနာဖော်ပြထားစွာမဟုတ်ပဲ ကျမ်းအမျိုးမျိုးရို့မှာ ပြန့်ကြဲပနာ ဖော်ပြထားစွာကို တွိ့ရပါရေ။ “မင်္ဂလသုတ်နန့် ရတနသုတ်၊ မေတ္တသုတ်” ရို့ကို “ခုဒ္ဒကပါဌကျမ်းနန့် သုတ္တနိပါကျမ်း”ရို့မှာ ဖော်ပြထားစွာကို တွိ့ရပါရေ။

ရတနသုတ်“ပဏိဓာနတော…ကနီ..ဗုဒ္ဓဂုဏေ အာဝေဇ္ဇတွာ”အထိ ပါဠိစကားပြေစွာ “ဓမ္မပဒအဌကထာ၊ ဒု-၂၇၅၊” မှာ ဖော်ပြထားပါရေ။

ခန္ဓသုတ်စွာ“စူဠဝါကျမ်း၊ အင်္ဂုတ္တရနိကာယကျမ်း-ပ၊ ဇာတကကျမ်း-ပ၊” ရို့မှာ ဖော်ပြပါဟိရေ ၊၊ မောရသုတ်စွာ “ဇာတိကပါဠိတော်-ပ” မှာ ပါဟိပါရေ။

ဝဋ္ဋသုတ်စွာ “စရိယာပိဋကကျမ်းနန့် ဇာတကပါဠိတော်”ရို့မှာ ဖော်ပြထားစွာကို တွိ့ရပါရေ။

“အာဋာနာဋိယသုတ်”ကနီ“ဝိပဿိဿစ..က..ဟိတံဒေဝမနုဿာနံ”အထိ စာပိုဒ်ခြောက်ခုစွာ“သုတ်ပါထေယျကျမ်း”မှာ ဖော်ပြထားပနာ “အဘိဝါဒနသီလိဿ”ဂါထာစွာ “ဓမ္မပဒကျမ်း” မှာ ဖော်ပြထားပနာ ကျန်ရေပါဠိစာပိုဒ်တိကို ပညာဟိဆရာတော်ကြီးရို့က ရွီးသားထည့်သွင်းထားခ‌စွာ ဖြစ်ပါရေ။

ကိုယ်၀န်ဟိ‌ရေမိခင်ရို့ မွီးဖွားလွယ်ကူစီဖို့ ရွတ်ဖတ်နာယူလေ့ဟိရေ “အင်္ဂုလိမာလသုတ်” စွာ “မဇ္ဈိမ ပဏ္ဏာသကျမ်း” မှာ ဖော်ပြထားပါရေ၊၊ ဗောဇ္ဈင်္ဂသုတ်စွာ “သံယုတ်ကျမ်း-တ၊”မှ “ပထမဂိလာန သုတ်၊ ဒု-တ-ဂိလာနသုတ်” ရို့ကိုအမှီပြုပနာ ဆရာတော်ကြီးရို့က ဂါထာတိအဖြစ်ရွီးသားထား‌ရေလို့ ဆိုပါရေ။

ပုဗ္ဗဏှသုတ်က “ယံကိဥ္စိ ဝိတ္တံ” ဂါထာစွာ ရတနသုတ်ကဖြစ်ပါရေ၊၊ “သုနက္ခတ္တံ” စရေ ဂါထာသုံးပုဒ်စွာ “အင်္ဂုတ္တရနိကာယကျမ်း-ပ၊” မှာ ဖော်ပြထားပနာ ကျန်ရေပါဠိစာပိုဒ်တိကို ဆရာတော်ကြီးရို့ ထည့်သွင်း ရွီးသားထားကက်ပါရေ။