ပိန္နဲချောင်းကျွန်း
ပိန္နဲချောင်းကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အလယ်ဖရုံကာကျွန်းကို မဟာပိန္နဲနတ် ကိုးကွယ်မှုဟိခကက်လို့ ပိန္နဲချောင်းကျွန်းလို့ ခေါ်ဆိုခြင်းဖြိုက်တေ။ ထိုကျွန်းရေ ၂၈ မိုင် ရှည်ပြီးကေ အကျယ်ဆုံးနေရာမှာ (၃. ၂) မိုင်၊ အကျိုင်းဆုံးနီရာမာ (. ၂) မိုင် ဟိ့ပြီးကေ တောင်ဘက်ကို ကျဉ်းမြောင်းလားရေ။ အမြင့်ဆုံးတောင်မှာ ၁၀၃ဝ ပေ မြင့်ရေ။
တောင်တန်းနှစ်ခုကြားလွင်ပြင်စွာ ကျွန်းဧ အကျယ်ဆုံးနီရာ ဖြိုက်တေ။ ဝေသာလီခေတ်နန့် မြောက် ဦးခေတ် ကျောက်ဆစ်လက်ရာတိကို ဒေလွင်ပြင်မာ တွိ့ရရေ။
ရှီးဟောင်းလက်ရာတိ တွိ့ရရေ နေရာတိမာ သျှင်ရွာဧ မြောက်ဘက်နန့် အရှိ့ဘက်ရို့၌ ဖြိုက်တေ။ ရွာမြောက်ဘက် ကိုက်ငါးရာလောက်အကွာ စားကျက်ကွင်းက စာတီပျက်အနီး၌ ရွာသား လူငယ် ဦးစံကျော် (၂၄)နှစ်က ၁၉၈၂-ခုနှစ်မာ ကျောက်စာတစ်ချပ်တွိ့ကာ ကျေးရွာကောင်စီအဖွိ့ ဥက္ကဋ္ဌဦးစံထွန်းလှ (၄၂-နှစ်) က ပေါက်တောသို့ လာရောက်သတင်းပီးလို့ လားရောက်လိ့လာပနာ မှင်ကူးယူခကက်တေ။ ယင်းမှင်ကူးမူကို ရှီးဟောင်းသုတေသနဌာန ပဏ္ဍိတ်ဆရာကြီး ဦးသာထွန်းကို ဖတ်စီကာ ဗြဲဟ္မီပွား အက္ခရာ၊ သက္ကဋဘာသာနန့် ရီးထိုးထားရေ ယေဓမ္မာဂါထာတော်ဖြိုက်ကြောင်း သိရရေ။
ကျောက်စာမှာ စာလုံးအချို့ ပျက်နီလို့ အပြည့်အစုံ ဖတ်လို့မရပါ။ ယေဓမ္မာဂါထာတော်ကို အောက်ပါအတိုင်း စာသုံးကြောင်းနန့် ရီးထိုးထားရေ။
၁။ --- --- --- --- ဟေတုပြ
၂။ --- --- --- --- တေ သဉ္စယောနိ --- --- ---
၃။ ဧဝံ ဝါ --- --- မဟာသျှမဏ။
ပါဠိဘာသာနန့် ဒေဂါထာတော်ဧ အပြည့်အစုံမာ အောက်ပါအတိုင်း ဖြိုက်ပါရေ။
ယေဓမ္မာ ဟေတုပ္ပဘဝါ
တေသံဟေတု တထာကတောအာဟာ
တေသဉ္စယောနိရောဓာ
ဧဝံ ဝါဒိမဟာသမဏော။
ဒေဂါထာတော်ဧ အဓိပ္ပာယ်ကို ဆရာဦးစံသာအောင်က ဒေပိုင် ဖွင့်ဆိုထားပါရေ။
မြတ်စွာဘုရားရေ ရှီးကပြုခရေအကြောင်းတရားကြောင့် ဖြိုက်ပေါ်လာကုန်ရေ အကျိုးတရားတိကို ဟောတော်မူ ၏။ ထိုအကြောင်းအကျိုးတရားတိဧ ချုပ်ငြိမ်းရာ တရားတိကိုလည်း ဟောတော်မူ၏။ ရဟန်းကြီးဖြစ်တေ မြတ်စွာဘုရားရေ ဒေပိုင် အယူဟိ့တော်မူ၏။ (စံသာအောင် အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ၊ စာ-၁၈၃)။
ဒေ ဒေသနာတော်ရေ အသျှင်အဿဇိမထေရ်က အသျှင်သာရိပုတ္တရာလောင်း ဥပတိဿကို ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံဝင်ရာ၌ တွိ့ဆုံစိုင် ဟောကြားတော်မူရေ ဒေသနာတော်ဖြိုက်တေ။ ရှီးဟောင်းရခိုင်မြို့တော်ဟောင်းတိဖြိုက်တေ ဓညဝတီ၊ ဝေသာလီတို့၌လည်းကောင်း ရခိုင်ပြည်နီရာစုံ၌လည်းကောင်း ဒေ ဂါထာရေးထိုးထားရေ သက္ကဋနန့်ပါဠိဘာသာကျောက်စာတိ၊ စတူပါကျောက်စာတီငယ်တိကို တွိ့ရပါရေ။
အထက်သျှင်ရွာ ကျောက်စာကလည်း ဝေသာလီခေတ် ထွန်းကားစိုင် အေဒီ(၆)ရာစုလောက်က ရီးထိုးခရေ ကျောက်စာ ဖြိုက်တေလို့ ဆိုနိုင်ပါရေ။ ဒေကျောက်စာကြောင့် ပိန္နဲချောင်းကျွန်း (အလယ်ဖရုံကာကျွန်း) ၌ ဝေသာလီခေတ်ကပင် လွန်ခရေ နှစ်(၁၄၀၀)လောက်ကပင် လူနီမှုဟိ့ခကြောင်း၊ ဗုဒ္ဓဘာသာကိုး ကွယ်ကက်ကြောင်း အခိုင်အမာပြောနိုင်ပါရေ။
ဒေကျောက်စာအပြင် သျှင်ရွာအရှိ့ဘက် ကိုက်သုံးရာလောက်အကွာ ဘုရားကုန်းလို့ခေါ်ရေ နီရာ၌လည်း ဝေသာလီခေတ် ဆင်ယင်ထုံးဖွဲ့မှုနန့် ထုလုပ်ထားရေ နတ်ရုပ်တစ်ခု တွိ့ရရေ။ ဒေနတ်ရုပ်ကလည်း ပိန္နဲချောင်းကျွန်းမာ ဝေသာလီခေတ် ယဉ်ကျေးမှု ထွန်းကားခကြောင်း ထောက်ခံနီပါရေ။
ပိန္နဲချောင်းကျွန်းမာ နောက်ထပ်တွိ့ရရေ ဝေသာလီခေတ် လက်ရာတိမာ သရဖူဆောင်း ကြီးဆင်းတုဘုရားရို့ ဖြိုက်တေ။ ခမောင်းချောင်း လွမ်းဦးရွာ ဘုန်းကြီးကျောင်းမာ နှစ်ဆူ၊ ကျောက် တောင်ရွာ ဘုန်းကြီးကျောင်းမာ တစ်ဆူဖြိုက်ပါရေ။
ကျွန်းဧ တောင်စိုင်တလျောက်လည်း စာတီပုထိုးပျက်တိ မျောက်များစွာတွိ့ရပါရေ။ မပြိုပျက်ပဲ လက်ဆင့်ကမ်းထိန်းသိမ်းပြုပြင်လာကက်လို့ ဒေဂုထိ ကျွန်းတလျောက်တွိ့ရရေ ထင်ရှားရေ စာတီရို့မာ -အူမတော်ဓာတ် စာတီ၊ မာလာတော်ဓာတ် စာတီ၊ ရင်အုံတော်ဓာတ် စာတီ နန့် လျှာသျှေတော်ဓာတ် စာတီရို့ဖြိုက်ပါရေ။[၁]
ဒေကျွန်းအကြောင်းကို ရာဇဝင်မာ မင်းဘာဘုရင်လက်ထက် သူရဲကြီး ငမန်းရဲသောင်းကြမ်းနီရာမှ ခိုလုံလာရေအရပ်ဖြိုက်ကြောင်း စတင်တွိ့ရရေ (စန္ဒ။၂:၅၃)။
မင်းဘာဘုရင်လက်ထက် အနောက်သို့စစ်ချီရာမာ တိုင်းရီးပြည်ရာအတွက် သိဟိနိုင်ဖို့ နီပြည်တော်မာ ပိန္နဲချောင်းစား ဇေယျဗိုလ်ကို ခြီကျင်သန်တစ်ယောက် အပ်ထားခရေ (စန္ဒ။၂။ ၆၁)။
မင်းမတည်ပြည်မရပ်ကာလ ၁၇ဝ၅-ခုနှစ်မာ ကြပ်စင်ကျွန်း စစ်ကဲရဲဘော်စွာ မိမိအရပ်ကပုန်ကန်လို့မနိုင်ရေအခါ ဒေကျွန်းသို့ ဗြီးလာပနာ ပုန်ကန်ပြန်ရေ။ ၁၇ဝ၉-ခုမာ တန္တဗိုလ်က လားရောက် တိုက်ခိုက်ရာ ရဲဘော်စွာ တောင်စိုင်သို့ ထွက်ဗြီးလီရေ (စန္ဒ။၂း၂၄ဝ-၂၄၁)။
၁၇၇၉-ခုနှစ်မာ ပိန္နဲချောင်းမာ ကောင်းညွန့်ရန်တိုင်စွာ တခြားပုန်ကန်သူရို့နန့် ပူးပေါင်းပနာ ဒေကျွန်းမာပင် အခိုင်အမာနီပနာ အုံးထခလီရေ။ ဓမ္မရာဇ်ရာဇာကိုယ်တိုင် ချီတက်တိုက်ခိုက်ခကေလေ့ ရန်မီးမငြိမ်းခပါ။ ဆက်ခံရေ မဟာသမ္မတရာဇာလက်ထက်မာလေ့ ပိုပြီးကေအားကောင်းလာခပြီးကေ ဘုရင်ကိုယ်တိုင်ချီတက်ပနာ တောင်ခြီရင်းကျွန်းမာ ခြီဖျက်ခရလီရေ (စန္ဒ။၂း၂၉၁၊၂၉၈)။
အမရပူရတပ်ရို့ မြောက်ဦးကို ရယူပြီးနောက် ရက္ခိုင်ပြည်အရပ်ရပ်က ခိုးသားဓါးပြတိကို ယှာဖွီဖမ်း ဆီးရာမာ ဒေကျွန်းမာ ကောင်းညွန့်ရန်တိုင်နန့် ထွန်းပေါ်ဝေရို့ကို ရဟိခရေ။ ယင်းရို့မာ ဥပေတမည်နန့် ဝရစ်တောင်အရောက်မာ လွတ်မြောက်လားကတ်လီရေ (စန္ဒ။၂း၃ဝ၇)။
မြို့ဝန်ခေတ်မာ ပိန္နဲချောင်းစားစွာ ဗိုလ်စာငယ်စွတ်ဖြစ်တေ။ ယင်းစွာ ၁၇၈၉-ခုမာ ရက္ခိုင်အရပ်ရပ်က လက်နက်ကိုင် ၆၀၀၀-ကို အမရပူရသို့ လားရောက်ပို့ရရေ ။ ထိုရက္ခိုင်ရို့မာ ဇင်းမေမာ ငှက်ဖျားကြောင့် အများကြီးသီလီရရေ။ (စန္ဒ။၂း၃၃၈)။
အင်္ဂလိပ်တပ်ရို့ မြောက်ဦးကို သိမ်းပိုက်ဖို့ ချီတက်လာရေအခါ ဒေကျွန်းဆင်တက်မော်အရပ်မာ မြန်မာတပ်တတပ်ဟိခရေ။ ဒေတပ်ကို အင်္ဂလိပ်ရို့က အမြှောက်နန့် ပစ်လီရာ မြန်မာရို့လက် လွတ်ထွက်ဗြီးလားကတ်တေ။ စစ်ချီလာသူရို့က ပိန္နဲချောင်းသူကြီးကို အတင်းခေါ်ပနာ လမ်းပြခိုင်းပြီး ဆက်ပနာချီတက်လားရေ။[၂]