Jump to content

ပုရပုတ်

ဝီကီးပီးဒီးယား က

သစ်ခေါက်တိကို ထုထောင်း၊ ပေါင်း၊ ပြုတ် လုပ်နည်းအတိုင်း လုပ်လို့ရလာရေ ရခိုင်လက်လုပ်စက္ကူကို လိုပိုင် ပိုင်းခေါက်လို့ ချုပ်တွဲကေ “ဂေါင်းတွဲ ပုရပုတ်” “ဂေါင်းတွဲဘွဲ့” ဖြစ်လာပါရေ။ အချပ်လိုက် အချပ်လိုက် (တစ်ရွက်ချင်း) တစ်ရွှာစီ ထားကေ “တစ်ရွှာပုရပုတ်” ဖြစ်ပြီး ထပ်ခေါက် ထပ်ခေါက်လားကေ‘ပြောင်းပြန်ထပ်ခေါက်ပုရပုတ်” ဖြစ်တေ။ မြုံပြည်မှာ ပုရပိုက်ကို 'ပရပုတ်' လို့ ခေါ်စွာ တွိရပါရေ။[]

“ပုရပိုက်ကေ တစ်ဆူ၊ နံဒေါင်းကြားမှာ၊ ကျပ်လို့ယူ ” လို့ အယင်ကစာတိ ဟိခရေ။ ယင်းပုရပိုက်တိမှာ အဖြူ၊ အဝါ၊ အမဲ အရောင် တိ ဟိပါရေ။ အဖြူ၊ အဝါတိကို ကိုယ်လုပ် ရခိုင်မှင်နန့် ရွီးပြီးကေ အမဲ ပုရပိုက်ကို ကန့်ဂေါ်တန်နန့် ရွီးကတ်ရပါရေ။[]

  1. ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ) ဓမ္မဇေယျ (ရက္ခဘေရီတည်းဖြတ်)၊ ၂၀၂၃ ခုနှစ်၊ စာ-၁၀
  2. ရခိုင်စိုင်းဒြားဖွေ့(ပုရပိုက်မူ) ဓမ္မဇေယျ (ရက္ခဘေရီ တည်းဖြတ်)၊ ၂၀၂၃ ခုနှစ်၊ စာ-၁၀