Jump to content

ပရိန်ကျွန်း

ဝီကီးပီးဒီးယား က

ပရိန်ကျွန်းတည်ဟိရာ အရပ်မာ မြောက်ဦးမြို့အရှိတောင်ဘက်သုံးမိုင်အကွာ လေးမြို့မြစ်ဧ လက်ဝဲကမ်းအရပ်ဖြိုက်‌တေ။ တောင်ဘက်မာလောင်းကြက်ကျွန်း၊ အနောက်ဘက်မာ ဘောင်းဒွတ်ကျွန်းရို့ဟိကတ်‌တေ။ ပရိန်အနောက် တောင်ဘက်အနီးက ပေါင်းတုပ်ပြင်ကို ဒေအ၀င်လို့ ယူဆထားပါရေ။

ဒေအရပ်စွာ ပရိန်မြို့တော် ထွန်းကားခရေ အရပ်ဖြိုက်‌တေ။ ကောလိယမင်းနန်းရာဆိုပနာဟိပြီး မြောက်ဦးခေတ်က မြို့သာယာဟိခရာ အရပ်ဖြိုက်တေ။ မြောက်ဦးမြို့ကိုတည်ခစိုင်က လွန်စူးလေးစင်း (လမ်းကြီးလေးလမ်း) ထဲက တစ်ခုစွာ လောင်းကြက်ကနိန်တဆင့် ပရိန်ကိုဖြတ်ပနာ လားခရေ။ မြောက်ဦးခေတ်ဦးမာ ဒေအရပ်၌ သက်လက်နက်ကိုင်တပ်တခုကို ထားဟိခရေ။ မင်းရာဇာစွာ ၁၅၁၄- ခုနှစ်မာ ဝေသာလီမြို့တော်ဟောင်းကို မြို့တော်အဖြိုက်နန့်ပြန်ပနာတည်ရေအခါ ပရိန်သက်ရို့စွာ ပုန်ကန်ကက်ပနာ ဝေသာလီမြို့တော်ကို(၂၉) ရက်ကြာ သိမ်းထားခရေ။ သားတော် ဂဇာပတိကို မှူးမတ်ရို့က ဂေါင်းဆောင်စီပြီးမ တိုက်ထုတ်လိုက်ရလီရေ (စန္ဒ။၂း၃၈-၃၉)။

မြောက်ဦးခေတ်နှောင်းပိုင်း ၁၇၇၅-ခုနှစ်မာ သံတွဲစားဘထော်နန့် ဗိုလ်မင်းအောင်စုန်ရို့စွာ ချီတက်လာကတ်ပြီး ပေါင်းတုပ်ပြင်မာ ရောက်နီခစွာကို ဘုရင်တပ်က အောင်နိုင်ခြင်း မဟိခပါ။ ဘုရင်လည်း ရက်လေးဆယ်နန့် နန်းက ဆင်းဗြီးလီရေ။ ယပြီးနောက် ဗိုလ်မင်းအောင်စုန် နန်းရလီရေ။ ၁၇၇၆-ခုနှစ်မာ သတိုးဖြူနန့် ဓါးပြန်စီးရို့စွာ ပရိန်အရပ်မာ တပ်တည်ပနာ ပုန်ကန်ခြားနား ခကတ်ကေလေ့ မအောင်မြင်ခကက်ပါ (စန္ဒ။၂း၂၈၄၊၂၉၀ ၂၉၁)။

၁၈၂၅- ခုနှစ်မာ အင်္ဂလိပ်တပ်ရို့စွာ ချောင်းဖလာ၊ ပါးတော် နန့် ငရကောက်ရို့ကို အောင်နိုင်ပြီးနောက် မြောက်ဦးကို သိမ်းပိုက်ဖို့ ပေါင်းတုပ်ပြင်မာ တပ်စွဲခကတ်ရေ(စန္ဒ။၂း၃၆၄)။

ရိုးရာအယူအဆ၌ ပရိန်ပြင်ကို မြသွင်နတ်မစွာ စောင့်နီကြောင်း၊ မြောက်ဦးကို သိမ်းပိုက်ရဟိနိုုင်ဖို့ ဒေနတ်မဧ သဘောတူညီမှီငြမ်းပနာ ရယူရကြောင်း ဆိုပါရေ။ အင်္ဂလိပ်စစ်ဗိုလ် ရာပသိန်သတ်စွာ ဒေနတ်မနန့် လက်ဆက်ခရ‌ရေလည်းဟူ၏။

ပရိန်ပြင်ဧ မြောက်ဘက်အဆုံးမာ စန္ဒီနတ်စင်ကန် ဟိရေ။ စန္ဒီကန်ခေါ် သံသီးကန်လို့လေ့ ခေါ်တွင်ရေ။ အယူမှားပနာ စန္ဒီခန် လို့ ဆိုကတ်သိမ့်ရေ။[]

  1. ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။