Jump to content

ပိဋကတ် သုံးပုံ

ဝီကီးပီးဒီးယား က

ပိဋကတ် သုံးပုံ ရခိုင်ဘာသာပြန်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပိဋကတ်သုံးပုံ ဆိုစွာ ဗုဒ္ဓမြတ်စွာဘုရား သက်ဟိထင်ရှားဟိစိုင် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခရေ တရားတော် (ဗုဒ္ဓဝစန) ရို့ကို ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရီးသား မှတ်တမ်းတင်ထားရေ စာပီတိကို ခေါ်ဆိုလီရေ။ ပိဋကတ်ဆိုစွာ ဈီးပယိုင့်လို့ အနက်အဓိပ္ပာယ်ထွက်ရေ အနောက်တိုင်း ပညာသျှင်ရို့က ပိဋကတ်ဆိုရေ ပုဒ်ကို ဗုဒ္ဓ၏ တရားတော်တိ သိုလောင်ရာ ရတနာသိုက်လို့ အဓိပ္ပာယ်ကောက်ယူဖွင့်ဆိုကတ်ရေ။ ဂေါတမမြတ်စွာဘုရား၏ "အ‌နေကဇာတိသံသာရံ" အစချီပနာ "ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ" အဆုံး လေးဆယ့်ငါးဝါ ကာလပါတ်လုံး လှည့်လည်ဟောကြားထားရေ အဆုံးအမ တရားတော်တိကို မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန်စံအပြီး သုံးလအကျော် (ခရစ်တော်မပေါ်မီ -ဘီစီ ၄၈၃) မာ တတိယသာဝက သျှင်မဟာကဿပ၊ ဝိနည်း ဧတဒဂ်ရ အသျှင်ဥပါလိနန့် သတိမမိန့်မလျော့ရေအရာ၊ ပညာနီရာမှာ ဧတဒဂ်ငါးဘွဲ့ရ ညီတော်အာနန္ဒာ အမှူးလုပ်ရေ ပဋိသမ္ပိဒါဆဠာဘိဉာ ရဟန္တာအသျှင်မြတ် အပါး ၅၀၀ က ခုနှစ်လလုံးလုံး အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက် စနစ်တကျ စုစည်းပြီး စုပေါင်းရွတ်ဆိုပြီး မှတ်တမ်းခပြီး ယင်းနောက်ခါကစလို့ ပိဋကတ်သုံးပုံ စတင်ပေါ်ပေါက်ခပါရေ။

ဝိနည်းပိဋကတ်

အဘိဓမ္မာပိဋကတ်

သုတ္တန္တပိဋကတ် ဆိုပနာ သုံးမျိုးခွဲခြားထားရေ။


"ပိဋက" ဆိုရေအသုံးစွာ ပါဠိဝေါဟာရဖြစ်ရေ။ မူလ အဓိပ္ပာယ်မှာ "ခြင်း၊ တောင်း၊ ဇီးပယိုင့်" လို့ အဓိပ္ပာယ်ရရေ "ဗုဒ္ဓဝစန" တိကို "ပိဋက" ဆိုရေ အသုံးနန့် တွဲဖတ်ခေါ်တွင်ခြင်းနန့် ပတ်သက်ပြီးကေ အယူအဆ နှစ်မျိုးဟိရေ။

ပထမအဆိုအရ ခြင်း၊တောင်း (ပိဋက) ရို့စွာ မျိုးတူဝတ်ထုဝန်တိကို ခွဲခြားသိုလှောင်ရာ ဖြစ်သပိုင် ဗုဒ္ဓဝစနတိကို သိုလှောင်ရာဖြစ်တေလို့ မှတ်သားရရေ။ ဒုတိယအဆိုကမူ အစိုင်အဆက် ဆင်းသက်လာခြင်းသဘောကြောင့်လို့ ဆိုရေ ရှီးခေတ် အိန္ဒိယနိုင်ငံမှာ အလုပ်သမားတိ မြီတူးသယ်ပို့ရာမှာ စနစ်တစ်ခုဟိရေ။ လူအများ တန်းစီပြီးကေ သယ်ယူဖို့ဝန်ကို ခြင်း (ပိဋက) ရို့မှာ ထည့်ပြီးကေ လက်ဆင့်ကမ်း သယ်ယူကတ်ရေ။ ယင်းအတူ ပိဋက စာပီတိကိုလည်း ဗုဒ္ဓလက်ထက်ကစပြီးကေ ခေတ်အဆက်ဆက် ဆရာမှတပည့်သို့ တဆင့်စီ လက်ဆင့်ကမ်း သင်ကြားပို့ချပီးရေ စနစ်နန့် ထိန်းသိမ်းခကတ်ရေ။ ယင်းချင့်ကြောင့် လက်ဆင့်ကမ်းစနစ်ချင်း တူစော်ကို အစွဲလုပ်ပနာ ပိဋက နာမည်ပီးရေလို့ ဆိုကတ်ရေ။

မဟာယာနဂိုဏ်းသားရို့က ပိဋကတ်တော်ကို အာဂမ ( အဆင့်ဆင့် ဆင်းသက်ခြင်း) ဆိုရေ နာမည်နန့် ခေါ်ဆိုကက်အတွက်နန့် ဒေအယူအဆစွာလည်း ယုတ္တိတန်ရေလို့ ယူဆရရေ။

၄၅ ဝါအတွင်း ဗုဒ္ဓသျှင်တော်ဘုရား ဟောကြားတော်မှူရေ တရားစကားတော်တိကိုလည်းကောင်း ထို ၄၅ ဝါအတွင်းမာဖြစ်စီ ယပြီးနောက်မှဖြစ်စီ ဗုဒ္ဓသျှင်တော်ဘုရား၏ တပည့်သားရို့က ဗုဒ္ဓသျှင်တော်ဘုရား၏ နည်းနာနိဿယကိုယူပြီးကေ ဟောကြားတော်မူခကက်ရေ တရားစကားတော်တိကို လည်းကောင်း ပါဠိတော်(စကားတော်အစိုင်) လို့ ခေါ်ဝေါ်ကက်လီရေ။ ထိုပါဠိတော်တိကို သင်္ဂါယနာတင်မှုလုပ်တော်မှုကက်ရေ အသျှင်မြတ်ရို့က -

ဝိမုတ္တိရသအနီနန့် ၁

ဓမ္မဝိနယအနီနန့် ၂

ဝစနာအနီနန့် ၃

ပိဋကအနီနန့် ၃

နိကာယ်အနီနန့် ၅

ဓမ္မက္ခန္ဓာအနီနန့် ၈၄၀၀၀ လို့ ပိုင်းခြားခွဲဝီပြီးကေ သတ်မှတ်ထားတော်မူကတ်ရေ။

၁။ Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990)

၂။ ပါဠိတော်မြန်မာပြန်ကျမ်းတိ ကျမ်းဦးမှတ်ရာတိ (သာသနာရီး ဝန်ကြီးဌာန)