Jump to content

ပါရာဇိကဏ်

ဝီကီးပီးဒီးယား က

ပါရာဇိကဏ်ပါဠိတော် ရခိုင်ဘာသာပြန်

ပါရာဇိကဏ် (ပါဠိ: ပါရာဇိက; အင်္ဂလိပ်: Parajika) စွာ ထေရဝါဒဗုဒ္ဓဘာသာဟိ ဝိနည်းကျမ်း ငါးကျမ်းထဲက ပထမဆုံးကျမ်းဖြစ်ရေ။[] ဝိနည်းပိဋကတ်ကို သင်္ဂါယနာ ပုံစံနန့် ဘိက္ခုဝိဘင်းဘိက္ခုနီဝိဘင်း'၊ မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဆိုပနာ ပိုင်းခြားပြီးကေ ကျမ်းစာအနိန်နန့် ပါရာဇိကဏ်၊ ပါစိတ်၊ မဟာဝဂ်၊ စူဠဝဂ်၊ ပရိဝါ ဆိုပနာ ပိုင်းခြားထားကတ်လီရေ။ ပါရာဇိကဏ်ကို ဘိက္ခုဝိဘင်းမှ ပါရာဇိက၊ သံဃာဒိသေသ၊ အနိယတ၊ နိဿဂ္ဂိယ အပိုင်းတိကို ထုတ်နှုတ်ပနာ ပါရာဇိကပါဠိတော် (သို့) ပါရာဇိကဏ် ဆိုပနာ ကျမ်းအဖြစ် ဖွဲ့စည်းထားရေ။ ယင့်ချင့်ကြောင့် ဒေကျမ်းမာ ရဟန်းရို့ကျင့်သုံးလိုက်နာရရေ (၂၂၇) သိက္ခာပုဒ်တိထဲက အချို့အဝက်ပါဟိလီရေ။[]

ဝိနည်းပိဋကတော်ဧ ပထမဦးဆုံး ဝေရဉ္ဇကဏ္ဍမာ ဝိနည်းသိက္ခာပုဒ်တိ စတင်ပညတ်ဖို့အတွက် အားထုတ်မှုတစ်ရပ်အနိန်နန့် ဝေရဉ္ဇာပြည်မာ အသျှင်သာရိပုတ္တရာမထေရ်မြတ်က မြတ်စွာဘုရားသျှင်အား တောင်းပန်ပုံ အဖြစ်အပျက် နိဒါန်းအဖြစ်လေ့ကောင်း၊ နောက်တနည်းအနိန်နန့် ဝိနယပိဋကစပြီးကေ ပေါ်ပေါက်လာပုံ သမိုင်းအခြီခံအဖြစ်လည်းကောင်း လိ့လာနိုင်ရေ။ မြတ်စွာဘုရားသျှင်စွာ ဝိနည်းသိက္ခာပုဒ်တိကို ပညတ်ခကေလေ့ “မလိုအပ်ဘဲနန့် စည်းကမ်းဥပဒေတိကို ထုတ်ပြန်ခြင်း မျိုး” ကို လိုလားဟန်မဟိလီ။ ဇာကြောင့်ဆိုကေ ဝိနည်းသိက္ခာပုဒ်တိကို ဝါတော်(၂၀)ဟိမှ စတင်ပညတ်ခြင်းကို ထောက်ဆပနာရေ်လည်းကောင်း၊ ယင့်ချင့်အပြင် အောက်ပါ ဝေရဉ္ဇကဏ္ဍလာ စကားရပ်ကို ထောက်ဆပနာရေ်လည်းကောင်း သိသာနိုင်ရေ။ “သာရိပုတ္တရာ! ဒေသာသနာတော်မာ အာသဝေါတရားရာ တည်ရာဟိကုန်ရေ လွန်ကျူးမှုတရားရို့စွာ ရဟန်းအဖွဲ့အစည်းတိမာ ထင်ရှားမဖြစ်ပေါ်သိမ်းသမျှကာလပတ်လုံး မြတ်စွာဘုရားသျှင်စွာ တပည့်ရို့အား သိက္ခာပုဒ်ရို့ကို ပညတ်တော် မမူလီ၊ ပါတိမောက်ကိုပြတော်မမူလီ”။[]

ယပြီးကေ ပါရာဇိကကဏ္ဍ-ရဟန်းတော်ရို့အတွက် သိက္ခာပုဒ်ရို့မာ အရီးကြီးဆုံး လိုက်နာဖို့နန့် အပြင်းထန်ဆုံး ပါရာဇိကအာပတ် (သာသနာတော်မှ ရွိ့လျောကျခြင်း) လေးမျိုးရို့ကို ပြဆိုထားရေ။

ဒေ ပါရာဇိကအာပတ်လေးမျိုးစွာ ရဟန်းတော်ရို့ဧ ဝိနည်းစည်းကမ်း တိမာ အရီးကြီးဆုံးဖြစ်ပိုင် ကျူးလွန်မိရေ ရဟန်းစွာလည်း ဂု ဘဝမာပင် အလိုအလျောက် သိက္ခာကျပြီးသား ဖြစ်လာပြီးကေ မဂ်ဖိုလ် နိဗ္ဗာန်က လွဲချော်နိုင်ရေအထိ အပြစ်ကြီးလေးလှလီရေ။ ပါရာဇိက အာပတ်သို့ရောက်ရေ ရဟန်းတစ်ပါးကို ဦးခေါင်းပြတ်လားရေ လူ၊ ကြွီကျလားရေသစ်ရွက်၊ နှစ်လွှာကွဲရေကျောက်ဖြာ၊ လည်ဆစ်ပြတ် လားရေထန်းပင်ရို့နန့် တင်စားလေ့ဟိရေ။ ယင်း အပြစ်ကြီးလေးမျိုးမာ-[]

  1. မေထုနပါရာဇိကသိက္ခာပုဒ်= မေထုန်မှီဝဲမှု (အနိမ့်ကျဆုံး တိရစ္ဆာန်နန့်မေထုန်မှီဝဲမူ)
  2. အဒိန္နာပါရာဇိကသိက္ခာပုဒ်= ခိုးယူမှု (အနိမ့်ကျဆုံးတစ်မတ်၊ တစ်မတ်တန်ရေ သူတစ်ပါးဥစ္စာကို ခိုးယူမှု)
  3. မနုဿဝိဂ္ဂဟပါရာဇိကသိက္ခာပုဒ်= လူသတ်မှု (အနိမ့်ကျဆုံး ကိုယ်ဝန်ပျက်ကျဆီးပီးမှု)
  4. ဥတ္တရိမနုဿဓမ္မပါရာဇိကသိက္ခာပုဒ်= လူအထင်ကြီးစီလိုရေဆန္ဒနန့် တရားထူး၊ တရားမြတ်ရို့ကို မရဟိသိမ့်ဘဲ ကြွားဝါမှုရို့ ဖြစ်ရေ။

ပထမပါရာဇိကအခန်းမာ မိမိစိတ်ဆန္ဒမပါဘဲ မိသားစုကိစ္စကြောင့် နောင်တရခရရေ အသျှင်သုဒိန်ဧ ကြီကွဲဖွယ် ဇာတ်လမ်းနန့် မေထုန်နန့် စပ်သတ်မှတ်ချက်တိ၊ ဖြတ်ထုံးတိကို လိ့လာနိုင်ရေ။ ပထမပါရာဇိက အာပတ်နန့် ပတ်သက်ပနာ အလွယ်ကူဆုံး ချုပ်ပနာဆိုရကေ “ဇာပိုင်နည်း၊ ဇာပိုင်ပုံစံနန့် ကျူးလွန်စွာဖြစ်စီ အာပတ်ကမလွတ်” ဟုအလွယ်တကူ မှတ်သားနိုင်ရေ။

ရဟန်းတော်တိအတွက် ဒုတိယပါရာဇိကအာပတ်က လွဲကေ ကျန်သုံးမျိုးမာ ရှောင်ကြဉ်ဖို့ လွယ်ကူသိသာလှကေလေ့ ဒုတိယပါရာဇိက အာပတ်ကတော့ခါ နီရာဒေသ၊ ယဉ်ကျေးမှုနန့် ခေတ်အခြီအနိန် တိကိုလိုက်ပနာ အငြင်းပွားရမှု တနားတခါဖြစ်ရပြီးကေ ဖြီရှင်းချက်တိ တနားတခါပီး ရလေ့ဟိစာကို တွိ့ရရေ။ ဥပမာ-နိုင်ငံတော်က တရားဝင်သတ်မှတ်ထားရေ အကောက်အခွန် ဆိုင်ရာဥပဒေတိနန့် မညီညွတ်ရေ ပစ္စည်းတိကို ရဟန်းတော်တိ ပါဝင်ပတ်သက် သုံးစွဲစွာမာ ဇာပိုင်ဆုံးဖြတ်ရဖို့လဲ? ဆိုရေ ပြဿနာမျိုးစွာ ရဟန်းတော်တိအတွက် သိမ်မွိ့ နူးညံ့ပြီး သတိလည်း ထားရရေ ကိစ္စမျိုးဖြစ်ရေ။

ပါရာဇိကအာပတ်လေးပါးကို ခြုံပနာကြည့်ကေ ရဟန်းတစ်ပါးစွာ အထက်ကပြစ်မှုကြီးလေးမျိုးကို ဇာပိုင်နည်းနန့်မှ ဥပဒေလက် တစ်လုံးခြားလုပ်ပနာ အပြစ်က လွတ်နိုင်ခြင်း မဟိကြောင်းကို လိ့လာတွေ့ဟိရရေ။ ယကေ့လေ့ရေ ချွင်းချက်အနိန်နန့် ရူးသွပ်နီရေ ရဟန်း၊ အစ လက်ဦး ကျူးလွန်ရေ ရဟန်း စသည်ရို့မှာ အပြစ်က လွတ်ငြိမ်းခွင့် ပီးထား စွာကိုလည်း တွိ့ဟိရရေ။[]

သံဃာဒိသေသကဏ္ဍ-အာပတ်သင့်ကေ သံဃာအများ ပါဝင်ရေ သံဃကံနန့် ကုစားရရေ သံဃာဒိသိသ်အာပတ်အမျိုးအစား (၁၃) မျိုးပါဝင်ရေ။ ဒေကဏ္ဍလာ ကုလဒူသကသိက္ခာပုဒ် (ဒါယကာရို့ဧ ယုံကြည်မှုကို ဖျက်ဆီးမှု)မာ ရဟန်းတော်တိနန့် လူပုဂ္ဂိုလ်ရို့ဧ ဆရာ+ ဒကာဆက်ဆံရီးမာ သတိထားသင့်ရေ အချက်တိ ပါဝင်ရေ။ သတိမထားမိကေ မသိမသာနန့် နှစ်ဦးနှစ်ဖက် အကျိုးယုတ်စီနိုင်ရေ အန္တရာယ်အစွန်း တိဟိကြောင်း တွိ့ ဟိနိုင်ရေ။ []

  1. သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်
  2. ကာယသံသဂ္ဂသိက္ခာပုဒ်
  3. ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်
  4. အတ္တကာမပါရိစရိယသိက္ခာပုဒ်
  5. သဉ္စရိတ္တသိက္ခာပုဒ်
  6. ကုဋိကာရသိက္ခာပုဒ်
  7. ဝိဟာရကာရသိက္ခာပုဒ်
  8. ဒုဋ္ဌဒေါသသိက္ခာပုဒ်
  9. ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ်
  10. သံဃဘေဒသိက္ခာပုဒ်
  11. ဘေဒါနုဝတ္တကသိက္ခာပုဒ်
  12. ဒုဗ္ဗစသိက္ခာပုဒ်
  13. ကုလဒူသကသိက္ခာပုဒ်

အနိယတကဏ္ဍ-အာပတ်ကျူးလွန်သူ ဝန်ခံချက်အတိုင်းဆုံးဖြတ်ရရေ အနိယတသိက္ခာပုဒ် (၂) မျိုးပါဝင်ရေ။ ဒေသိက္ခာပုဒ်နှစ်ပုဒ်ကား ရဟန်းတော်နန့် အမျိုးသမီး ဆက်ဆံရာမာ နီရာဒေသနန့် ပတ်သက်ပနာ သတိပီးချက်တိသာ ဖြစ်ပါရေ။ []

  1. ပထမ အနိယတသိက္ခာပုဒ်
  2. ဒုတိယ အနိယတသိက္ခာပုဒ်

နိဿဂ္ဂိယကဏ္ဍ-အာပတ်သင့်ပစ္စည်းကို ဗွီလာဦးစွန့်ပြီးမှ ကုစားရရေ ပညတ်ချက်အမျိုးအစား (၃၀)ရို့ကို ပြဆိုထားရေ။ ဒေကဏ္ဍမာ ယေဘုယျ အနိန်နန့် ရဟန်းတော်ရို့အတွက် သင်္ကန်း၊ သပိတ် နန့်ပတ်သက်ပနာ သတိပီး၊ တားမြစ်ချက်တိကို အများဆုံးပညတ်ထားရေ။ []

  1. ပထမကထိနသိက္ခာပုဒ်
  2. ဒုတိယကထိနသိက္ခာပုဒ်
  3. တတိယကထိနသိက္ခာပုဒ်
  4. ပုရာဏစီဝရသိက္ခာပုဒ်
  5. စီဝရပဋိဂ္ဂဟဏသိက္ခာပုဒ်
  6. အညာတကဝိညတ္တိသိက္ခာပုဒ်
  7. တတုတ္တရိသိက္ခာပုဒ်
  8. ဥပက္ခဋသိက္ခာပုဒ်
  9. ဒုတိယ ဥပက္ခဋသိက္ခာပုဒ်
  10. ရာဇသိက္ခာပုဒ်
  11. ကောသိယသိက္ခာပုဒ်
  12. သုဒ္ဓကာဠကသိက္ခာပုဒ်
  13. ဒွေဘာဂသိက္ခာပုဒ်
  14. ဆဗ္ဗဿသိက္ခာပုဒ်
  15. နိသီဒနသန္တတသိက္ခာပုဒ်
  16. ဧဠကလောမသိက္ခာပုဒ်
  17. ဧဠကလောမဓောဝါပနသိက္ခာပုဒ်
  18. ရူပိယသိက္ခာပုဒ်
  19. ရူပိယသံဝေါဟာရသိက္ခာပုဒ်
  20. ကယဝိက္ကယသိက္ခာပုဒ်
  21. ပတ္တသိက္ခာပုဒ်
  22. ဦနပဉ္စဗန္ဓနသိက္ခာပုဒ်
  23. ဘေသဇ္ဇသိက္ခာပုဒ်
  24. ဝဿိကသာဋိကသိက္ခာပုဒ်၊ ပတ္တဝဂ်
  25. စီဝရအစ္ဆန္ဒိနသိက္ခာပုဒ်
  26. သုတ္တဝိညတ္တိသိက္ခာပုဒ်
  27. မဟာပေသကာရသိက္ခာပုဒ်
  28. အစ္စေကစီဝရသိက္ခာပုဒ်
  29. သာသင်္ကသိက္ခာပုဒ်
  30. ပရိဏတသိက္ခာပုဒ်
  1. Ko Lay (1991). Myanmar Pitaka Association (ed.). Guide to Tipitaka (in English). Kuala Lumpur, Malaysia: Sin Jayanti Buddhist Temple.
  2. ဆဋ္ဌသံဂါယနာတင် ဝန်ဆောင်သံဃအဖွဲ့, ed. (၁၉၆၅). ပါဠိတော်မြန်မာကျမ်းတိဧ ကျမ်းဦးမှတ်ဖွယ်တိ. ရန်ကုန်မြို့: မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့အဖွဲ့. {{cite book}}: Check date values in: |date= (help)
  3. 1 2 3 4 5 6 ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀). ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းတိမိတ်ဆက်). {{cite book}}: Check date values in: |date= (help)