ပီကျွန်း
ပီကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပီကျွန်းစွာ ကုလားတန်လွင်ပြင်တွင် အနောက်မြောက်ဘက် အဆုံးမာရှိရေ အရပ်ဖြစ်ရေ။ ကုလားတန်မြစ်ဧ လက်ဝဲလက်တက် ပီချောင်း(ပေချောင်း) ပင်ဖြစ်ရေ။ ပီအရပ်တွင် ပီကိုးမြို့ဟိခကြောင်းအဆိုဟိရေ။
မြောက်ဦးခေတ်ဦးကာလ မင်းခရီလက်ထက် မြို့တော်ကိုလာတိုက်ရေ သျှမ်းတိက လက်ရ ဖမ်းရသူတိကို ဒေအရပ်၌ ချထားခရေ(စန္ဒ။၂း၂၇)။ မင်းဘာယှင့်လက်ထက် အနောက်ကိုစစ်ချီရာမှာ သားတော် သံတွဲစား ဥပရာဇာ၏ တပ်စွာ ဒေချောင်းဖျားမှ ကျော်ကာ ကျောက်ကုလား၊ကျောက်ဖျာမြို့က ခွီးမွီးတောင် စိုင်တမော်လမ်းအတိုင်း ချီတက်ခလီရေ(စန္ဒ။၂း၆ဝ)။ မင်းရာဇာကြီး ဟံသာဝတီမှ အပြန် ရှစ်တပ်အစုဖွဲ့ရာမှာ ဒေအရပ်၌ မိုင်းတပ်ကို ထားဟိခရေ(စန္ဒ။၂း၁၄၉)။ မှိုင်းချောင်း အရပ်ပင်ဖြစ်ရေ။ မှိုင်းချောင်းစွာ ပီကျွန်းဝင်အရပ်ဖြိုက်ကြောင်း ထင်ယှားရေ။
ပီကျွန်းစွာ ရက္ခိုင်လက်ဝဲကိုးဆယ့်ကိုးမြို့ဝင် တစ်ခုဖြိုက်ခရေ။
မင်းမတည်ပြည်မရပ်ကာလတွင် ပီအတန့်ရေ ပုန်ကန်ရာ အရပ်တစ်ခု ဖြိုက်ခရေ(စန္ဒ။၂း၂၃၇)။ ဓမ္မရာဇ်ရာဇာမင်းလက်ထက် ၁၇၄၂-ခုနှစ်မာ အရှိပြည်မှ ခိုဝင်လှာသူ ငစံဦး၊ သင်္ဘောထိုးလှော်၊ ငပုညိုရို့ကို ဒေချောင်းအရပ် တွင် ချေတိကျော့အစို့အဖြိုက် ဖွိ့ပီးခရေ။ ငပုညိုကို လေးခက်ထောင်စားအဖြိုက်နန့် ခန့် ထားခရေ။ ဒေအရပ် ပြိုင်းချောင်းတွင် ရွာတည်ချထားရေ သက်မြန်မာလူမျိုး စံရွှေကျော်ရို့စွာ ၁၇၇၇-ခုနှစ်မာ လောင်းစီးထွက်ဗြီးပြီး တောင်စဉ်ကမာလမ်းကတဆင့် အင်းဝသို့ ဗြီးလခကတ်ရေ။ (စန္ဒ။၂:၂၈၅၊၂၈၆၊၃၁၂၊၃၂၃)။ ၁၇၈၀-ပြည့်နှစ်တပို့တွဲလတွင် ကုလားသင်္ဘောထိုးစာနန့် ခေါင်းမဲသွယ် ရို့စွာ ဒေအရပ်ချောင်းဝက တပ်တည်ကာ ပုန်ကန်ခကတ်စွာကို တပေါင်းလတွင် ဓမ္မရာဇ်ရာဇာက ချီတက်တိုက်ခိုက်ခပြီးကေ ယင်းတပ်ကို မီးတိုက်ခလီရေ(စန္ဒ။၂း၂၉၃)။
အင်္ဂလိပ်ခေတ်အစတွင် ပီကျွန်းအုပ်မှာ အောင်ကျော်ဇံဖြိုက်လီရေ။ နောင်တွင် မြို့သူကြီး အောင်ကျော်ဇံ အဖြိုက်နန့်ထင်ယှားခသူ ဖြစ်ရေ။ အောင်ကျော်ဇံစွာ လေးမြို့ဝန်ခေတ်တွင် ပြည်စိုးကြီးကျွန်း အုပ်ဖြစ်ရေ။ ပီကျွန်းမှာ ပြည်စိုးကြီးကျွန်းထက် အခွန်ကောက်ကောင်းကြောင်းထင်ယှားရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)